အရာတော်သနပ်ခါး

အရာတော်သနပ်ခါး This is Ayadaw Thanakhar for Myanmar People!!!

၂၁.၁၂.၂၀၂၀တွင်ထူးထက်အောင်၏ဒန့်သလွန်ခင်း၌ဒန့်သလွန်ပင်များသီးပွင့်နေပုံ
21/12/2020

၂၁.၁၂.၂၀၂၀တွင်ထူးထက်အောင်၏ဒန့်သလွန်ခင်း၌ဒန့်သလွန်ပင်များသီးပွင့်နေပုံ

How Cute with Thanakhar
11/06/2020

How Cute with Thanakhar

"သနပ်ခါးဟာ ရွှေချိန်တဲ့ချိန်ခွင်နဲ့ ချိန်ပြီးရောင်းရတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်"မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များအသင...
31/10/2017

"သနပ်ခါးဟာ ရွှေချိန်တဲ့ချိန်ခွင်နဲ့ ချိန်ပြီးရောင်းရတဲ့အဆင့်ကို
ရောက်သွားလိမ့်မယ်"

မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းနှင့်တွေ့ဆုံခြင်း
=====================================================

လက်ရှိအချိန်မှာ မြန်မာနိုင်ငံထဲကို အရှိန်အဟုန်နဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ နိုင်ငံခြား အလှကုန်ပစ္စည်း တွေကြောင့် မြန်မာ့သနပ်ခါးရဲ့ အခန်းကဏ္ဍဟာ တဖြည်း ဖြည်း မှေးမှိန်လာခဲ့ပါတယ်။ အရင်တုန်းကလို မြန်မာမိန်းကလေး တွေ ရဲ့ သနပ်ခါးအပေါ် စိတ်ဝင်စားမှုဟာလည်း တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး အပြင်ထွက်ရင် သနပ်ခါးအစား မိတ်ကပ်တွေ လိမ်းခြယ်တတ်တဲ့ မိန်းကလေး တွေ များလို့လာနေပါပြီ။ ဒီတော့ လက်ရှိမြန်မာနိုင်ငံရဲ့ သနပ်ခါးဈေးကွက် အခြေ အနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကိုတင်ပြပေးလိုက်ပါတယ်။

မေး ။ ။ မင်္ဂလာပါ။ လက်ရှိ မြန်မာပြည်ရဲ့ သနပ်ခါးဈေးကွက် အခြေအနေလေး သိချင်ပါတယ်။

ဖြေ ။ ။ မြန်မာပြည်ရဲ့ သနပ်ခါးဈေးကွက် အခြေအနေကတော့ လက်ရှိ အချိန် မှာ နိုင်ငံခြားကဝင်လာတဲ့ တန်ဖိုးကြီး အလှကုန်ပစ္စည်းတွေရှိတယ်၊ အမျိုး အစား အစုံပေါ့နော်။ မိန်းကလေးတွေကလည်း အဲဒီဘက်ကို ပိုပြီးစိတ်ဝင်စားနေကြ တော့ ဈေးကွက်က အရင်နဲ့စာရင် သုံးစွဲသူနည်းသွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ မိန်းကလေးတွေအနေနဲ့ သနပ်ခါးကိုအပြင်ထွက်တဲ့အခါ အလှအပတစ်ခု အနေနဲ့ လိမ်းတာနည်းသွားပေမဲ့ လည်း အိမ်နေရင်းဆေးဖက်ဝင်အနေနဲ့ လိမ်း တာ တွေ ရှိနေသေးတော့ သုံးစွဲသူ နည်းသွားတယ်ဆိုပေမဲ့ သိသိသာသာတော့ နည်းသွားတာမဟုတ်ဘူးပေါ့။


မေး ။ ။ နာမည်ကြီး အလှကုန်ပစ္စည်းတွေ ဈေးကွက်ထဲ ဝင်လာကြတဲ့အချိန်မှာ မြန်မာ့သနပ်ခါး ထုတ်လုပ်သူတွေအနေနဲ့ ကိုယ့်ရဲ့ဈေးကွက်ကို ဘယ်လိုထိန်း ထားကြလဲ။

ဖြေ ။ ။ အဓိကကတော့ ကိုယ့်နိုင်ငံရဲ့ Brand ပေါ့နော်။ ကိုရီးယားဆိုရင် ဂျင်ဆင်းကို တွဲသိကြသလိုမျိုးပဲ။ ပစ္စည်းတစ်ခုရဲ့ နာမည် ပြောလိုက်တာနဲ့ ဘယ်နိုင်ငံကဆိုတာ သိနိုင်တာမျိုးပေါ့။ အဲဒီလို ထုတ်လုပ်ထား တဲ့ပစ္စည်းတွေရဲ့ ဈေးက အရမ်းမြင့်တယ်။ တန်ဖိုးလည်းထားတယ်။ အဲဒါကို ဈေးကြီးပေးပြီး သုံးကြ တယ်။ ဒါပေမဲ့ ဦးတို့ရဲ့ မြန်မာနိုင်ငံမှာကျတော့ ဘယ်လိုခေါ်မလဲ။ ဓာတုပစ္စည်း တွေနဲ့လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကို ရုပ်ရှင်တို့၊ ဗီဒီယိုတို့၊ အင်တာနက်တို့ အဲဒီကနေတစ်ဆင့်မြင်ပြီးတော့ သူတို့တွေက အဲဒီအနောက်တိုင်း အလှကုန် တွေကို သုံးတဲ့ ယဉ်ကျေးမှုကတော့ တဖြည်းဖြည်းနဲ့ကြီးထွားလာတယ်။ ကြီးထွား လာတဲ့အခါကျတော့ လော လောဆယ် အခိုက်အတန့်မှာတော့ နောက်သုံး လေးနှစ် ပေါ့နော်။ အဲဒီကာလ အတွင်းမှာတော့ မြန်မာနိုင်ငံမှာ သနပ်ခါးသုံးတဲ့ လူဦး ရေက လျော့သွားနိုင်ဖို့ ရှိတယ်လို့ ဦးကတော့မြင်တယ်။ ဒါပေမဲ့ လည်း ကမ္ဘာမှာက Organic တို့ Herbal တို့ကိုအလေးထားတယ်။ အဲဒီလိုဆိုတော့ မြန်မာ့သနပ်ခါးလည်း ကိုရီးယားဂျင်ဆင်းလို ဟိုးဟိုးကျော်ပြီးဖြစ်သွားပြီ ဆိုရင် တော့ မြန်မာကလည်း ကိုယ့်သနပ်ခါးကို ကိုယ်ပိုပြီး တန်ဖိုးထားရမှန်း သိလာ မယ်။ အဲဒီအချိန်မှပဲ သနပ် ခါးဈေးကွက်က ပြန်ကြီးလာနိုင်စရာ အကြောင်းရှိ တယ်။

မေး ။ ။ ဒါဆို အနာဂတ်မှာ သနပ်ခါးဈေးကွက်က ဘယ်လိုဖြစ်သွားနိုင်သလဲ။ ပြန်ပြီးမြင့်တက်လာဖို့ရှိနေတာလား။

ဖြေ ။ ။ ခုနပြောတဲ့ ကမ္ဘာ့ဈေးကွက်ဆီကိုသာ သနပ်ခါးရဲ့အသုံးဝင်ပုံတွေ၊ အကျိုး ကျေးဇူးတွေ ရောက်သွားပြီ ဆိုရင် တကယ်တမ်း မြန်မာနိုင်ငံရဲ့ လူဦးရေက ၅၅ သန်းလောက်ပဲရှိတယ်။ ဦးတို့ရဲ့အိမ်နီးချင်း တရုတ် နိုင်ငံမှာ တောင်မှ လူဦးရေက သန်းထောင်ချီရှိတယ်ပေါ့။ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလလောက် က တရုတ်ပြည်က စက်ရုံတစ်ခုကို ရောက်သွားတဲ့အချိန်မှာ သူတို့လည်း သနပ်ခါး ထုတ်ပြီး တရုတ်ဈေးကွက်ကို တင်ဖို့ ကြိုးစားနေတယ်။ ကုန်ကြမ်း ကတော့ မြန်မာပြည်ကပေါ့။ သူတို့တွေ ကုန်ကြမ်းကို ဦးတို့ဆီကရယူမယ်။ ထုတ်လုပ်ဖို့ အတွက်လည်း ဦးတို့နဲ့ပူးပေါင်းပြီး စမ်းသပ်နေတယ်။ တရုတ် တင်လား ဆိုတော့ မဟုတ်ဘူး။ ပြင်သစ်တို့၊ အိန္ဒိယတို့၊ နယ်ာလန်တို့ အားလုံးက အပြိုင်အဆိုင် စမ်းပြီးတော့ ကမ္ဘာ့ဈေးကွက်ထဲမှာ သနပ်ခါးကိုထိုး ဖောက်ဖို့ စိုင်းပြင်း နေကြတယ်။ မြန်မာတွေ အနေနဲ့ကတော့ သနပ်ခါးကို အလွယ်တကူ ရတော့ တန်ဖိုးမထားဘူး။ အဲဒီလိုဆိုတော့ တကယ် သူတို့တန်ဖိုး ထားရ ကောင်းမှန်း သိလာတဲ့ အချိန်မှာ သနပ်ခါးရဲ့ဈေးက လက်ရှိထက် ငါးဆ၊ ခြောက် ဆ လောက် တက်သွားလိမ့်မယ်ပေါ့။ ဦးတို့အနေနဲ့ပြောချင်တာက သနပ်ခါးဟာ လိမ်းမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းတယ်၊ ချွေးပေါက် ထဲမှာ ရှိတဲ့ အညစ် အကြေး တွေကို စုပ်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံသား အများစုကလည်း အဆီပြန်တဲ့ အသားအရေတွေဖြစ်တဲ့အတွက် သဘာဝက ပေးတဲ့လက်ဆောင် ပေါ့။ သနပ်ခါးကလည်း အဆီပြန်တဲ့ လူတွေအတွက်ဆို အရမ်းအလုပ်လုပ်တာ။ ဆိုတော့ ပြောရရင်တော့ ဦးတို့အနေနဲ့ ဟောပြောပွဲတွေ လုပ်ပြီးတော့ မြန်မာ ပြည်သူပြည်သား တွေအနေနဲ့ သနပ်ခါးကိုမြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး သုံးစွဲစေချင် လာအောင် လုပ်သွားမယ်ပေါ့။ ဘာလို့လဲဆိုတော့ ခုနပြောတဲ့သနပ် ခါးဈေး ကွက်ကသာ သနပ်ခါးကိုအုံနဲ့ကျင်းနဲ့ တကယ်ဝယ်ပြီဆိုရင် သနပ်ခါးသည် ဂျင်ဆင်းလိုပဲ ရွှေချိန်တဲ့ချိန်ခွင် နဲ့ရောင်းတဲ့အဆင့် ကို ရောက်သွားလိမ့်မယ်။

မေး ။ ။ လက်ရှိမှာရော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက သနပ်ခါးဈေးကွက်ထဲ ကိုဝင်လာနေပြီလား။

ဖြေ ။ ။ လက်ရှိမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ဈေးကွက်ထဲကိုရောက် မလာသေးဘူး။ ဒါပေမဲ့ အခုပေါ့နော်။ တကယ့်ကမ္ဘာ့ ဈေးကွက်ထဲမှာ သနပ်ခါးက ပေါက်သွားပြီဆိုရင်တော့ သူတို့တွေလည်း ဈေးကွက်ထဲဝင်ချလာမှာပါ။ အနှေးနဲ့ အမြန်ပေါ့။

အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

,October2017

08/09/2017

မြန်​မာ့သနပ်​ခါးကို ဘယ်​သူ​တွေကြိုက်​လဲဗျ

သနပ်ခါးမျိုးကောင်းမျိုးသန့် ပျိုးပင် တစ်ပင် ၂၀၀။ ပင် ၁၀၀၀ အထက် ၁၅၀ နှုံး ဆသရ-၀၉၄၀၀၅၃၅၂၅၂
17/05/2017

သနပ်ခါးမျိုးကောင်းမျိုးသန့် ပျိုးပင် တစ်ပင် ၂၀၀။ ပင် ၁၀၀၀ အထက် ၁၅၀ နှုံး
ဆသရ-၀၉၄၀၀၅၃၅၂၅၂

သနပ်ခါးမျိုးကောင်းမျိုးသန့် ပျိုးပင်များ တစ်ပင် ၂၀၀။ ပင် ၁၀၀၀ အထက် ၁၅၀ နှုန်းဖြင့်ဝယ်ယူရရှိနိုင်ပါပြီ
ဆသရ- ၀၉၄၀၀၅၃၅၂၅၂

အရာတော်မြို့သို့အမေရိကန်  ၃ဦးနှင့်ထိုင်း  ၃ဦးသနပ်ခါး  လေ့လာ
22/03/2017

အရာတော်မြို့သို့အမေရိကန် ၃ဦးနှင့်ထိုင်း ၃ဦးသနပ်ခါး လေ့လာ

02/02/2017
မြန်မာ့ဆေးဖက်ဝင်သနပ်ခါး၏ အစွန်းချွတ်နိုင်သော အစွမ်းသတ္တိ👏👏မြန်မာ့သနပ်ခါးကို လိမ်းယုံပဲမဟုတ် ဆီအစွန်းအထင်းချွတ်ရာမှာလည်းအသ...
06/06/2016

မြန်မာ့ဆေးဖက်ဝင်သနပ်ခါး၏ အစွန်းချွတ်နိုင်သော အစွမ်းသတ္တိ👏👏

မြန်မာ့သနပ်ခါးကို လိမ်းယုံပဲမဟုတ် ဆီအစွန်းအထင်းချွတ်ရာမှာလည်းအသုံးပြုလို့ရပါတယ်။
အဝတ်အထည်တွေ ဆီစွန်းတဲ့နေရာမှာ သနပ်ခါးကို သွေးပြီး ထူထူလေးလိမ်းပြီး ခြောက်အောင်နေလှန်းပါ။
ခြောက်ပြီဆိုလျှင် အဝတ်ကိုပုံမှန်လျှော်သလိုပဲလျှော်ဖွပ်ပါ။
လျှော်ပြီးတဲ့အခါမှာ ဆီအစွန်းအထင်းများလုံးဝ မရှိတော့တာကိုတွေ့ရမှာဖြစ်ပါတယ်

သနပ်ခါးဆို လိုရာသုံး အရာတော်သနပ်ခါး အကောင်းဆုံး👍👍👍

ကိုချစ်ကွန်း
အရာတော်သနပ်ခါး
09400535252, 09791119888

♥♥♥ဆေးဖက်ဝင် မြန်မာ့ သနပ်ခါး အကြောင်း သိကောင်းစရာ♥♥♥ဖတ်ကြည့်ကြပါဦးနော် မဖတ်အားသေးရင် share ထားပါသနပ်ခါးတဲ့ ကြားဖူးတာတော...
24/04/2016

♥♥♥ဆေးဖက်ဝင် မြန်မာ့ သနပ်ခါး အကြောင်း သိကောင်းစရာ♥♥♥

ဖတ်ကြည့်ကြပါဦးနော် မဖတ်အားသေးရင် share ထားပါ

သနပ်ခါးတဲ့

ကြားဖူးတာတော့ သန တာကိုပျောက်တယ် ခါးသောအရသာရှိတာကြောင့် သနပ်ခါးလို့ခေါ်တယ်လို့ လူကြီးသူမတွေပြောတာကြားဖူးတယ်

==========================

(အပင် ပုံသဏ္ဍာန်)
အမြင့် ၂၀-၃၀ ပေထိမြင့်တဲ့
ပင်လတ်မျိုး ဖြစ်ပါတယ်။
ပင်စည်ရဲ့ အကိုင်း အခက် တွေမှာ
၁/၂ လက်မ မှ ၁ လက်မ အထိ ရှည်သော ချွန်ထက် မာကျောတဲ့ ဆူးများ
ရှိကြ ပါတယ်။
အပင်နုစဉ်မှာ အပွေးမဲ့ပြီး
အပင်ရင့်လာတဲ့ အခါ
အပွေးထူလာ ပါတယ်။

(အရွက် ပုံသဏ္ဍာန်)
ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲ ထွက်ပါတယ်။ အလျား ၃ လက်မ မှ ၅ လက်မထိ ရှည်ပြီး ရွက်ညှာမှာ အတောင်ပါ ရှိပါတယ်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံထိ ရှိပြီး ထိပ်ရွက် တစ်ရွက်ပါ ပါတယ်။
ရွက်ပြား ပြောင်ချောပြီး တောင့်တင်း မာကျော၍ အစိမ်း ရင့် ရောင် ရှိပါတယ်။

(အပွင့် ပုံသဏ္ဍာန်)
ရနံ့ သင်းပြီး သေးငယ်၍ အ၀ါနုရောင် ရှိပါတယ်။ တန်ခူး နဲ့ ကဆုန်လများမှာ အဆုပ် လိုက်ပွင့်ပါတယ်။

(အသီး ပုံသဏ္ဍာန်)
ချဉ်သော အရသာရှိ၍ အပြွတ်လိုက် သီး ပါတယ်။ အ၀ါနုရောင် ဖျော့ဖျော့ အစေ့ဖြစ်ကာ အရွယ်အစားမှာ ငရုပ် ကောင်းစေ့ခန့် ဖြစ်ပါတယ်။ ၀ါခေါင် နဲ့ တော်သလင်း လတွေမှာ အသီးမှည့် ပါတယ်။

(အမြစ် ပုံသဏ္ဍာန်)
အလွန် ရှည်လျားသော ရေသောက်မြစ် ဖြစ်ပါတယ်။ ဘေးမြစ်များ မှာလည်း ရှည်လျားပြီး ဖြန့်ထွက်နေ ကြပါ တယ်။ အပွေး အခေါက်များ ပါရှိကာ၊ ပင်စည်ထက် အရောင်ပို၍ ၀ါပါတယ်။

သနပ်ခါး၏ ဆေးဖက်ဝင် အသုံးပြုပုံများ။

မြန်မာ့ ဆေးကျမ်း အရ သနပ်ခါးသည်
ပူ၏ ၊ သွေးကို ကြွစေ၏ ၊
ပူခါးချုပ်ပွင့် ဖြစ်၏ ၊
ငန်းမန်းကို နိုင်စေ၏ ၊
အပူနာ အအေးနာ နှစ်မျိုး လုံးတွင် သုံးနိုင်၏ ၊
အပင်၏ အရွက် အသီး ပင်စည် အမြစ် အားလုံးကို အသုံးပြုနိုင် ၏လို့ ဖော်ပြ ထားပါတယ်။

အရွက်၏ ဆေးဖက်ဝင်ပုံ။

(၁) ၀က်ရူးပြန် ရောဂါကု ဆေးဖော်စပ်ရာတွင် အသုံးပြု နိုင်ပါတယ်။

(၂) အနာကြီး ရောဂါသည် များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်း ပေးပါ။

(၃) အရွက်ပြုတ် ရည်ကို ဆားများများ ခတ်၍ သောက်ပါက ဌက်ဖျား ရောဂါ ပျောက်စေ ပါတယ်။

(၄) မြုံ နေသော အနာများ အတွက် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ပေးပါ။

(၅) အရွက် အခြောက်ကို နေလှန်း အမှုန့် ပြုပြီး ကွမ်းသီး လုံးခန့် ပမာဏ အမှုန့် တို့ ကို ရေနှင့် သောက်ပါက အဖေါ အရောင် အနာအဆာနှင့် ကိုယ်တွင်း ရောဂါ ဟူသမျှ ကင်းရှင်းပ ပျောက်စေ ပါတယ်။

အသီး၏ ဆေးဖက်ဝင်ပုံ။

(၁) အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါ များအတွက် ဖေါ်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြု နိုင်ပါတယ်။

ပင်စည်၏ ဆေးဖက်ဝင်ပုံ။

(၁) နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။

(၂) ၀က်ခြံစိုများအတွက် သနပ်ခါးတုံးကိုသွေး၍ သံပုရာရည် အနည်းငယ်ထဲ့၍ လိမ်း ပေးပါ။

(၃) ၀က်ခြံ အမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့ ည လိမ်းပေးပါ။

(၄) သနပ်ခါးတုံးသွေး၍ ဆားအနည်း ငယ်ရောထဲ့ လိမ်းပေးခြင်းဖြင့် မိတ်အင်ပျင် တို့ ယားယံခြင်းမှ သက်သာစေပါတယ်။

(၅) ရေနွေးပူလောင် မီးပူလောင်ဒဏ်ရာများ အတွက် သနပ်ခါးထူထူ လိမ်းအုံပေးခြင်းဖြင့် ပကတိအတိုင်း အသားအရေကို ပြန်ရရှိစေပါတယ်။

(၆) အရေပြားပါးလွှာပြီး၊ ယားနာဖုတွေ မကြာခဏ ထွက်လေ့ ရှိသူများ အဖို့  ကာဘော်လိပ် (သို့ ) ဒတ်တောလ် ကိုယ်တိုက် ဆပ်ပြာသုံး၍ ရေချိုးသန့် စင်ပြီးနောက် သနပ်ခါး ထူထူ လိမ်းပါ။

(၇) ငှက်ဖျား၊ ၀က်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့ အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင် ပါတယ်။

(၈) သနပ်ခါးတုံး အနှစ်သားကို သွေး၍ လိမ်းပေး ခြင်းဖြင့် အသားအရေ ချောမွေ့ အေးမြ စေပါတယ် (ခြွင်းချက် အနေဖြင့် သနပ်ခါးလိမ်းတဲ့ အခါ နုနယ်တဲ့ မျက်ဝန်း တ၀ိုက်ကို ရှောင် လိမ်းသင့် ပါတယ်။ အဘယ် ကြောင့် ဆိုသော် သနပ်ခါး ပျစ်ပျစ် ထူထူကို လိမ်း၍ ခြောက်သွားတဲ့ အခါ အရေပြားကို တင်းဆွဲနေ သလို ခံစား ရပါ လိမ့်မယ်။ ဒါ့ပြင် မျက်ဝန်း တ၀ိုက် အရေပြားကို ဆွဲ-ဆန့်-ကျုံ့တွန်းအားဖြစ် စေပြီး မျက်ဝန်း တစ်ဝိုက် အရေပြားများကို တွန့်စေ နိုင်ပါတယ်)

အမြစ်၏ဆေးဖက်ဝင်ပုံ။

(၁) ၀မ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့ ဖော်စပ်ရာမှာ ထည့်သုံးလေ့ ရှိပါတယ်။

(၂) အမြစ်ကို နနွင်းမှုန့် နှင့်သွေး၍ လိမ်းပေးပါက မီး ယပ်ရောဂါသည်များ သွေးသားမှန်ကန်စေပါတယ်။

(၃) ဆားနှင့်သွေးလိမ်းပါက အညောင်း အညာပျောက်စေပါတယ်။

(၄) ကလေးချွဲကြပ်ခြင်းအတွက် အမြစ်ကိုသွေး၍ ကွမ်းရွက် စိမ်းရေနှင့် ဆတူ တိုက်ပေးခြင်းဖြင့် ချွဲအမြန်ကျစေပါတယ်။

(၅) သနပ်ခါးမြစ် ငါးပဲသားကို ပျားရည် ခြောက်ပဲ စားနှင့်ရော ၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်း စေပါတယ် (သို့ ) သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့ နှင့်ရော၍ လျှက်ပေးပါက အစာအိမ်ရှိအဆိပ်ကို ပြေစေပါတယ်။

(၆) အမြစ်ကိုသွေး၍ နေ့ စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေနုချော ၀င်းမွတ်စေပါတယ်။

သနပ်ခါး လူးလေ့ရှိတဲ့ သူအများစု ဆီက သနပ်ခါး ကောင်းကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေ ရတာတွေကတော့ " မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေ ရှိတာ " "မြန်မာ မိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြ တယ် " "မြန်မာမိန်းကလေးတွေရဲ့ အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့ " "သနပ်ခါး လူးထားရင် လူကလန်းဆန်းတယ် " " သနပ်ခါး နံ့ က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ် " ဆိုတဲ့ စကားလေးတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ၏ သနပ်ခါးအမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည် ကြီးတွေ ပါ။

တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်ကတောင် “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ” ဆိုပြီးတော့ ရေးဖွဲ့ခဲ့ပါသေးတယ်။ မှန်ပါတယ်။ တချို့ ဆိုလျှင် မွေးတုန်း က တော်တော်လေး အသားမဲခဲ့သော်လည်း၊ သနပ်ခါး အ နှစ်သားတုံးကို ရေအနည်း ငယ်ဖြင့် ကျောက်ပြင်ပေါ်သွေး၍ ရလာတဲ့ မပျစ်မကျဲ သနပ်ခါး ရည်ဖြင့် နေ့ စဉ်နေ့ တိုင်း ခြေဆုံး ခေါင်းဆုံး လိမ်းခဲ့ တာကြောင့် အသားရေဟာ သနပ်ခါးရောင်လို ၀ါဝါ ၀င်းဝင်းလေး ဖြစ်လာခဲ့ ပါတယ်ဆိုတဲ့ သာဓက များစွာလည်း ရှိခဲ့ တာကြောင့် သနပ်ခါး ဆိုတာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ ကြတဲ့ ရိုးရာ အလှပြင် ပစ္စည်း တစ်မျိုးဘဲ ဖြစ်ပါတယ်။

ရှေးမြန်မာ အညာ ကျေးလက် တောသူလေး များရဲ့ ဓလေ့ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူ ကာ နဖူးပေါ်ကို တင်၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ညာဘက်ပါးပေါ် တင်ကာ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ် တင်ကာ သံဃံ သရ ဏံဂစ္ဆာမိ ဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက် တတ်ကြ ပါတယ်။ အဘိုးအဘွားများ လက်ထက်တုန်းက ကလေးငယ်များ ကို သနပ်ခါး လိမ်းပေးတိုင်း ပါးစပ်ထဲကို သနပ်ခါး အနည်းငယ် ခွန့်ပေးလေ့ ရှိပါတယ်။ ကလေးငယ်တွေကို သနပ်ခါးကျွေးခြင်းဖြင့် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင် ဝမ်းအတွင်းမှ အပူ ကိုပါ ငြိမ်းစေပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရှိ သုတေသီတစ်စုဟာ သနပ်ခါး အခေါက်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ် လေ့လာခဲ့ကြ ရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ပါဝင်သလို၊ အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်များ အပြင် ဘက်တီးရီးယား တွေကို သေစေတဲ့ ဓာတ်နဲ့ အရေပြား အရောင်ကို အပြောင်း အလဲဖြစ်စေတဲ့ ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပေးတဲ့ ဓာတ်တွေလည်း ပါဝင်နေ တာကို တွေ့ရှိခဲ့ ကြပါတယ်တဲ့။ သနပ်ခါးက နေပူ ဒဏ်အပြင် နေလောင်ခြင်း ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကိုပါ ကာကွယ် ထားနိုင် တယ်လို့  အရေပြား အထူးကု ဆရာဝန်ကြီး များကလည်း အကြံပြု ပြောကြား ခဲ့ပါတယ်။

ယနေ့ အလှကုန်ဈေးကွက်ထဲမှာ သဘာဝ သနပ်ခါး အတုံး စစ်စစ်များ ရှိကြသလို၊ လွယ်ကူမြန်ဆန် အသုံးပြုနိုင် ဖို့ အတွက် ကြိတ် ပြီးသား အသင့်သုံး သနပ်ခါးတွေကို တာရှည် ခံအောင်ပြုလုပ်၍ သနပ်ခါး အရည်၊ အနှစ် စသဖြင့် ဗူးတွေ ပုလင်းတွေဖြင့် အလွယ် တကူ ၀ယ်ယူ ရရှိနိုင် ပါတယ်။ ၄င်းအသင့် သုံး သနပ်ခါး ဗူးနှင့် ပုလင်းတွေမှာတော့ တာရှည်ခံစေဖို့ နဲ့ တခြား အမွှေး အနံ့ ပစ္စည်းတွေ ပါဝင်နေ တာမို့  လူတချို့ မှာ ဓာတ်မတည့် မှုတွေဖြစ်စေ နိုင်ပါတယ်။ သို့ သော် ဈေးကွက်ထဲမှာ စံချိန် စံနှုန်းပြည့် အသိအမှတ်ပြု သနပ်ခါးဗူး၊ ပုလင်းတွေ ရှိကြရာ မိမိ အသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်း သနပ်ခါးဗူးတွေကို ရွေးချယ် အသုံးပြုတတ်ပါ စေ။ သနပ်ခါး ပါးကွက်ကြားလေးဟာ မြန်မာ မိန်းကလေးတွေရဲ့ မူပိုင်လေး ပါ။ ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း သနပ်ခါး ဆိုတာ Myanmar Traditional Make-Up အဖြစ် လက်ခံ ထားကြ တာကိုတော့ စိုးစဉ်းမျှ ယုံမှား သံသယ ဖြစ်ဖွယ် မရှိနိုင်ပေ။

သနပ်ခါးတုံး ကောင်းကောင်းရွေးချယ်နည်း။

သနပ်ခါးပင်၏ တန်ဖိုးဟာ သူ၏ အခေါက်၊ အပွေးဖြစ်ပါတယ်။ ဒါကြောင့်လည်း “အပွေးမြင် အပင်သိ” ဟူသော ဆိုရိုးစကားရှိပါတယ်။ အပင်အရပ်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့ မမွှေးတတ်သလို တာရှည်လည်းအသွေးမခံတော့ပေ။ သနပ် ခါးချစ်သူများအတွက် ကောင်းမွန်တဲ့ သနပ်ခါးတုံးရွေးချယ်နည်း များကို အောက်ပါအတိုင်း မျှဝေလိုက်ပါရစေ။

(က) ရေစကြိုမြို့နယ်က ရှင်မတောင် သနပ်ခါးဟာ ဒေသရှိ ရေမြေသဘာဝက ပေးထားသော ထူးခြားချက် များကြောင့် အခြားနယ် ထွက် သနပ်ခါးများထက် ပြောစမှတ်ပြု ရလောက်အောင် အပွေးညို၍ အမွှေး ပိုလေ့ ရှိပါတယ်။

(ခ) အပင်တုတ် မတုတ်ထက်၊ အပွေးအရောင် အသွေးနှင့် သူ၏ အထူကို ကြည့်လိုက်ပါ။ အပွေး အခေါက်ပါပြီး အညိုရောင်အ ခေါက်ကြီးများ အချောင်းချောင်း ကပ်နေမည်။ ယင်းတို့ အကြား (အမြောင်းကြား) တွင် အခေါက်သားမှာ အက်ကွဲရာ ကလေးများ ကဖြူနေပြီး သူ့ဘေးက အခေါက်သားတွင် ပုဇွန်ဆီသွေးရောင် ကလေး ထင်နေမည် ဆိုပါက သင့်သနပ်ခါး တုံးသည် မွှေးမည်ဟု ဆိုနိုင်ပါပြီ။

(ဂ) လက်သည်းဖြင့် အပွေးကို အသာ ဖိဆိတ်ကြည့်ပါ။ နစ်ဝင် သွားပါက အခေါက်သားနုတာမို့  မ၀ယ်ပါနှင့်။

(ဃ) လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချ ထားလိုက်ပါ။ ယင်းအတုံးဟာ အသားကျစ် မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ ရေဓာတ် ခန်းသွားပြီမို့ အလေးချိန် ပေါ့နေခြင်း ဖြစ်ပါတယ်။ သက်တမ်း ရင့်ရင့် အပင်ဟာ အသားကျစ် သိပ်မှုကြောင့် ရေငွေ့ပျံနှုန်းနှေး ကာ အခြားအပင်များ ထက် ပိုမိုလေးတစ် နေပါတယ်။

(င) ဖြတ်ထားကာစ သနပ်ခါးတုံး၏ အတွင်းသား ကလေးမှာ စွဲမက်စရာ ချိုသင်းသော အနံ့ကလေးဖြစ် ပါတယ်၊ သို့မဟုတ်ဘဲ ချဉ်စူးစူး အနံ့ ရနေလျှင် မှိုစွဲနေပြီဟု မှတ်ပါ။ သနပ်ခါးတုံး၏ ထိပ်ဝရှိ အခေါက်နှင့် အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေ ပြီဆိုပါက မှိုတက်နေပါပြီ။ အလယ်က အသားနေ ရာမှာပါ ပြာနေပြီဆိုပါက ယင်းသည် သေနေသော သနပ်ခါးပင်ခြောက်ကို ခုတ် လာခဲ့ခြင်းမို့ ကိုင်ကြည့် လိုက်ရုံဖြင့် ပေါ့ရွှတ်နေ ပါလိမ့်မယ်။ ထိုအပင်မျိုး၊ အတုံးမျိုးကို မည်မျှပင် ဈေးချိုချိုနှင့် ပေးသော်လည်း မ၀ယ် ပါနှင့်။ သွေးလျှင်လည်း မွှေးမည် မဟုတ်ပါ။

ယခုအခါ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ သနပ်ခါးပင် စိုက်ပျိုးဧက ၃၅၀၀၀ မှ ၄၀၀၀၀ ခန့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက် ရှိပါတယ်။ အဆိုပါမြို့နယ်ရှိ သနပ်ခါး စိုက်ပျိုး တင်ပို့ ရောင်းချ သူများ အသင်းမှ သနပ်ခါးကို ဓာတု ပစ္စည်းတွေ မပါတဲ့ ကုန်ချော ထုတ်လုပ်နိုင်အောင် စီစဉ်နေပြီး၊ ဓာတု ကင်းစင်တဲ့ ကုန်ချောရရင် မြန်မာ့ သနပ်ခါး စစ်စစ် အဖြစ် ပြည်ပနိုင်ငံ တွေကို ထိုးဖောက် မည်ဖြစ်ရာ အထူးသဖြင့် ထိုင်း၊ မလေးရှားနိုင်ငံတို့လို မြန်မာ လူမျိုးတွေ အများဆုံးနေထိုင် လျက်ရှိသော နိုင်ငံများသို့ ဦးစွာတင်ပို့ ၍ဈေးကွက် ရှာမည် ဖြစ်ကြောင်း သိရပါတယ်။ သို့ပါ၍ မဝေးသော ကာလ မှာ မြန်မာ့ သနပ်ခါးကို Myanmar Traditional Make-Up အဖြစ် ကမ္ဘာ့အလှ ကုန်ဈေးကွက် တွင် မြင်တွေ့ နိုင်တော့ မည် ဖြစ်ပါကြောင်း။

(ဆောင်းပါးရှင်ပေါက်ပေါက်)

သနပ်ခါး သရက် သီးညှပ် ၈ လသား
22/11/2015

သနပ်ခါး သရက် သီးညှပ် ၈ လသား

သနပ်ခါးလည်း သစ်ပင်ဆိုတော့ ရေလိုပါတယ်
22/11/2015

သနပ်ခါးလည်း သစ်ပင်ဆိုတော့ ရေလိုပါတယ်

Address

အမှတ် ၁ တောင်ရပ် လွတ်လပ်ရေးကျောက်တိုင်အနီး အရာတော်မြို့
Ayadaw

Website

Alerts

Be the first to know and let us send you an email when အရာတော်သနပ်ခါး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share