VitaRest Wellness Hub

VitaRest Wellness Hub Welcome to VitaRest Wellness Hub, where holistic health takes center stage.

Our story is one of passion, dedication, and a relentless pursuit of fostering well-being in every aspect of life.

02/05/2026

Exercise Café Podcast Episode 2 ☕
Move Even When Motivation Is Low
စိတ်အားထက်သန်မှု မရှိတဲ့ နေ့တွေကို ဖြတ်သန်းနိုင်ဖို့ လိုအပ်နေတဲ့ စိတ်ခွန်အား တွေ မျှဝေပေးပါရစေရှင်
Consistency is not perfection.
It is choosing to keep going, even gently.
☕ Save this for your low motivation days.
And remember—your body notices every act of care, even the quiet ones.
English Version Available on YouTube Channel
https://youtu.be/V2YRQeVrZhI

02/05/2026

လေ့ကျင့်ခန်းလုပ်ဖို့ ၁ မိနစ််လောက် အချိန်ပေးနိုင်ရင် ဒီ video လေးကို ကြည့်ပေးကြပါ ... အိမ်မှာ ဖြစ်ဖြစ် ရုံးမှာ ဖြစ်ဖြစ် အချိန် ၁ မိနစ်နဲ့ ကိုယ်လက်လှုပ်ရှားရင်း ကျန်းမာတဲ့ အလေ့အကျင့်လေးကို စတင် မွေးမြူနိုင်ကြစေဖို့ ​Exercise cafe ရဲ့ Exercise Snack Menu 2 လေးကို မြည်းစမ်းကြည့်ကြပါစို့ ..
လိုအပ်သလို တစ်နေ့တာအတွင်း ၃ ကြိမ်မှ ၅ ကြိမ်ထိ ပြုလုပ်ပေးနိုင်ပါတယ် ။
ဒီနေ့ရဲ့ Exercise Café Menu ကို သဘောကျမယ်လို့ မျှော်လင့်ပါတယ် ☕💛

Exercise Cafe - 1st Exercise Snack Jogging on spot ၂၄ နာရီ ရှိတဲ့ တစ်နေ့တာမှာသင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကိုလန်းဆန်းကျ...
20/04/2026

Exercise Cafe - 1st Exercise Snack
Jogging on spot

၂၄ နာရီ ရှိတဲ့ တစ်နေ့တာမှာသင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို
လန်းဆန်းကျန်းမာစေဖို့၁ မိနစ်လောက် အချိန် မပေးချင်ဘူးလား…?

Exercise Café ရဲ့ ပထမဆုံး Snack Menu လေးဖြစ်တဲ့
Jogging on the spot ကို
အတူတူ မြည်းစမ်းကြည့်ကြရအောင်နော် ☕

ရုံးမှာ ဖြစ်ဖြစ်၊ကျောင်းမှာ ဖြစ်ဖြစ်၊
အိမ်မှာပဲ ဖြစ်ဖြစ် အလွယ်တကူ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးပါ။

ဒီလှုပ်စရှားမှု ကို စက္ကန့်၂၀ လုပ်ပြီးတိုင်း ၁၀ စက္ကန့် အနားယူပါ။
၃ ကြိမ် လောက် အတူတူ လေ့ကျင့်ကြည့်မယ်နော် ..

ဒီလှုပ်ရှားမှု snack လေးက အားလပ်ချိန် မှာ အပျင်းပြေမုန့်စားသလိုမျိုးပဲ
သင့်တစ်နေ့တာကို လန်းဆန်းစေပြီး အားအင်ဖြစ်စေနိုင်မှာပါ။

ကျန်းမာပျော်ရွှင်တဲ့ အလေ့အကျင့်ကောင်းလေးကို
ဒီနေ့ပဲစတင်လိုက်ကြပါစို့ ...

Your snack is served ☕
Enjoy your movement.


Exercise Snack 1

Exercise Café ☕ — Episode 1: Start SmallSometimes the hardest part is just beginning.Today’s snack is simple —just a sma...
20/04/2026

Exercise Café ☕ — Episode 1: Start Small

Sometimes the hardest part is just beginning.

Today’s snack is simple —
just a small step to get your body moving.

No pressure.
No perfection.

Just start.



Episode 1 - Small Start

18/04/2026

Exercise Café မှ ကြိုဆိုပါတယ် ☕

ပထမဆုံး Menu အနေနဲ့ မိတ်ဆက်ပေးချင်တာကတော့—

🥯 Snack Exercise
ပေါ့ပေါ့ပါးပါး စတင်နိုင်တဲ့ Jogging on the spot

🥗 Main Exercise
ကြွက်သားသန်မာမှုနှင့် ကိုယ်ခံအားမြှင့်တင်ရန်
Resistance Cardio Exercises
(ရွေးချယ်နိုင်သော လေ့ကျင့်ခန်းများမှာ—
Kettlebell Swing, Kettlebell Clean & Press,
Goblet Squat, Cross Trainer with Resistance တို့ဖြစ်ပါတယ်)

🍩 Dessert
လေ့ကျင့်ခန်းပြီးနောက် အကြောလျော့ခြင်း (Stretching) ကိုလည်း မမေ့ကြပါနဲ့နော်။

လေ့ကျင့်ခန်း တစ်ခုချင်းစီ စနစ်တကျ လုပ်ဆောင်နိုင်ဖို့ နဲ့ ရရှိနိုင်အတဲ့ အကျိုးကျေးဇူးများကိုလည်း
Podcast လေးများဖြင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးပဲပေါ့ပေါ့ပါးပါး စတင်ပြီး အတူတူ ကျန်းမာတဲ့ ဘဝ နေထိုင်မှုကို တည်ဆောက်ကြမယ်နော် 🤍

Welcome to Exercise Café ☕

For our first menu, I’d like to introduce—

🥯 Snack Exercise
A light and easy start with jogging on the spot

🥗 Main Exercise
To build strength and improve endurance,
we have resistance cardio exercises
(you can choose from: Kettlebell Swing,
Kettlebell Clean & Press, Goblet Squat,
or Cross Trainer with resistance)

🍩 Dessert
After your workout, don’t forget to stretch and relax your muscles

I’ll also be sharing the benefits of each exercise
through short podcast-style content.

Wishing you all good health and happiness 🤍

Soft Opening - Exercise Cafe Vitarest Wellness Hub ရဲ့နောက်ခြေလှမ်းတခုအနေနဲ့ Exercise Cafe လေးကို မကြာခင် grand opening ...
12/04/2026

Soft Opening - Exercise Cafe

Vitarest Wellness Hub ရဲ့နောက်ခြေလှမ်းတခုအနေနဲ့ Exercise Cafe လေးကို မကြာခင် grand opening ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

ဒီ cafe လေးမှာရရှိနိုင်မဲ့ menu များကတော့

All day snacks (Appetizers)
ပေါ့ပေါ့ပါးပါး အချိန်တိုအတွင်းလှုပ်ရှားနိုင်တဲ့ exercise snacks လေးများ

Main (Exercise Education)
Cardio, Strength, HIIT, Resistance Training အပြင် မတူညီတဲ့ လေ့ကျင့်ခန်းများပေါင်းစပ်မှု Combo Meals

Desserts (Light & Feel-Good Techniques)
အကြောလျော့ခြင်း ၊ အိပ်ယာမဝင်ခင် အနားယူခြင်း ၊ အလေ့အကျင့်တည်ဆောက်ခြင်း၊ စိတ်ခွန်အားမျှဝေခြင်း စတဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကို ပိုပြီး သက်သာစေမယ့် နည်းလမ်းလေးများ ပဲဖြစ်ပါတယ် ။

cafe တခုမှာ ကော်ဖီ ၊ လက်ဖက်ရည် အအေး က စ လို့ ဗိုက်ပြည့်တဲ့ထိ စားသုံးနိုင်တဲ့ အစားအသောက်တွေ ရရှိနိုင်သလို ဒီ Exercise Cafe လေးမှာလည်း အဆာပြေ အညောင်းပြေ exercise snacking လုပ်လိုသူများအတွက် ရော ၊ exercise ကို ထိထိရောက်ရောက် အသုံးချချင်သူများအတွက်ပါ main exercise combo
တွေ မှာ ပါဝင်တဲ့ လှုပ်ရှားမှု ingredients တခုချင်းစီတိုင်းရဲ့ အရေးပါပုံနဲ့ အကျိုးသက်ရောက် မှုတွေကိုပါ အသေးစိတ် မျှဝေပေးသွားမှာမို့ အားလုံးပဲ Stay Tuned.

As the next step of Vitarest Wellness Hub,
I’m excited to introduce something new —

Exercise Cafe 🤍 A space where movement is simple, approachable, and built into your everyday life.

What’s on the menu?

All day Snacks
Light, quick 1–5 minute movements
that you can do anytime, anywhere

Main (Exercise Education)
Understanding movement combos from cardio, strength training, HIIT, and resistance work to the “why” behind each exercise

Desserts (Feel-Good Techniques)
Light stretches, wind-down routines,
motivation, and behavioral change strategies to help you stay consistent

Just like a real cafe serves everything
from light drinks to full meals, Exercise Cafe is here to support you whether you want a quick energy boost or a deeper understanding of your fitness journey

Stay tuned. Menu serving soon

07/12/2024

🌿 **New Episode: Mindfulness and Healthy Aging** 🌿

အသက်ကြီးလာတယ်ဆိုတာဟာ ဘဝခရီးရဲ့ အစိတ်အပိုင်းတခုပါပဲ .. ဒါပေမဲ့ ဒီ ဖြစ်စဉ် ကို ကျန်းမာလှပစေဖို့ အသွင်ပြောင်းနိုင်တဲ့ အစွမ်းထက်တဲ့ လက်နက် တစ်ခုရှိပါတယ် . အဲ့ဒါကတော့ Mindfulness လို့ခေါ်တဲ့ သတိ (သတိပဌာန်) ဖြင့် နေထိုင်ခြင်း နည်းလမ်းလေးပါပဲ .. ဒီတပတ် Soul Spa Series ရဲ့ Podcast မှာတော့ Mindfulness practice ကို လေ့ကျင့်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးထားပါတယ် .. Mindfulness ကို လေ့ကျင့်ပေးခြင်းအားဖြင့်

✨ ဦးနှောက်ကျန်းမာရေး ၊ စိတ်ခံစားချက်ဟန်ချက်ညီစေမှု နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေမှု
✨ အသက်ရှုခြင်းလေ့ကျင့်ခန်းများ ကို လေ့လာနိုင်စေရန် နှင့် ကျေးဇူးတရားကို သိတတ်စေမှု
✨ လက်ရှိအချိန်ကာလ (ပစ္စုပ္ပန်) မှာ နေထိုင်ခြင်း နှင့် ဘဝမှာ ကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေမှု စတာတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ် ..

💡 အသက်ကြီးလာတယ်ဆိုတာ နှစ်တွေ လ တွေကို ဖြတ်သန်းသွားရုံမျိုးမဟုတ်ပဲ ဘဝကို ဘယ်လို နေထိုင်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ကျန်းမာလှပစွာ နဲ့ နေ့ရက်တိုင်းကို ရှင်သန်နေထိုင်သွားနိုင်ပါတယ် ... ဒီခရီးမှာ Mindfulness practice ကို ထည့်သွင်းလေ့ကျင့်ခြင်းဖြင့် ပိုမို ကျန်းမာ တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြစေဖို့ အကြံပြုလိုက်ပါတယ်ရှင် .
👉 **Podcast အစ အဆုံးကို Youtube နဲ့ Spotify မှာ နားဆင်နိုင်ပါပြီရှင်.. **

Youtube- https://youtu.be/kvHvHzqmm80
Spotify -https://spotifycreators-web.app.link/e/lTMbzwdp8Ob

Mindfulness Practice - https://youtu.be/JFSjG-ze5B4

Bodyscan Meditation - https://youtu.be/Sb8GPQJL-FM

Gratitude Reflection - https://youtu.be/-KJvm_xlt8g

30/11/2024

Soul Spa Podcast Series - Episode 1

စိတ်အမော တွေ ကို ဖြေဖျောက်ပေးမဲ့ VitaRest Wellness Hub ရဲ့ Soul Spa Series အပိုင်း ၁ လေး စတင် မိတ်ဆက်ပေးလိုက်ပါပြီရှင့် .. ဒီPodcast series လေးမှာတော့ သက်ရှိတိုင်း ရှောင်လွဲမရတဲ့ အသက်ကြီးခြင်း (အိုမင်းခြင်း) ကို အံတု ဖို့ နဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မဲ့ နည်းလမ်း (Healthy Aging) လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ် ။ ဒီနေ့အပိုင်းမှာ တော့ လူအများ လွဲမှားစွာ သိမြင်ကြတဲ့ အသက်ကြီးခြင်းနဲ့ ပတ်သက်တဲ့ အချက်ကလေးတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်.. Podcast အစအဆုံးကို Youtube နဲ့ Spotify မှာ နားဆင်နိုင်ပါပြီ ...


Disclaimer - The music in this video is used for creative and educational purposes only. I do not claim ownership of the music, and all rights remain with the respective copyright owners. This video is non-commercial, and no copyright infringement is intended.

Youtube - https://youtu.be/X4bul3mJyWk
Spotify - https://spotifycreators-web.app.link/e/E9VdLsYEWOb

13/11/2024

Collaboration with Project Kindness for World Kindness Day 2024

11/11/2024

💡 **New Episode: Preventing Headaches and Migraines Naturally** 💡
Vitarest Wellness Hub Podcast ရဲ့ ဒီနေ့ Podcast လေးမှာတော့ ကျမတို့ ကို နေ့စဉ် မကြာခဏ ဆိုသလို နှောင့်ယှက်နေတတ်တဲ့ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ပြဿနာတွေကို သဘာဝအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရိုးရှင်းတဲ့ လူနေမှုပုံစံပြောင်းလဲမှု လေးတွေအကြောင်း မျှဝေပေးထားပါတယ်ရှင်..
🎧 ရေဓာတ်ခန်းခြောက်ခြင်း၊ စိတ်ဖိစီးမှု၊ မျက်နှာပြင်အချိန်၊ အစားအသောက်နှင့် အခြားအရာများကဲ့သို့ အဖြစ်များသော ခေါင်းကိုက်ခြင်းအစပျိုးမှုများကို စီမံခန့်ခွဲရန် လက်တွေ့ကျသော အကြံပြုချက်များကို မျှဝေထားပါတယ်.. ခေါင်းကိုက်ခြင်းကို ကာကွယ်ပြီး ပိုမိုကျန်းမာတဲ့ ဘ၀ကို ဖန်တီးနိုင်ဖို့ သေးငယ်တဲ့ lifestyle ပြုပြင်ပြောင်းလဲမှုများကို ဒီ Podcast လေးကနေ တဆင့် ရယူလိုက်ပါ.. 🌿
👉 Podcast အစ အဆုံးကို Youtube နဲ့ Spotify မှာ နားဆင်နိုင်ပါပြီရှင်..
Youtube (English Version) - https://youtu.be/tNaoGk2XU8s
Youtube (Myanmar Version) - https://youtu.be/-OLZPA0WIz0

Address

Edinburgh
EH144AS

Telephone

+447598890240

Website

Alerts

Be the first to know and let us send you an email when VitaRest Wellness Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VitaRest Wellness Hub:

Share