GOOD & JOY

GOOD & JOY Good Health, Great Joy

ကာကွယ်ဆေးမရှိသေးတဲ့ ...  #နိုရိုဗိုင်းရပ်စ် (Norovirus infection)Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)ကူးစက...
12/12/2024

ကာကွယ်ဆေးမရှိသေးတဲ့ ...
#နိုရိုဗိုင်းရပ်စ် (Norovirus infection)

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)ကူးစက်ရောဂါ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ ❓

နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ❓

နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

#လက္ခဏာများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ❓
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –

မူးဝေခြင်း

အော့အန်ခြင်း

ဝမ်းဗိုက်နာကျင်ခြင်း

အရည်ဝမ်းသွားခြင်း

ကိုယ်လက်မအီမသာ ဖြစ်ခြင်း

တငွေ့ငွေ့ဖျားခြင်း

ကြွက်သားများ နာကျင်ခြင်း

ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။

မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ??
နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း၊ မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ??
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။

ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “

တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။

နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။

အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်

ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..

ငှက်ပျောသီး

ဒိန်ချဉ်

အသီးအရွက်ပြုတ်

နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –

အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။

မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။

ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။

နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။

ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။

အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။

#ရောဂါလက္ခဏာတွေသေချာမပျောက်သေးသရွေ့_သတိထားရမှာပါ။




Crd to original post .....

ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါ / ကာလဝမ်းရောဂါ / Cholera virus ဆိုတာ ကြောက်စရာကောင်းတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါပါ။ ကူးစက်ရ...
06/07/2024

ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါ / ကာလဝမ်းရောဂါ / Cholera virus ဆိုတာ ကြောက်စရာကောင်းတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါပါ။ ကူးစက်ရောဂါဖြစ်ပါတယ်။ အစာ ရေ သန့်ရှင်းမှုမရှိလို့၊ အစာ ညစ်ပတ်လို့၊ ရေညစ်ပတ်လို့ အပြင်၊ ယင်ကောင် ပိုးဟပ်စတဲ့ ပိုးကောင်တွေမှတဆင့်၊ လက်မှတဆင့်၊ အခြား အသုံးအဆောင်များမှတဆင့် ပိုးပြန့်ကူးစက်တတ်ပါတယ်။
ဆန်ဆေးရေလို ခပ်ဖြူဖြူ အရည်တွေပဲ တလဟောသွားတတ်တာမို့ ၃ ကြိမ်လောက်နဲ့တင် မျော့ပြီး သတိလစ်တတ်ပါတယ်။ အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။ outbreak မဖြစ်စေရအောင် လူတိုင်းပါဝင် သန့်ရှင်းစွာနေထိုင်ဖို့လိုပါမယ်။

လက်ဆေးပါ

အစာသန့် ရေသန့် လက်သန့် ပန်းကန်ခွက်ယောက်များကအစ သန့်နေပါစေ။ ရေကိုကြိုပြီးမှ သောက်ပါ။ အစာကို ပွက်ပွက်ဆူအောင် ချက်ပြီးမှစားပါ။ လက်ကို ဆပ်ပြာနဲ့ ဆေးပါ။ အိမ်သာမှထွက်တိုင်း အစာစားခါနီးတိုင်း မဖြစ်မနေ လက်ဆေးပါ။
ကပ်ရောဂါအဖြစ်မရောက်ရအောင် အားလုံးသတိရှိစွာရှိနေသင့်ပါကြောင်း။



ပုံများကို UNICEF ကျန်းမာရေးပညာပေးမှ ကူးယူမျှဝေအပ်ပါသည်။

🦟သွေးလွန်တုပ်ကွေး အန္တရာယ်မှ ကာကွယ်နိုင်မည့်နည်းလမ်းများ🦟🩸မိမိအိမ် ပတ်ဝန်းကျင်ရှိ ရေဝပ်နိုင်သော နေရာများနှင့် ပစ္စည်းမျာ...
29/05/2024

🦟သွေးလွန်တုပ်ကွေး အန္တရာယ်မှ ကာကွယ်နိုင်မည့်နည်းလမ်းများ🦟

🩸မိမိအိမ် ပတ်ဝန်းကျင်ရှိ ရေဝပ်နိုင်သော နေရာများနှင့် ပစ္စည်းများကိုရှင်းလင်းပါ။

🩸ခြင်မကိုက်စေနိုင်သော cream များလိမ်းခြင်း၊ ခြင်ဆေး ထွန်းခြင်း တို့ပြုလုပ်ပါ။

🩸နေ့လည်၊ နေ့ခင်း အိပ်သည့်အခါ ခြင်ထောင်ဖြင့် အိပ်ပါ ။

🩸အင်္ကျီလက်ရှည်၊ဘောင်းဘီရှည် ဝတ်ဆင်ပါ ။

🩸ခြင်လုံဇကာများ တပ်ဆင်ထားပါ။

🩸ကျွမ်းကျင်ဆရာဝန်များ နှင့် ကမ္ဘာ့ကျန်းမားရေး အဖွဲ့အစည်း (WHO ) တို့မှ ညွှန်ကြားသော သွေးလွန်တုပ်ကွေး ဆိုင်ရာ သတင်းအချက်အလက်များကို ဖတ်ရှု လေ့လာပါ ။

ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ် တင်ဆက် ပေးသွားမှာဖြစ်လို့ 🔔 'Good & Joy' page လေးကို like & follow ပြုလုပ်ပေးဖို့ မမေ့နဲ့ဦးနော်😃





&JOY

🌟 Welcome to GOOD & JOY - Your Trusted Partner in Medical Tourism! 🌟သင့်ကျန်းမာရေးအတွက် အရည်အသွေးမြင့်ပြီး စျေးနှုန်းသင့...
25/05/2024

🌟 Welcome to GOOD & JOY - Your Trusted Partner in Medical Tourism! 🌟

သင့်ကျန်းမာရေးအတွက် အရည်အသွေးမြင့်ပြီး စျေးနှုန်းသင့်တင့်သောကုသမှုကို လိုအပ်ပါသလား?
ကျွန်တော်တို့ ‘GOOD & JOY’ တွင် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ အဆင့်မြင့်ဆေးရုံများမှ ကျွမ်းကျင်ဆရာဝန်များနှင့် ချိတ်ဆက်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရန် ဆောင်ရွက်ပေးနေပါပြီ။

✨ GOOD & JOY ကို ဘာကြောင့် ရွေးချယ်သင့်ပါသလဲ? ✨
✅ အဆင့်မြင့်နည်းပညာများဖြင့်ဆေးကုသမှုခံယူလိုသူများ။
✅ စျေးနှုန်းသင့်တင့်သောကျန်းမာရေးဝန်ဆောင်မှုရယူလိုသူများ။
✅ ဘေးကင်းလုံခြုံပီးအရည်အသွေး‌ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခြင်း။
✅ လူနာ၏ ရောဂါအခြေအနေပေါ် မူတည်၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့်တိကျမှန်ကန်စွာ ချိတ်ဆက်ပေးခြင်း။

ယနေ့ပဲ လူကြီးမင်းတို့ ကျန်းမာရေးအတွက် ပထမဆုံးခြေလှမ်းကို ကျွန်တော်တို့ 'GOOD & JOY' နှင့်အတူ လျှောက်လှမ်းလိုက်ပါ။ ကျွန်တော်တို့မှ ကျန်းမာရေးခရီးစဉ်တလျှောက် စိတ်‌အေးချမ်းသာစွာ ကုသနိုင်ရန် ကူညီ‌ဆောင်ရွက်‌ပေးပါမည်။





&JOY

Address

North Dagon
Dagon

Telephone

+9595021759

Website

Alerts

Be the first to know and let us send you an email when GOOD & JOY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GOOD & JOY:

Share