Seinpwintpharmacy - Grace Clinic

Seinpwintpharmacy - Grace Clinic Free sharing of knowledge

🥰🥰🥰
18/09/2023

🥰🥰🥰

07/09/2023
📣📣📣
17/08/2023

📣📣📣

📣📣📣📣📣
ဆက်သွယ် စုံစမ်း အပ်နှံနိုင်ပါပြီရှင့်

16/08/2023
02/08/2023

♦စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်းခြင်းများ♦
--------------------------------------------
👉အမျိုးသမီးရယ်လို့ ဖြစ်လာရင် ပျိုဖော်ဝင်ချိန်လောက်က စပြီး မိန်းမကိုယ် အဖြူဆင်း တတ်တာ သဘာဝပါ။ သားဥကြွေခါနီး အချိန်ဆိုလည်းဆင်းတာပဲ၊ ရာသီလာခါနီးလည်း ဆင်းတာပဲ၊ အထိုင်များရင်လည်းဆင်းတာပဲ။
⏩ဒါပေမယ့် သာမန် အဖြူဆင်းရင် ရောဂါတစ်ခုခုလို့ ထင်ပြီး စိုးရိမ်ကြတဲ့ အမျိုးသမီးတွေက အများသားပါ။ အဖြူဆင်းနေလို့ဆိုပြီး ဆေးလာတောင်းကြတာလည်း ခဏခဏပါပဲ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သာမန်အဖြူဆင်းတာလား၊ ရောဂါကြောင့် ဆင်းတာလားဆိုတာ ခွဲတတ်ဖို့ လိုပါတယ်။
🔺သာမန် အဖြူဆင်းတဲ့အချိန်
💠သားဥကြွေခါနီးအချိန်
💠ပျိုဖော်ဝင်စအချိန်
💠ကိုယ်ဝန်ဆောင်ချိန်
💠အီစထရိုဂျင်ပါတဲ့ တားဆေးသုံးတဲ့အချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။
နောက်ဆုံး မွေးခါစ နှစ်ပတ်သားအရွယ်ကလေးမှာတောင် အမေ့ဆီက အီစထရိုဂျင် ပါလာတဲ့အတွက် ရက်အနည်းငယ်လောက် အဖြူဆင်းနေတတ်ပါတယ်။
ခုပြောတဲ့အချက်တွေက ရောဂါကြောင့် မဟုတ်ပါဘူး။ သဘာဝအရ ဆင်းတာပါ။ ဘာလို့ ဆင်းတာလဲဆိုတော့ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်ကြောင့်ပါ။ အီစထရိုဂျင်က ရောဂါပိုးတွေ မိန်းမကိုယ်ထဲ ဝင်မလာအောင် မိန်းမကိုယ်က အချွဲတွေကို ပျစ်ထားတဲ့သဘောပါ။ ဒါကို အဖြူဆင်းတယ်လို့ ခေါ်ပါတယ်။
🔺ပုံမန်မဟုတ်တဲ့ မိန်းမကိုယ် အဖြူဆင်းခြင်းများ
အဖြူဆင်းရုံသက်သက် မဟုတ်ဘဲ
💠အရောင်တွေ ပါလာမယ်၊ ချိစ်လို ခပ်ပျစ်ပျစ် ကပ်ကပ် ဆင်းလာမယ်၊ ပမာဏ များလာမယ်။
💠မိန်းမကိုယ်ယားပြီး နေမထိထိုင်မသာ ဖြစ်မယ်။
💠ဆီးသွားရင် မိန်းမကိုယ်က နာမယ်၊ ဆီးပူ၊ ဆီးကျင်မယ်။
💠ရာသီချိန်မဟုတ်ဘဲ သွေးဆင်းမယ်။
💠အနံ့ဆိုးတွေ ထွက်မယ်ဆိုရင်တော့ ဒါဟာ သဘာဝအတိုင်း အဖြူဆင်းတာ မဟုတ်ပါဘူး။ ရောဂါတစ်ခုခုကြောင့် ဖြစ်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။
အဖြစ်များတဲ့ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းများ
အလွယ်ပြောရရင်တော့
💠ငါးညှီနံ့နံနေရင် မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းတာ
💠ဖြူဖြူပျစ်ပျစ် ချိစ်လိုမျိုးဆိုရင် မှိုပိုးဝင်တာ
💠အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်၊ အမြုပ်လည်းပါတယ်ဆိုရင် Trichomoniasis
💠ပြည်တွေ၊ သွေးဆင်းတယ်၊ မိန်းမကိုယ်က နာတယ်ဆိုရင် ကလဲမိုင်းဒီးယား ( Chlamydia) တို့၊ ဆီးပူညောင်းကျတို့ ဖြစ်နိုင်ပါတယ်။
တစ်ခုချင်းစီမှာ အဖြူဆင်းတာအပြင် ဘာလက္ခဏာတွေ ပြတတ်သေးလဲဆိုတာကို ဆက်ကြည့်ရအောင်။
⏩ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းတာ (Bacterial vaginosis)
အဓိကကတော့ မိန်းမကိုယ်မှာ ရှိတဲ့ ကောင်းကျိုးပြုဘက်တီးရီးယား lactobacillus တွေ နည်းသွားပြီး ပြင်ပက ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေ ဝင်လာလို့ပါပဲ။ မိန်းမကိုယ် အက်စစ်ဓာတ် pHပျက်ယွင်းသွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
သိသာတဲ့ လက္ခဏာတွေတော့ အနံ့ပြင်းလွန်းတာပါပဲ။ ငါးညှီနံ့လိုမျိုး ထွက်တတ်ပါတယ်။ အတူနေပြီးတဲ့အချိန်၊ ရာသီလာပြီးခါစအချိန်ဆို မိန်းမကိုယ် အက်စစ်ဓာတ်က အယ်ကာလီဘက် ပိုရောက်သွားလို့ အဲ့ဒီအချိန်တွေဆို အနံ့ပိုပြင်းပါတယ်။ မီးခိုးရောင်ဆင်းပါတယ်။
မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ နီတာ သိပ်မဖြစ်ပါဘူး။
🔺မှိုပိုးဝင်တာ
မှိုထဲမှာတော့ မှက္ခရုမှို (Candida) ပိုး ဝင်တာ အများဆုံးပါပဲ။ ခုခံအားမကောင်းတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ ဥပမာ ဆီးချိုရှိတဲ့သူ၊ ပိုးသတ်ဆေးတွေ၊ စတီးရွိုက်တွေ စွဲသောက်နေရတဲ့သူတွေအပြင် ကိုယ်ဝန်ဆောင်နဲ့ လေဝင်လေထွက်မကောင်းတဲ့၊ ချွေးမစုပ်တဲ့ အတွင်းခံကို ကြာကြာဝတ်မယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။
လက္ခဏာတွေကတော့ ချိစ်လို အဖြူပျစ်ပျစ်တွေ ဆင်းတာပါ။ ဒါ့ပြင် မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ အတူနေရင် နာတာ အဖြစ်များပါတယ်။ ယားလို့ ကုတ်ထားတဲ့အတွက် မိန်းမကိုယ် ပွန်းပဲ့တတ်ပါတယ်။ ရာသီမလာခင်မှာ လက္ခဏာခံစားရတာ အဆိုးဆုံးပါပဲ။
Trichomoniasis
ကပ်ပါးပိုးကြောင့် ဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ကူးတတ်ပါတယ်။
🔺လက္ခဏာတွေကတော့
💠စိမ်းဖန့်ဖန့် အဖြူတွေ ဆင်းပါတယ်။ အမြုပ်ပါနိုင်ပါတယ်။
💠ပမာဏလည်း များပါတယ်။ အနံ့လည်း နံပါတယ်။
💠မိန်းမကိုယ် ယားပြီး ရောင်ပါတယ်။ ပေါင်တွင်းသားတွေပါ ယားတတ်ပါတယ်၊၊
💠ဆီးသွားရင်၊ အတူနေရင် နာပါတယ်။
💠မိန်းမကိုယ်ထဲ၊ သားအိမ်ခေါင်းကို စစ်ဆေးကြည့်ရင် စတော်ဘယ်ရီလိုမျိုး အနီသားပေါ်မှာ အဖြူစက်လေးတွေ တွေ့ရပါတယ်။
🔺ကလဲမိုင်းဒီးယား ( Chlamydia) ပိုးဝင်ခြင်း
လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။
မိန်းမကိုယ်က အဝါရောင် ပြည်လိုမျိုး အဖြူဆင်းတာအပြင် ဆီးကျင်တာ၊ ဆီးခဏခဏ သွားချင်တာ၊ မိန်းမကိုယ်ကနာတာ၊ အတူနေရင်နာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဗိုက်လည်း အောင့်တတ်ပါတယ်။
🔺ဆီးပူညောင်းကျပိုးဝင်တာ
ဂနိုလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တတ်ပါတယ်။ မိန်းမကိုယ်ကနေ ပြည်လိုမျိုး အရည်တွေ ဆင်းတတ်ပြီး သားအိမ်ခေါင်းကို လက်နဲ့ ထိမိလိုက်တာနဲ့ အလွယ်တကူ သွေးထွက်နိုင်ပါတယ်။ ဆီးပူတာ၊ မိန်းမကိုယ်ယားတာလည်း ဖြစ်တတ်ပါတယ်။

Crd;

✍🏻✍🏻✍🏻
09/07/2023

✍🏻✍🏻✍🏻

Edit မေးခွန်းလေးထပ်ဖြည့်ထားပါတယ်
မှန်အောင်ဖြေနိုင်သူ ဖုန်းဘေလ် ၁၀၀၀ ထည့်ပေးမယ်နော် ဖြေကြည့်ပေးပါ

အဖြေမှန် ဖြည့်ပေးပါ👇👇👇

၁။ဖော်ပြပါဆေးသည် —————- ဆေးအုပ်စုဖြစ်သည်။
၂။ မည်သည့်ရောဂါအတွက် သုံးကြသနည်း?
၃။ ရပ်ကွက်ထဲတွင် မည်သည့်ဆေးအဖြစ် သိကြသနည်း? မည်သို့ခေါ်ကြသနည်း?

06/01/2023

အားလုံးဘဲ မင်္ဂလာပါရှင်

သင့်ရဲ့နေ့သစ်တိုင်းမှာ အရည်အချင်းတွေတက်လာအောင် မင်မင်တို့နဲ့ လာjoin ပါ

အယ်လဲ့ 😁😁😁
အားလုံးမင်္ဂလာရှိစွာနေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ပါစေ😍😍😍😍


#အဆင့်မြင့်အကူသူနာပြုသင်တန်း
#လားရှိုး

Berocca ရေဆူဆေးပြားမှာပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များရဲ့ကောင်းကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်.....🥰😘 🍊🍊 Vitamin C - ...
23/05/2022

Berocca ရေဆူဆေးပြားမှာပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များရဲ့ကောင်းကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်.....🥰😘

🍊🍊 Vitamin C - ကိုယ်ခံစွမ်းအား ကို မြင့်မားစေပါသည်။

🍌🍌 Vitamin B Complex - ခန္ဓာကိုယ် တွက်လိုအပ်သော စွမ်းအင်များကို ထုတ်လုပ်ပေးပါသည်။

အာရုံစူးစိုက်မှုကိုအားကောင်းစေသည်။

🥝🥝 Zinc - ခန္ဓာကိုယ်ရဲ့ခုခံအားကို ကောင်းမွန်စေသည်။

🥛🥛 Calcium - အရိုး နှင့် ကြွက်သားများကို သန်မာစေသည် ။

🥑🥑 Magnesium - ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်များကို ထုတ်လုပ်ရာတွင် ကူညီပေးပါသည်။ အာရုံကြော အဖွဲ့အစည်းနှင့်ကြွက်သားလှုပ်ရှားမှုများကို အထောက်အပံပေးသည်။

တနေ့တပြားပုံမှန်သောက်ခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းနိုင်ပါသည်။

“စိတ်ကူးကဆန်းလူကလန်း Berocca အစွမ်း “

Berocca ရေဆူဆေးပြားများကို

စိန်ပွင့် ဆေးဆိုင် (လားရှိုး)တွင် လက်လီ/ လက်ကားဝယ်ယူအားပေးနိုင်ပါပြီ။
လက်လီဝယ်ယူမယ့် Customer များ အတွက် Kpay ဖြင့်လည်းရာခိုင်နှုန်းထပ်‌ဆောင်းပေးရန်မလိုဘဲပေးချေဝယ်ယူနိုင်ပါတယ်နော်။

စိန်ပွင့် ဆေးဆိုင်
Sein pwint Pharmacy
ရပ်ကွက် ၁၀ နမ ၁
ကျောက်စိမ်းလမ်း
ရှမ်းတောရဘုန်းကြီးကျောင်းအနီး
လားရှိုးမြို့

09403735347

Ref: http://www.berocca.com/products/berocca-performance


မှာယူ နိုငိတယ်နော်
16/03/2022

မှာယူ နိုငိတယ်နော်

Gliclazide နဲ့ Metformin ကွာခြားချက်_______________________________(လာမေးထားတာ တင်ပေးလက်p )ဆီးချိုမှာ Type l နဲ့ Type ll...
26/02/2022

Gliclazide နဲ့ Metformin ကွာခြားချက်
_______________________________
(လာမေးထားတာ တင်ပေးလက်p )

ဆီးချိုမှာ Type l နဲ့ Type ll ဆိုပီးရှိတယ်
အကြမ်းအားဖြင့်

Type l က

အသက် 40 အောက် လူတွေမှာအဖြစ်များပီး အင်ဆူလင်မထွက်လို့ အင်ဆူလင်လိုအပ်နေတဲ့
အမျိုးအစားဖြစ်ပီး ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ ရောဂါတွေနဲ့ တွဲနေတတ်ပီး

Type ll က

အသက် 40 အထက်လူကြီးတွေမှာ အဖြစ်များပီး အင်ဆူလင်ကို
တုံ့ပြန်နိုင်စွမ်းကျဆင်းလာတဲ့အတွက် အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေလိုအပ်တဲ့အမျိုးအစားဖြစ်ပီး
သွေးတိုး နှလုံးရောဂါ တွေနဲ့ တွဲဖြစ်နေတတ်တဲ့ အမျိုးအစားဖြစ်တယ်.

Gliclazide
_____________
Dဆေးဟာ
အင်ဆူလင် ပိုထွက်စေအောင် တွန်းအားပေးတဲ့ ဆေးဖြစ်ပြီး
Gliclazide ရိုးရိုးနဲ့ MR ဆိုပြီး နှစ်မျိုးရှိပါတယ်
MR ဆိုတဲ့သဘောက Modified Release ဆိုတဲ့ ပြုပြင်ဖန်တီးမှုကြောင့် ဆေးကို နံနက်မှာ တစ်ကြိမ်တည်း သောက်လိုက်ရုံနဲ့ ဆေးအားကို တဖြည်းဖြည်း တစ်နေ့လုံးအတွက် ထိရောက်စေလို့ အကြိမ်ကြိမ် ပြန်သောက်နေစရာမလိုပါဘူး ဆေးသောက်ဖို့ မေ့တတ်သူတွေ အတွက် အထူးသင့်လျော်ပါတယ်
MR မပါတဲ့ ဆေးတွေကလည်း အလားတူ အကျိုးရရှိပါတယ် ဆေးအာနိသင် တိုပါတယ် ဒါကြောင့် အနည်းဆုံး နှစ်ကြိမ်တော့ ခွဲသောက်ရပါမယ်
ဘယ်အချိန်သောက်ရမလဲဆိုတာ ဒီဆေးတွေက မုန့်ချိုအိတ်ရှိ ဘီတာကလပ်စည်းတွေဆီကို ရှေ့ပြေးအနေနဲ့ အရင်ရောက်သွားရပါမယ် ဒါမှ စားတော့မယ့် အစာမှ သွေးထဲရောက် ရှိလာမယ့် အချိုဓာတ်တွေအတွက် အင်ဆူလင်ကို အချိန်ကိုက် ထုတ်ပေးထားနိုင်ဖို့ နှိုးဆော်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစာမစားမီ ၁၅ မိနစ်မှ ၃၀ မိနစ်ခန့် ကြိုသောက်ထားရမှာ ဖြစ်ပါတယ်။

Metformin
______________
Dဆေးဟာ
အင်ဆူလင်များများမလိုဘဲ အလုပ်ဖြစ်လာအောင် (Insulin Resistance နည်း အောင်) ပြုလုပ်ပေးနိုင်တဲ့ ဆေး
ွဖြစ်တယ်
အသည်းကနေ အချိုဓာတ်တွေ ပြန်လွှတ်ပေးတာကို တားဆီးထားနိုင်တဲ့ အတွက် နံနက်စောစောမှာ များနေတဲ့ သွေးတွင်းအချိုဓာတ်ကို အထူးကျစေပါတယ်.
Dဆေး ဘယ်အချိန်မှာပဲ သောက်သောက် နေ့စဉ်အချိန်မှန်မှန် သောက်ရင် ရပါတယ်အစာမစားမီပဲ ဖြစ်ဖြစ်၊ စားပြီးစမှာပဲဖြစ်ဖြစ် သောက်နိုင်ပါတယ် တကယ်လို့ အစာမစား မီသောက်ကြည့်လို့ ဗိုက်အောင့်တာ၊ လေပွတာရှိရင် စားပြီး ပြောင်းသောက်လိုက်ပါ
Dဆေးရဲ့ ဆိုးကျိုးတစ်ခုကတော့ လေပွ၊ ဗိုက်အောင့်၊ ဝမ်းပျက်တတ်တာတစ်ခုပါပဲ ကျောက်ကပ်ပျက်စေတဲ့
ဆိုးကျိုးမရှိပါဘူး
(ဗဟုသုတ အဖြစ်သာ )
DဆေးကိုDr ညွှန်ကြားချက်မပါပဲ မိမိသဘောနှင့်မိမိ မသုံးစွဲသင့်ပါ

Address

Lashio, Myanmar
Burma

Telephone

+959403735347

Website

Alerts

Be the first to know and let us send you an email when Seinpwintpharmacy - Grace Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share