Skinducation by Dr. May

Contact the business

Skinducation by Dr. May Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skinducation by Dr. May, Seongsu Ilro 4 Road 25 Seongdong-gu, Seoul, Korea 1005 No. 1, Kolon Digital Towe, Seoul.

👩🏻‍⚕️ Dr. မေသင်းကြည် - MBBS | MSc Dermatology

🧬 Evidence-Based Skin Education

✨ Founder | THE MAY CLINIC

📩 ကုသမှုနှင့် Appointment Booking များအတွက် THE MAY CLINIC Page သို့ ဆက်သွယ်ပေးပါရှင်။

FAQs about Retinol ✨Retinol အကြောင်း သိကောင်းစရာ (၅) ချက် ✨အမေးများကြတဲ့ Retinol သုံးစွဲနည်းနဲ့ ပတ်သက်ပြီး Skin Care Spe...
07/10/2026

FAQs about Retinol ✨

Retinol အကြောင်း သိကောင်းစရာ (၅) ချက် ✨

အမေးများကြတဲ့ Retinol သုံးစွဲနည်းနဲ့ ပတ်သက်ပြီး Skin Care Specialist တစ်ယောက်အနေနဲ့ အဓိကအချက် ၅ ချက်ကို ဖြေပေးလိုက်ပါတယ်ရှင်။

၁။ Retinol ဆိုတာ ဘာလဲ၊ အရေပြားအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ပေးလဲ?
အဖြေ: Retinol ဆိုတာ ဗီတာမင် A ရဲ့ ဓာတ်ပြောင်းလဲထားတဲ့ ပုံစံတစ်မျိုးဖြစ်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတယ်။ အရေးအကြောင်းတွေကို သက်သာစေခြင်း၊ အရေပြားတင်းရင်းချောမွေ့စေခြင်း၊ အမည်းစက်နဲ့ မျက်နှာအသားအရောင် မညီညာတာတွေကို ဖြေရှင်းပေးနိုင်လို့ အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့နေရာမှာ နံပါတ်တစ်ပါပဲ။

၂။ Retinol ကို နေ့ဘက်သုံးလို့ ရပါသလား? ဘယ်အချိန်မှာ သုံးသင့်လဲ?
အဖြေ: Retinol ကို ညဘက်မှာသာ အဓိက သုံးသင့်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ရင် အာနိသင်လျော့ကျတတ်ပြီး အရေပြားကို နေလောင်လွယ်စေနိုင်လို့ပါ။ ပြီးတော့ Retinol သုံးတဲ့ကာလတစ်လျှောက်မှာ နေ့စဥ် မဖြစ်မနေ နေရောင်ကာကွယ်ဆေး (Sunscreen) ကို သေချာလိမ်းပေးဖို့ လိုပါတယ်။ အခုလို အယ်လ်နီညိုအပူလှိုင်းဖြတ်ချိန်မှာဆို ပိုပြီး သတိထားလိမ်းသင့်ပါတယ်။

၃။ စတင်သုံးစွဲမယ့်သူတွေအတွက် ဘယ်လိုစသုံးသင့်လဲ?
အဖြေ: စစချင်း သုံးတဲ့အခါ အရေပြားနဲ့ တည့်သွားအောင် တစ်ပတ်ကို ၂ ရက်လောက်နဲ့ စတင်သင့်ပါတယ်။ အရေပြားက ကျင့်သားရလာမှသာ ရက်ကို တဖြည်းဖြည်း တိုးသုံးပါ။ အစပိုင်းမှာ အနည်းငယ်ခြောက်သွေ့တာ၊ အဖတ်လန်တာတွေ ဖြစ်တတ်လို့ Hyaluronic Acid လို ရေဓာတ်ဖြည့် ingredient ပါတဲ့ skincare တွေနဲ့ တွဲဖက်သုံးပေးဖို့ အကြံပြုချင်ပါတယ်။

၄။ အခြား Skin Care ပစ္စည်းတွေနဲ့ ရောသုံးလို့ ရလား (ဥပမာ - Vitamin C သို့မဟုတ် AHA/BAH Exfoliants)?
အဖြေ: Retinol သုံးတဲ့ညတွေမှာ AHA/BHA လို Exfoliants တွေနဲ့ ပြင်းထန်တဲ့ Vitamin C တွေကို တစ်ချိန်တည်း တပြိုင်နက် တွဲမသုံးသင့်ပါဘူး။ အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး skin barrier ကို ထိခိုက်စေနိုင်လို့ပါ။ လိုအပ်ရင် ရက်ခြားပြီး ခွဲသုံးပေးသင့်ပါတယ်။

၅။ ရလဒ်ကောင်းတွေ ဘယ်လောက်ကြာမှ စတွေ့ရမလဲ?
အဖြေ: Retinol က Magic လို တစ်ရက်နှစ်ရက်နဲ့ ချက်ချင်းပြောင်းလဲသွားစေတာမျိုးတော့ မဟုတ်ပါဘူး။ ပုံမှန်စွဲသုံးမယ်ဆိုရင် ၂ ပတ်ကနေ ၄ ပတ်အတွင်း အသားအရေ ချောမွေ့လာတာကို စတင်တွေ့ရနိုင်ပြီး အရေးအကြောင်းနဲ့ အမည်းစက်တွေအတွက် သေချာသိသာတဲ့ ရလဒ်ကောင်းတွေ ရဖို့ကတော့ ၃ လကနေ ၆ လအထိ အနည်းဆုံး စွဲစွဲမြဲမြဲ လိမ်းပေးရပါမယ်။

🌟 ကိုယ့်အသားအရေနဲ့ ကိုက်တဲ့ နေ့စဉ် Skincare Routine လေးတွေနဲ့အတူ ကျန်းမာစိုပြေပြီး နုပျိုတဲ့ အသားအရေပိုင်ဆိုင်နိုင်ကြပါစေရှင်။

Dr. May

✦ 𝑳𝒆𝒂𝒓𝒏 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. 𝑳𝒐𝒗𝒆 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. ✦

MBBS (YGN) | M.Sc. Dermatology (Thailand)

𝐓𝐇𝐄 𝐌𝐀𝐘 𝐂𝐋𝐈𝐍𝐈𝐂
095084842, 09944483393
Address - No. (5/67), Thirigone Housing, Thirigone Housing Street, 16/2 Ward, Thingangyun Township, Yangon.

06/10/2026

ဘိုတောက်စ် (Botox ခေါ် Botulinum Toxin) ထိုးတာတွေက လုပ်နေကျဆိုပေမယ့် တစ်ချိန်ကျရင် ဆေးယဉ်သွားတာ (Resistance) ဖြစ်နိုင်တယ်ဆိုတာကို သိပြီးပြီလား။ 💉⚠️️

အရင်လို အာနိသင် မပြတော့တာ၊ ဆေးခံနိုင်ရည်ရှိသွားတာတွေ ဘာကြောင့် ဖြစ်ပေါ်လာရလဲဆိုတဲ့ အကြောင်းရင်းအမှန်နဲ့ အဲဒါတွေကို ဘယ်လို ကြိုတင်ကာကွယ်ရမလဲဆိုတဲ့ ဆေးပညာဆိုင်ရာ အချက်အလက်များကို ဒီဗီဒီယိုမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။

သင့်ရဲ့ အလှအပဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ရေရှည်ထိရောက်ဖို့အတွက် ဒီအချက်တွေကို မဖြစ်မနေ သိထားဖို့လိုပါတယ်။ အသေးစိတ်ကို ဗီဒီယိုထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ 👇✨

Dr. May

✦ 𝑳𝒆𝒂𝒓𝒏 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. 𝑳𝒐𝒗𝒆 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. ✦

MBBS (YGN) | M.Sc. Dermatology (Thailand)

𝐓𝐇𝐄 𝐌𝐀𝐘 𝐂𝐋𝐈𝐍𝐈𝐂
095084842, 09944483393
Address - No. (5/67), Thirigone Housing, Thirigone Housing Street, 16/2 Ward, Thingangyun Township, Yangon.

ဒါလေးတွေကတော့ ကျွန်မရဲ့ မရှိမဖြစ် daily essential supplements လေးတွေပါ.✨ Glutathione ကတော့ အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေ...
04/10/2026

ဒါလေးတွေကတော့ ကျွန်မရဲ့ မရှိမဖြစ် daily essential supplements လေးတွေပါ.

✨ Glutathione ကတော့ အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေပြေစေတယ်. Super antioxidants ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့ လုပ်ဆောင်ပေးလို့ အပြင်ကရတဲ့ environmental stress တွေ နေရောင်ကြောင့်ဖြစ်တဲ့ အသားအရေထိခိုက်တာတွေကို လျှော့ချပေးတယ်. အသားအရေကိုဖြူကြည်စေတယ်
✨ NAD+ လေးက stress တွေလျော့စေတယ်. အားအင်ပြည့်ပြီး ခေါင်းကြည်စေတယ်. အလုပ်လုပ်နိုင်စွမ်း တွေးခေါ်နိုင်စွမ်းတွေကို ကောင်းစေတယ်. အလုပ်တွေနဲ့ အမြဲခေါင်းထဲ ပြည့်နေတဲ့ကျွန်မအတွက် NAD+ လေးကလဲ မရှိမဖြစ်ပဲ.
✨ Probiotics ကတော့ ကျွန်မလို auto immune ရောဂါရှိသူ မိန်းကလေးတွေအတွက် သောက်ကိုသောက်သင့်တဲ့ supplement တစ်မျိုးဖြစ်ပါတယ်. သူက အူလမ်းကြောင်းမှာရှိသင့်ရှိထိုက်တဲ့ ပိုးကောင်လေးတွေကို ပြန်မွေးပေးတာကြောင့် inflammation တွေ လျော့ချပေးတယ်. အူလမ်းကြောင်းကောင်းစေတာကြောင့် ခေါင်းကြည်စေတယ်. အသားအရေလှပဖို့အတွက်လဲ အထောက်အကူပြုတယ်လေ.

အခုဖတ်နေတဲ့ သူတွေရော ဘာ supplements လေးတွေ သောက်ဖြစ်လဲ သောက်ရမလဲ သိချင်တာရှိရင် comment မှာ ရေးသွားပေးဦးနော် 🥰

Dr. May

✦ 𝑳𝒆𝒂𝒓𝒏 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. 𝑳𝒐𝒗𝒆 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. ✦

MBBS (YGN) | M.Sc. Dermatology (Thailand)

𝐓𝐇𝐄 𝐌𝐀𝐘 𝐂𝐋𝐈𝐍𝐈𝐂
095084842, 09944483393
Address - No. (5/67), Thirigone Housing, Thirigone Housing Street, 16/2 Ward, Thingangyun Township, Yangon.



Disclaimer: The information and images shared in this post are for informational and educational purposes only. This content is not intended to be a substitute for professional medical advice, diagnosis, or treatment. Always seek the advice of your physician or other qualified health provider with any questions you may have regarding a medical condition or dietary supplements.

October လရဲ့ Dr. Dabo အဖြစ် skincare tips လေးတွေ sharing လုပ်ပေးမှာဖြစ်လို့ Dabo Myanmar page လေးကနေ စောင့်မျှော်ကြည့်ရှ...
03/10/2026

October လရဲ့ Dr. Dabo အဖြစ် skincare tips လေးတွေ sharing လုပ်ပေးမှာဖြစ်လို့ Dabo Myanmar page လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်. 💚

💁‍♀️ပျိုမေတို့အတွက် အလှအပရေးရာများကို မျှဝေဖို့ 𝐃𝐫.𝐃𝐀𝐁𝐎 အစီအစဉ်မှ ကြိုဆိုပါတယ် 👏✨

👩‍⚕️ ဒီလရဲ့ 𝐃𝐫.𝐃𝐀𝐁𝐎 အဖြစ် 𝐃𝐫. 𝐌𝐚𝐲 𝐓𝐡𝐢𝐧𝐧 𝐊𝐲𝐢 မှ Skincare Product တွေမှာ ပါဝင်တဲ့ 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 တွေရဲ့ အလုပ်လုပ်ပုံ၊ အသားအရေ နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ် ⬅️ 💯

#𝐃𝐀𝐁𝐎

#𝐃𝐫𝐃𝐀𝐁𝐎
#𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞
#𝐁𝐞𝐚𝐮𝐭𝐲𝐓𝐢𝐩𝐬𝐅𝐨𝐫𝐘𝐨𝐮

02/10/2026

မင်္ဂလာပါရှင် 💚
ဒီ October လအတွက် Dabo Myanmar ရဲ့ "Doctor Dabo" ဖြစ်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်ရှင် ✨ ဒီတစ်လလုံး အရေပြားအလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတကောင်းလေးတွေကို အသေးစိတ် မျှဝေပေးသွားမှာမို့ ​စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Skin care နဲ့ပတ်သက်ပြီး သိချင်တာလေးတွေရှိရင်လည်း Comment မှာ မေးခဲ့လို့ရပါတယ် 👇
Useful skincare knowledge တွေ လက်လွတ်မသွားရအောင် DABO Myanmar page လေးကို Like & Follow လုပ်ထားဖို့လဲ မမေ့နဲ့နော် 🍀

01/10/2026

✨ အသားအရေထဲကို အာဟာရဓာတ်တွေ အလေအလွင့်မရှိ ရောက်စေမယ့် နည်းလမ်းလေး ✨

Skin Booster တွေ skincare တွေ အများကြီးသုံးနေရပေမယ့် ဘာလို့ သိသိသာသာ မထူးခြားတာလဲ သိချင်လား?
ဒီနေ့ Dr. May ရဲ့ Favorite ဖြစ်တဲ့ နည်းပညာလေးတွေအကြောင်း ပြောပြမယ်နော် 🤫✨

1️⃣ Hironic New Doublo 2.0 (HIFU + RF Synergy): မျက်နှာလေး တင်းရင်းပြီး Snatched ဖြစ်ချင်တယ်ဆိုရင် ဒီနှစ်ခုက လက်တွဲမိကြလွန်းလို့ မရှိမဖြစ်ပါပဲ။ HIFU က အောက်ခြေကနေ ဆွဲတင်ပေးပြီး Synergy RF က အသားအရေကို တင်းတင်းရင်းရင်းလေး ဖြစ်စေတာမို့ ရလဒ်က တကယ်ကို တစ်ခါဆိုတစ်ခါ သိသာထိရောက်စေပါတယ်။ ✨
2️⃣ Huons Dermashine Pro Injector : Skincare တွေပဲ ဝယ်လိမ်းနေလို့ မလုံလောက်ပါဘူး။ ဒီ Injector စက်နဲ့ဆိုရင် skin booster တွေ အလေအလွင့်လုံးဝမရှိဘဲ (Zero Waste) အသားအရေရဲ့ လိုအပ်တဲ့အလွှာထဲကို တိုက်ရိုက်ရောက်သွားတာမို့ ရေဓာတ်ပြည့်ဝပြီး စိုစွတ်တောက်ပြောင်တဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။ 💧

သိချင်တာရှိရင် Comment မှာ လွတ်လပ်စွာ မေးလို့ရပါတယ်ရှင်! 👇

Dr. May

✦ 𝑳𝒆𝒂𝒓𝒏 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. 𝑳𝒐𝒗𝒆 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. ✦

MBBS (YGN) | M.Sc. Dermatology (Thailand)

𝐓𝐇𝐄 𝐌𝐀𝐘 𝐂𝐋𝐈𝐍𝐈𝐂
095084842, 09944483393
Address - No. (5/67), Thirigone Housing, Thirigone Housing Street, 16/2 Ward, Thingangyun Township, Yangon.

28/09/2026

Cooltera (Liftera2 + Coolfase) Hifu+RF combined technology နဲ့ ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် လေ့လာသင်ယူဖြစ်ခဲ့ပါတယ်။ ✨

ဒီတစ်ခေါက်မှာတော့ ထိုင်းနိုင်ငံ၊ Angelic Clinic မှ Dr. Chatthirin Charukiad နဲ့အတူ

✨ အရေပြားကို အတွင်းပိုင်းထိတင်းရင်းစေပြီး elasticity ကောင်းစေ
✨ Ligaments တွေကို တိတိကျကျ ပစ်မှတ်ထားပြီး သဘာဝအတိုင်း မျက်နှာကို ဆွဲတင်ပေးနိုင်
✨ အရေးအကြောင်းတွေကို လျော့စေပြီး ပိုမိုနုပျိုတင်းရင်းသော အသားအရည်ကို ပိုင်ဆိုင်စေတယ်စတဲ့ အကျိုးကျေးဇူးတွေကိုရနိုင်တဲ့ Treatment အကြောင်းကို သင်ယူခဲ့ရတာလဲဖြစ်ပါတယ်။

အခုလို ဖိတ်ကြားပေးပြီး လေ့ကျင့်သင်ကြားပေးခဲ့တဲ့ Dr. Chatthirin Charukiad, Asterasys Korea နဲ့ Asterasys Myanmar နှင့် Lemon Aesthetics တို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

Dr. May

✦ 𝑳𝒆𝒂𝒓𝒏 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. 𝑳𝒐𝒗𝒆 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. ✦

MBBS (YGN) | M.Sc. Dermatology (Thailand)

𝐓𝐇𝐄 𝐌𝐀𝐘 𝐂𝐋𝐈𝐍𝐈𝐂
095084842, 09944483393
Address - No. (5/67), Thirigone Housing, Thirigone Housing Street, 16/2 Ward, Thingangyun Township, Yangon.



Disclaimer : I don't have ownership right for thr background music. Entertainment only.

25/09/2026

☀️ နေရောင်ခြည်ကနေ Vitamin D ရယူတာဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်ပေမဲ့ မျက်နှာအသားအရေကိုတော့ ထိခိုက်ပျက်စီးစေပြီး အမည်းစက်နဲ့ အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကိုတော့ နေရောင်နဲ့ တိုက်ရိုက်မထိအောင် အမြဲကာကွယ်တာ (သို့မဟုတ်) SPF 50 ပါတဲ့ suncream ကို သေချာလိမ်းပေးဖို့ မမေ့နဲ့နော်။ 🤍

သိထားသင့်တဲ့ အချက်လေးတစ်ခုက... ခန္ဓာကိုယ် မျက်နှာပြင်ဧရိယာ (Body surface area) က မျက်နှာထက် အများကြီး ကြီးမားတာကြောင့် ကိုယ်ခန္ဓာကနေ Vitamin D ကို ပိုပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။ မျက်နှာလေးကို နေလောင်ဒဏ်ကနေ သေချာကာကွယ်ရင်း ကျန်းမာတဲ့နည်းလမ်းနဲ့ လိုအပ်တဲ့ Vitamin D ကို ရယူလိုက်ပါရှင်။ ✨

Dr. May

✦ 𝑳𝒆𝒂𝒓𝒏 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. 𝑳𝒐𝒗𝒆 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. ✦

MBBS (YGN) | M.Sc. Dermatology (Thailand)

𝐓𝐇𝐄 𝐌𝐀𝐘 𝐂𝐋𝐈𝐍𝐈𝐂
095084842, 09944483393
Address - No. (5/67), Thirigone Housing, Thirigone Housing Street, 16/2 Ward, Thingangyun Township, Yangon.

24/09/2026

ဆောင်းတွင်းဝင်တော့မယ်နော်. ဆောင်းတွင်းရောက်တိုင်း နှုတ်ခမ်းခြောက်တတ် အဖတ်လန်တတ်တဲ့သူလေးတွေရှိလား

ပုံမှန် Lip Balm တွေ Lip sleeping mask တွေနဲ့ မလုံလောက်တဲ့အခါ ဒီလို Lip Booster Treatment လေးတွေ လုပ်ထားခြင်းအားဖြင့် စိုပြေအိညက်တဲ့ နှုတ်ခမ်းပိုင်ရှင်လေးဖြစ်လာမှာပါ.

ဒီ Lip Booster လေးက…
ဘာအတွက် ကောင်းလဲ ❓
ဘယ်လိုနှုတ်ခမ်းပိုင်ရှင်တွေနဲ့ သင့်တော်လဲဆိုတာ❓

ဒီ video လေးမှာ ကြည့်လိုက်ကြရအောင် 💋

Dr. May

✦ 𝑳𝒆𝒂𝒓𝒏 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. 𝑳𝒐𝒗𝒆 𝒚𝒐𝒖𝒓 𝒔𝒌𝒊𝒏. ✦

MBBS (YGN) | M.Sc. Dermatology (Thailand)

𝐓𝐇𝐄 𝐌𝐀𝐘 𝐂𝐋𝐈𝐍𝐈𝐂
095084842, 09944483393
Address - No. (5/67), Thirigone Housing, Thirigone Housing Street, 16/2 Ward, Thingangyun Township, Yangon.

22/09/2026

Dr. May's favorite Lutronic ရဲ့ Hollywood Spectra Carbon Laser 💯

Address

Seongsu Ilro 4 Road 25 Seongdong-gu, Seoul, Korea 1005 No. 1, Kolon Digital Towe
Seoul

Website

Alerts

Be the first to know and let us send you an email when Skinducation by Dr. May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Skinducation by Dr. May:

Shortcuts

Share