05/08/2026
ဟိုနေ့က Practice area မှာ ပထမဆုံးကျင့်ပေးတာ
နောက်တော့ သူ့ရဲ့ ၂ နှစ်အရွယ်ကတည်းက BFF ရောက်လာတော့ ဆက်စီးကြတာ
အမလေး ဟိုကလေးက သင်တန်း မတက်ဘဲ သူ့အစ်မ ကျင့်တာ လိုက်ဆော့ရင်း တတ်တာနော်
စီးတာများ မြန်သလား မမေးနဲ့ သူ့အမေလည်း လိုက်စီးပေးစရာမလိုတာ
တကယ် မြန်တာ စီးရင်း ကျွမ်းသွားတော့ တကယ့် နည်းစနစ် အမှန်ကို ပြောလိုက်တာနဲ့ သူ လုပ်ပြတတ်တယ်
လဲတာ ထတာတွေလည်း လဲနည်း အမှန်တော်
Slide and glide ကို only one foot နဲ့ပဲ သွားနေပေမယ့် Two feet လည်း ရတယ် ဒါပေမယ့်အဲ့ဒါက သူ့အတွက် trip over ဖြစ်လို့တဲ့
စီးတာ မြန်မှ မြန်
သူ မြန်လို့လည်း မီယာ့ကို ဘာမှ မပြောဘူး ပြုံးပြုးလေး
မီယာ မြန်သွားလည်း စိတ်မဆိုးဘူး
မီယာ့ထက် ၅ လကျော် ငယ်ပေမယ့် မီယာ့ကို အတော် ချစ်ရှာတာ
ကျောင်းမှာ ဆော့လည်း မီယာက သူ့ကို ဒီမှာ လာဆော့လို့ ပြောတာနဲ့ သူ ဆော့တာ ထားပစ်ခဲ့ပြီး မီယာနဲ့ပဲ ဆော့တာ
လေ့ကျင့်ပြီး ဓာတ်ပုံ ရိုက်ပေးတော့ သူ့အစ်မပါ ပါတော့ ငါတို့ နှစ်ယောက်တည်း ရိုက်တော့မယ် ဆိုပဲ
ချစ်စရာလေးတွေပါ