01/09/2024
❗️"250,000 ကျပ်" သာ ကျသင့်မယ့် ‘အွန်လိုင်းဆေးဝါးသင်တန်း’ တက်ရောက်နိုင်မည့် အခွင့်အရေး❗️
🔷️‘Success Galaxy Training Center’ မှ လူတိုင်းအတွက် အကျိုးရှိတဲ့ ဆေးဝါးသင်တန်းကို ခုလို ကြပ်တည်းနေတဲ့ ကာလမှာ လူတိုင်း တက်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဘယ်မှာမှ မရနိုင်တဲ့ သင်တန်းကြေးနဲ့ တက်ရောက်ခွင့်ရဖို့အတွက် Discount လျှော့ချပေးမှာပဲ ဖြစ်ပါတယ်ရှင်
🔷️ပုံမှန်သင်တန်းကြေး "320,000 ကျပ်" မှ "250,000 ကျပ်"အထိ Discount အခွင့်အရေး ရရှိနိုင်မှာပဲ ဖြစ်ပါတယ်
🔷️"Success Galaxy အွန်လိုင်းဆေးဝါးသင်တန်း" ဟာ ဆိုရင် သင်တန်းသားပေါင်း (၅၀၀ ၀န်းကျင်) သင်ကြားပေးထားပြီးပြီ ဖြစ်ပြီး တက်ရောက်ပြီးတဲ့ သင်တန်းသားဟောင်းများရဲ့ Review ကောင်း များစွာလည်း ရရှိထားပြီး ဖြစ်ပါတယ်ရှင်
🔷️ဒီလို Review ကောင်းများစွာ ရရှိထားပြီး အရမ်းတန်တဲ့ သင်တန်းကြေးနဲ့ ဆရာဝန်နှစ်ယောက်ဆီက ပညာတွေ သင်ကြားနိုင်မဲ့ "Success Galaxy အွန်လိုင်း ဆေးဝါးသင်တန်း" ကို ဒီနေ့ 'September -1 / 2024' ရက်နေ့မှာ Batch(7) အတွက် သင်တန်းအပ် စတင်လက်ခံပါပြီရှင်
👉🏻 သင်တန်းအကြောင်း 👈🏻
🔹 ဘယ်သူတွေသင်မှာလဲ ?
👉🏻 ဆေးကုသခြင်းနှင့်ဆေးဝါးဆိုင်ရာအတွေ့အကြုံ (၉) နှစ်ရှိပြီဖြစ်တဲ့ Dr Aung နဲ့ Dr Phyu တို့နှစ်ယောက်တွဲဖက်သင်ကြားပေးမှာဖြစ်ပါတယ်
👉🏻 ဒါကလည်း ဒီသင်တန်းရဲ့အားသာချက်ဖြစ်ပါတယ်၊ သင်တန်းတစ်ခုတည်းတက်ရုံနဲ့ ဆရာဝန်နှစ်ယောက်ရဲ့အတွေ့အကြုံတွေကို တစ်နေရာတည်းကနေသင်ယူခွင့်ရမှာဖြစ်ပါတယ်
🔹 ဘာတွေသင်ပေးမှာလဲ ?
👉🏻 ဆေးဆိုင်တစ်ဆိုင်ဖွင့်နိုင်လောက်တဲ့အထိ လိုအပ်တဲ့ဆေးဝါးပညာတွေ၊ ဆေးရောင်းသူကျင့်ဝတ်နဲ့အညီ ဆေးတွေရောင်းချတတ်အောင်၊ ဆေးမမှားအောင်၊ ဆေးဝယ်သူကိုဘေးဥပါဒ် မဖြစ်အောင် စတဲ့အခြေခံပညာရပ်တွေကစပြီး ဆေးဆိုင်ရောင်းအားကောင်းအောင် Marketing Skill တွေကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်
👉🏻 Marketing Skill တိုးတက်ဖို့အတွက် စီးပွားရေးဆိုင်ရာ ဆရာမတစ်ဦးမှ Special Guest Teacher အနေနဲ့ လာရောက်သင်ကြားပေးမှာဖြစ်ပါတယ် (ဒီအတွက်လည်း သင်တန်းကြေးသီးသန့် ထပ်ပေးစရာ မလိုပါဘူးရှင့်)
👉🏻 ဒါ့အပြင် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ၊ အဖြစ်များသောရောဂါများအကြောင်း၊ ဆေးဝါးနှင့်ဆေးပညာဆိုင်ရာအယူအဆမှားတွေရဲ့အန္တရာယ်ကြီးပုံ စတာတွေကိုပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်တဲ့အတွက် ဆေးပညာဆိုင်ရာဗဟုသုတတွေ များစွာရရှိမှာဖြစ်ပြီး ၎င်းတို့၏အကျိုးကျေးဇူးတွေကိုပါ ရရှိခံစားရမှာဖြစ်ပါတယ်
🔹 Batch-7 ဘယ်တော့စမှာလဲ ?
လာမယ့် November လ (၁၅) ရက်နေ့ (သောကြာနေ့) မှာ Batch-7 စမှာဖြစ်ပါတယ်
🔹 သင်တန်းကာလ ?
👉🏻 သင်တန်းကာလကတော့ (၄)လတိတိ ကြာမြင့်မှာဖြစ်ပါတယ်
🔹 စာသင်ကြားမည့် ပုံစံ
👉🏻 Facebook Private Group နဲ့ Telegram Group ထဲမှာ သင်ခန်းစာ Recorded Videos တွေ တင်ပေးထားမှာဖြစ်ပြီး အပတ်စဥ် ‘တနင်္ဂနွေနေ့’ (ည-၆နာရီခွဲ မှ ၈နာရီခွဲ အထိ) ဒေါက်တာတို့ Zoom နဲ့ တိုက်ရိုက် ဆွေးနွေးပေးမည့် စာသင်ချိန် ရှိပါမယ်ရှင်
👉🏻အပတ်စဥ် တနင်္ဂနွေ Discussion နေ့တိုင်းမှာ ဆရာနဲ့သင်တန်းသားတွေ Face to Face အပြန်အလှန် ဆွေးနွေးလို့ရအောင် Zoom Live နဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ Zoom Discussion ကိုလဲ Facebook Private Group နဲ့ Telegram Group ထဲမှာ ပြန်လည်တင်ပေးထားမှာဖြစ်ပါတယ်
👉🏻 Facebook group အပြင် messenger group, telegram channel များလည်းရှိတဲ့အတွက် သင်တန်းသားအချင်းချင်းလည်းရင်းနှီးမှုရရှိနိုင်မှာဖြစ်တဲ့အပြင် ဆရာ၊ဆရာမများကိုလည်းသိလိုသမျှတွေကို အချိန်မရွေးမေးမြန်းလို့ရနိုင်မှာဖြစ်ပါတယ်
🔹 အလုပ်မအားလို့ Live မကြည့်နိုင်ရင်ရော ?
👉🏻 အလုပ်မအားလို့၊ အလုပ်ချိန်နဲ့တိုက်နေလို့ Live မကြည့်နိုင်တဲ့သူတွေအနေနဲ့ အလုပ်အားတဲ့အချိန်ပြန်ကြည့်လို့ရအောင် Live Videos တွေနဲ့ Recorded videos တွေကိုမဖျက်ဘဲ Facebook Group နဲ့ Telegram group ထဲမှာ တစ်နှစ်တိတိထားပေးမှာဖြစ်ပါတယ်။ မိမိအားတဲ့အချိန် အချိန်မရွေး သင်ယူလေ့လာလို့ ရပါတယ်ရှင်
🔹စာမေးပွဲ စစ်မှာလား ?
👉🏻 သင်ခန်းစာကျေညက်မှုရှိအောင် စာမေးပွဲ (၂) ပတ်တစ်ခါစစ်ဆေးမှာဖြစ်ပါတယ်
👉🏻 စာမေးပွဲဖြေရခြင်းကြောင့် မိမိရဲ့အတွေးအခေါ်ကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်
👉🏻 မိမိရဲ့အသိပညာ၊ ဗဟုသုတတိုးတက်ဖို့ အချိန်အား၊ ငွေအား ရင်းနှီးမြှုပ်နှံခြင်းက မိမိအတွက်၊ မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်ပါအကျိုးရှိစေမယ့် အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်ရှင်
🔹 ဘယ်သူတွေတက်သင့်လဲ ?
👉🏻 ဆေးဆိုင်ဖွင့်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့သူတွေ
👉🏻 ဆေးဆိုင်မှာ အလုပ်လုပ်ချင်သူတွေ
👉🏻 ဆေးဝါးတွေအကြောင်းနားလည်ချင်သူ၊စိတ်ဝင်စားသူတွေ၊ မိသားစုကျန်းမာရေးကိုအနီးကပ်စောင့်ရှောက်ပေးချင်သူတွေ တက်သင့်ပါတယ်
🔹 အသက်အရွယ်ကန့်သတ်ချက်ရှိလား ?
👉🏻 အသက်အရွယ်၊ လူမျိုး၊ ဘာသာ မည်သည့်ကန့်သန့်ချက်မျှမရှိပါဘူး၊ English စာရေးတတ်၊ဖတ်တတ်သူတိုင်း တက်လို့ရပါတယ်
👉🏻 နိုင်ငံခြားရောက် မြန်မာတိုင်းရင်းသားပေါင်းစုံလည်းတက်လို့ရပါတယ်၊ လက်ရှိ Batch တွေမှာဆိုရင်လည်း Singapore, Thai, Korea, Malaysia, Japan, Sweden, Norway, Australia, UK, US စတဲ့နိုင်ငံများမှ မြန်မာများလည်း တက်ရောက်လျက်ရှိပါတယ်
🔹 သင်တန်းအပ်လို့ရပြီလား ?
👉🏻 ယနေ့ September -1 ရက်နေ့ ကစပြီး သင်တန်းအပ်လို့ရပါပြီ
🔹 သင်တန်းစာအုပ်ရောရနိုင်လား ? စာအုပ်ဖိုးကရောဘယ်လောက်လဲ ?
👉🏻 စာအုပ်နဲ့လိုက်မှတ်ချင်သူတွေအတွက် သင်တန်းစာအုပ်လည်း ဝယ်ယူရရှိနိုင်ပါတယ်
👉🏻 စာအုပ်ဖိုးကတော့ Volume 4 ခုစာ (စာအုပ် - ၄ အုပ်) ကို "ရှစ်သောင်းကျပ်" ကျသင့်မှာဖြစ်ပါတယ်
(ကုန်ကြမ်းစျေးနှုန်းအပြောင်းအလဲရှိနိုင်သောကြောင့် စာအုပ်ဖိုးက စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်ရှင်)
🔹 စုံစမ်းရန်
👉🏻 သင်တန်းအကြောင်း အသေးစိတ်ကို Comment မှာရေးပေးထားပါတယ်ရှင့်
💠အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်💠
#အွန်လိုင်းဆေးဝါးသင်တန်း
#ဆေးဆိုင်