Ariya Yoga

Ariya Yoga Certificates holder of
Yoga Teacher & Evaluator (Yoga Certification Board, Ayush Ministry, India) &
200 Hours IYTTC (US Alliance)

Read more ⬇️Yoga is 99% Practice, 1% Theory emphasizes that yoga is an experiential discipline rather than an intellectu...
11/08/2026

Read more ⬇️
Yoga is 99% Practice, 1% Theory emphasizes that yoga is an experiential discipline rather than an intellectual study. Popularized by Sri K. Pattabhi Jois, the core message highlights that true transformation happens through direct action rather than passive knowledge.

The Balance of Theory and Practice:

✨1% Theory: Provides essential safety, alignment, breath mechanics, and philosophical direction.

🧘‍♀️99% Practice (Abhyasa): Translates concepts into physical and mental reality, driving actual physiological and mental change.

The Three Layers of Practice:

Physical Discipline (Asana): Cultivates body stillness, strength, flexibility, and physical awareness.

Breath Control (Pranayama): Regulates the nervous system to shift the body from stress to calm.

Mental Presence (Samyama): Trains focus, self-observation, and meditation amid daily distractions.

Off-the-Mat Application:

On the Mat: Holding difficult poses, maintaining steady breathing during discomfort, and accepting physical limits.

In Life: Remaining patient during tense situations, managing daily stress calmly, and letting go of perfectionism.

📜Theory gives direction, but only consistent practice transforms yoga from something you know into something you embody.

🪷Yoga for healthy aging 🪷12th  International Yoga Day celebration memory
21/06/2026

🪷Yoga for healthy aging 🪷
12th International Yoga Day celebration memory

Chitta = mind, conciousness (စိတ်) Prasadanam = Purification, clarity or making pleasant (သန့်စင်ပြီး အေးချမ်းစေခြင်း) ဟ...
17/04/2026

Chitta = mind, conciousness (စိတ်)
Prasadanam = Purification, clarity or making pleasant (သန့်စင်ပြီး အေးချမ်းစေခြင်း) ဟူ၍ အဓိပ္ပာယ်ဖော်ဆောင်သည်။

၎င်း Chitta Prasadanam ကို Patanjali Yogsutras (1:33) တွင် စိတ်ကို တည်ငြိမ်စေပြီး အပျက်သဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အတက်အကျများ (negative fluctuations) ကို ဖယ်ရှားဖို့နှင့် emotional & mental wellness အတွက် အင်မတန်လွယ်ကူသော ကျင့်စဉ်များကို ဖော်ပြထားပါတယ်…

✨မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာ ဟူသော် စိတ်ထားများကို သင့်လျော်သူအပေါ် မှန်ကန်စွာထားနိုင်လျှင် သင်သည် စိတ်ရွှင်လန်းပေါ့ပါးမည်ဟုဆိုထားပါသည်။

☘️ပျော်ရွှင်သူများအပေါ် ခင်မင်ရင်းနှီးစွာ မေတ္တာစိတ်၊
☘️မပျော်ရွှင်သူများ၊ ဆင်းရဲချို့တဲ့သူများအပေါ် ဂရုဏာစိတ်၊
☘️သီလရှိသူများအပေါ် ဝမ်းမြောက်ခြင်းဖြင့် မုဒိတာစိတ်၊
☘️ရက်စက်ကြမ်းကြုတ်သူ၊ ယုတ်မာသူ၊ အပြစ်ရှိသူများအပေါ် လျစ်လျူးရှုခြင်းဖြင့် ဥပေက္ခာစိတ်
ထားရန် ဆိုထားသည်။

5 Days Stress Free Yoga
Day-5
I am calm and capable....

Namaste 🙏
Geeta Arya

Ahimsa (non-violence or non-harming) ကို သူများ အသက်မသတ်ရ၊ မညှဥ်းပန်းရဟု အားလုံးသိကြမှာပါ။  ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်စေ...
16/04/2026

Ahimsa (non-violence or non-harming) ကို သူများ အသက်မသတ်ရ၊ မညှဥ်းပန်းရဟု အားလုံးသိကြမှာပါ။ ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်စောင့်ရှောက်မှု (Self-care) ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ မိမိကိုယ်ကိုယ် အကြမ်းမဖက်ခြင်းနဲ့ ကြင်နာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

🔆​မိမိကိုယ်ကိုယ် အဘက်ဘက်ကနေ ကြင်နာနည်းကတော့ အောက်ပါအတိုင်း အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။

🍀ရုပ်ပိုင်းဆိုင်ရာ (Physical) - ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးထက် ခန္ဓာကိုယ်ရဲ့ တကယ်လိုအပ်ချက် အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းမျိုး၊ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်း သို့မဟုတ် မိမိခန္ဓာကိုယ်အသံနားထောင်လျက် ယောဂကျင့်ခြင်းများ လုပ်ဆောင်ပေးသင့်သည်။

🍀​စိတ်ပိုင်းဆိုင်ရာ (Mental) - မိမိကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးထက် နားလည်ပေးတဲ့ စိတ်နဲ့ အစားထိုးတာပါ။ "ငါ ဒါကို လုပ်ရမယ်" ဆိုတဲ့ ဖိအားတွေအစား မိမိကိုယ်ကိုယ် အားပေးစကား ပြောတာမျိုး ဖြစ်ပါတယ်။

🍀​ခံစားချက်ပိုင်းဆိုင်ရာ (Emotional) - ဒေါသ ဒါမှမဟုတ် ဝမ်းနည်းမှုတွေကို အတင်းအဓမ္မ ဖိနှိပ်တာမျိုး မလုပ်ဘဲ၊ ဒီခံစားချက်တွေကို လက်ခံပေးတာပါ။ ဥပမာအနေနဲ့ မလုပ်နိုင်သော လုပ်ချင်စိတ်မရှိသော အလုပ်များကို လက်ခံလုပ်ဆောင်ခြင်းကို ရှောင်ကြည်ရမည်။ ခံစားချက်တွေကို ဖိနှိပ်ခြင်းဟာလည်း မိမိကိုယ်ကိုယ် အကြမ်းဖက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။
5 Days Free Yoga Class
Day -4
Affirmation: This feeling is temporary and I will get through it....

Namaste 🙏
Geeta Arya

ယောဂီတို့၏ အမြင်အရ ရောင့်ရဲတင်းတိမ်ခြင်း (Contentment) ကို "သန္တောသ" (Santosha) ဟု ခေါ်ဆိုပြီး ၎င်းမှာ Niyama ကျင့်ဝတ်ဆိ...
15/04/2026

ယောဂီတို့၏ အမြင်အရ ရောင့်ရဲတင်းတိမ်ခြင်း (Contentment) ကို "သန္တောသ" (Santosha) ဟု ခေါ်ဆိုပြီး ၎င်းမှာ Niyama ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းချက်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဘဝကို လက်လျှော့အရှုံးပေးခြင်းမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တက်ကြွစွာ လေ့ကျင့်ယူရသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
🔆​​ဘယ်လိုလက်တွေ့ ကျင့်သုံးရမလဲ?

🍀​ယောဂကျင့်စဉ်အတွင်း _ မိမိခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို အတ္တမပါဘဲ လက်ခံခြင်း။

🍀​နေ့စဉ်ဘဝတွင်_ ကျေးဇူးသိတတ်မှု Gratitude ကို ကျင့်သုံးခြင်းနှင့် အလုပ်တစ်ခုကို လုပ်ဆောင်ရာတွင် ရလဒ်အပေါ် အလွန်အကျွံ စွဲလန်းမှုမထားဘဲ စေတနာထား လုပ်ဆောင်ခြင်း။

🍀စိတ်ထား​အမြင်ပြောင်းလဲခြင်း _ "ပျော်ရွှင်ဖို့အတွက် တစ်ခုခုလိုနေသေးတယ်" ဆိုသည့် မပြည့်စုံသောအမြင် မှ "လက်ရှိအချိန်မှာ ငါ့မှာ လုံလောက်နေပြီ" ဆိုသည့် ပြည့်စုံသောအမြင် သို့ ပြောင်းလဲခြင်း ဖြစ်သည်။

​​အချုပ်အားဖြင့်ဆိုရသော် သန္တောသ contentment သည် မိမိ၏ စစ်မှန်သော ဖြစ်တည်မှုမှာ မူလကတည်းက ပြည့်စုံပြီးသားဖြစ်ကြောင်း နားလည်ကာ "လက်ရှိအချိန်" အပေါ် ငြိမ်းချမ်းစွာ နေထိုင်တတ်ခြင်းပင် ဖြစ်ပါသည်။

5 Days Stress Free Yoga
Day-3
I am doing my best and that's more than enough...

Namaste 🙏
Geeta Arya


Managing Stress for Gut Health  Stress ကြောင့် အစာခြေစနစ်မှာ ခက်ခဲနိုင်တယ်ဆိုတာ နည်းနည်းလူသိနည်းပါတယ်။ ဒါပေမယ့် poor dig...
14/04/2026

Managing Stress for Gut Health
Stress ကြောင့် အစာခြေစနစ်မှာ ခက်ခဲနိုင်တယ်ဆိုတာ နည်းနည်းလူသိနည်းပါတယ်။ ဒါပေမယ့် poor digestion issue က စိတ်ဖိစီးမှု၏ အကျိုးဆက်များမှာ တစ်ခုအဖြစ်ပါဝင်ပါတယ်။

🍀ဘယ်လိုမျိုး လုပ်ဆောင်ချက်များက အကျိုးပြုပေးမလဲ?

🍃စိတ်-ခန္ဓာကိုယ် လေ့ကျင့်ခန်းများ၊ နက်ရှိုင်းစွာ အသက်ရှူခြင်း (deep breathing)၊ တရားထိုင်ခြင်းနှင့် ယောဂကျင့်ခြင်းကဲ့သို့သော နည်းစနစ်များသည် "အနားယူပြီး အစာချေဖျက်ခြင်း(rest and digest)" ဖြင့် parasympathetic စနစ်ကို အသက်ဝင်စေနိုင်သည်။

🍃ပုံမှန်လေ့ကျင့်ခန်း- လမ်းလျှောက်ခြင်းကဲ့သို့သော အသင့်အတင့်လှုပ်ရှားမှုသည် အစားအစာများကို အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားစေပြီး စိတ်ဖိစီးမှုလျှော့ချပေးသော endorphins များကို ထုတ်လွှတ်ပေးသည်။

🍃ပုံမှန်လုပ်ရိုးလုပ်စဉ်- ပုံမှန်အချိန်များတွင် စားသောက်ခြင်းနှင့် ၇-၉ နာရီ အိပ်စက်ခြင်းသည် သင့်အူလမ်းကြောင်းကို သက်ရောက်မှုရှိသော စိတ်ဖိစီးမှုဟော်မုန်းများကို ထိန်းညှိရန် ကူညီပေးသည်။
အစားအသောက် အထောက်အပံ့- အမျှင်ဓာတ်များသော အစားအစာများနှင့် probiotics (ဒိန်ချဉ် တွင်တွေ့ရှိရသည့်) သည် microbiome မျှခြေကို ပြန်လည်ထိန်းသိမ်းရန် ကူညီပေးနိုင်သည်။

5 Days Stress Free Yoga
Day-2
I focus on what I can control and let go the rest....

Namaste 🙏
Geeta Arya

အသက်ရှူခြင်းသည် ကျွန်မတို့ ခန္ဓာကိုယ်၏ အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ပါသည်။ အသက်ရှူခြင်းသည် အဓိကအားဖြင့် unconscious မသိစ...
13/04/2026

အသက်ရှူခြင်းသည် ကျွန်မတို့ ခန္ဓာကိုယ်၏ အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ပါသည်။ အသက်ရှူခြင်းသည် အဓိကအားဖြင့် unconscious မသိစိတ်ဖြစ်စဉ်ဖြစ်ပြီး ၎င်းကို မည်သည့်အချိန်တွင်မဆို၄င်း consciously သတိရှိရှိ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် အသက်ရှူခြင်းသည် မသိ‌သောစိတ်(unconscious mind) နှင့် သတိရှိသောစိတ် (conscious mind)ကြားတွင် တံတားတစ်ခု ဖွဲ့စည်းပေးသည်။
🍀စည်းချက်ညီပြီး နက်ရှိုင်းစွာဖြေးဖြေးမှန်မှန်အသက်ရှူခြင်းသည် တည်ငြိမ်မှု၊ ကျေနပ်မှု၊ စိတ်အခြေအနေဖြင့် လှုံ့ဆော်ပေးသည်။
မမှန်သော အသက်ရှူခြင်းသည် ဦးနှောက်၏ စည်းချက်ကို အနှောင့်အယှက်ဖြစ်စေပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုများကို ဖြစ်ပေါ်‌စေသည်။
🍃Pranayama သည် မှန်ကန်သော အသက်ရှူမှူကို ထိန်းချုပ် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်နှင့် စိတ်ကို သဘာဝအ‌လျောက် ပြေလျော့‌စေသော အလေ့ထများကို ပြန်လည်ထူထောင်ပေးသည်။ Pranayama လေ့ကျင့်ခြင်းဖြင့် အာရုံခံနိုင်စွမ်းအားကို‌ကျော်လွန်၍ မသိစိတ်အောက်တွင် ပိတ်မိနေသော စွမ်းအင်များကို ပိုမိုတီထွင်ဖန်တီးနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များတွင် အသုံးပြုရန် ထုတ်လွှတ်နိုင်ခြင်းဖြင့် အကျိုးပြုပေးသည်။
5 Days Stress Free Yoga
Day -1
I breath in calm and breath out stress...

Namaste 🙏
Geeta Arya




Yoga is intended to transform the individual’s inner self, which consequently changes the experience of the world.      ...
11/04/2026

Yoga is intended to transform the individual’s inner self, which consequently changes the experience of the world.

🍃5 days Free Yoga class for Stress-free🍃 Stress လျော့ကျစေရန် focus ထားပြီး သင်္ကြန်ပိတ်ရက်မှာ အချိန်ရှိခိုက် လုံလစိုက်ရအ...
04/04/2026

🍃5 days Free Yoga class for Stress-free🍃
Stress လျော့ကျစေရန် focus ထားပြီး သင်္ကြန်ပိတ်ရက်မှာ အချိန်ရှိခိုက် လုံလစိုက်ရအောင်လားရှင့်.....

ပုံမှန်ဆို 3 days ပဲသင်ဖြစ်တာပါ extra bonus class နှင့် tips တွေမျှဝေချင်လို့ ဒီတခါ 5 days ဖြစ်သွားပါတယ်

ဘာတွေသင်ကြားခွင့်ရမလဲ?

🍀 ခန္ဓာကိုယ်မှ တင်းမာမှုတွေကို လျော့ကျစေဖို့ Yogic Joints Movements & Traditional Yoga Flows တွေပါမယ်

🍀 Pranayama နှင့် စိတ်တည်ငြိမ်မှု ရစေဖို့ စိတ်ခွန်အားဖြစ် စကားလုံး (Affirmations)တွေ အပါ mindfulness

☘️ စိတ်ရော ကိုယ်ပါလွှတ်ချပြီး အပြည့်အဝအနားယူနိုင်ဖို့ Deep relaxation techniques တွေ နဲ့ stress management tips

🗓️ဧပြီလ 13 ရက်မှ 17ရက်နေ့ထိ 5 Days ဆက်တိုက်
🕢မြန်မာစံချိန် မနက် 6:30 နာရီ မှ 7:30 နာရီ အထိ Online Zoom မှ တစ်ဆင့် သင်ကြားလေ့ကျင့်ပေးပါမည်။
✨စေတနာရှိစွာ မျှဝေတာပါ ရက်ပြည့်တက်ပေးမှုဖြင့် အကျိုးအပြည့်ဝရယူကြပါနော်✨

✅မည်သူမဆို ပါဝင်လေ့ကျင့်နိုင်သည်ဖြစ်ရာ official page ရဲ့post အောက်မှာ Stress free yoga ဟုမန့်၍ Telegram channel Link ရယူပါ။
ထိုမှတစ်ဆင့် zoom invite link‌ တွေ update လုပ်မှာပါရှင့်။

Bowing down to all my Gurus...
नमस्ते 🙏






Address

Paldi
Yangon

Opening Hours

Monday 09:00 - 17:00

Telephone

+959970639325

Alerts

Be the first to know and let us send you an email when Ariya Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ariya Yoga:

Shortcuts

Share