Swaltaw Training Centre

Swaltaw Training Centre သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

☎️ 09754422838

သူနာပြုအကူ (Nurse Aid) ဆိုတာ ဘာလဲ? ဘာတွေလုပ်ရတာလဲ? 🩺✨"ကျန်းမာရေးလောကထဲကို ခြေလှမ်းစတင်ချင်ပေမယ့် ဘယ်ကစရမလဲ ဝေခွဲမရဖြစ်နေ...
24/04/2026

သူနာပြုအကူ (Nurse Aid) ဆိုတာ ဘာလဲ? ဘာတွေလုပ်ရတာလဲ? 🩺✨

"ကျန်းမာရေးလောကထဲကို ခြေလှမ်းစတင်ချင်ပေမယ့် ဘယ်ကစရမလဲ ဝေခွဲမရဖြစ်နေသူများအတွက်..."

သူနာပြုအကူ (Nurse Aid) ဆိုတာ ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းခွင်တွေမှာ ဆရာဝန်၊ သူနာပြုတွေနဲ့အတူ လူနာကို အနီးကပ်ဆုံး ပြုစုစောင့်ရှောက်ပေးရသူတွေ ဖြစ်ပါတယ်။

လူနာတစ်ယောက် ပြန်လည်ကျန်းမာလာဖို့အတွက် သူတို့ရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

သူနာပြုအကူတစ်ယောက်ရဲ့ အဓိကတာဝန်များ

၁။ တစ်ကိုယ်ရေစောင့်ရှောက်မှု - လူနာရဲ့ သန့်ရှင်းရေး၊ ဝတ်စားဆင်ယင်မှုနဲ့ စားသောက်မှုတွေကို ကူညီပေးခြင်း။

၂။ ကျန်းမာရေးစစ်ဆေးမှု - သွေးပေါင်ချိန်၊ အောက်ဆီဂျင်နဲ့ ကိုယ်အပူချိန်တို့ကို တိုင်းတာ မှတ်တမ်းတင်ခြင်း။

၃။ လှုပ်ရှားမှုကူညီခြင်း - လူနာ လမ်းလျှောက်ရာမှာ တွဲကူပေးခြင်းနဲ့ လိုအပ်တဲ့ ကိုယ်ဟန်အနေအထား ပြောင်းလဲပေးခြင်း။

၄။ ဆေးဝါးကူညီမှု - ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးသောက်ရန် ကူညီခြင်းနှင့် လူနာရဲ့ အခြေအနေကို စောင့်ကြည့်ခြင်း။

၅။ စိတ်ပိုင်းဆိုင်ရာ အားပေးမှု - လူနာနဲ့အတူ ရှိနေပေးပြီး စိတ်ခွန်အားပေးခြင်း။

💡 ဘာကြောင့် သူနာပြုအကူ ပညာရပ်ကို သင်သင့်တာလဲ?

အလုပ်အကိုင် အခွင့်အလမ်း အလွန်ပေါများခြင်း (ပြည်တွင်း/ပြည်ပ)။

တိုတောင်းသော သင်တန်းကာလအတွင်း လက်တွေ့အသုံးချ ပညာရပ်ကို တတ်မြောက်နိုင်ခြင်း။

မိသားစုဝင်များ ကျန်းမာရေးချို့တဲ့ပါက ကိုယ်တိုင် ကျွမ်းကျင်စွာ ပြုစုပေးနိုင်ခြင်း။

ဆေးပညာကို ဝါသနာပါပြီး သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ရှိရင်တော့ ဒီပညာရပ်က သင့်အတွက် အကောင်းဆုံး လမ်းကြောင်းတစ်ခုပါပဲ။ 🏥

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီး ‌မေးမြန်းနိုင်ပါတယ်ရှင်

☎️ 09754422838
🏡အမှတ်(465/466)၊ဓမ္မစေတီလမ်းမပေါ်၊ဆည်မြောင်းလမ်း၊ပဲခူးမြို့။

#ဆေးဝါးကျွမ်းကျင်အကူသင်တန်း #စွယ်တော်သင်တန်းကျောင်း #ပဲခူး #ကျန်းမာရေးဗဟုသုတ

မိသားစုကျန်းမာရေးအတွက် အိမ်တိုင်းမှာ ဒါတွေရှိဖို့ လိုအပ်ပါတယ် ✨မိမိတို့အိမ်မှာ သက်ကြီးရွယ်အိုတွေ၊ ဒါမှမဟုတ် ဖျားနာနေတဲ့ ...
20/04/2026

မိသားစုကျန်းမာရေးအတွက် အိမ်တိုင်းမှာ ဒါတွေရှိဖို့ လိုအပ်ပါတယ် ✨

မိမိတို့အိမ်မှာ သက်ကြီးရွယ်အိုတွေ၊ ဒါမှမဟုတ် ဖျားနာနေတဲ့ လူနာတွေရှိနေတဲ့အခါ အရေးပေါ်အခြေအနေမှာ အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။

ဆေးရုံ၊ ဆေးခန်း မသွားခင် အိမ်မှာတင် အခြေခံကျန်းမာရေး စစ်ဆေးနိုင်ဖို့ ဒီပစ္စည်း (၅) မျိုးကိုတော့ ဆောင်ထားသင့်ပါတယ်နော်။

✅အပူချိန်တိုင်း ကိရိယာ၊
✅သွေးပေါင်ချိန်စက်၊
✅အောက်စီဂျင်တိုင်းစက်၊
✅ပတ်တီး/ဂွမ်း နဲ့
✅အခြေခံ အနာသက်သာစေမယ့် ဆေးဝါးများ

ဒီပစ္စည်းတွေကို အသုံးပြုတတ်ရုံတင်မကဘဲ စနစ်တကျ ပြုစုစောင့်ရှောက်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

✅ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တစ်ဦးဦးကိုသော်လည်းကောင်း စနစ်တကျ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့

သူနာပြုအကူ(Nurse Aid) နှင့် ဆေးဝါးကျွမ်းကျင်အကူ(Pharmacist Aid) အသက်မွေးဝမ်းကျောင်း

သင်တန်းများကို စွယ်တော်သင်တန်းကျောင်းမှာ တက်ရောက်နိုင်ပါပြီ❤️

သင်တန်းမှာတော့ အခြေခံဆေးပစ္စည်း အသုံးပြုနည်းတွေကအစ ဆေးဝါးဗေဒဆိုင်ရာ ဗဟုသုတတွေအထိ လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီး ‌မေးမြန်းနိုင်ပါတယ်ရှင်

☎️ 09754422838
🏡အမှတ်(465/466)၊ဓမ္မစေတီလမ်းမပေါ်၊ဆည်မြောင်းလမ်း၊ပဲခူးမြို့။

အကိုက်အခဲပျောက်ဆေး သောက်တိုင်း အဆင်ပြေရဲ့လား? မသောက်ခင် ဒါလေးတွေ သတိထားရအောင်! ⚠️💊ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေဖြစ...
10/04/2026

အကိုက်အခဲပျောက်ဆေး သောက်တိုင်း အဆင်ပြေရဲ့လား? မသောက်ခင် ဒါလေးတွေ သတိထားရအောင်! ⚠️💊

ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေဖြစ်ရင် ကျွန်တော်တို့ အလွယ်တကူ အားကိုးမိတာက အကိုက်အခဲပျောက်ဆေးတွေပါ

ဒါပေမဲ့ စနစ်တကျ မသောက်သုံးဘူးဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်

အကိုက်အခဲပျောက်ဆေး သောက်တော့မယ်ဆိုရင် အောက်ပါအချက် (၅) ချက်ကို သတိထားပါ -

၁။ အစာခံရှိပါစေ (Don't take on an empty stomach) NSAIDs လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးအများစု (ဥပမာ - Ibuprofen, Diclofenac) ဟာ အစာအိမ်နံရံကို ထိခိုက်စေနိုင်လို့ အစာတစ်ခုခုစားပြီးမှ သောက်သင့်ပါတယ်။

အစာမရှိဘဲသောက်
ရင် အစာအိမ်ပေါက်တာအထိ ဖြစ်နိုင်ပါတယ်။

၂။ ဆေးပမာဏ (Dosage) ကို သတိပြုပါ "ဆေးများများသောက်ရင် မြန်မြန်ပျောက်မယ်" ဆိုတာ အယူအမှားကြီးပါ။

သတ်မှတ်ထားတဲ့ ပမာဏထက် ပိုသောက်ရင် အသည်းနဲ့ ကျောက်ကပ်ကို အပြင်းအထန် ထိခိုက်စေနိုင်ပါတယ်။

၃။ ရေများများသောက်ပါ ဆေးသောက်တဲ့အခါ ရေဝဝသောက်ပေးခြင်းက ဆေးကို ခန္ဓာကိုယ်ထဲမှာ ပိုမိုပျော်ဝင်လွယ်စေပြီး ကျောက်ကပ်အလုပ်လုပ်ရတာကို သက်သာစေပါတယ်။

၄။ တခြားဆေးများနှင့် ရောမသောက်ပါနဲ့ မိမိမှာ ရောဂါအခံရှိလို့ တခြားဆေးတွေ သောက်နေရရင် (ဥပမာ - သွေးကျဆေး၊ ဆီးချိုဆေး) အကိုက်အခဲပျောက်ဆေးနဲ့ ဓာတ်ပြုမှု ရှိ၊ မရှိ ဆရာဝန် (သို့မဟုတ်) ဆေးဝါးကျွမ်းကျင်သူနဲ့ အရင်တိုင်ပင်ပါ။

၅။ ဆေးမတည့်ခြင်းကို သတိထားပါ ဆေးသောက်ပြီးနောက် ယားယံတာ၊ အင်ပြင်ထွက်တာ၊ အသက်ရှူရခက်တာမျိုး ဖြစ်လာရင် ဆေးမတည့်တဲ့လက္ခဏာဖြစ်လို့ ချက်ချင်းရပ်ပြီး ဆေးရုံသွားဖို့ လိုအပ်ပါတယ်။

💡 သင်သိပါသလား? ဆေးဝါးတွေကို ဘယ်လိုစနစ်တကျ ညွှန်းဆိုရမလဲ၊ လူနာကို ဘယ်လိုလမ်းညွှန်ရမလဲဆိုတာ ဆေးဝါးကျွမ်းကျင်အကူ (Pharmacist Aid) တစ်ယောက်အတွက် အလွန်အရေးကြီးတဲ့ ပညာရပ်ဖြစ်ပါတယ်။

ကျွန်တော်တို့ သင်တန်းကျောင်းမှာတော့ ဒီလိုအရေးကြီးတဲ့ ဆေးဝါးဗဟုသုတတွေကို အခြေခံကစပြီး ကျွမ်းကျင်အောင် လက်တွေ့သင်ကြားပေးနေပါတယ်။

ကျန်းမာရေးလောကထဲကို ယုံကြည်မှုရှိရှိ ဝင်ရောက်ချင်သူတွေအတွက် ကျွန်တော်တို့ဆီမှာ တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ✨

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီး ‌မေးမြန်းနိုင်ပါတယ်ရှင်
☎️ 09754422838
🏡အမှတ်(465/466)၊ဓမ္မစေတီလမ်းမပေါ်၊ဆည်မြောင်းလမ်း၊ပဲခူးမြို့။

#ပဲခူး #ဆေးဝါးကျွမ်းကျင်အကူ #ကျန်းမာရေးဗဟုသုတ

သင်ဟာ ဆေးဝါးဗဟုသုတ ဘယ်လောက်ရှိလဲ? အတူတူ စမ်းသပ်ကြည့်ရအောင်! 🧐💊ဆေးဝါးကျွမ်းကျင်အကူတစ်ယောက် ဖြစ်ဖို့ဆိုတာ ဆေးနာမည်တွေတင်မက...
08/04/2026

သင်ဟာ ဆေးဝါးဗဟုသုတ ဘယ်လောက်ရှိလဲ? အတူတူ စမ်းသပ်ကြည့်ရအောင်! 🧐💊

ဆေးဝါးကျွမ်းကျင်အကူတစ်ယောက် ဖြစ်ဖို့ဆိုတာ ဆေးနာမည်တွေတင်မကဘဲ ဆေးသောက်နည်းတွေကိုလည်း အလွတ်ရနေဖို့ လိုအပ်ပါတယ်နော်.

ကဲ.. အောက်က မေးခွန်းလေးကို ဖြေကြည့်ပေးပါဦး

❓ မေးခွန်း -
"အစာအိမ်ဆေး (Antacid) တွေကို အထိရောက်ဆုံးဖြစ်အောင် ဘယ်အချိန်မှာ သောက်သင့်သလဲ?"

A) အစာမစားခင် (၁) နာရီကြိုသောက်ရမယ်။

B) အစာစားနေတုန်း ရောသောက်ရမယ်။

C) အစာစားပြီး (၁) နာရီ ဒါမှမဟုတ် (၂) နာရီအကြာမှာ သောက်ရမယ်။

D) ညအိပ်ခါနီးမှ တစ်ကြိမ်ပဲ သောက်ရမယ်။

မှန်မယ်ထင်တဲ့ အဖြေကို Comment မှာ ရေးခဲ့ပေးပါဦး။

အဖြေမှန်ကိုတော့ နောက် (၂၄) နာရီအကြာမှာ Comment မှာပဲ ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်

✨ ဆေးဝါးကျွမ်းကျင်အကူ သင်တန်းကျောင်း မှာဆိုရင် ဒီလိုမျိုး ဆေးဝါးဗဟုသုတတွေတင်မကဘဲ လက်တွေ့နယ်ပယ်မှာ တကယ်အသုံးဝင်မယ့် အချက်အလက်တွေကို ဆရာဝန်ကြီးတွေနဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေက စနစ်တကျ သင်ကြားပေးနေပါတယ်

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီး ‌မေးမြန်းနိုင်ပါတယ်ရှင်

☎️ 09754422838

🏡အမှတ်(465/466)၊ဓမ္မစေတီလမ်းမပေါ်၊ဆည်မြောင်းလမ်း၊ပဲခူးမြို့။

#ပဲခူး #ဆေးဝါးကျွမ်းကျင်အကူသင်တန်း #သူနာပြုအကူသင်တန်း #စွယ်တော်သင်တန်းကျောင်း

ဆေးကတ်ပေါ်က လျှို့ဝှက်ချက်များ (သို့မဟုတ်) ဆေးညွှန်းကို မှန်ကန်စွာ ဖတ်တတ်ပါသလား? 💊နေမကောင်းလို့ ဆေးခန်းပြတဲ့အခါ ဒါမှမဟုတ...
05/04/2026

ဆေးကတ်ပေါ်က လျှို့ဝှက်ချက်များ (သို့မဟုတ်) ဆေးညွှန်းကို မှန်ကန်စွာ ဖတ်တတ်ပါသလား? 💊

နေမကောင်းလို့ ဆေးခန်းပြတဲ့အခါ ဒါမှမဟုတ် ဆေးဝယ်တဲ့အခါ ဆေးအိတ်ပေါ်မှာ ရေးထားတဲ့ အတိုကောက်စာလုံးလေးတွေကို မြင်ဖူးကြမှာပါ။

ဆေးဝါးကျွမ်းကျင်အကူတစ်ယောက်အနေနဲ့တင်မကဘဲ မိမိကိုယ်တိုင်လည်း ဒါတွေကို သိထားရင် ဆေးသောက်မှားခြင်းကနေ ကင်းဝေးစေမှာပါ။

အသုံးအများဆုံး အတိုကောက်လေးတွေကို အတူတူလေ့လာကြည့်ရအောင်... 👇
🔹သောက်ရမယ့် အကြိမ်ရေ သင်္ကေတများ
OD (Once Daily) : တစ်နေ့ (၁) ကြိမ်သာ သောက်ရန်

BD (Twice Daily) : တစ်နေ့ (၂) ကြိမ် (မနက်/ည)သောက်ရန်

TDS / TID : တစ်နေ့ (၃) ကြိမ် (မနက်/နေ့လယ်/ည) သောက်ရန်

QID : တစ်နေ့ (၄) ကြိမ် သောက်ရန်

🔹 ဘယ်အချိန်မှာ သောက်ရမလဲ?
AC (Before Meals) : အစာမစားမီ (နာရီဝက်ခန့်ကြိုသောက်ရန်)

PC (After Meals) : အစာစားပြီး (၁၅ မိနစ်မှ နာရီဝက်အတွင်း သောက်ရန်)

HS (At Bedtime) : ညအိပ်ခါနီးမှ သောက်ရန်

PRN (As Needed) : လိုအပ်မှသာသောက်ရန် (ဥပမာ- ကိုက်ခဲမှသောက်ပါ၊ ဖျားမှသောက်ပါ)

⚠️ သတိပြုရန်
ဆေးညွှန်းတွေကို သေချာနားမလည်ဘဲ မိမိသဘောနဲ့မိမိ သောက်သုံးခြင်းဟာ အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့်ဆေးဝယ်ယူတဲ့အခါ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့နော်။

🌟 ဆေးဝါးကျွမ်းကျင်အကူ သင်တန်း မှာဆိုရင် အခုလို ဆေးညွှန်းဖတ်နည်းတွေတင်မကဘဲ ဆေးဝါးအမျိုးအစားအလိုက် စနစ်တကျ ကိုင်တွယ်အသုံးပြုပုံတွေကို လက်တွေ့သင်ကြားပေးနေပါတယ်။

မိမိကိုယ်တိုင်ရော မိသားစုအတွက်ပါ အသုံးဝင်မယ့် ဆေးဝါးဗဟုသုတတွေကို စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ "စွယ်တော်သင်တန်းကျောင်း"ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ ✨

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီး ‌မေးမြန်းနိုင်ပါတယ်ရှင်

☎️ 09754422838

🏡အမှတ်(465/466)၊ဓမ္မစေတီလမ်းမပေါ်၊ဆည်မြောင်းလမ်း၊ပဲခူးမြို့။

#စွယ်တော်သင်တန်းကျောင်း #သူနာပြုအကူသင်တန်း #ဆေးဝါးကျွမ်းကျင်အကူသင်တန်း

အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် သင်ယူချင်ပါသလား? စွယ်တေ...
29/03/2026

အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် သင်ယူချင်ပါသလား?

စွယ်တော်သင်တန်းကျောင်းမှာ နွေရာသီနှင့် ပုံမှန်ဖွင့်လှစ်မည့် သင်တန်းများအတွက် စာရင်းပေးသွင်းနိုင်ပါပြီ📢

ဖွင့်လှစ်မည့် သင်တန်းများ
🏥 သူနာပြုအကူသင်တန်း (Nurse Aid)
ဆေးရုံ၊ ဆေးခန်းများနှင့် လူနာပြုစုစောင့်ရှောက်ရေးလုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် လက်တွေ့ဦးစားပေး သင်ကြားပေးပါတယ်ရှင်

💊 ဆေးဝါးကျွမ်းကျင်အကူသင်တန်း (Pharmacist Aid)
ဆေးဝါးဆိုင်ရာအခြေခံနှင့် ဆေးဆိုင်လုပ်ငန်းခွင်ကျွမ်းကျင်မှုများကို အသေးစိတ်စနစ်တကျ သင်ကြားပေးပါတယ်ရှင်

🗣️ အင်္ဂလိပ်စာစကားပြောသင်တန်း (English Speaking)ဝါရင့်ဆရာကြီးကိုယ်တိုင် အခြေခံမှစ၍ ယုံကြည်မှုရှိရှိ စကားပြောဆိုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါတယ်ရှင်

💻 ကွန်ပြူတာအခြေခံနှင့် ရုံးသုံးသင်တန်း (Computer Basic)Microsoft Office (Word, Excel, PowerPoint) နှင့် အင်္ဂလိပ်/မြန်မာ စာရိုက်ခြင်းတို့ကို ကျွမ်းကျင်စွာ အသုံးချတတ်စေရန် သင်ကြားပေးလျက်ရှိပါတယ်ရှင်

သူနာပြူအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း နှစ်ခုကို 4️⃣သိန်းကျပ်သာရှိပြီး‌တော့

တစ်ကြိမ်တည်း ပေးသွင်းစရာမလိုဘဲ သင်တန်းကာလအတွင်း ခွဲသွင်းပေးလို့ရပါတယ်ရှင်❤️

ဒါ့အပြင် Computer သင်တန်းကိုလဲ ပထမဦးဆုံး
အယောက် 3️⃣0️⃣ အတွက်
မူရင်းသင်တန်းကြေး1️⃣2️⃣0️⃣0️⃣0️⃣0️⃣ ကျပ်ကိုမှ Promotion9️⃣0️⃣0️⃣0️⃣0️⃣ ကျပ်နဲ့ ရရှိနိုင်မှာဘဲဖြစ်ပါတယ်ရှင်

"လူငယ်များရဲ့အနာဂတ် လက်ဦးမှုရရှိဖို့ စွယ်တော်မှာ အတူတူ လေ့လာစို့"

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီး ‌မေးမြန်းနိုင်ပါတယ်ရှင်

☎️ 09754422838

🏡အမှတ်(465/466)၊ဓမ္မစေတီလမ်းမပေါ်၊ဆည်မြောင်းလမ်း၊ပဲခူးမြို့။

#သူနာပြုအကူသင်တန်း #ဆေးဝါးကျွမ်းကျင်အကူသင်တန်း #ကွန်ပျူတာသင်တန်း #စွယ်တော်

📍 စွယ်တော်သင်တန်းကျောင်းက ဘယ်နားမှာရှိတာလဲ?သင်တန်းတက်ဖို့ စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လာရောက်အပ်နှံချင်တာပဲဖြစ်ဖြ...
28/03/2026

📍 စွယ်တော်သင်တန်းကျောင်းက ဘယ်နားမှာရှိတာလဲ?

သင်တန်းတက်ဖို့ စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လာရောက်အပ်နှံချင်တာပဲဖြစ်ဖြစ် လွယ်လင့်တကူ လာရောက်နိုင်ဖို့ ကျွန်မတို့ရဲ့ သင်တန်းကျောင်းတည်နေရာလေးကို လမ်းညွှန်ပေးလိုက်ပါတယ်ရှင်❤️

🏠 လိပ်စာ - အမှတ် (၄၆၅၊ ၄၆၆)၊ ဓမ္မစေတီလမ်းပေါ်၊ဆည်‌‌မြောင်းလမ်း၊ ပဲခူးမြို့။

သင်တန်းကျောင်းကို လူကိုယ်တိုင် လာရောက်စုံစမ်းဖို့အတွက် အဆင်မ‌ ပြေပါက ဖုန်းဆက်၍လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်

☎️09-754422838

လမ်းခရီး အခက်အခဲရှိရင်ဖြစ်ဖြစ်၊ တည်နေရာအတိအကျ သိချင်ရင်ဖြစ်ဖြစ် Messenger မှာလည်း လှမ်းမေးလို့ရပါတယ်နော်💙

ဘဝမှာတန်ဖိုးရှိပြီး ခိုင်မာတဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်ဖို့ စိတ်ကူးနေပါသလား🩺မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ ဘယ်အချိန်မ...
20/03/2026

ဘဝမှာတန်ဖိုးရှိပြီး ခိုင်မာတဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်ဖို့ စိတ်ကူးနေပါသလား🩺

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ ဘယ်အချိန်မှာမဆို လိုအပ်နေတဲ့၊ ဂုဏ်ယူရတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေနဲ့ အခွင့်အလမ်းတွေပြည့်နှက်နေပါတယ်ရှင်

လူ့အသက်ကို ကယ်တင်စောင့်ရှောက်ခြင်းနဲ့ လူမှုအသိုင်းအဝိုင်းအတွက် အမှန်တကယ် အကျိုးပြုနိုင်တဲ့ နယ်ပယ်တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် အပ်နှံလိုသူတိုင်းအတွက် အကောင်းဆုံးအခွင့်အရေးပါပဲ🏆

ဒီလိုအခွင့်အလမ်းကောင်းတွေကို လက်လှမ်းမီနိုင်ဖို့၊ ကျွန်မတို့ရဲ့ သူနာပြုအကူ (Nurse Aid) နှင့် ဆေးဝါးကျွမ်းကျင်အကူ (Pharmacist Aid) သင်တန်း Batch (12) က မကြာခင်စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ရှင်

အခြေခံအဆင့်ကနေ လက်တွေ့နယ်ပယ်အထိ လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို စနစ်တကျ၊ လက်တွေ့ကျကျ သင်ကြားပေးမှာဖြစ်လို့ ပညာအရည်အချင်း ကန့်သတ်ချက်ထက် သင်ယူလိုစိတ်နဲ့ ကြိုးစားအားထုတ်မှုရှိဖို့က အဓိကကျပါတယ်ရှင်

သင့်ရဲ့စိတ်အားထက်သန်မှုဟာပဲ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ

စွယ်တော်သင်တန်းကနေ ဘာတွေရရှိမှာလဲ?

✨လက်တွေ့နယ်ပယ်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပညာရှင် ဆရာ၊ ဆရာမတွေက ကိုယ်တိုင်ဦးစီး သင်ကြားပေးမှာပါဖြစ်ပါတယ်ရှင်

✨သင်တန်းပြီးဆုံးတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ဘယ်လိုလျှောက်ထားရမယ်၊ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကိုပါ လမ်းညွှန်မှုတွေ ပေးအပ်မှာဘဲဖြစ်ပါတယ်ရှင်

✨Batch (11) အထိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တဲ့ ခိုင်မာတဲ့ သင်ကြားမှုစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေက သင့်ရဲ့အနာဂတ်ကို အာမခံပေးမှာပါရှင်

ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်ဖို့၊ လူ့အသက်ကိုကယ်တင်ရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနိုင်ဖို့ ဒီအခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးလိုက်ရအောင်❗

သင့်ရဲ့ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ ခရီးလမ်းတစ်ခုကိုစတင်လိုက်ပါနော်

အသေးစိတ်သိရှိလိုပါက Page Messenger သို့ ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင်

☎️ 09754422838

🏠 အမှတ်(465/466)၊ ဓမ္မစေတီလမ်းမပေါ်၊ ဆည်မြောင်းလမ်း၊ ပဲခူးမြို့။

#စွယ်တော် #ဆေးဝါးကျွမ်းကျင်အကူသင်တန်း #သူနာပြုအကူသင်တန်း

📢 စွယ်တော်သင်တန်းကျောင်းမှ အင်္ဂလိပ်စကားပြောသင်တန်း (Beginner + Higher Level) ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင်သင်က အင်္ဂလိပ်...
18/03/2026

📢 စွယ်တော်သင်တန်းကျောင်းမှ အင်္ဂလိပ်စကားပြောသင်တန်း (Beginner + Higher Level) ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင်

သင်က အင်္ဂလိပ်စာကို အခြေခံမှစ၍ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ရန် ကြိုးစားနေသူဆိုရင်တော့ အတွေ့အကြုံ နှစ်ပေါင်း(၃၀) ကျော်ရှိသော ဆရာကြီး ဦးမျိုးသွင် ကိုယ်တိုင် ဦးစီးသင်ကြားပေးမည့် English Speaking သင်တန်းကို စတင်တက်ရောက်လိုက်ပါရှင်

ဒီသင်တန်းမှာ

✔️Grammar ပိုင်းဆိုင်ရာ (Active, Passive) နှင့်
(31 Questions) တို့ကို စနစ်တကျသင်ကြားပေးရုံသာမက

✔️Writing, Reading (Oxford Reading) စနစ်များအပြင်

✔️Listening နှင့် Speaking ပိုင်းကိုပါ (A1, A2)Test အဆင့်များဖြင့် ထိထိရောက်ရောက် လေ့ကျင့်ပေးသွားမည်ဖြစ်ပါတယ်ရှင်

အလုပ်အကိုင်၊ ပညာရေးနှင့် နိုင်ငံတကာဆက်သွယ်ရေးအတွက် အင်္ဂလိပ်စာအရည်အချင်းမြှင့်တင်လိုသူများအတွက် အထူးသင့်လျော်သည့် သင်တန်းဖြစ်ပါတယ်ရှင်

ဝါရင့်ဆရာကြီး၏ နှစ်ပေါင်း (၃၀) ကျော် အတွေ့အကြုံများဖြင့် သင့်ရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းကို ယခုဘဲမြှင့်တင်လိုက်ပါ

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီး စုံစမ်းနိုင်ပါတယ်ရှင်✔️

☎️ 09754422838

🏠 အမှတ် (465,466) ဓမ္မစေတီလမ်းမပေါ်၊ ဆည်မြောင်းလမ်း၊ ပဲခူးမြို့။

#စွယ်တော်သင်တန်းကျောင်း #ဆေးဝါးကျွမ်းကျင်အကူသင်တန်း #သူနာပြုအကူသင်တန်း

နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချလိုက်ပါ☀️💻နွေရာသီကျောင်းပိတ်ရက်မှာ အိမ်တွင်းအောင်းပြီး အချိန်ကုန်နေမယ့်အစား...
15/03/2026

နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချလိုက်ပါ☀️💻

နွေရာသီကျောင်းပိတ်ရက်မှာ အိမ်တွင်းအောင်းပြီး အချိန်ကုန်နေမယ့်အစား ခေတ်နဲ့အညီ တတ်ထားသင့်တဲ့ Computer Skill တွေကို စနစ်တကျ သင်ယူနိုင်မယ့် Computer Summer Class လာပါပြီရှင်

အခြေခံကနေ စပြီး ကျွမ်းကျင်လာတဲ့အထိ အဆင့်လိုက် အသေးစိတ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်

✅ သင်ကြားပေးမည့် ဘာသာရပ်များ

• Basic Computer (Windows, Internet & Email)

• Microsoft Office (Word, Excel, PowerPoint)

• Typing Practice (Myanmar / English)

💡 ဘာကြောင့် ဒီသင်တန်းတက်သင့်လဲ

✔ Computer အခြေခံကို စနစ်တကျ တတ်မြောက်မယ်

✔ Office Software တွေကို လက်တွေ့အသုံးချတတ်လာမယ်

✔ Myanmar / English Typing မြန်မြန်ဆန်ဆန် ရိုက်တတ်လာမယ်

✔ မိတ်ဆွေသစ်တွေရပြီး ပျော်ရွှင်စွာ သင်ယူနိုင်မယ်

📍 စွယ်တော်သင်တန်းကျောင်းမှာ သင်ယူရင်း
အနာဂတ်အတွက် အရေးပါတဲ့ Computer Skill အခြေခံတွေကို အခုကတည်းက တည်ဆောက်လိုက်ရအောင်ရှင်

အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်ပြီးမေးမြန်းနိုင်ပါတယ်ရှင့်

☎️ 09754422838

🏠 အမှတ်(465,466) ဓမ္မစေတီလမ်းမပေါ်၊ဆည်မြောင်းလမ်း၊ ပဲခူးမြို့။

#အင်္ဂလိပ်စာသင်တန်း #ဆေးဝါးကျွမ်းကျင်အကူသင်တန်း #ကွန်ပျူတာသင်တန်း #စွယ်တော်

Address

No. (465, 466), On Dharma Pagoda Road Ward (4), Ustha New City
Bago
08011

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00

Website

Alerts

Be the first to know and let us send you an email when Swaltaw Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share