Yaung Chi Oo pharmacy

Yaung Chi Oo pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaung Chi Oo pharmacy, Medical and health, Dawei.

ရာသီဥတု အကူအပြောင်းကာလတွေမှာဆိုရင် ဖျားတတ်ကြပါတယ်🤒 ဒါကြောင့်မို့ နေမကောင်းချင်သလို ဖြစ်နေပြီဆိုတာနဲ့ စိတ်ချယုံကြည်ရပြီး ...
06/05/2022

ရာသီဥတု အကူအပြောင်းကာလတွေမှာဆိုရင် ဖျားတတ်ကြပါတယ်🤒 ဒါကြောင့်မို့ နေမကောင်းချင်သလို ဖြစ်နေပြီဆိုတာနဲ့ စိတ်ချယုံကြည်ရပြီး ၁၀၀ % ထိရောက်တဲ့ Biogesic ကို ချက်ချင်းသောက်လိုက်တာနဲ့ အချိန်တို မိနစ်ပိုင်းလေးအတွင်း ခံစားနေရတဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းသွားမှာပါနော်💙
အမြဲ ဂရုစိုက်!
Biogesic တိုက်!
#ဘိုင်အိုဂျက်ဆစ်နံပါတ်တစ် #ပါရာစီတမော

ရောင်ခြည်ဦးဆေးဆိုင်မှကြိုဆိုပါတယ်ရှင့် 😘
05/03/2022

ရောင်ခြည်ဦးဆေးဆိုင်မှကြိုဆိုပါတယ်ရှင့် 😘

Crd # #G6PD ဆိုတာ ဘာလဲ ???အရပ်ထဲမှာ ပြောပြောနေကြတယ် 👶ကလေးက G6PD ဓါတ်နည်းတယ်တဲ့...  ကဲ အဲတော့ G6PD ဆိုတာ ဘာလဲ ဆိုတာလေး ပြ...
22/12/2021

Crd # #
G6PD ဆိုတာ ဘာလဲ ???

အရပ်ထဲမှာ ပြောပြောနေကြတယ် 👶ကလေးက G6PD ဓါတ်နည်းတယ်တဲ့...
ကဲ အဲတော့ G6PD ဆိုတာ ဘာလဲ ဆိုတာလေး ပြောပြချင်ပါတယ်

✅G6PD ဓါတ် နည်းတယ် ဆိုတာ သွေးရောဂါ တမျိုးပါ
- လူ့ခန္ဓာကိုယ်မှာ တကိုယ်လုံးကို ပတ်ပြီး ထောက်ပံ့နေတဲ့ သွေးကြောထဲမှာ သွေးရည်ကြည်... သွေးနီဥ... သွေးဖြူဥ...နဲ့ သွေးမွှားဆိုပြီး ရှိပါတယ်
- အဲထဲက G6PD ဆိုတာ သွေးနီဥ ရဲ့ မျက်နှာပြင်မှာ ဖြစ်တဲ့ ရောဂါ ဖြစ်ပါတယ်

✅G6PD က မျိုးရိုးလိုက် တတ်ပါသလား ???
- လိုက်တတ်ပါတယ်
- ယောက်ျားလေးတွေမှာ ပိုတွေ့ရပြီး... မိန်းခလေးတွေမှာ တော်တော်လေး အတွေ့နည်းပါတယ် ( မိန်းခလေးတွေမှာ ရောဂါဗီဇ ပါရင်လည်း ရောဂါလက္ခဏာမပြဘဲ ရောဂါဗီဇ ပဲ သယ်ဆောင်တတ်ပါတယ် )
- အဲတော့ ယောကျ်ားတယောက်မှာဖြစ်ရင် သူ့သားတွေက ရောဂါမရရှိဘဲ သမီးတွေမှာ ​ရောဂါဗီဇရှိမှာပါ... အဲသမီးတွေကနေတဆင့် သူ့သားတွေမှာ ဖြစ်တတ်တာပါ ( အဲတော့ သူက ယောကျ်ားလေးတယောက်မှာ ဖြစ်ရင် သူ့မျိုးရိုး တစ်ဆက်ကျော်မှာမှ ရောဂါရှိနိုင်ပါတယ် )

✅G6PD ဓါတ် နည်းတဲ့ ရောဂါ လက္ခဏာတွေက ဘာလဲ ???
- ပုံမှန်အချိန်ဆို ဘာလက္ခဏာမှ မပြပါဘူး
- သူ့ကို လှုံဆော်ပေးတဲ့ တခုခုကို ရှူမိ ထိမိ စားမိ တယ်ဆိုရင်တော့ ဖြစ်တတ်ပါတယ်
- မွေးကင်းစဆို အသားဝါ တတ်ပါတယ်
- ကလေးကြီး အရွယ်မှာတော့ ကလေးက ရုတ်တရက် ဖြူသွား ဖျော့သွားမယ်... ကိုကာကိုလာရောင်လို ဆီးနီနီတွေ သွားမယ် ( အဲတာဆိုရင်တော့ ဆေးရုံသာ ပြေးပေတော့ )

✅ဘာတွေ ရှူ ထိ စား မိရင် ဖြစ်မလဲ
- ပရုတ်လုံး ( ထိလို့ မရပါ )
- တောင်ကြီး ပဲကြား ( လုံးဝ စားမရပါ)
- ပိုးသတ်ဆေး တချို့ ( septrin , cifran သကဲ့သို့ ဆေးမျိုး)
- အကိုက်အခဲ ပျောက်ဆေး တချို့ (aspirin လိုဆေးမျိုး)
- ငှက်ဖျားဆေး ( ကလိုရိုကွင်း )
(ရှောင်ရမဲ့ ဆေးတွေကို ပုံမှာ ပြထားတယ်)

အဲတော့ 👩 အမေတွေက ဘာလုပ်ရမလဲ???
- ကိုယ့်ကလေး G6PD ဓါတ်နည်းတာ မသိသေးဘူးဆိုရင်တော့ အပေါ်က ပြောတဲ့ လက္ခဏာတွေ ရှိရင် ဆေးရုံ 🏥ဆေးခန်းကိုပြပါ
- ကိုယ့်ကလေးမှာ G6PD ဆိုတာ ရှိတာ သိပြီဆိုရင်တော့... အမြဲတမ်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တွေ့တိုင်း သတိပေးရပါမယ်

⚠️အကောင်းဆုံးကတော့ ကလေး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာအုပ်ရဲ့ ထိပ်ဆုံး စာမျက်နှာ မှင်နီ နဲ့ G6PD လို့ ရေးထားတာ အကောင်းဆုံးပါပဲ ✅

⚠️သတိထားရမဲ့ လက္ခဏာတွေကတော့
- ရုတ်တရက် ဖြူဖျော့သွားတာ
- ​ဆီးနီနီ တွေသွားတာ တို့ပဲ ဖြစ်ပါတယ်

⚠️မေမေတို့က မလိုအပ်ဘဲ ဆေးမတိုက်တာ အ​ကောင်းဆုံးပါ ( ဖျားနာကိုက်ခဲရင် တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ အကြံကို ရယူပါ )

ကဲ မေမေတို့လဲ သတိထားနိုင်အောင် နဲ့ G6PD အကြောင်း ဗဟုသုတလေး ရအောင် ဖော်ပြပေးလိုက်ပါတယ်

❤️ကလေးတိုင်း ကျန်းမာ လန်းဖြာကြပါစေ ❤️
💓ချစ်ခြင်းမေတ္တာတွေ ရရှိကြပါစေ 💓

Crd #👴👩မေမေတို့ကို ဒီနေ့ ပြောပြချင်တဲ့ အကြောင်းလေးကတော့ expired drugs ( သက်တမ်းလွန် ဆေးဝါး) တွေကို ဘယ်အချိန်ထိ သုံးလို့ရ...
21/12/2021

Crd #
👴👩မေမေတို့ကို ဒီနေ့ ပြောပြချင်တဲ့ အကြောင်းလေးကတော့ expired drugs ( သက်တမ်းလွန် ဆေးဝါး) တွေကို ဘယ်အချိန်ထိ သုံးလို့ရမလဲဆိုတာကို ဝေမျှချင်ပါတယ်

အရင်ဆုံးကတော့ ထားသိုနည်းပေါ့
-- တချို့ကာကွယ်ဆေးတွေ , အထူးဆေးတွေကလွဲရင် ပုံမှန်ဆေးတွေကတော့ နေရောင်ခြည် တိုက်ရိုက်မ​ကျရောက်တဲ့နေရာ , နေရိပ်ရ အေးမြသော နေရာမှာထားတာ အကောင်းဆုံးပါ

--နောက်ပြီး သက်တမ်းရှည်စေခြင်း တိုစေခြင်းဟာ ကိုယ်ရဲ့ ထိန်းသိမ်းမှုပေါ်မူတည်ပြီးတော့ ဥပမာ နေပူထဲမှာထားတယ်... စိုထိုင်းဆ များတဲ့နေရာမှာတယ်... မိုးစိုတယ် စတဲ့ အခြေနေတွေနဲ့ ကြုံလာရင်တော့ ဆေးရဲ့ အာနိသင်ဟာ အချိန်မတိုင်မီ ပြက်ပျယ်သွားနိုင်ပါတယ်

သက်တမ်းလွန်ရင် သုံးလို့မရတော့ဘူးလား ???
--မသုံးတာတော့ အကောင်းဆုံးပေါ့... သုံးလို့ရတဲ့အရာတွေလည်းရှိပါသေးတယ်

-- ကလေးတွေ အများစု သုံးတဲ့ ဝယ်ကတည်းက အရည် ( ဆေးရည်ပါပြီးသား ) ဆိုရင်တော့ သက်တမ်းလွန်ပြီး ၃လ အထိ သုံးလို့ရပါသေးတယ်......ပုံ-၁

--အဲ ဝယ်ပြီး ကိုယ့်ဘာသာ ဖျော်ရတဲ့ ဆေးရည်(အမှုန့်ကနေ အရည်ပြန်ဖျော်ရတဲ့ဆေး) ဆိုရင်တော့ ဖျော်ပြီး ၁၄ ရက်ကျော်ရင် မသုံးသင့်တော့ပါ ( မကုန်ရင် နှမြောလို့ဆိုပြီး မသိမ်းထားသင့်ပါ... တခါတည်း သွန်ပစ်ပြီး လွှတ်ပစ်ပါ)......ပုံ-၂

​--ဆေးအခဲလေးတွေဆိုရင်တော့ (ဘာမီတွန်ကဲ့သို့ ဆေးခဲ ) သက်တမ်းလွန်ပြီး ၆လ ကြာပြီးအထိ အာနိသင် ၈၀%လောက်ထိ ရှိနိုင်ပြီးတော့ ၂ နှစ်အတွင်းထိ သုံးလို့ရနိုင်ပါသေးတယ်... အဲထက်ကျော်ရင်တော့ ဖျက်ဆီး လွှင့်ပစ်ပေးပါ.....ပုံ-၃

-- ဆေးအတောင့်လေးတွေ( အမောက်စလင်တောင့်) ဆိုရင်တော့ သက်တမ်းလွန်တာနဲ့ မသုံးသင့်ပါ... သူ့အခွံမှာက အပေါက်တွေဖြစ်ပြီး ပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့အတွက် သုံးဖို့မသင့်ပါ.... ပုံ-၄

-- ထိုးဆေးများ သက်တမ်းကျော်တာနဲ့ လုံးဝ မသုံးရပါ

ကဲ ဒါဆိုရင်တော့ စုံသလောက် ဖြစ်ပါပြီ... အပေါ်က ပြောပြခဲ့တဲ့အရာတွေကို ပြန်ခြုံပြောရရင်
၁..သက်တမ်းလွန်ဆေး မသုံးတာတော့ အကောင်းဆုံးပါ
၂..အထူးညွှန်ကြားချက်မပါရင် ဆေးများကို အရိပ်ရနေရာမှာထားပါ... နေရောင်ခြည် တိုက်ရိုက်မကျရောက်ပါစေနှင့်
၃..မလိုအပ်ပဲ ဆေးများကို ဖဲ့သောက်ခြင်း ခြမ်းသောက်ခြင်း မလုပ်ပါနှင့် ( အာနိသင် လျော့စေနိုင်ပါတယ်)
၄..သက်တမ်းလွန်ပါက မနှမြောပါနှင့်
၅..သက်တမ်းလွန်ပါက ဖျက်ဆီး၍ လွှင့်ပစ်ပါ... ဒီအတိုင်း လွှင့်ပစ်ပါက.. ကောက်ရတဲ့ ကလေးများ ဆော့၍ဖြစ်စေ စား၍ဖြစ်စေ အန္တရာယ် ရှိနိုင်ပါသည်

❤️ကလေးတိုင်း ကျန်းမာ လန်းဖြာကြပါစေ ❤️
💓ချစ်ခြင်းမေတ္တာတွေ ရရှိကြပါစေ 💓

21/12/2021
50 ပါ mask ဘူးပါ 1100ဘူးမပါ 1000
21/12/2021

50 ပါ mask
ဘူးပါ 1100
ဘူးမပါ 1000

Address

Dawei

Telephone

+959683091778

Website

Alerts

Be the first to know and let us send you an email when Yaung Chi Oo pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share