Su Clinic & Pharmacy

Su Clinic & Pharmacy Vaccination & Pharmacy

🌧️ မိုးရာသီကျောင်းဖွင့်ချိန် သားသားမီးမီးတို့အတွက် မိဘတိုင်း မဖြစ်မနေ သတိထားရမယ့် (၄) ချက် 🎒ကျောင်းတွေလည်းဖွင့်၊ မိုးကလည...
27/05/2026

🌧️ မိုးရာသီကျောင်းဖွင့်ချိန် သားသားမီးမီးတို့အတွက် မိဘတိုင်း မဖြစ်မနေ သတိထားရမယ့် (၄) ချက် 🎒

ကျောင်းတွေလည်းဖွင့်၊ မိုးကလည်းရွာနဲ့ အခုလိုအချိန်မှာ ကလေးတွေ ရောဂါမကူးစက်ရအောင် မိဘတို့ အနီးကပ် သတိပြုပေးပါဦးနော်။

👕 အစိုဓာတ် သတိပြုပါ: မိုးမိပြီး စိုထိုင်းတဲ့အဝတ်အစားတွေကြောင့် နှာစေး၊ ချောင်းဆိုးနဲ့ ရင်ကျပ် (Bronchitis) ဖြစ်လွယ်ပါတယ်။ (ကျောင်းလွယ်အိတ်ထဲ အင်္ကျီအပို ထည့်ပေးပါ)

🍱 မုန့်ဈေးတန်း သတိထားပါ: ယင်ကောင်နဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကြောင့် ဝမ်းပျက်ဝမ်းလျှော (Diarrhea) ဖြစ်တတ်ပါတယ်။ (အိမ်ကပဲ မုန့်ဘူး၊ ရေဘူး ထည့်ပေးပါ)

🦠 အချင်းချင်း ကူးစက်တတ်တဲ့ တုပ်ကွေး: ကျောင်းခန်းထဲမှာ တစ်ယောက်ဖြစ်ရင် အလွယ်တကူ ကူးစက်နိုင်လို့ ကိုယ်ပူဖျားနာတာနဲ့ မပေါ့ဆပါနဲ့။ (အထိရောက်ဆုံး ကာကွယ်ဖို့ Flu Vaccine တိုက်တွန်းပါတယ်)

🦟 ခြင်အန္တရာယ် ရှောင်ပါ: မိုးရာသီမှာ သွေးလွန်တုပ်ကွေး (Dengue) အရမ်းများလို့ ကျောင်းမသွားခင် ခြင်နိုင်ဆေး လူးပေးပါ။

🩺 "မဖြစ်ခင်က ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ"

📍 Su Clinic (ထားဝယ်)
🕗 Opening Hours: 8:00 AM – 11:00 AM | 4:00 PM – 6:00 PM
📞 Phone: 09 5650096

🌧️ မိုးရာသီရောက်လာပြီဆိုရင် ကလေးများအတွက် သတိထားရမယ့် ရောဂါများ 👶💙Su Clinic မှ Knowledge Share လေးပါနော် 🏥မိုးရာသီမှာ ရာ...
23/05/2026

🌧️ မိုးရာသီရောက်လာပြီဆိုရင် ကလေးများအတွက် သတိထားရမယ့် ရောဂါများ 👶💙
Su Clinic မှ Knowledge Share လေးပါနော် 🏥

မိုးရာသီမှာ ရာသီဥတုအပြောင်းအလဲကြောင့် ကလေးတွေမှာ ရောဂါတွေ လွယ်လွယ်ကူကူဖြစ်နိုင်ပါတယ်။

📌 အများဆုံးတွေ့ရတဲ့ ရောဂါများ
🦠 Flu (တုပ်ကွေး)
🤧 Common Cold (အအေးမိခြင်း)
🤒 Viral Fever (ဗိုင်းရပ်စ်ဖျားနာခြင်း)
🤢 Diarrhea / အစာအိမ်ရောဂါ
🦟 Dengue Fever (ခြင်ကိုက်ဖျား)
😷 Bronchitis / ချောင်းဆိုးရင်ကျပ်

👶 ကလေးများမှာ သတိထားရန် လက္ခဏာများ
✔️ ဖျားနာခြင်း
✔️ အစာမစားချင်ခြင်း
✔️ ချောင်းဆိုး / နှာရည်ယို
✔️ အားနည်းလွန်းခြင်း
✔️ အန်ခြင်း / ဝမ်းလျှောခြင်း

💡 ကာကွယ်နည်းများ
🧼 လက်ကို မကြာခဏဆေးပါ
💉 Vaccine များ အချိန်မီထိုးပါ (Flu Vaccine / Others)
🦟 ခြင်ကိုက်မခံရအောင် သတိထားပါ
🥗 အာဟာရပြည့်ဝအောင် ကျွေးပါ
💧 သန့်ရှင်းတဲ့ရေသောက်ပါ

💙 မိမိကလေးများကို မိုးရာသီရောဂါများမှ ကြိုတင်ကာကွယ်ထားဖို့ Su Clinic မှ သတိပေးလိုက်ပါတယ်နော် 🏥

📍 Su Clinic (ထားဝယ်)
🕗 8:00 AM – 11:00 AM | 4:00 PM – 6:00 PM
📞 09 5650096

🌧️မိုးလေးဖွဲဖွဲ စ ရွာလာပြီဆိုတော့Flu Vaccine 💉 ထိုးဖို့ မမေ့နဲ့နော် 🩵မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။မဖြစ်ခင်...
07/05/2026

🌧️မိုးလေးဖွဲဖွဲ စ ရွာလာပြီဆိုတော့
Flu Vaccine 💉 ထိုးဖို့ မမေ့နဲ့နော် 🩵
မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့
💉 Flu Vaccine ထိုးထားဖို့ အချိန်ကောင်းပါနော်🥰

📌 အထူးထိုးသင့်သူများ
👶 ၆ လအထက်ကလေးများ
👵 ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
🤰 ကိုယ်ဝန်ဆောင်မိခင်များ
🏥 နာတာရှည်ရောဂါရှိသူများ
👩‍⚕️ ကျန်းမာရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် အလုပ်လုပ်သူများ

🦠 Flu ဖြစ်ပါက တွေ့နိုင်သောလက္ခဏာများ
✔️ ဖျားနာခြင်း
✔️ ချောင်းဆိုးခြင်း
✔️ ခေါင်းကိုက်ခြင်း
✔️ ကိုယ်လက်မောပန်းခြင်း

မိုးမရွာခင်ကာကွယ်ထားဖို့
Flu Vaccine လာထိုးဖို့ Reminder လေးပါနော် 💙💉

🏥 Su Clinic (ထားဝယ်)
🕗 8:00 AM – 11:00 AM | 4:00 PM – 6:00 PM
📍 အမှတ် (၈၆)၊ ရေးလမ်းအနောက်ရပ်၊ ထားဝယ်
📞 09 5650096

🏫 ကျောင်းများ / Company / Organization များအတွက် သီးသန့် Service ရရှိနိုင်ပါသည်
📦 Flu Vaccine လက်လီ / လက္ကား ဝယ်ယူနိုင်ပါသည်
❄️ Cold Chain စနစ်ဖြင့် စိတ်ချရသော Vaccine များသာ အသုံးပြုပါသည်




မြန်မာနှစ်သစ်ကူးအခါသမယမှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးမိသားစုများနှင့်အတူ ပျော်ရွှင်ဖွယ်အချိန်များကို ပိုင်ဆိုင်နိုင်ကြ...
17/04/2026

မြန်မာနှစ်သစ်ကူးအခါသမယမှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးမိသားစုများနှင့်အတူ ပျော်ရွှင်ဖွယ်အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

အောင်မြင်ခြင်း၊စည်းစိမ်ချမ်းသာခြင်းနှင့် ကံကောင်းခြင်းများ တစ်နှစ်ပတ်လုံး လိုရာဆန္ဒပြည့်ဝကြပါစေ။🙏

Happy Myanmar New Year Happy Thingyan Festival❤️

Su Clinic Family🥰

🔴 သွေးလွန်တုပ်ကွေး ကာကွယ်ဆေး (QDENGA) 🔴💉 ဆေးအမည် – QDENGA💉 ထိုးရမည့်အကြိမ် – ၂ ကြိမ် • ပထမအကြိမ် – စတင်ထိုးခြင်း • ဒုတိယ...
04/04/2026

🔴 သွေးလွန်တုပ်ကွေး ကာကွယ်ဆေး (QDENGA) 🔴

💉 ဆေးအမည် – QDENGA
💉 ထိုးရမည့်အကြိမ် – ၂ ကြိမ်
• ပထမအကြိမ် – စတင်ထိုးခြင်း
• ဒုတိယအကြိမ် – ၃ လအကြာ

⏳ ကာကွယ်နိုင်ချိန် – ၄ နှစ်ခွဲခန့် (စာတမ်းအရ)

🪴 မိသားစုအတွက် အရေးကြီးတဲ့ ကာကွယ်ဆေးတစ်ခု

🦟 သွေးလွန်တုပ်ကွေးဆိုတာဘာလဲ?

သွေးလွန်တုပ်ကွေးသည် ခြင်ကိုက်ခြင်းမှတဆင့် ကူးစက်ပြီး
တစ်နှစ်လုံး ဖြစ်ပွားနိုင်သော အန္တရာယ်ရှိသော ရောဂါဖြစ်ပါတယ်။

📊 နှစ်စဉ်
• လူပေါင်း ၄ သိန်းကျော် ကူးစက်ခံရ
• ၄ သောင်းခန့် သေဆုံးနေကြပါတယ်

🧒👵 အသက်မရွေး ဖြစ်နိုင်ပြီး
ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် ပိုမိုအန္တရာယ်ရှိပါတယ်

🦠 Dengue Virus အမျိုးအစား ၄ မျိုးရှိပြီး
တစ်ယောက်လျှင် ဘဝတစ်လျှောက် ၄ ကြိမ်အထိ ဖြစ်နိုင်ပါတယ်
➡️ ဒုတိယအကြိမ်ဖြစ်တဲ့အခါ ပိုမိုပြင်းထန်နိုင်ပါတယ်

📌 QDENGA ကာကွယ်ဆေး၏ အားသာချက်များ

✔️ မဖြစ်ဖူးသူ / ဖြစ်ဖူးသူ မရွေး ထိုးနိုင်
✔️ အသက် ၄ နှစ်မှ ၆၀ အတွင်း အထူးသင့်တော်
✔️ ကူးစက်နိုင်ချေကို ~၈၀% လျော့ချပေးနိုင်
✔️ ဆေးရုံတက်နှုန်းကို ~၉၀% လျော့ချပေးနိုင်

⚠️ သတိပြုရန်

QDENGA သည် live attenuated vaccine ဖြစ်သောကြောင့်
➡️ အခြားကာကွယ်ဆေးများနှင့် အနည်းဆုံး ၄ ပတ် ခြား၍ ထိုးရန်လိုအပ်သည်

❌ အောက်ပါသူများ မထိုးသင့်ပါ
• ကိုယ်ဝန်ဆောင် / နို့တိုက်မိခင်
• ကိုယ်ခံအားကျဆင်းသူ
• ကင်ဆာရောဂါရှိသူ
• Steroid ဆေးအသုံးပြုနေသူများ

💉 ဘေးထွက်လက္ခဏာများ (မကြာခဏ)

✔️ ထိုးရာနေရာ နာခြင်း / နီခြင်း
✔️ အနည်းငယ်ဖျားခြင်း
✔️ ကိုယ်လက်ကိုက်ခဲခြင်း

➡️ များသောအားဖြင့် မပြင်းထန်ပါ

🩺 ထိုးမီ ဆရာဝန်နှင့် တိုင်ပင်ပါ

မိမိနှင့် မိသားစုအတွက် သင့်တော်မှုကို
ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်ပါသည်

💚 Dengue ကာကွယ်ရေးအတွက် QDENGA သည်
တန်ဖိုးရှိသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်

🦟 အခြားကာကွယ်နည်းများ

✔️ ဖုံး – ရေသိုလှောင်ပစ္စည်းများကို အဖုံးပိတ်ထားပါ
✔️ သွန် – မလိုအပ်သောရေများကို ဖယ်ရှားပါ
✔️ လဲ – ရေကို ပုံမှန်လဲလှယ်ပါ
✔️ စစ် – သုံးမည့်ရေကို စစ်ပြီးအသုံးပြုပါ

📍 Su Clinic – ထားဝယ်
🕗 8:00AM–11:00AM | 4:00PM–6:00PM
📞 09 250 613 254

💊 ဝန်ဆောင်မှုများ
➡️ အိမ်အရောက် ဆေးကုသမှု
➡️ Cold Chain ဆေးများ
➡️ ကျောင်း / အဖွဲ့အစည်းဝန်ဆောင်မှု
➡️ လက်လီ / လက္ကား ဝယ်ယူနိုင်

📦 Preorder တင်နိုင်ပါပြီ

#ထားဝယ် 💚

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့💉စာရင်းပေးသွင်းလို့ရပါပြီ။မိုးရာသီရောက်လာရင် ရာသီတုပ်ကွေး က အလွယ်တကူကူးစက်နိုင်ပါတယ်။မဖြစ်ခ...
15/03/2026

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့💉
စာရင်းပေးသွင်းလို့ရပါပြီ။

မိုးရာသီရောက်လာရင် ရာသီတုပ်ကွေး က အလွယ်တကူကူးစက်နိုင်ပါတယ်။
မဖြစ်ခင်ကာကွယ်ဖို့ နှစ်စဉ် ကာကွယ်ဆေးထိုးထားခြင်းက အရေးကြီးပါတယ်။

⚠️ အထူးထိုးသင့်သူများ

👶 ၆ လအထက်ကလေးများ
👶 ၆ လ – ၅ နှစ်အရွယ်ကလေးများ
👵 ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
🤰 ကိုယ်ဝန်ဆောင်မိခင်များ
🏥 နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ)
👩‍⚕️ ကျန်းမာရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် အလုပ်လုပ်သူများ

🦠 တုပ်ကွေးဖြစ်ပါက တွေ့နိုင်သောလက္ခဏာများ

✔️ ဖျားနာခြင်း
✔️ ချောင်းဆိုးခြင်း
✔️ ခေါင်းကိုက်ခြင်း
✔️ မောပန်းလွယ်ခြင်း

💉 ကာကွယ်ဆေးအကြောင်း

✅ မိုးရာသီတုပ်ကွေး (၄) မျိုးစပ် vaccine
✅ WHO / CDC / FDA အသိအမှတ်ပြု
✅ မိုးရာသီမတိုင်မီ ထိုးထားရန် အကြံပြု
✅ တုပ်ကွေးဖြစ်နိုင်ခြေကို လျှော့ချပြီး ပြင်းထန်မှုကို ကာကွယ်နိုင်

📌 ထိုးနှံရန်အကြံပြုချက်

🔹 ၉ နှစ်အောက်ကလေးများ
• ယခင်ထိုးခဲ့ဖူးပါက → (၁) လုံးသာ
• မထိုးဖူးပါက → (၁) လုံးထိုးပြီး ၁ လအကြာ (၁) လုံးထပ်

🔹 ၉ နှစ်အထက် → (၁) လုံးသာထိုးရန်လိုအပ်

🏥 Su Clinic (ထားဝယ်)
🕗 ဆေးခန်းချိန် – 8:00 AM – 11:00 AM | 4:00 PM – 6:00 PM
📍 အမှတ် (၈၆)၊ ရေးလမ်းအနောက်ရပ်၊ ထားဝယ်
📞 09250613254

🚗 Home Service ရရှိနိုင်ပါသည်
💉 Company Direct Vaccine – Cold Chain စနစ်ဖြင့် စိတ်ချရ
🏫 ကိုယ်ပိုင်ကျောင်း / အဖွဲ့အစည်းများအတွက် သီးသန့် Service ရှိပါသည်
📦 ကာကွယ်ဆေး လက်လီ / လက္ကား ဝယ်ယူနိုင်ပါသည်



ရေကျောက် အန္တာရာယ်သတိပြုကြပါ။☝️ရေကျောက်ဆိုတာVaricella-Zoster ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် ကူးစက်မြန်တဲ့ရောဂါတစ်ခုပါ။အထူးသ...
28/11/2025

ရေကျောက် အန္တာရာယ်သတိပြုကြပါ။☝️

ရေကျောက်ဆိုတာ
Varicella-Zoster ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် ကူးစက်မြန်တဲ့ရောဂါတစ်ခုပါ။
အထူးသဖြင့် ကလေးတွေကြားမှာ အလွန်မြန်မြန် ကူးလွယ်ပါတယ်။
အရင်ရေကျောက်မပေါက်ဖူးသူများ၊ ကာကွယ်ဆေးမထိုးရသေးသူများမှာလည်း ကူးနိုင်ပါတယ်။နာဖေး/ညိုအကွက် ၅ ရက်လောက်နဲ့ ပြန်ယိုးပြီးပျောက်တတ်ပါတယ်။

အန္တရာယ်ရှိမယ့် အခြေအနေများ

ကလေးတချို့မှာ
• အဆုတ်ရောင်
• ဦးနှောက်/အာရုံကြောရောင်
• နှလုံး၊ အသည်း၊ ကျောက်ကပ်ရောင်
လို နောက်ဆက်တွဲ ပြဿနာတွေ တက်နိုင်ပါတယ်။
ဒီလိုအခြေအနေတွေ ဖြစ်တတ်လို့ သတိထားပါ။

ရေကျောက် ဖြစ်ပွားပါက ပြုလုပ်သင့်တာများ
✔ ဆေးခန်းထဲမှာ တိုင်ပင်ကုသပါ
✔ ဖျားပါက Paracetamol
✔ Burmeton / Cetrine စတဲ့ ယားလျော့ဆေး တိုက်လို့ရ
✔ ကုတ်ဖဲ့ရန် မပြုစေပါ
✔ ရေချိုးပေးပါ (သန့်ရှင်းရေးအရေးကြီးပါတယ်)
✔ အဝတ်ပါးပါး၊ လေဝင်လေထွက်ကောင်းအောင်
✔ အရည်များများသောက်ပါ
✘ အဖုတွေမချပ်မကျသေးသရွေ့ ကျောင်းမသွားစေပါနှင့်

ကိုယ်ဝန်ဆောင်မိခင်များ —
ရေကျောက်ထိရန် အန္တရာယ်ရှိတဲ့အတွက် ရေကျောက်ဖြစ်နေသူကလေးငယ်တွေနဲ့ အနီးကပ်မရှိပါနဲ့။

ကာကွယ်နိုင်မယ့် နည်းလမ်း

ရေကျောက်ကာကွယ်ဆေး (Varicella Vaccine) ရှိပါတယ်။
အသက် ၁ နှစ်မှစပြီး စုစုပေါင်း ၂ ကြိမ် ထိုးပေးရပါတယ်။
crd to original writer

Su Clinic – Su ဆေးခန်း
📍 No.(86), ရေးလမ်းအနောက်ရပ်, ထားဝယ်
🕗 8:00AM–11:00AM | 4:00PM–6:00PM
📞 09 250 613 254

ဝန်ဆောင်မှုများ –
• အိမ်အရောက်ကုသမှု
• Cold Chain ဆေးများ
• လက်လီ/လက္ကားဝယ်ယူနိုင်သည်

#ထားဝယ်

Su Vaccine Clinic ဖွင့်တာ၂၆နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ခွေးရူးကာကွယ်ဆေး လာထိုးတဲ့ Patients (၁၉)ယောက်ကိုတယောက် -၂၀,၀၀၀ ကျပ...
02/08/2025

Su Vaccine Clinic ဖွင့်တာ
၂၆နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့
ခွေးရူးကာကွယ်ဆေး လာထိုးတဲ့ Patients (၁၉)ယောက်ကို
တယောက် -၂၀,၀၀၀ ကျပ်ဆီ လှူဒါန်းခဲ့ပါတယ်ရှင့်🙏


သွေးလွန်တုပ်ကွေးဖြစ်နေချိန် ဆောင်ရန် ရှောင်ရန်များ။သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ အဖျားအရမ်းကြီးလို့ဖြစ်စေ ကိုက်ခဲလို့ဖြ...
09/06/2025

သွေးလွန်တုပ်ကွေးဖြစ်နေချိန် ဆောင်ရန် ရှောင်ရန်များ။

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ အဖျားအရမ်းကြီးလို့ဖြစ်စေ ကိုက်ခဲလို့ဖြစ်စေ အကိုက်အခဲပျောက်ဆေးထိုးတာ သောက်တာတွေက platelets count(သွေးတိတ်စေတဲ့ဓာတ်) ကို ပိုကျဆင်းစေပြီး သွေးထွက်ခြင်းကို အားပေးတဲ့အတွက် shock ရလွယ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ပူအရမ်းကြီးရင် ပါရာစီတမောကိုပဲ body weight နဲ့ ချိန်ပြီး ၄ နာရီခြားတစ်ခါတိုက်ပေးတာ..ရေပတ်နိုင်နိုင်တိုက်ပေးတာမျိုးပဲ လုပ်ပေးရမှာဖြစ်ပြီး တခြားသော အကိုက်အခဲပျောက်ဆေးတွေကိုရှောင်ရပါမယ်။

ရေ နဲ့ ဓာတ်ဆားကို ဂရုတစိုက် သေချာဝင်အောင်တိုက်ပေးတာကလဲ shock မရအောင် ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းက သွေးထွက်တဲ့ လက္ခဏာ နဲ့ မမှားရအောင် အညိုရောင် အစားအသောက်တွေကိုရှောင်ပေးရမယ်။

အထူးသဖြင့် ကလေးတွေမှာဆို အဖျားကြီးပြီး မှိန်းတာ အစာမဝင်တော့တာ အန်တာ ဗိုက်အောင့်တာနဲ့ ခြေဖျားလက်ဖျားအေးစက်လာတာတွေဟာ အရေးပေါ်ဆေးရုံပို့ရမဲ့သွေးလွန်တုပ်ကွေးရဲ့ warning signs တွေဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေး virus က အမျိုးအစား ၄ မျိုးရှိပါတယ်
Virus တစ်မျိုးတစ်ခါကူးစက်ခံရပြီးရင်လည်း နောက် ၃ မျိုး ကထပ်မံကူးစက်နိုင်ပါသေးတယ်။

တစ်ခါဖြစ်ပြီး နောက်တစ်ခါဖြစ်ရင် ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်နိုင်ချေပိုများလာပါတယ်။

သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့အတွက်ဆို အဓိက က ခြင်ကိုက်မခံရဖို့ပါပဲ။

ခြင်မပေါက်နိုင်အောင် ခြင်မရှိအောင် နှိမ်နှင်းမယ်..လုံခြုံတဲ့ အဝတ်အစားဝတ်တာ ..ခြင်ဆေးဖျန်းတာ..ခြင်မကိုက်တဲ့ လူးဆေးလူးတာ စသဖြင့် အဆင်ပြေသလို ကာကွယ်နိုင်ပြီး ၂၀၂၂ ခုနှစ်ကထွက်ရှိထားတဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေး QDENGA အမျိုးအစားထိုးထားခြင်းဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းကိုရော ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကိုပါ 75% လောက်လျော့ချပေးနိုင်ပါတယ်ရှင်။ Crd to Original post

📍 Su Clinic – No. (86), ရေးလမ်းအနောက်ရပ်၊ ထားဝယ်
🕗 ဖွင့်ချိန် – 8:00AM–11:00AM | 4:00PM–6:00PM
📞 09 250 613 254

ဝန်ဆောင်မှုများ –
➡️ အိမ်အရောက် ဆေးကုသမှု
➡️ Cold Chain ဆေးများ
➡️ ကျောင်း/အဖွဲ့အစည်းဝန်ဆောင်မှု
➡️ လက်လီ၊ လက္ကားဝယ်ယူနိုင်သည်


#ထားဝယ်

🔴 သွေးလွန်တုပ်ကွေးကာကွယ်ဆေး (QDENGA) 🔴ဆေးအမည် - QDENGAထိုးရမည့်အကြိမ်အရေအတွက် - ၂ ကြိမ်-ပထမအကြိမ် – စတင်ထိုးခြင်း-ဒုတိယအ...
15/05/2025

🔴 သွေးလွန်တုပ်ကွေးကာကွယ်ဆေး (QDENGA) 🔴

ဆေးအမည် - QDENGA
ထိုးရမည့်အကြိမ်အရေအတွက် - ၂ ကြိမ်

-ပထမအကြိမ် – စတင်ထိုးခြင်း

-ဒုတိယအကြိမ် – ၃ လအကြာ

-ကာကွယ်နိုင်စွမ်းအချိန် – ၄ နှစ်ခွဲခန့် (စာတမ်းအရ)

🪴 မိမိရင်သွေးငယ်များအတွက် မဖြစ်မနေ ထိုးသင့်တဲ့ ကာကွယ်ဆေးတစ်ခု 🪴

သွေးလွန်တုပ်ကွေး ကာကွယ်နိုင်လား?

🩸 သွေးလွန်တုပ်ကွေးသည် ခြင်ကိုက်ခြင်းမှတဆင့် ကူးစက်နိုင်ပြီး တစ်နှစ်လုံးဖြစ်ပွားနိုင်သော ကြောက်စရာရောဂါတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း Outbreak များလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

📊 နှစ်စဉ် လူပေါင်း ၄ သိန်းကျော်က သွေးလွန်တုပ်ကွေးဖြင့် ကူးစက်ခံရပြီး လူ ၄ သောင်းခန့်သည် သေဆုံးနေကြပါတယ်။

🧒👵 အသက်မရွေး ဖြစ်နိုင်ပြီး အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးသူများအတွက် စောင့်ရှောက်ရမည့်အရေးကြီးရာဂါ ဖြစ်ပါတယ်။

🦠 ဗိုင်းရပ်စ်အမျိုးအစား ၄ မျိုးရှိပြီး လူတစ်ဦးသည် ဘဝတစ်လျှောက် ၄ ကြိမ်အထိ ဖြစ်နိုင်ပါသည်။ ပထမအကြိမ်မပြင်းထန်လဲ ဒုတိယအကြိမ်မှာ ဆိုးရွားနိုင်ပါတယ်။

📌 QDENGA ဆေး၏ အရေးပါမှု

-သွေးလွန်တုပ်ကွေးမဖြစ်ဖူးသူ/ဖြစ်ဖူးသူမရွေး ထိုးလို့ရသည်။

-အထူးသဖြင့် အရင်က ဆေးမရှိသေးချိန်အထိ သက်မတော်မူခဲ့တဲ့ အသက်အရွယ်အပိုင်းများ (၄ နှစ်မှ ၆၀) အတွက် ထူးခြားအကျိုးရှိသည်။

-သွေးလွန်တုပ်ကွေးဖြစ်နိုင်ချေကို ၈၀% ထိလျော့ချနိုင်သည်။

-ဆေးရုံတက်နှုန်းကို ၉၀% ထိ လျော့ပေးနိုင်သည်။

⚠️ သတိပြုရန်

QDENGA သည် live attenuated vaccine ဖြစ်သည့်အတွက် အခြားကာကွယ်ဆေးများနှင့် အနည်းဆုံး ၄ ပတ်အနားထား၍ ထိုးရပါမည်။

အောက်ပါအခြေအနေရှိသူများအတွက် ထိုးလို့မရနိုင်ပါ။

✔️ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ

✔️ကိုယ်ခံအားကျဆင်းသူများ

✔️ကင်ဆာရောဂါရှိသူများ

✔️Steroid ဆေးများ သုံးစွဲနေသူများ

💉 QDENGA ထိုးပြီးနောက် ဘေးထွက်သက်သာသက်သာအဖြစ်များ

✔️ထိုးသောနေရာနာခြင်း၊ နီခြင်း

✔️အနည်းငယ်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း

✔️များသောအားဖြင့် ပြင်းထန်မှုမရှိပါ။

🩺 ထိုးရန်ဆုံးဖြတ်မီ...

မိမိနှင့် မိသားစုအတွက် ထိုးသင့်သည်ဟုတ်/မဟုတ် ဆုံးဖြတ်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။ သွေးလွန်တုပ်ကွေးကြောင့် ရင်ဆိုင်ဖူးသူအတွက် QDENGA ကာကွယ်ဆေးသည် တန်ဖိုးမဖြတ်နိုင်လောက်အောင် အရေးကြီးပါသည်။

🦟 အခြားကာကွယ်နည်းများ

ဖုံး - ရေသိုလှောင်စက်များကိုအဖုံးတပ်ပါ။

သွန် - မလိုအပ်တဲ့ရေကို ချက်ချင်းသွားပါ။

လဲ - ပန်းအိုး၊ ရေကန်ရေကို ပုံမှန်လဲလှယ်ပါ။

စစ် - သုံးမည့်ရေကို စစ်ပြီးအသုံးပြုပါ။စီအာဒီ။

📍 Su Clinic – No. (86), ရေးလမ်းအနောက်ရပ်၊ ထားဝယ်
🕗 ဖွင့်ချိန် – 8:00AM–11:00AM | 4:00PM–6:00PM
📞 09 250 613 254

ဝန်ဆောင်မှုများ –
➡️ အိမ်အရောက် ဆေးကုသမှု
➡️ Cold Chain ဆေးများ
➡️ ကျောင်း/အဖွဲ့အစည်းဝန်ဆောင်မှု
➡️ လက်လီ၊ လက္ကားဝယ်ယူနိုင်သည်


#ထားဝယ်

Address

Dawei
Dawei

Telephone

+959448007740

Website

Alerts

Be the first to know and let us send you an email when Su Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share