သမားတော်တိုင်းရင်းဆေး

သမားတော်တိုင်းရင်းဆေး သမားတော်တိုင်းရင်းဆေး, 医療・健康, Nagoya-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

လင်းသိဒ္ဓိအောင်အမှတ်တံဆိပ်
အာရုံကြောဆေးနှင့်
Lung Tonicအဆုတ်ရောဂါသောက်ဆေး
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်
TMR-016038
TMR-016260
သမားတော် ဦးအောင်မြင့်ခိုင်
(BMTM,Mdy)
09425900259
09778410428
အာရုံကြောတစ်ဘူး 4000ကျပ်
Lung Tonicအဆုတ်ဆေး တစ်ဘူး
4000ကျပ်

 #ဆီးချိုကိုထိန်းညှိပေးနိုင်တဲ့ အပြင် ကျန်းမာရေး အကျိုးကျေးဇူး များတဲ့  #စောင်းလျားသီး စောင်းလျားသီး မှာ ကယ်လိုရီပမာဏ အန...
05/08/2026

#ဆီးချိုကိုထိန်းညှိပေးနိုင်တဲ့ အပြင် ကျန်းမာရေး အကျိုးကျေးဇူး များတဲ့ #စောင်းလျားသီး

စောင်းလျားသီး မှာ ကယ်လိုရီပမာဏ အနည်းငယ်သာပါဝင်ပြီး အိုမင်းရင်းရော်မှုကို တားဆီးပေးနိုင်တဲ့ Antioxidant ဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ၊ ဗီတာမင် B နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေသေးလို့ ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုစေပါတယ်။

#ဆီးချို

စောင်းလျားသီး မှာ သကြားဓါတ် အနည်းငယ်ပဲပါဝင်တာကြောင့် ဆီးချို ကို ထိန်းညှိပေးနိုင်ပါတယ်။ အဲဒီ အသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်ကလည်း အူထဲကနေ ဂလူးဂိုစ် စုပ်ယူမှုကို တားဆီးပေးနိုင်ပြီး သွေးတွင်း သကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

#အမြင်အာရုံ

စောင်းလျားသီး မှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့်လည်း မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။
အိပ်မပျော်ခြင်း စောင်းလျားသီး မှာ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းမွန်စွာအိပ်စက်စေပါတယ်။ အိပ်မပျော်တာ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်နေတဲ့အခါမျိုးမှာ စောင်းလျားသီးကို စားသုံးပေးနိုင်ပါတယ်။

#အသားအရေ

စောင်းလျားသီး မှာ Flavonoids ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကျန်းမာ စိုပြေစေပါတယ်။ ဒါ့အပြင် သွပ် (Zinc) ဓါတ်ပမာဏ ကြွယ်ဝစွာပါဝင်တာကြောင့် ၀က်ခြံပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

#သတိပြုရန်
စောင်းလျားသီးမှာ Oxalic Acid နဲ့ Andcaramboxin ဓါတ်ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေကတော့ အထူးရှောင်ရှားသင့်ပါတယ်။ စားသုံးပေးရင် ပျို့အန်တာမျိုး ဖြစ်စေပါတယ်။
စတေတင် (Statin) ဆေး Opiates ဘိန်းပါတဲ့ဆေး Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း) စတဲ့ဆေးတွေကို မှီဝဲနေသူတွေကတော့ ဒီအသီးကို မစားသင့်ပါဘူး။
crd
#သမားတော်တိုင်းရင်းဆေး
#လင်းသိဒ္ဓိအောင်အာရုံကြောဆေး

 #ဆင်တုန်းမနွယ် နဲ့ အဆစ်ရောင်ရောဂါတစ်ချို့ လေးဘက်နာ။ တစ်ချို့လည်း အဆစ်ရောင်ရောဂါသမားတို့ စိတ်မညစ်ကြပါနဲ့။ ဆင်တုံးမနွယ်ကိ...
26/07/2026

#ဆင်တုန်းမနွယ် နဲ့ အဆစ်ရောင်ရောဂါ

တစ်ချို့ လေးဘက်နာ။ တစ်ချို့လည်း အဆစ်ရောင်ရောဂါသမားတို့ စိတ်မညစ်ကြပါနဲ့။ ဆင်တုံးမနွယ်ကို လေးခွက်တစ်ခွက်တင်ကျို (ရေနှင့်ဆင်တုံးမနွယ်ကိုရော.. ရေ လေးခွက်ထည့် … ရေတစ်ခွက်စာပဲ ကျန်သည် အထိ ကျိုချက်)

(သို့မဟုတ်)

ဆင်တုံးမနွယ်ကို ထုချေလိုက်ပါ။ ရေနှင့် တစ်ညလောက်စိမ်ထား။ အဲ့ဒီအရည်ကို သောက်ပေး။ ဒါဆိုရင်လည်း အဆစ်ရောင်ရောဂါဝေဒနာရှင်တွေအတွက် မသေဆေးပါ။


မြန်မာတိုင်းရင်းဆေးမှာတော့ မြစ်ခြောက်နာရယ်လို့ ခေါ်ကြပါတယ်။ မြစ်ခြောက်နာ တီဘီရောဂါအတွက် ဖာလာဖြူ၊ ငါးပုလဲ၊ ဆင်တံးမနွယ်တို့ကို အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ရောစပ်သောက်ပေးပါက ပျောက်ကင်း ပါတယ်။

#နားကိုက်နေသူနဲ့ ဆင်တုံးမနွယ်

နားတွင်းမှာ အညစ်အကြေးတွေရှိလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် နားကိုက်နေတယ်ဆိုရင်တော့ ဆင်တုံးမနွယ်ကို ကြိတ် ကြက်သီးနွေးလောက်ပဲပြုတ် အဲ့ဒီပြုတ်ရည် နွေးနွေးလေးနဲ့ နားကိုဆေးပေးလိုက်ပါ။ ပျောက်ကင်းသွားမှာ အမှန်ပါပဲ။

#ကိုယ်ရည်ဝါရောဂါနဲ့ ဆင်တုံးမနွယ်

ဆင်တုံးမနွယ်အရွက်ကို ကြိတ် ဒိန်ချဉ်ရည်နဲ့ ရောသောက်ရင် ပျောက်ကင်းပါသတဲ့။

#ခြေဖဝါးပူတဲ့ရောဂါ နဲ့ ဆင်တုံးမနွယ်

ဆင်တုံးမနွယ်နဲ့ ကြက်ဆူစေ့ကို ရောပြီးကြိတ် ခြေဖဝါးမှာ လူးပေးလို့ကတော့ ခြေဖဝါးပူတဲ့ရောဂါ လျင်မြန်စွာ ပျောက်သွားပါလိမ့်မယ်။

#အထွေထွေရောဂါနဲ့ ဆင်တုံးမနွယ်

ဆင်တုံးမနွယ်ကို ထောပတ်နဲ့စားရင် လေရောဂါအတွက်ကောင်းပါတယ်

ဆင်တုံးမနွယ်ကို သကြားနဲ့စားရင် သည်းခြေအတွက်ကောင်းပါတယ်

ဆင်တုံးမနွယ်ကို ပျားရည်နဲ့စားရင် သလိပ်အတွက်ကောင်းပါတယ်

ဆင်တုံးမနွယ်ကို သင်္ဘောချင်းခြောက်နဲ့စားရင် အစောမကြေရောဂါ။ လေပြည့်နာအတွက်ကောင်းပါတယ်

#လူတွေအတွက်တင်မဟုတ်တဲ့ ဆင်တုံးမနွယ်

တောင်သူဦးကြီးတွေအားထားကြတဲ့ ကျွဲ၊နွားတွေ မှိုင်ပြီး မျက်ရည်တွေကျတာမျိုးဖြစ်နေရင် (နှုန်းနာ) ဆင်တုံးမနွယ်ကို နုတ်နုတ်စင်းပြီး ဆားနဲ့ နယ်ကျွေးရင် ရောဂါတွေပျောက်သွားမယ်.

ကျွဲနွားတွေ ဆီးအောင့်ဆီးချုပ်ဖြစ်ခဲ့ရင်တော့ ဆင်တုံးမနွယ်ကို နုတ်နုစင်း။ ရေစိမ်။ ရတဲ့အရည်ကို ဆားထည့် ဝါးကျည်ထောက်နဲ့ ထည့်တိုက်ပေးရင် ပျောက်ကင်းပါတယ်တဲ့။

တစောင်းခါးဆေးဖက်၀င်ပုံ တစောင်းခါးက ကိုလက်စထရော ကျစေလို နှလုံးသွေး ကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။ အမျှင်ဓါတ် fibers ပါ...
31/05/2026

တစောင်းခါး
ဆေးဖက်၀င်ပုံ

တစောင်းခါးက ကိုလက်စထရော ကျစေလို နှလုံးသွေး ကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။ အမျှင်ဓါတ် fibers ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။ အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။ တစောင်းခါးစားသုံးခြင်းဖြင့် ဆာလောင်ခြင်း နှင့် ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။

ဆေးဖက်ဝင်  #သစ်ကြံပိုးသိပ္ပံနည်းကျ တွေ့ရှိထားတဲ့  #သစ်ကြံပိုးခေါက် ရဲ့ အကျိုးကျေးဇူဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင...
29/05/2026

ဆေးဖက်ဝင် #သစ်ကြံပိုး

သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ #သစ်ကြံပိုးခေါက် ရဲ့ အကျိုးကျေးဇူ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်တတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပေါ်လီဖီနောလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများဆုံး ပါဝင်ပါတယ်။

ရောင်ရမ်းမှု ကျဆင်းစေသော ပစ္စည်းများပါဝင်ခြင်း
ရောင်ရမ်းမှုဟာ ရောဂါပိုးဝင်ခြင်းနဲ့ တစ်ရှူးများပြင်ဆင်ခြင်းအတွက် အရေးပါတဲ့ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ရောင်ရမ်းမှုဟာ ကြာရှည်လာတဲ့အခါ ကိုယ်ခန္ဓာအတွက် မကောင်းပါဘူး။ သစ်ကြံပိုးခေါက်မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးခြင်း
သစ်ကြံပိုးခေါက်ဟာ ကိုလက်စထရောကို ကျဆင်းစေပါတယ်။ အကျိုးပြု HDL ကိုလက်စထရောကို တည်ငြိမ်အောင်ထိန်းထားပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ တနေ့ကို သစ်ကြံပိုးခေါက် ၁၂၀ မီလီဂရမ်ခန့်ရရှိရင် ဒီအာနိသင်ကို ရရှိနိုင်ပါတယ်။ ကိုလက်စထရောကျဆင်းရင် သွေးတိုးခြင်းကို ကာကွယ်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေပါတယ်။

အင်ဆူလင်အာရုံခံနိုင်အား ကောင်းမွန်စေခြင်း
အင်ဆူလင်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ စွမ်းအင်သုံးစွဲမှုအတွက် အရေးပါတဲ့ဟော်မုန်းဖြစ်ပါတယ်။ သွေးလည်ပတ်ရာမှတဆင့် ဆဲလ်များဆီ သကြားဓာတ်ပို့ဆောင်ရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်မတိုးတဲ့အခါ ဇီဝဖြစ်ပျက်မှုရောဂါစုနဲ့ အမျိုးအစား ၂ ဆီးချိုလို ပြဿနာမျိုးတွေကို ဦးတည်စေပါတယ်။ သစ်ကြံပိုးခေါက်မှာ အင်ဆူလင်အာနိသင်ကို အာရုံခံလုပ်ဆောင်နိုင်စွမ်း တိုးတက်လာအောင် အထောက်အကူပြုပါတယ်။

သွေးတွင်းသကြားဓာတ်ကျစေပြီး ဆီးချိုကျစေခြင်း
ဖော်ပြပြီးခဲ့တဲ့အတိုင်း သစ်ကြံပိုးခေါက်ဟာ အင်ဆူလင်အာနိသင်ကို ပိုမိုအာရုံခံအားကောင်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းထဲမှာ ကာဘိုဟိုက်ဒရိတ် ချေဖျက်မှုကို နှေးကွေးစေပါတယ်။ သုတေသနတွေအရ သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြားဓာတ်ကို ၁၀ ၂၉ ရာခိုင်နှုန်းထိ ကျဆင်းစေနိုင်ပါတယ်။

အာရုံကြောချို့ယွင်းမှု ပြဿနာများကို သက်သာစေခြင်း
ဦးနှောက်ဆဲလ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်တွေ ပျက်စီးတဲ့အခါ အာရုံကြော ချို့ယွင်းမှုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတွေ ဖြစ်ပါတယ်။

သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အယ်လ်ဇိုင်းမားရောဂါမှာ စုပြုံလာတတ်တဲ့ ပရိုတိန်းတမျိုးကို တားဆီးပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ အာရုံကြောလျှပ်ကူးပစ္စည်းတွေကို အားဖြည့်ပေးပြီး အာရုံကြောလုပ်ငန်းတာဝန်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။

ဘက်တီးရီးယားနှင့် မှိုစွဲခြင်းကို ကာကွယ်ပေးနိုင်ခြင်း
သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ Cinnamaldehyde ဟာ ရောဂါပိုးမျိုးစုံကို ကာကွယ်ပေးနိုင်ပါတယ်။ မှိုစွဲခြင်းကြောင့်ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါများကို သက်သာစေနိုင်ပါတယ်။

Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် သွားများပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သစ်ကြံပိုးခေါက်က ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး စားမိရင် ရင်ပူတာ သွေးချိုကျတာတွေ ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။
Crd
#သမားတော်တိုင်းရင်းဆေး

"ရင်အေးစေတဲ့ ပူစီနံရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ  #အားလုံးပဲမဂ်လာပါဆရာသမား‌ေပြာပြရင်မှတ်သားထားတတ်သူမို့ပြန်လည်မျှ‌ေဝတ...
30/04/2026

"ရင်အေးစေတဲ့ ပူစီနံရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ
#အားလုံးပဲမဂ်လာပါဆရာသမား‌ေပြာပြရင်မှတ်သားထားတတ်သူမို့ပြန်လည်မျှ‌ေဝတယ်
နွေရာသီမှာပဲဖြစ်ဖြစ်၊ ဟင်းလျာတွေထဲမှာပဲဖြစ်ဖြစ် ထည့်စားလေ့ရှိတဲ့ “ပူစီနံ” (Mint) ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုသလို သတိထားရမယ့် အချက်လေးတွေလည်း ရှိပါတယ်။
✅ ပူစီနံရဲ့ ကောင်းကျိုးများ (Benefits)
၁။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
အစာမကြေတာ၊ လေပွတာနဲ့ ဗိုက်အောင့်တာတွေကို သက်သာစေပါတယ်။ အစားစားပြီးနောက် ပူစီနံ လက်ဖက်ရည် သောက်ပေးရင် အစာကြေလွယ်စေပါတယ်။
၂။ ခံတွင်းနံ့ သန့်ရှင်းစေခြင်း
ပူစီနံမှာ ပါဝင်တဲ့ Antibacterial အာနိသင်က ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေပြီး အသက်ရှူလိုက်တိုင်း လတ်ဆတ်တဲ့ အနံ့ကို ရရှိစေပါတယ်။
၃။ ဦးနှောက်စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း
ပူစီနံရဲ့ လတ်ဆတ်တဲ့အနံ့ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အာရုံစူးစိုက်မှုကို ပိုကောင်းစေပါတယ်။ ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။
၄။ အအေးမိ၊ နှာစေး သက်သာစေခြင်း
နှာခေါင်းပိတ်တာ ဒါမှမဟုတ် လည်ပောင်းယားတာမျိုးတွေမှာ ပူစီနံပါတဲ့ အငွေ့ရှူပေးရင် အသက်ရှူလမ်းကြောင်းကို ပွင့်စေပါတယ်။
❌ သတိထားရမယ့် ဆိုးကျိုးများ (Side Effects)
၁။ ရင်ပူတတ်သူများ ဆင်ခြင်ရန်
ရင်ပူတတ်သူတွေ (Gastroesophageal Reflux Disease - GERD) အနေနဲ့ ပူစီနံစားရင် အစာအိမ်အက်စစ် ပြန်တက်တာမျိုး ပိုဖြစ်နိုင်လို့ အလွန်အကျွံ မစားသင့်ပါဘူး။
၂။ သွေးချိုကျဆေး သောက်နေသူများ
ပူစီနံဟာ သွေးချိုကို ကျစေတဲ့ အာနိသင်ရှိတာကြောင့် သွေးချိုကျဆေး သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
၃။ ကလေးငယ်များအတွက် သတိထားရန်
ပူစီနံဆီ (Menthol) ကို ကလေးငယ်တွေရဲ့ မျက်နှာ သို့မဟုတ် နှာခေါင်းနားမှာ တိုက်ရိုက်လိမ်းပေးရင် အသက်ရှူရခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
၄။ သည်းခြေကျောက်ရှိသူများ
သည်းခြေအိတ်မှာ ကျောက်ရှိသူတွေအနေနဲ့ ပူစီနံကို အမြောက်အမြား စားသုံးတာက ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။
နိဂုံးချုပ်
ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုသလိုပဲ ပူစီနံကိုလည်း မိမိကျန်းမာရေး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် စနစ်တကျ သုံးစွဲကြဖို့ အကြံပြုပါရစေ။ နော်

"ကြက်သဟင်းရွက်" ဟာ အမဲသားထက် သံဓာတ်ပမာဏ ပိုမိုကြွယ်ဝစွာ ပါဝင်နေပါတယ်။သံဓာတ်ပမာဏ နှိုင်းယှဉ်ချက် (၁၀၀ ဂရမ်ချင်း တူညီလျှင်...
30/04/2026

"ကြက်သဟင်းရွက်" ဟာ အမဲသားထက် သံဓာတ်ပမာဏ ပိုမိုကြွယ်ဝစွာ ပါဝင်နေပါတယ်။
သံဓာတ်ပမာဏ နှိုင်းယှဉ်ချက် (၁၀၀ ဂရမ်ချင်း တူညီလျှင်)
အာဟာရတန်ဖိုးအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ ကွာခြားတာကို တွေ့ရမှာပါ -
• အမဲသား: သံဓာတ် ၂.၆ မီလီဂရမ် ခန့်သာ ပါဝင်ပါတယ်။
• ကြက်သဟင်းရွက်: သံဓာတ် ၁၅.၇ မီလီဂရမ် အထိ ပါဝင်ပါတယ်။
ဒါဟာ အမဲသားနဲ့ယှဉ်ရင် ၆ ဆနီးပါး ပိုများနေတာကြောင့် အပင်ထွက်အစားအစာတွေထဲမှာ သံဓာတ်အကြွယ်ဝဆုံး အရင်းအမြစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဈေးနှုန်းသက်သာပြီး အလွယ်တကူ ရရှိနိုင်တဲ့ ဒီအရွက်ကို စားသုံးပေးခြင်းဖြင့် အောက်ပါကောင်းကျိုးများကို ရရှိနိုင်ပါတယ် -
• ✅ သွေးအားကောင်းစေခြင်း: သွေးနီဥဆဲလ် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးအားနည်းရောဂါ (Anemia) ကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။
• ✅ အရိုးနှင့် သွားများ ခိုင်မာစေခြင်း: ကယ်လ်စီယမ် (Calcium) ဓာတ်ကြွယ်ဝလို့ အရိုးပွခြင်းကို တားဆီးပေးပြီး သွားတွေကို သန်မာစေပါတယ်။
• ✅ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း: ဗီတာမင် A၊ C နဲ့ Antioxidants တွေ ပါဝင်တာကြောင့် ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။
• ✅ အစာခြေစနစ်ကို အားပေးခြင်း: အမျှင်ဓာတ် (Fiber) ပါဝင်မှုမြင့်မားလို့ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး အူလမ်းကြောင်းကို သန့်စင်ပေးပါတယ်။
ခံတွင်းမြိန်စေမည့် ချက်ပြုတ်နည်းလမ်းများ
ခါးသက်သက်အရသာရှိပေမဲ့ နည်းစနစ်ကျကျ ချက်ပြုတ်မယ်ဆိုရင် အရမ်းကို ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ဖြစ်လာမှာပါ -
1. ကြက်ဥနှင့် ရောကြော်ခြင်း: ခရုဆီ၊ ကြက်သွန်ဖြူတို့နဲ့ ဆီသတ်ပြီး ကြက်ဥထည့်ကြော်ရင် ကလေးရော လူကြီးပါ နှစ်သက်မယ့် အရသာရရှိမှာပါ။
2. အသားနုတ်နုတ်စင်း ဟင်းချို: ဝက်သား သို့မဟုတ် ကြက်သားနုတ်နုတ်စင်းလေးနဲ့ ဟင်းချိုချက်သောက်ရင် ခံတွင်းရှင်းပြီး လန်းဆန်းစေပါတယ်။
3. ငါးခြောက်/ပုစွန်ခြောက်နှင့် ချဉ်စပ်ဟင်း: ငါးခြောက်လေးခပ်ပြီး ချဉ်စပ်ဟင်းအဖြစ် ချက်စားရင်လည်း မြိန်ယှက်စေပါတယ်။
4. တို့စရာအဖြစ် စားသုံးခြင်း: အစိမ်းလိုက်ဖြစ်စေ၊ ရေနွေးဖျောပြီးဖြစ်စေ ငရုတ်သီးထောင်း၊ ငါးပိရည်တို့နဲ့ တွဲဖက်စားနိုင်ပါတယ်။
ဒီလို အကျိုးကျေးဇူးများတဲ့ ကြက်သဟင်းရွက်အကြောင်းကို မိသားစုနဲ့ သူငယ်ချင်းတွေ သိအောင် မျှဝေပေးလိုက်ပါဦးဗျ

အရင်က ကျွန်မအဒေါ် ကျန်းမာရေး သိပ်မကောင်းခဲ့ရှာဘူး။ နာတာရှည် ချောင်းဆိုးတာ၊ အသက်ရှူကျပ်ပြီး ရင်ဘတ်အောင့်တာမျိုးတွေ ခံစားခ...
10/03/2026

အရင်က ကျွန်မအဒေါ် ကျန်းမာရေး သိပ်မကောင်းခဲ့ရှာဘူး။ နာတာရှည် ချောင်းဆိုးတာ၊ အသက်ရှူကျပ်ပြီး ရင်ဘတ်အောင့်တာမျိုးတွေ ခံစားခဲ့ရပါတယ်။ တစ်ခါတလေ အဆုတ်က ကောင်းကောင်း အလုပ်မလုပ်တော့သလိုမျိုး ခံစားရပြီး ခဏလေးနဲ့ မောပန်းလွယ်တတ်ပါတယ်။ ဆေးဝါးမျိုးစုံ မှီဝဲခဲ့ပေမယ့်လည်း ထူးထူးခြားခြား သက်သာခြင်း မရှိခဲ့ပါဘူး။
တစ်နေ့မှာတော့ ရေစိမ်ရုံနဲ့ ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ ဖျော်ရည်တစ်မျိုးကို စမ်းသောက်ကြည့်ခဲ့ပါတယ်။ ဂျင်း၊ သခွားသီး၊ ပူဒီနာနဲ့ သံပရာသီးလိုမျိုး အိမ်မှာ အလွယ်တကူရတဲ့ ပစ္စည်းလေးတွေပဲ လိုအပ်တာပါ။ ဒါကို နေ့စဉ်ပုံမှန် ဖျော်သောက်ကြည့်လိုက်တဲ့အခါ ကိုယ်လက်ပေါ့ပါးလန်းဆန်းလာပြီး ကျန်းမာရေးဟာလည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာတာကို ခံစားခဲ့ရပါတယ်။
ဒီဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကတော့ -
အသက်ရှူလမ်းကြောင်း ကောင်းမွန်ခြင်း - ချောင်းဆိုးတာနဲ့ ရင်ဘတ်ကျပ်တာတွေ သက်သာသွားပြီး အသက်ရှူရတာ ပိုမိုချောမွေ့လာပါတယ်။ အဆုတ်လည်း လန်းဆန်းပေါ့ပါးသွားသလို ခံစားရစေပါတယ်။
စွမ်းအင်တိုးပွားခြင်း - အသည်းရဲ့ လုပ်ဆောင်ချက်ကို အားပေးကူညီလို အရင်လို အလွယ်တကူ မောပန်းနွမ်းနယ်ခြင်း မရှိတော့ပါဘူး။
အသားအရေ ကြည်လင်ခြင်း - ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို အသားအရေကို ပိုမိုစိုပြေဝင်းပလာစေပါတယ်။
အစာခြေစနစ် ကောင်းမွန်ခြင်း - ဗိုက်လေပွတာ၊ လေပြည့်တာတွေကို သက်သာစေပြီး ဝမ်းဗိုက်ကို ပေါ့ပါးစေပါတယ်။
ပြုလုပ်နည်း (အလွန်ရိုးရှင်းပါတယ်)
၁။ ပါးပါးလှီးထားတဲ့ ဂျင်း ၅-၆ ချပ်။
၂။ အဝိုင်းလိုက်လှီးထားတဲ့ သခွားသီး ၅-၆ ချပ်။
၃။ လတ်ဆတ်တဲ့ ပူဒီနာရွက် ၅-၁၀ ရွက်။
၄။ အဝိုင်းလိုက်လှီးထားတဲ့ သံပရာသီး ၂-၃ ချပ် (သို) သံပရာရည် အနည်းငယ်။
၅။ အားလုံးကို ရေဘူးထဲထည့်ပြီး ရေအေး ၁ လီတာဖြည့်ပါ။ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၁ နာရီခန့် နှပ်ထားပါ။
ဒီဖျော်ရည်ကို တစ်နေ့တာလုံး ရေအစားထိုး သောက်သုံးနိုင်ပါတယ်။ မွှေးပျံ့လန်းဆန်းတဲ့အတွက် ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုစေပါတယ်။
တကယ်တော့ ဈေးကြီးတဲ့ပစ္စည်းတွေ မလိုဘဲ ရိုးရှင်းတဲ့ အရာလေးတွေနဲ့လည်း ကျန်းမာရေးကို ပြန်လည်ပျိုးထောင်နိုင်ပါတယ်။ နေ့တိုင်း ကိုယ်တိုင်ဂရုစိုက်ရုံနဲ့ ဘဝကို ပိုပြီးပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

Crd
#လင်းသိဒ္ဓိအောင်အာရုံကြောဆေး

"ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး"ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါမ...
07/03/2026

"ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး"

ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။

ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။

အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။

အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။

ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊

အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။

သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့

ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။

သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။

ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။

ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။

ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။

ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး

၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစောတွင် သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။

မသောက်မှီ ပုလင်း၊ ဗူးအောက်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။

အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။

ခြေဖဝါးကို “ဆား” နဲ့ ပွတ်ပေးရင် ရနိုင်တဲ့ အံ့ဖွယ်ကောင်းကျိုး (၉) မျိုး 👣🧂ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေအားလုံး ဆုံရာဟာ "ခြေဖ...
03/01/2026

ခြေဖဝါးကို “ဆား” နဲ့ ပွတ်ပေးရင် ရနိုင်တဲ့ အံ့ဖွယ်ကောင်းကျိုး (၉) မျိုး 👣🧂
ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေအားလုံး ဆုံရာဟာ "ခြေဖဝါး" ဖြစ်တာကြောင့် ခြေဖဝါးကို ဆားနဲ့ ပွတ်တိုက်ပြီး အပူထုတ်ပေးရင် အခုလို အကျိုးကျေးဇူးတွေ ရနိုင်ပါတယ် -
၁။ ဆံပင်ကျွတ်တာ သက်သာစေတယ် 💆‍♀️
၂။ အာရုံကြောတွေ အားကောင်းလာစေတယ် 💪
၃။ မျက်စိမှုန်၊ မျက်စိဝေတာ သက်သာစေတယ် 👁️
၄။ ခေါင်းမူး၊ ခေါင်းကိုက်နဲ့ ဇက်ကြောတက်တာ သက်သာစေတယ် 💆‍♂️
၅။ သွားကိုက်၊ သွားဖုံးရောင်တာ သက်သာစေတယ် 🦷
၆။ အာသီးရောင်တာနဲ့ အပူကန်တာ သက်သာစေတယ် 👅
၇။ အဆစ်အမြစ်ရောင်တာနဲ့ နာကျင်ကိုက်ခဲတာ သက်သာစေတယ် 🦴
၈။ ကျီးပေါင်းရောဂါ ဝေဒနာရှင်တွေအတွက် ကောင်းမွန်တယ်
၉။ ခါးနာ၊ ဒူးနာ၊ ခါးကိုက်တာတွေကို သက်သာစေတယ် 🚶‍♂️
ဒီလို ခြေဖဝါးကို ဆားနဲ့ ပွတ်ပေးတာက ခန္ဓာကိုယ်ထဲက အပူတွေကို ထွက်သွားစေလို့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားစေမှာပါ။ ✨
ကျန်းမာရေးအတွက် အချိန်အနည်းငယ်ပေးပြီး စမ်းကြည့်ကြရအောင်နော်။ သိထားရအောင် ကိုယ့် Wall မှာ Share ထားလိုက်ပါဦး။ 💖

အသက် ၄၀ ဝန်းကျင်ရောက်ပြီဆိုရင် ကောင်းကောင်း အိပ်မပျော်တာ၊ အိပ်လိုက်နိုးလိုက်ဖြစ်တာမျိုးတွေဟာ အဖြစ်များလာတတ်ပါတယ်။ ဒါဟာ "...
03/01/2026

အသက် ၄၀ ဝန်းကျင်ရောက်ပြီဆိုရင် ကောင်းကောင်း အိပ်မပျော်တာ၊ အိပ်လိုက်နိုးလိုက်ဖြစ်တာမျိုးတွေဟာ အဖြစ်များလာတတ်ပါတယ်။ ဒါဟာ "သွေးဆုံးခါနီး ကာလအစောပိုင်း"လို့ခေါ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။
အမျိုးသမီးအများစုဟာ အသက် ၄၀-၄၅ နှစ်ဝန်းကျင်မှာ သွေးဆုံးခါနီး ကာလအစောပိုင်း ကို စတင်ရောက်ရှိကြပါတယ်။ ဒီအချိန်မှာ အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေ စတင်အပြောင်းအလဲဖြစ်လာပြီး အောက်ပါလက္ခဏာများ ခံစားရနိုင်ပါတယ်။
အိပ်မပျော်ခြင်း၊ ညသန်းခေါင်ယံ နိုးထခြင်း
စိတ်ဖိစီးမှုများခြင်း၊ ရင်တုန်ခြင်း
ညဘက် ချွေးထွက်လွန်ခြင်း
စိတ်ခံစားချက် မတည်ငြိမ်ခြင်း
🔶 သွေးဆုံးတာတစ်ခုတည်း မဟုတ်သော အခြားအကြောင်းများ
ဟော်မုန်းအပြင် အသက် ၄၀ ဝန်းကျင်မှာ အောက်ပါ အကြောင်းအရင်းများကလည်း အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။
အလုပ်ဖိအား၊ မိသားစု ပြဿနာများကြောင့် စိတ်ဖိစီးမှုများခြင်း
အိပ်ခါနီးအထိ ဖုန်း၊ တီဗွီ စတဲ့ မျက်နှာပြင်များ ကြည့်ရှုခြင်း
Melatonin (အိပ်စက်ခြင်းဆိုင်ရာ ဟော်မုန်း) နည်းပါးလာခြင်း
ကဖင်းပါတဲ့ အရာများကို နေ့လယ်ပိုင်းနောက်ပိုင်း သောက်သုံးခြင်း
အိပ်ခါနီးမှ ပြင်းထန်စွာ လေ့ကျင့်ခန်း လုပ်ခြင်း
🔶 သွေးဆုံးခါနီး လက္ခဏာ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ?
အောက်ပါလက္ခဏာများ ပူးတွဲပါလာပါက သွေးဆုံးခါနီး ကာလအစောပိုင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
✅ ရာသီစက်ဝန်း မမှန်တော့ခြင်း
✅ ရုတ်တရက် ပူလောင်ခြင်း၊ ညဘက်ချွေးထွက်ခြင်း
✅ အိပ်မပျော်မှု ပုံမှန်မဟုတ်ဘဲ ဆိုးလာခြင်း
✅ စိတ်တိုလွယ်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း
💡 ကောင်းကောင်း အိပ်ပျော်စေရန် လုပ်ဆောင်နည်းများ
အိပ်ရာမဝင်မီ အနည်းဆုံး ၁ နာရီအလိုတွင် မျက်နှာပြင် (Screen) များ အသုံးပြုခြင်းကို ရပ်ပါ။
နေ့လယ် ၂ နာရီနောက်ပိုင်း ကဖင်းဓာတ်ကို လုံးဝရှောင်ပါ။
ရေနွေးနွေးဖြင့် ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ကို ပြေလျော့စေပါ။
Magnesium (သို့) Chamomile လက်ဖက်ရည်တို့ကို ဖြည့်စွက်သောက်သုံးပါ။
မှန်မှန် လေ့ကျင့်ခန်းလုပ်ပါ (သို့သော် အိပ်ခါနီး မလုပ်ပါနှင့်)။
ရာသီစက်ဝန်း မမှန်တော့ပါက ဆေးရုံတွင် ဟော်မုန်း
ဓာတ် စစ်ဆေးမှု ခံယူပါ။

住所

Nagoya-shi, Aichi
4500001

電話番号

+959778410428

ウェブサイト

アラート

သမားတော်တိုင်းရင်းဆေးがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー