11/10/2023
"လိမ္မော်သီးစားဖူးလား။"
"ဟ''....နောက်ပြီ ခင်ဗျားကတော့။"
အဲလိုပြန်ပြောကြ လိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်။
ပြောချင်ဇောနဲ့ စကားလောသွားတာ sorry။ :)
ကျွန်တော်ပြောချင်တာက လိမ္မော်သီးနဲ့ပတ်သက်ပြီး ရခဲ့ဖူးတဲ့ ရနံ့လေး အကြောင်းပါ...
ကဲ...ဆက်ပြောမယ်နော်...
ကျွန်တော်လူငယ်ဘဝ တက္ကသိုလ်မှာ Crush ခဲ့ရတဲ့ကောင်မလေး တယောက်ရှိတယ်။
သူမရဲ့ Style က မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ် သနပ်ခါးလေးနဲ့ ချစ်စရာလေး။
ကျောင်းထဲမှာ သူမနဲ့ ၂ယောက်တည်းတူတူ တနေရာရာ မှာထိုင်ကြရင်း လိမ္မောသီး ဝယ်စားကြတယ်။
ကိုကလည်းကြိတ်ကြွေနေတော့ ဘာလိုလိုနဲ့ (ကိုယ့်ဟာကို စိတ်ထဲ ထင်ချင်ရာထင်ပီး) ခံစားချက်တွေနဲ့ စားတာပေါ့ဗျာ။
လိမ္မော်သီးလေးကို ကျွန်တော်ကိုင်ထားတယ့်အိတ်ထဲက ထုတ်တယ်။...
အခွံခွာတယ်။...
လိမ္မော်ခွံခွာပြီး ရနံ့လေး ထွက်လာတယ်။...
အမွှာလေးတွေခွဲပီး ကျွန်တော့လက်ထဲ ထည့်ပေးတယ်၊..
ပိုးပြီးသင်းတဲ့ရနံ့လေး ခံစားရတယ်။
လုံးဝကို FRESH ဖြစ်သွားသလိုခံစားလိုက်ရတယ့် အခိုက်တန့်လေး။...
တဘဝလုံးစာပေါ့။....
(လိမ္မော်ခွံခွာပြီးသား ရနံ့လေးပေါ့)
ဆိုကြပါစို့ Citrus, Aquatic n Fresh ပေါ့ဗျာ။
အလိုနဲ့ လုပ်ငန်ခွင်တွေအသီးသီး ဝင်ကြရင်း
လိမ္မော်ခွံခွာပြီးသားရနံ့လေးကို အမှတ်တရ စွဲလမ်းခဲ့မိတဲ့ကျွန်တော်.....
လိမ္မော်သီးတစ်လုံး/လိမ္မော်ခွံခြောက်တွေ ဆောင်ထားဖို့လည်း မဖြစ်နိုင်.....
အဲ့ဒီလိုနဲ့ 2020 အစလောက်မှာမှ ကျွန်တော့ဘဝ အမှတ်တရခံစားချက်တွေကို ထပ်တူကြစေခဲ့တဲ့ရနံ့လေးကို သူငယ်ချင်းတယောက်က မိတ်ဆက်ပေးခဲ့တယ်....
Aqva Amara ဆိုတယ့် Bvlgari Brand ရေးမွှေးပါ။
Travel Size 15ml လည်း ထုတ်ထားတော့ ဆာင်ထားဖို့လည်း အဆင်ပြေတယ်လေ။
Aqva Amara ရေမွှေးကို 2014 မွာ ပြင်သစ်နိုင်ငံ အရှေ့တောင်စွန်းစွန်း GRASSE ဆိုတဲ့ (မဒီတေးရီးယန်း ကန်းရိုးတန်း) ကမ္ဘာ့ နံမည်ကြီး ရေမွှေးများစု ထုတ်လုပ်ရာ မြို့ လေးမှ Jacques Cavallier (Perfum designer) က ပေါင်းစပ်ဖန်တီးပေးခဲ့တယ်။
ခုကတော့ LV(Louis Vuitton) မှာ Perfumer အဖြစ် နဲ့ ဆက်လက်ရပ်တည်နေသူ ပါ
လိမ္မော်ရနံ့ကို Top Notes ထားပီး လိမ္မော်ပန်းနဲ့ တခြား ဆေးဖက်ဝင် အဆီ တွေ ပေါင်းစပ်ပါ ဝင်စေခဲ့တယ်။
ရေမွှေးတွေကိုချစ်တတ်စေပြီး ဒီစာစုကို ရေးဖွဲ့ဖို့အတွက် Inspire ဖြစ်စေခဲ့တာ LVရဲ့ Bvlgri Aqva Amara ဆိုတဲ့ Famous Branded ရေမွှေးလေပါပဲ။
♦ Bvlgari Aqva Amara
⚠️အခြေအနေအမျိုးမျိုးကြောင့် (၅ရက်)ကျော်သွားရင်တော့ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါတယ်။
(ဈေးလေး ပြန်မေးပေးပါ plz. .)
📞 Phone - 09 42 999 111 7
🔺Order က ဘယ်လောက်ကြာမလဲ?
In-stock ရောင်းချပေးနေတာမို့လို့ ဝယ်ပြီး ရက်အနည်းငယ်အတွင်းမှာပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
🔺ဘယ်လိုဝယ်ရမလဲ?
ဆိုင်မှာလာရောက်ဝယ်ယူနိုင်သလို Online ကနေလဲမှာယူနိုင်ပါတယ်ခင်ဗျ
Online ကနေ မှာယူလိုသူတွေအတွက် ..
🔺ရန်ကုန်မြိုတွင်းအတွက်ဆိုရင်တော့.....အိမ်အရောက်ငွေချေစနစ် (Cash On Delivery)နဲ့ပိုဆောင်ပေးနေပါတယ်။
🔺Rg Express/Royal Express/ ကားဂိတ်/စာတိုက် တွေနဲ့ လဲ မြန်မာပြည်အနှံ ပို့ဆောင်ပေးပါတယ်။
🔺ဆိုင်မှာလာရောက်ဝယ်ယူလိုပါက လိပ်စာ.. ဗိုလ်ချုပ်ဈေးအရှေ့၊ ဗိုလိချုပ်အောင်ဆန်းလမ်းမပေါ်၊ရွှေဘုံသာလမ်းထောင့်သို့လာရောက်ဝယ်ယူနိုင်ပါတယ်။