သီရိမေ - US,UK,Auzi,Japan - Supplement & Healthy Care

သီရိမေ - US,UK,Auzi,Japan - Supplement & Healthy Care Supplement & Skin Care Product from USA, UK, Auzi, Japan.

အသက် ၅၀ ကျော် အမျိုးသား အမျိုးသမီးများ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လို စားသောက်နေထိုင်သင့်သလဲ????အသက် ၅၀ ကျော်လာတာနဲ့ ...
25/10/2021

အသက် ၅၀ ကျော် အမျိုးသား အမျိုးသမီးများ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လို စားသောက်နေထိုင်သင့်သလဲ????

အသက် ၅၀ ကျော်လာတာနဲ့ အမျှ သံဓါတ် (Iron) နှင့် ထုံးဓါတ် (Calcium) တွေ တဖြည်းဖြည်း နည်းလာပါတယ်။ အကျိုးဆက် အားဖြင့် အရိုးပါးလာတာ တွေ သွေးအားနည်းလာတာတွေ ဖြစ်တတ်ပါတယ်။

1. ထုံးဓါတ် (Calcium) အတွက် အဆီထုတ်ထားတဲ့ နွားနို့ တစ်နေ့ တစ်ခွက်လောက်နဲ့ အရိုးပါ စားလို့ရတဲ့ ငါးသေးသေးလေးတွေ ငါးသေတ္တာလိုမျိုးတွေ စားပေးရင် တစ်နေ့တာ လို အပ်တဲ့ ထုံးဓါတ်ပမာဏ ပြည့်မီပါတယ်။

2. သံဓါတ် (Iron) အတွက် ကတော့ အမဲသား ဝက်သား ဆိတ်သား၊ ကြက်ဥ နဲ့ အစိမ်းရောင် ရှိတဲ့ အရွက်တွေ ဥပမာ ကန်စွန်းရွက်၊ ပာင်းနုနွယ် လိုမျိုး စားပေးဖို့လိုပါတယ်။

3. နောက်ထပ် အဓိက လို အပ်တာကတော့ အမျှင်ဓါတ်ပါ။ အမျှင်ဓါတ်ကောင်းကျိုးကတော့ ဝမ်းချုပ်တာ ကို ကာကွယ် နိုင်သလို ခန္ဓာကိုယ်အတွင်းရှိ အဆီဓါတ် cholesterol ပမာဏ ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။အရွက်စားတာကနေရနိုင်သလို ဂံျုကြမ်းပေါင်မုန့် လိုမျိုး အီတလီခေါက်ဆွဲ လိုမျိုး ပြီးတော့ သစ်သီးဝလံ တွေ စားရင် လည်း အမျှင်ဓါတ် ရပါတယ်။ အသီးအရွက် တွေ ကို တစ်နေ့ ပန်းကန်လုံး (၃) ခွက် စားခြင်းအားဖြင့် အသက်အရွယ်ကြီးရင် အဖြစ်များတဲ့ အူမကြီးကင်ဆာ ဖြစ်ပွား နှုန်းကို သိသိသာသာကြဆင်းစေပါတယ်။

4. ရေကိုလည်း အနည်းဆုံး ဖန်ခွက် ၈ ခွက် သောက်ပေးဖို့လိုပါတယ်။ အသားအရေ တွန့်တာ အသားအရေ ခြောက်တာ ကိုကာကွယ်ပေးပါတယ်။

5. လျှော့စားသင့်တာကတော့ 'ဆား' ပါ။
ပုံမှန်လူတစ်ယောက် အနေ နဲ့ တစ်နေ့ကို ဆား ၂၃၀၀ mg ( လက်ဖက်ရည် ဇွန်း ၁ဇွန်းပဲ) စားသင့်ပါတယ်။ သွေးတိုးရှိတဲ့ လူတွေ ကတော့ လက်ဖက်ရည်ဇွန်း ဝက်လောက်ပဲ စားလို့ရပါတယ်။ ထို့အတူ သကြားပါ လျှော့ စားသင့်ပါတယ်။ ဒါမှလည်း သွေးတိုး ဆီးချို သွေးချို နဲ့ နှလုံးရောဂါ တွေ ကို ကာကွယ် နိုင်မှာပါ။

6. စားသုံးဆီ စားတဲ့အခါ မှာ လည်း တစ်နေ့ကို ထမင်းစားဇွန်း တစ်ဇွန်း ထက်မပို သင့်ပါဘူး။ တချို့ အစားအစာ တွေမှာ အဆီ မပါဘူးဆိုပေမယ့် ကျွန်တော်တို့ မမြင်ရတဲ့ အဆီဓါတ်တွေပါနေတတ်ပါတယ်။ ဥပမာ ကိတ်မုန့်၊ ဒိုးနတ် လိုမျိုးပါ။

7. ကိုယ်လက်လေ့ကျင့်ခန်း အနေ နဲ့တော့ တစ်နေ့ ကို နာရီဝက် လောက် လမ်းလျှောက်ပေးပါ။

8. အရက်နဲ့ ဆေးလိပ် က တော့ ရှောင်နိုင် ရင် အကောင်းဆုံးပါပဲ။

အခုရေးထားတဲ့ အသက် ၅၀ ကျော် အမျိုးသား အမျိုးသမီးများ အတွက် စားသောက်နေထိုင်မှု့ ပုံ စံ က လူများစု အတွက် ရေးထားတာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photo from internet source

USA လမ်းကြောင်းရှိလို့ အိမ်သုံးဖို့အတွက်ဝယ်ရင်း ပိုမှာထားတာလေးတွေပါ.. အများကြီးတော့မကျန်ဘူးရှင့်လိုချင်တာရှိရင် အမြန်လေး...
24/10/2021

USA လမ်းကြောင်းရှိလို့ အိမ်သုံးဖို့အတွက်ဝယ်ရင်း ပိုမှာထားတာလေးတွေပါ..
အများကြီးတော့မကျန်ဘူးရှင့်

လိုချင်တာရှိရင် အမြန်လေးမှာထားပါနော 🙏

📦Instock ရှိလို့ အခုဘဲ ဆက်သွယ်မှာယူလိုက်ပါနော်..

'သီရိမေ'မှ 💯% ပစ္စည်းစစ်စစ်များကိုသာ တင်သွင်းရောင်းချပါသည်။
🙏ယုံကြည်စွာအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်..🙏

🛵🚚 မန္တလေး အိမ်အရောက်ဝန်ဆောင်မှုရှိပါတယ်။ (Cash on Deli ရပါတယ်)
🏡 အခြားနယ်မြို့များကိုလည်းကားဂိတ် သို့မဟုတ် အိမ်အရောက် ပို့ပေးပါတယ်။ (ငွေကြိုလွှဲပါ)

📬အသေးစိတ်သိရှိမှာယူလိုပါက chat box တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်

သီရိမေ - US, UK, Auzi, Japan Healthy Care & Supplement
☎️ ‭095090170 / 09785090170‬
သီရိမေ - US,UK,Auzi,Japan - Supplement & Healthy Care

Shiseido The Collagen,Collagen Powder❌ယခင် 32000 ks✅ ယခု 28000 ks (Exp 2022/02)♻️Shiseidoရဲ့The CollagenကMarine Collagen...
20/10/2021

Shiseido The Collagen,Collagen Powder
❌ယခင် 32000 ks
✅ ယခု 28000 ks (Exp 2022/02)

♻️Shiseidoရဲ့The CollagenကMarine Collagenအမျိုးအစားပါ အမဲသား ဝက်သားမစားတဲ့သူတွေသောက်လို့ရပါတယ်

✅သောက်ရတာလည်းအရမ်းလွယ်တယ် ကိုယ်သောက်နေကျdrinkတစ်ခုခုထဲထည့်သောက်လိုက်ရုံပဲ

✅ဆေးမြင်တာနဲ့သောက်ရမှာကြောက်တတ်တဲ့သူတွေအတွက်အဆင်ပြေတယ်😁

✅Collagen သောက်ပြီးဘာတွေသိသာလဲဆိုရင် ပထမဆုံးသိသာတာကဆံပင်ပါ သိသိသာသာကျွတ်တာနည်းပြီးမကျွတ်တော့သလောက်ပဲ ဆံပင်ရှည်လည်းမြန်လာတယ်

✅ပြီးတော့သောက်ပြီးတစ်ပတ်လောက်နေရင် အသားအရည်က ကြည်လာမယ် ညီလာမယ် သိသိသာသာတင်းရင်းလာမယ်
Smile Linesတွေအရေးအကြောင်းတွေလျော့လာပါတယ်

✅သေချာလေးစွဲသောက်ရင်အသားအရည်ကsmooth skinလေးဖြစ်လာပြီး dark spotsတွေပါလျော့လာတယ်

✅Collagenကိုစွဲသောက်တဲ့သူကရေရှည်ကျရင် မသောက်တဲ့တွေထက်အများကြီးပိုနုပျိုစေပါတယ်

✅ပြီးတော့သူကNails & Joint တွေအတွက်လည်းကောင်းတယ်

✅ဝမှာလည်းပူစရာမလိုဘူးနော် Marine Collagen လည်းဖြစ်တယ် Fat Freeဖြစ်ပြီးတော့ Gooseberry Amlaစတဲ့အသီးတွေနဲ့လုပ်ထားတာပါ

✅Odorless Flavorlessပါ No Fishy Smellမလို့သောက်ရင်လည်းငါးနံ့တွေဘာတွေမနံဘူးနော်

✅Powder Typeဆိုတော့သောက်ပြီးရင် အစာအိမ်ကစုပ်ယူတာလည်းမြန်တယ် အစာအိမ်ထိခိုက်မှာလည်းမစိုးရိမ်နဲ့နော်

✅တရက်ကို 6g (ထမင်းစားတဲ့ဇွန်းတစ်ဇွန်းပြည့်) ကို ကော်ဖီ ဒိန်ချဉ် smoothies juice soupစတဲ့ကိုယ်သောက်နေကျ တခုခုထဲထည့်သောက်လို့ရပါတယ် ရေနဲ့ဖျော်သောက်ချင်လည်းရပါတယ်

✅နေ့တိုင်းသောက်လို့ရပါတယ်
✅အစာနဲ့4နာရီလောက်ခြားပြီးသောက်ရင်တော့well absorbedဖြစ်တယ်ပြောကြတယ် (ဒါပေမဲ့ကြိုက်တဲ့အချိန်သောက်ချင်လည်းရပါတယ်)🥶
သောက်ပြီးရင်အထုပ်လေးကိုလေလုံအောင်သူ့zip lockလေးကိုသေချာလေးပြန်ပိတ်ပေးပါနော်

မေတ္တာခြုံလို့လုံပါစေ..ဓမ္မသည်သာ အလင်းဆုံးဖြစ်ပါစေ..အဓမ္မဝါဒီများ အမြန်ဆုံးကျဆုံးပါစေ.. မြန်မာပြည်သူပြည်သားများ အမြန်ဆုံ...
19/10/2021

မေတ္တာခြုံလို့လုံပါစေ..
ဓမ္မသည်သာ အလင်းဆုံးဖြစ်ပါစေ..
အဓမ္မဝါဒီများ အမြန်ဆုံးကျဆုံးပါစေ..

မြန်မာပြည်သူပြည်သားများ အမြန်ဆုံး ပျော်ရွှင်ကျန်းမာ အေးချမ်းပါစေ 🙏🙏🙏

#သီတင်းကျွတ်လပြည့်
#အဘိဓမ္မာအခါတော်နေ့

10/10/2021

အရင်ဈေးနဲ့ဝယ်ထားတဲ့ပစ္စည်းလေးတွေကို ဈေးမတင်ဘဲ လက်ကျန်ရှိသလောက်ရောင်းပေးနေပါတယ်ရှင့်
အသစ်ဝင်လာတဲ့ပစ္စည်းလေးတွေကတော့ $ဈေးကြောင့် ဈေးတတ်ပါမယ်ရှင့်😞

မိတ်ဆွေများအားလုံး နေကောင်းကျန်းမာကြပါစေ🙏

Cenovis Vitamin C လေးပြန်ရပါပြီနော် 🍋🥝🍊🧡Cenovis Vitamin C 500mg (300tabs) - 29000ksVitamin C ကို အခုလိုအချိန်မှာတော့ လူတ...
23/09/2021

Cenovis Vitamin C လေးပြန်ရပါပြီနော် 🍋🥝🍊

🧡Cenovis Vitamin C 500mg (300tabs) - 29000ks

Vitamin C ကို အခုလိုအချိန်မှာတော့ လူတိုင်းကိုယ်ခံအားကောင်းအောင် အိမ်တိုင်းမှာ အမြဲဆောင်ထားသင့်ပါတယ်နော်...

Vitamin C ရဲ့အကျိုးအာနိသင်တွေကတော့
😷 အအေးမိနှာစေးချောင်းဆိုးခဏခဏမဖြစ်အောင်ကာကွယ်ပေးပြီးbacteria နဲ့ ပိုးမွှားတွေအလွယ်တကူ မဝင်နိုင်အောင် ခုခံကာကွယ်ပေးပါတယ်
💪 ခန္ဓာကိုယ်ခုခံအားစနစ်ပိုမိုကောင်းမွန်စေပြီး အနာကျက်မြန်စေတယ်
🩸သွေးပေါင်ချိန်ထိန်းညှိပေးပြီး ရုတ်တရက်လေဖြတ်ခြင်းကိုလျော့ချပေးတယ်
😓 စိတ်ဖိစီးမှုတွေကို လျော့ချပေးကာ စိတ်ကြည်လင်လန်းဆန်းစေတယ်
❤️ နှလုံး နှင့်🦴အရိုးအဆစ်အမြစ် ကျန်းမာစေတယ်
✨ အသားအရေပျက်စီးမှုနှေးကွေးစေပြီး အသားအရေကြည်လင်၀င်းပစေတယ်
🤰 ကိုယ်ဝန်ဆောင်သည်တွေ ခန္ဓာကိုယ်ရောင်ရမ်းတာ၊ အကြောပြတ်တာတွေကိုကာကွယ်ပေးတယ်
💁🏻‍♀️ မကောင်းတဲ့ဆဲလ်တွေနဲ့အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်

🍋Cenovis Vitamin C လေးက ဝါးစားလို့ရပြီး အရသာက ချဉ်ချဉ်ချိုချိုလေးနဲ့ အရမ်းစားလို့ကောင်းပါတယ်နော် Sugarless သကြားမပါလို့ ဆီးချိုသမားလည်း စားလို့ ရပြီး ဝမှာ ချောင်းဆိုးမှာ အတွက်မစိုးရိမ်ရပါဘူးနော်

အညွှန်း - 12 နှစ်အထက် 1 ရက် 2 လုံး
- (7 - 12) နှစ် 1 ရက် 1 လုံး
- (2 - 7) နှစ် 1 ခြမ်း ဖဲ့ကျွေးလို့ရ

✅Instock
🇦🇺Made in Australia
💯Authentic

📦Instock ရှိလို့ အခုဘဲ ဆက်သွယ်မှာယူလိုက်ပါနော်..

'သီရိမေ'မှ 💯% ပစ္စည်းစစ်စစ်များကိုသာ တင်သွင်းရောင်းချပါသည်။
🙏ယုံကြည်စွာအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်..🙏

🛵🚚 မန္တလေး အိမ်အရောက်ဝန်ဆောင်မှုရှိပါတယ်။ (Cash on Deli ရပါတယ်)
🏡 အခြားနယ်မြို့များကိုလည်းကားဂိတ် သို့မဟုတ် အိမ်အရောက် ပို့ပေးပါတယ်။ (ငွေကြိုလွှဲပါ)

📬အသေးစိတ်သိရှိမှာယူလိုပါက chat box တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်

သီရိမေ - US, UK, Auzi, Japan Healthy Care & Supplement
☎️ ‭095090170 / 09785090170‬
www.facebook.com/ThirriMayHealthyCareNSupplement

နာမည်ကြီးတဲ့ Vida Glow Collagen လေး.. 😍😍(Made In Australia) #နို့တိုက်မိခင်လည်းသောက်လို့ရတဲ့Collagen တစ်ဘူးသောက်ရုံနဲ့သိ...
08/09/2021

နာမည်ကြီးတဲ့ Vida Glow Collagen လေး.. 😍😍
(Made In Australia)
#နို့တိုက်မိခင်လည်းသောက်လို့ရတဲ့Collagen
တစ်ဘူးသောက်ရုံနဲ့သိသာတဲ့ ကော်လဂျင်လေးပါ😍😍

ကော်လဂျင် Collagen ကဘာလဲ ❓
ခုချိန်မှာတော့ ကော်လဂျင်ဆိုတဲ့စကားက‌ တော်တော်ရေပန်းစားနေကြပါပြီ။ 💁🏻‍♀️ ခန္ဓာကိုယ်အတွက် ကော်လဂျင်ဓါတ်က မရှိမဖြစ်လိုအပ်လာကြတယ်ဆိုတာလည်း သိလာကြပါပြီ။

🎯 ကော်လဂျင်ဓါတ်ဆိုတာ ခန္ဓာကိုယ်ချိတ်ဆက်နေစေရန် ကော်ကဲ့သို့ လုပ်ဆောင်ပေးသည့် ပရိုတင်းဓါတ်တစ်မျိုးပါပဲ။
ရေဓါတ်ပြီးရင် ကော်လဂျင်ဓါတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါဆုံး ပစ္စည်းတစ်ခုပါပဲ။
🎯 အရေအပြား75%၊ အရွတ်နှင့်ကြွက်သားကြော 90%၊ အရိုး35% ခန့်ဟာ ကော်လဂျင်နှင့် ပြုလုပ်ထားပါတယ်။
🎯 ဆံပင်၊ လက်သည်းခြေသည်းနှင့် အရိုးနုတွေမှာ ကော်လဂျင်ဓါတ်လိုအပ်ပါတယ်။
🎯 အသက်25 နှစ်နောက်ပိုင်းတွေမှာ ကော်လဂျင်ဓါတ် ထုတ်လုပ်မှုနှေးကွေးလာတတ်ပါတယ်။ အသက် 50 အထက်မှာ‌တော့ ကော်လဂျင် တစ်ဝက်လောက်ကို ခန္ဓာကိုယ်က ဆုံးရှုံးခဲ့ရပါပြီ။
🎯 ဒါကြောင့် အိုမင်းရင့်ရော်မှုလက္ခဏာလို့ သိထားကြသည့် အရေးအကြောင်းဖြစ်‌ပေါ်လာခြင်း၊ အသားအရေလျော့တွဲလာခြင်း၊ ဆံသားဖြူပြီးပျက်စီးလာခြင်း စသည့်လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

ဒီ့အတွက်ကြောင့် 🐟 သမုဒ္ဒရာထဲရှိငါးအရေပြားမှ ရရှိသည့် ဘသာဝကော်လဂျင်ဓါတ်များကိုသာ အသုံးပြုပြီး ထုတ်လုပ်ထားသည့် Vita Glow Natural Marine Collagen ကို ဖြည့်စွက်စာအနေဖြင့် သောက်သုံးသင့်ပါတယ်။

ကောင်းကျိုးတွေက
🧡 အသားအရေအတွက်
📌 ရေဓါတ် 91% ထိ တိုးမြင့်ပေးပါသည်။
📌 အိုမင်းရင့်ရောမှုကို လျော့ချပေးပါသည်။
📌 အသားအရေကို တင်းရင်းအိစက်စေပါသည်။
📌 နေရောင်ခြည်ဒဏ်ကြောင့်ထိခိုက်သည့် အသားအရေကိုပြန်လည်ကောင်းမွန်စေပါသည်။
📌အသားအရေနီမြန်းရောင်ရမ်းတာတွေလည်း သက်သာစေပါသည်။
🧡 လက်သည်းခြေသည်းအတွက်
📌 လက်သည်းခြေသည်းအရည်အသွေးတိုးမြှင့်ပေးပါသည်။
📌 လက်သည်းခြေသည်းကျန်းမာအောင် ထိန်းညှိပေးပါသည်။
📌 ပျက်စီးသွားသည့် လက်သည်းခြေသည်းပုံပန်းသဏ္ဌာန်ကို ပြန်လည်ပြုပြင်ပေးပါသည်။
📌 လက်သည်းခြေသည်းဖွံ့ဖြိးမှုကိုလည်း အားပေးပါသည်။
🧡 ဆံသားအတွက်
📌 ဆံပင်ရှည်လာခြင်းကို အထောက်အကူပြုပါသည်။
📌 ဆံသားပြန်လည် နူးညံ့စေဖို့ အားပေးပါသည်။
📌 ဆံပင်ကို ထူစေပါသည်။
📌 ဆံသားကျန်းမာစေဖို့ ကူညီပေးပါသည်။
📌 ဦးရေပြားကိုလည်း ကျန်းမာစေပါသည်။

🫐ဘလူးဘယ်ရီသီး
🥭သရက်သီး
🍑မက်မွန်သီး
🍍နံနတ်သီး စသည့်အရသာများရှိပါတယ်။

သောက်သုံးရန်အညွှန်း 👇👇
✨ Level 1
ခန္ဓာကိုယ်‌မှ ကော်လဂျင်ထုတ်လွှတ်မှုကို အားပေးပြီး ကျန်းမာသည့် ဆံသား၊ လက်သည်းခြေသည်းနှင့် အသားအရေကို ထိန်းသိမ်းခြင်သူ‌အတွက် တစ်နေ့ တစ်ထုပ်သောက်ပေးပါ။
✨ Level 2
အိုမင်းရင့်ရော်မှုလက္ခဏာများ စတင်ဖြစ်ပေါ်လာရင်တော့ မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်ထုပ်စီ သောက်ပေးပါ။
✨ Level 3
အရေးအကြောင်းရှိသူများ၊ ဆံသားပျက်စီးသူများ၊ အသားအရေကြမ်းတမ်းမည်းညစ်သူများ မနက်၊ နေ့လည်၊ ည တစ်ထုပ်စီ သောက်သုံးပေးပါ။


📦Instock ရှိလို့ အခုဘဲ ဆက်သွယ်မှာယူလိုက်ပါနော်..

'သီရိမေ'မှ 💯% ပစ္စည်းစစ်စစ်များကိုသာ တင်သွင်းရောင်းချပါသည်။
🙏ယုံကြည်စွာအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်..🙏

🛵🚚 မန္တလေး အိမ်အရောက်ဝန်ဆောင်မှုရှိပါတယ်။ (Cash on Deli ရပါတယ်)
🏡 အခြားနယ်မြို့များကိုလည်းကားဂိတ် သို့မဟုတ် အိမ်အရောက် ပို့ပေးပါတယ်။ (ငွေကြိုလွှဲပါ)

📬အသေးစိတ်သိရှိမှာယူလိုပါက chat box တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်

သီရိမေ - US, UK, Auzi, Japan Healthy Care & Supplement
☎️ ‭095090170 / 09785090170‬
www.facebook.com/ThirriMayHealthyCareNSupplement

Drip Bag Coffee..
03/09/2021

Drip Bag Coffee..

Uric acid များတဲ့ သူတွေ ရှောင်သင့်သော အစားအစာများပထမ အနေနဲ့ Uric acid (ယူးရစ်အက်ဆစ်) များရင် ဘာဖြစ်တတ်လဲ ကို အရင်ပြောပြပ...
01/09/2021

Uric acid များတဲ့ သူတွေ ရှောင်သင့်သော အစားအစာများ

ပထမ အနေနဲ့ Uric acid (ယူးရစ်အက်ဆစ်) များရင် ဘာဖြစ်တတ်လဲ ကို အရင်ပြောပြပေးပါမယ်။ အဓိက ကတော့ အဆစ်အမြစ်ရောင်တဲ့ ရောဂါ ၊ ဆေးပညာအရ Gout (ဂေါက်) ရောဂါလို့လည်းခေါ်ပါတယ်။ နောက်တစ်ခု အဖြစ်များတာက တော့ ဆီးကျောက်တည်တာပါ။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ အထူးကုတွေ က ရှင်းပြပေးပါလိမ့်မယ်။

အခု ကျွန်တော် Uric Acid များတဲ့ သူတွေ ဘာတွေ စားသင့်လဲ။ ဘာတွေ ရှောင့်သင့်လဲ ကို ပြောပြပေးချင်ပါတယ်။

သတိနှင့် စားသင့်သည့်အစားအစာများ

1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

3. ပင်လယ်စာ များ၊ ငါးသေတ္တာငါး
အစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပခတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Purine ပါဝင်မှု့ နည်းသောအစားအစာများ(စားသင့်သော အစားအစာများ)

1. ရေများများသောက်ပေးပါ။ ဒါမှ ကျောက်ကပ်က Uric Acid တွေ ကို ဆီးနဲ့ အတူ စွန့်ထုတ်ပေးနိုင်မှ ဆီးကျောက်တည် တာကို ကာကွယ်ပေးနိုင်မှာပါ။ ထို့အပြင် သွေးတွင်း Uric acid ပမာဏ ကို လည်းကျစေပါတယ်။

2. အသီးတော်တော်များများ က purine ဓါတ်ပါဝင်မှု့နည်းတဲ့ အတွက် စားသင့်ပါတယ်။

3. အဆီထုတ်ထားတဲ့ နို့သောက်ပေးပါ။ ဒါပေမယ့် နို့ထဲ မှာ ဗီတာမင် ဒီ (D) ထပ်ထည့်ထားတဲ့ နို့ဆိုရှောင်သင့်ပါတယ်။ ဆီးကျောက်တည်တာပိုဆိုးစေ တတ်လို့ပါ။

4. Cheese

5. Egg

6. အစေ့အဆံများ

7. ပေါင်မုန့်၊ ထမင်း၊ အီတလီခေါက်ဆွဲ (Pasta, Spaghetti)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photo from internet source

အိမ်တိုင်းမရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆေးလေးတွေ အနည်းငယ် ပြန်ရောက်ပါပြီရှင့်..သယ်ယူစရိတ်ရော ငွေဈေးရော တတ်တာမို့ ဈေးအနည်းငယ...
31/08/2021

အိမ်တိုင်းမရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆေးလေးတွေ အနည်းငယ် ပြန်ရောက်ပါပြီရှင့်..
သယ်ယူစရိတ်ရော ငွေဈေးရော တတ်တာမို့ ဈေးအနည်းငယ်တတ်နေတာမို့ အားနာပါတယ်.. 😔😔

📦Instock ရှိလို့ အခုဘဲ ဆက်သွယ်မှာယူလိုက်ပါနော်..

'သီရိမေ'မှ 💯% ပစ္စည်းစစ်စစ်များကိုသာ တင်သွင်းရောင်းချပါသည်။
🙏ယုံကြည်စွာအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်..🙏

🛵🚚 မန္တလေး အိမ်အရောက်ဝန်ဆောင်မှုရှိပါတယ်။ (Cash on Deli ရပါတယ်)
🏡 အခြားနယ်မြို့များကိုလည်းကားဂိတ် သို့မဟုတ် အိမ်အရောက် ပို့ပေးပါတယ်။ (ငွေကြိုလွှဲပါ)

📬အသေးစိတ်သိရှိမှာယူလိုပါက chat box တွင်စုံစမ်းမေးမြန်းနိုင်ပါတယ်

သီရိမေ - US, UK, Auzi, Japan Healthy Care & Supplement
☎️ ‭095090170 / 09785090170‬
www.facebook.com/ThirriMayHealthyCareNSupplement

Post Covid မှာဖြစ်ပေါ်တတ်တဲ့ သွေးခဲခြင်းကို တားဆီးနိုင်ဖို့အတွက် Omega 3 အပြည့်ဝပါဝင်တဲ့ ငါးကြီးဆီ (Fish Oil) ကို နေ့စဉ်...
31/08/2021

Post Covid မှာဖြစ်ပေါ်တတ်တဲ့ သွေးခဲခြင်းကို တားဆီးနိုင်ဖို့အတွက် Omega 3 အပြည့်ဝပါဝင်တဲ့ ငါးကြီးဆီ (Fish Oil) ကို နေ့စဉ်သောက်သုံးသင့်ပါတယ်..

ဆရာဖြိုးရဲ့ ဆောင်းပါလေးလည်း ဖတ်ကြည့်စေချင်ပါတယ်ရှင့် 🙏

" ကျွန်မအဖျားပျောက်သွားတာ ၇ ရက်ရှိပြီဆရာ၊ COVID ကောင်းပြီးလျှင် သွေးခဲပြီးသေတတ်တယ်ကြားလို့ သွေးကျဲဆေး သောက်ရမလားဆရာ။"

Omega 3 မှာ သွေးခဲခြင်းကို တားဆီးနိုင်တဲ့ အာနိသင်ရှိပါတယ်။ COVID အပြီးသွေးခဲမအောင် ကြိုတင်ကာကွယ်ဖို့ ကျွန်တော်အနေနဲ့ omega 3 ကြွယ်ဝတာ စားဖို့ အကြံပေးပါရစေ။

လူငယ်တွေအနေနဲ့ COVID အပြီးသွေးခဲပြီး မသေအောင် ကြိုတင်ကာကွယ်ဖို့ omega 3 ကြွယ်ဝတဲ့ အဆီများတဲ့ငါးတွေ၊ တူနာငါးတွေ၊ ချီးယားစေ့ နှင့် နှမ်းကြတ်စေ့တွေစားပါ။

လူကြီးတွေအနေနဲ့ လိုအပ်လျှင် omega 3 သောက်ပါ။ ငါးကြီးဆီ ၊ cod liver oil သို့မဟုတ် သံလွင်ဆီကို နနွင်းနဲ့တွဲ သောက်ပေးလျှင် ရောင်ကိုင်းမှုကို ကာကွယ်ပြီး သွေးခဲမှုကို တားဆီးနိုင်ပါတယ်။

နနွင်း နဲ့ သံလွင်ဆီသောက်သူတွေအဖို့ သတင်းကောင်းလည်းဖြစ်ပါတယ်။ အမေရိကန် FDA ကတော့ တစ်ရက် omega 3 ( 3000 mg ) ထိသောက်နိုင်တယ်ပြောပါတယ်။ ကျွန်တော်ကတော့ omega 3 ( 2000 mg ) လောက်ထိသောက်ပါတယ်။

ဒေါက်တာဖြိုးမောင်မောင်

ကိုဗစ်ဗိုင်းရပ် ( SARS-Cov-2  ) နှင့် Kefir ( ကီဖာ) Kefir ( ကီဖာ) ဆိုတာ တူရကီစကား keif ( ခံစားမှုကောင်းခြင်း ) ကနေ အသွင်...
31/08/2021

ကိုဗစ်ဗိုင်းရပ် ( SARS-Cov-2 ) နှင့် Kefir ( ကီဖာ)

Kefir ( ကီဖာ) ဆိုတာ တူရကီစကား keif ( ခံစားမှုကောင်းခြင်း ) ကနေ အသွင်ပြောင်းယူထားတာပါ။ အရှေ့ဥရောပ ကော့ကေးဆပ် (Caucasus) တောင်တန်းတွေမှာနေတဲ့ ရှေးကျတဲ့မျိုးနွယ်စုတွေရဲ့ ရိုးရာစားစရာတစ်ခုဖြစ်ပါတယ်။ ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာပါတဲ့ သဲကန္တာရနေ ဣသရေလ လူမျိုး (ဂျူးလူမျိုး)တွေကို ဘုရားသခင် ကျွေးတဲ့ မာနာ(manna)ဆိုတဲ့ မုန့်ဟာ ကီဖာလို့ပြောပါတယ်။ ရှရှားဆရာဝန်တွေ တီဘီရောဂါကိုကုသဖို့ ကီဖာ စတင်အသုံးပြုခဲ့ကြတယ်။ ၁၉၀၀ ပြည့် အလယ်လောက်မှာ ရုရှားမှာ ကီဖာအမြောက်အမြား ထုတ်လုပ်ပြီး အသုံးပြုခဲ့ကြပါတယ်။

ကီဖာဆိုတာ အချည်ဖောက်ထားတဲ့ ပရိုအိုင်အိုတစ် သောက်စရာ (probiotic drink)တစ်မျိုးဖြစ်ပါတယ်။ ကီဖာမှာ ပရိုအိုင်အိုတစ်(probiotics) နဲ့ တစေး (yeast) နှစ်ခုပေါင်းထားပြီး မျိုးစိတ်နှစ်ခု အပြန်အလှန်အကျိုးပြုနေထိုင်ပါတယ်။ ကီဖာမှာ ပရိုဘိုင်အိုတစ် အမျိုးအစားအရေအတွက် သုံးဆယ်ကျော်ပါဝင်ပါတယ်။

ကီဖာက ခုခံစွမ်းအားကိုမြင့်တက်စေပါတယ်။ ကီဖာမှာပါတဲ့ ပရိုဘိုင်အိုတစ်က အူလမ်းကြောင်းမှာရှိတဲ့ သွေးဖြူဥ အကျိတ်လေးများကို လှုံ့ဆော်ပြီး ရောဂါပိုးခုခံဖို့ ကူညီပေးပါတယ်။ ကီဖာမှာပါတဲ့ ဘိုင်အိုတင် (biotin) နဲ့ B12 က ခုခံအားစနစ်မြင့်တက်စေပါတယ်။ ကီဖာမှာ ပါတဲ့ တစေး (yeast)က beta glucan 1,3, mannan နှင့် glutathione တို့ကို မြင့်လာစေပြီး ခုခံအားကောင်းစေပါတယ်။ ကီဖာမှာပါသည့် B12 နဲ့ Tryptophan လို့ခေါ်တဲ့ ပရိုတိန်းသည် ကောင်းမွန်စွာအိပ်စက်ဖို့ အကူအညီပေးပါတယ်။

ကီဖာ နှင့် သူရဲ့ ပရိုဘိုင်အိုတစ်တွေက ခုခံအားစနစ်ကိုထိန်းညှိပြီး Zika ( ဇီကာ ) ၊ hepatitis C ( အသည်းရောင် C ပိုး )၊ တုတ်ကွေး ( influenza )နှင့် ရိုတာ ( rotaviruses ) ကဲ့သို့သော ဗိုင်းရပ်ကူးစက်မှုတွေကို တားဆီးနိုင်တယ်လို့ရေးပါတယ်။ ကီဖာက IL-6, IL-1, TNF-α, နှင့် interferon-γ ကို လျော့ချပေးပြီး COVID-19 ကြောင့်ဖြစ်တဲ့ cytokine storm ကို ပိတ်ပင်တားဆီးတယ်ရေးပါတယ်။ ကီဖာသောက်သုံးခြင်းက ကိုဗစ်ဗိုင်းရပ် ( SARS-CoV-2 ) ကိုကာကွယ်နိုင်တဲ့ ဖြည့်စွက်သောက်စရာအဖြစ် သုံးလို့ရမရဆက်လက်လေ့လာဖို့တော့လိုပါအုန်းမည်။

Kefir သည် အားကောင်းသော အကျိုးပြုပိုးတွေပါတဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။ အူလမ်းကြောင်းပုံမှန်ကျန်းမာသူက kefir ကို ဆိုးကျိုးမခံစားရပဲ သက်သက်သာသာသောက်နိုင်ပေမယ့် အူလမ်းကြောင်းမကောင်းဘူးဆိုရင် သောက်လိုက်တာနဲ့ ဗိုက်အောင့်တာ၊ဝမ်းသွားတာ ဝမ်းချုပ်တာ၊သွေးပေါင်မြင့်တက်လာတာ၊တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး နေမကောင်းဖြစ်လာတာတွေရှိတတ်ပါတယ်။ ဝက်ခြံတွေ ထွက်လာတာလည်းရှိပါတယ်။ ဒီလိုအခြေအနေကို ကုသမှုကြောင့်ဖြစ်လာသော အကျပ်အတည်း(healing crisis)လို့ ခေါ်ပါတယ်။ သောက်နေတာကို တစ်ရက်လောက်ရပ်လိုက်ပြီး ရေများများသောက်လိုက်လျှင် ပြန်ကောင်သွားတတ်ပါတယ်။

မြန်မာပြည်မှာ အလှူခံလို့ရတဲ့ ကီဖာနှစ်မျိုးရှိပါတယ်။ Water ကီဖာမှာပါတဲ့ အကျိုးပြုပိုးက သကြားကို စားစရာအဖြစ်သုံးပြီး တစေးက ကစော်ဖောက်ပါတယ်။ ဒါကြောင့် အယ်ကိုဟောနည်းနည်းပါတဲ့ သောက်စရာကိုရပါတယ်။ Milk ကီဖာမှာ အကျိုးပြုပိုးက နို့ထဲမှာပါတဲ့ (လက်တို့စ်) lactose ဆိုတဲ့ ပရိုတန်းတွေကို စားသုံးပြီး လက်တစ်အက်ဆစ်(lactic acid)ထုတ်ပေးပါတယ်။ ကျန်ခဲ့တဲ့အရည်ကြည်ဟာ အဟာရတန်ဖို့ သိပ်မြင့်မားပြီး လူသားအကျိုးပြု whey ပရိုတိန်းဖြစ်ပါတယ်။ အုန်းနို့ အုန်းရည်နဲ့ လုပ်တဲ့ kefir ဟာ သတ္ထုဓာတ်မျိုးစုံနဲ့ အဟာရတန်ဖိုး အလွန်ကောင်းပါတယ်။

ကီဖာအရည် ပြုလုပ်တယ်ဆိုတာ အရမ်းရိုးရှင်းပါတယ်။ သကြားရည်ဖျော်ထားတဲ့ ပုလင်းထဲ ကီဖာစေ့ထည့်၊ လေလုံအောင်ပိတ်ပြီး အခန်းအပူချိန်မှာ တစ်ရက်လောက်ထားလိုက်ရင် ပထမအဆင့်အချည်ဖောက်ပြီး (first fermentation kefir or 1 F kefir ) ရပါတယ်။ ကီဖာစေ့ကို ကီဖာစေ့ စစ်ယူတဲ့ ဇကာနဲ့ စစ်ယူဖယ်ထုတ်ပြီး 1 F kefir အဖြစ်သောက်သုံးနိုင်ပါတယ်။ စစ်ယူထားသည့် ကီဖာစေ့ကို နောက်သကြားရည်အသစ်ထဲထည့်ကာ ကီဖာအရည်အသစ်ထပ်လုပ်လို့ရပါတယ်။

1 F kefir ထဲကြိုက်နှစ်သက်ရာ အသီးတစ်ခုခုကို ထည့်လို့ နောက်တစ်ရက်ထားပြီး ဒုတိယအကြိမ်အချဉ်ဖောက်ခြင်း (second fermentation or 2F kefir ) ကို ပြုလုပ်နိုင်ပါတယ်။ 2F kefir ကို အချဉ်ဖောက်ထားတဲ့အသီးတွေ ဖယ်စရာမလိုပဲ သည်အတိုင်းသောက်လို့ရလည်းရပါတယ်။ တစ်ခြား ဒိန်ချဉ်တွေလို အခြားနှစ်သက်ရာ အသီးခြောက်၊ကွေကာ၊အသီးချိုတို့နဲ့ ရောပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သရေစာလို စားသုံးနိုင်ပါတယ်။

မြန်မာပြည်မှာ ကီဖာစေ့ကို အလှူခံလို့ရသလို ကီဖာလုပ်နည်းကိုလည်း မြန်မာလိုမေးမြန်းလေ့လာလို့ရတဲ့ online group ရှိပါတယ်။ ကီဖာအဖွဲ့တည်ထောင်သူ ကိုအောင်ဇော်ထွန်းရေးထားတဲ့ ကီဖာအကြောင်းစာအုပ်လည်း citymart မှာ ဝယ်လို့ရပါတယ်။ ဒီလိုကာလမှာ ပရိုဘိုင်အိုတစ်ကောင်းကျိုးသိပြီး ဝယ်သောက်ဖို့ ခက်ခဲနေသူတွေအဖို့ ကီဖာစေ့အလှူခံပြီး ကီဖာပြုလုပ်သောက်သုံးလျှင် ဈေးကြီးကြီးပေးရတဲ့ ပရိုဘိုင်အိုတစ်ဖြည့်စွက်စာ ဝယ်ယူဖို့ ကုန်ကျငွေ သက်သာသွားပါလိမ့်မည်။

Online Kefir Group - https://www.facebook.com/groups/706284632893432/?ref=share

ဒေါက်တာဖြိုးမောင်မောင်

Address

1/161, Nantawyar Qtr, Amarapura Township
Amarapura Hmandan
095

Telephone

+9595090170

Website

Alerts

Be the first to know and let us send you an email when သီရိမေ - US,UK,Auzi,Japan - Supplement & Healthy Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share