27/05/2026
"Reiki Healing"
"လူတွေ့ Healingပေးခြင်း နှင့် Distance Healing ပေးခြင်း"
Reiki က အရမ်း နူးညံ့တယ်။
သဘောကောင်းတယ် ချစ်ပေးတတ်တယ်လို့ တင်စားရမယ်ထင်တယ်။
မေတ္တာရည်ရွယ်ချက် Intention ကို အခြေခံပါတယ်။
Limit မရှိ အကန့်အသတ်မရှိ စွမ်းအင်ပျံ့နှံ့ပါတယ်။
အတိတ် အနာဂတ် ပစ္စုပ္ပန် ဆိုတဲ့အချိန်တွေ ကန့်သန့်ထားတာမရှိဘူး။
အနီးအဝေး နေရာတွေ ကန့်သတ်မထားဘူး။
သူနဲ့ တသားထဲ ဖြစ်သွားပြီဆိုရင်
ကိုယ် နဲ့ Reiki နဲ့ ခွဲခြားမရတော့ဘူး။
ဘာကြောင့်လဲ ဆို အစထဲကလည်း ကိုယ့်ကိုယ်ထဲမှာ ရှိနေတဲ့ အရာမို့ပါ။
Distance Healing နဲ့ In Person Healing ဘာကွာလဲ
ဘာတွေ ကန့်သတ်ထားလဲ လို့ မေးခွန်းလေးတွေ လာမေးတာ ရှိလို့ ဖြေပေးရရင်
Energy ဆိုတာ Energy ပဲ ဖြစ်ပြီး
မေတ္တာစိတ်ကို ညွှတ်လိုက်တာနဲ့ Healing ဖြစ်ပေါ်သောကြောင့်
ကျင့်ကြံထားသူရဲ့ Energy
လက်ခံသူရဲ့ Energy Frequency ပေါ်ပဲ မူတည်တယ်လို့ ဖြေပေးချင်ပါတယ်။
Distance Helaing ဆိုတာ
အချိန်ညှိနှိုင်းသတ်မှတ် Healing ပေးပို့ခြင်း
Zoom, Video သို့မဟုတ် Phone ဖြင့် Healing ပေးပို့ခြင်း စတာတွေပေါ့
Distance Healing ဆိုတာ အဝေးကပို့တာမို့
Aura စက်ကွင်းချင်း မထိဘဲ ပေးပို့တာလို့ အကြမ်းအားဖြင့် ရေးခဲ့ပြောခဲ့ကြပေမယ့်
Distance Healing မှာ Soul ကို ထိတွေ့ရတာမို့ Aura ကို ထိတွေ့မိပြန်တာပါပဲ။
In Person Healing (လူတွေ့ Healing ပေးခြင်း) ကိုတော့ အထူးရှင်းပြရန် မလိုပေမယ့်
စည်းကမ်းတွေက နည်းနည်းပိုတင်းကြပ်တာပေါ့နော်။
Healer ရဲ့ တကိုယ်ရေသန့်ရှင်းခြင်း၊ သင့်တော်သော Healing ပေးရမယ့်နေရာ၊ ကိုယ်ခန္ဓာ ထိတွေ့ခြင်း ဆိုင်ရာ အရေးကြီးသော စည်းကမ်းများ (ဥပမာ Private Parts တွေကို လုံးဝမထိရဘူး ဆိုတာမျိုး) စတာတွေပေါ့။
In Person ပဲ ဖြစ်ဖြစ် Distance ပဲ ဖြစ်ဖြစ် စောင့်စည်းပေးရမယ့် Healers ကျင့်ဝတ်တွေက တူပါတယ်။
🔺Boundary ထားပေးဖို့ (သက်တောင့်သက်သာ Healing ရယူနိုင်စေဖို့ မလိုအပ်တဲ့ စွက်ဖက်ပြောဆိုခြင်းတွေ၊ အမူအရာတွေ သတိထားပေးရရုံသာမက Enegy Boundary ပါ ထားပေး ဖြူစင်စွာ Energy ချိတ်ပေးရတာပါ)
🔺သူတပါးရဲ့ အကြောင်းအရာတွေကို မပြောဖို့ Privacy ထားပေးဖို့၊
🔺ရိုးသားစွာပြောဆိုဖို့ (ခြောက်လှန့်သလိုပြောတာမျိုးတွေ ရှောင်ရတာမျိုးတွေ)
စတာတွေပေါ့နော်
Reiki Healing ပေးစဉ်မှာ ထားရမယ့် Energy Frequency သည်
🔸Love မတ်ေတာ
🔸Compassion ဂရုဏာ
🔸Intention ကောင်းသောအရာများ ဖြစ်ပေါ်စေလိုသောစေတနာ
🔸Surrender ခွာပြီး သိနေပေးခြင်း
ဖြစ်ပါတယ်။
မေတ္တာ ဂရုဏာ ကောင်းစေလိုသော စေတနာ တွေက ထပ်ရှင်းပြဖို့ သိပ်မလိုပေမယ့်
Surrender ခွာပြီး ထားရမယ့် စိတ် ဆိုတာလေး က အရေးလည်းကြီးလှတာမို့ ဆက်ရှင်းပြပေးပါမယ်။
Surrender ကို သေချာ စိတ်ထားနိုင်ဖို့
စပြီး သတိကပ်ရမှာက Attachment ငြိတွယ်ခြင်း ဖြစ်ပါတယ်။
Healing Session မှာ ဖြစ်တတ်သော Attachment တွေ ဖြစ်သော
"ငါ Healing ပေးလို့ ကောင်းသွားတာ ဆိုတဲ့အတွေး" မျိုးတွေ
"ကောင်းကိုကောင်းပါစေ ဒါမှ ငါ့ Healing စွမ်းတာ သူသိမှာ" အဲလိုမျိုးစိတ်တွေမထားရဘူး။ ငြိတွယ်မနေရပါဘူး။
နောက်တခုက
ကိုယ် Healing ပေးနေသူက ကိုယ့် သွေးသား ကိုယ်ချစ်ရသူဆိုရင် ဇောမကပ်ရဘူး။
လိုအင်ဆန္ဒဇော တွေ တက်မလာစေရဘူး။
အဲဒါကို Surrender ခွာပြီးသိ ခွာပြီးချစ်ပေးနေခြင်း လို့ ဆိုလိုပါတယ်။
အကောင်းဆုံးလုပ်ပေးပြီးရင် ကိုယ့် Energy ကိုယ်ယုံပါ။ ကိုယ့်တာဝန်ကြေပြီမို့ ဆက်ပြီးလည်း သိချင်စိတ်နဲ့ Energy ချိတ်မိ မနေစေနဲ့။
အကောင်းဆုံးဖြစ်ပေါ်ပါစေရန် သေချာ Healing ပေးပြီးပါက Energy ဖြတ်ပါ။
Distance Healing က ဘာနဲ့ တူလဲ ဆိုရင် မေတ္တာလှမ်းပို့တာနဲ့လည်းတူတယ်။
ထူးတာက Energy ကို ကိုယ်က သုံးတတ်ပို့တတ်တော့ Energy ပါတာပေါ့။
In Person Healing ကြတော့ လက်ခံသူက Energy ကိုပိုသိရတာမျိုး ဖြစ်နိုင်တယ် ဆိုကြတယ်။
အဲလိုပြောလို့ Distance Healing မှာ Energy မသိဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိရတာပါပဲ။
ပြောခဲ့တဲ့အတိုင်း ပါပဲ။
Healer ရဲ့ ကျင့်ကြံထားမှု နဲ့ စေတနာ က အဓိကကျတယ်။
လက်ခံသူရဲ့ Frequency လည်း အဓိကကျလို့ သူ့ကို Frequency လည်း ညှိပေးရင်း Healing ပေးကြရပါတယ်။
Session ပြီးချိန်မှာ Protection Meditation/ Reiki Shower စတာတွေနဲ့ Energy ကို သန့်ရှင်းစေပြီး Protection ပြန်ယူ Energy ဖြတ်ရတာမို့
ဘယ်လို Healing ပုံစံနဲ့ပေးသည်ဖြစ်စေ Healers အတွက်ရော လက်ခံသူ Client အတွက်ပါ လုံခြုံပါတယ်။
Reiki က အလွန် ရိုးရှင်းတယ်။
စိတ်စေတနာ နဲ့ ကျင့်ကြံထားမှုကသာ အဓိကသော့ချက်ဖြစ်ပါတယ်။
Reiki နဲ့ ပတ်သက်တာလေးတွေ စာလေးတွေ ပိုရေးဖြစ်လို့ လာမေးပေးကြသူတွေကို ကျေးဇူးတင်ပါတယ်နော်။
Namaste 🙏