19/01/2022
မိမိအိမ်မှာ အသုံးမလိုဘဲ ပိုနေတဲ့ Covid 19 Test Kit များရှိနေပါက
ကျနော်တို့ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ပေးလှူနိုင်ပါကြောင်း နိူးဆော်တိုက်တွန်းအပ်ပါသည်ခဗျား
ကျနော်တို့ ကုသိုလ်ဖြစ် ဆေးခန်းသည် Covid 19 ပြင်းထန်ခဲ့သည့်လပိုင်းများတွင်
ထားဝယ်မြို့နေ မိဘပြည်သူ ထောင်ပေါင်းများစွာအား အခမဲ့စစ်ဆေးပေးခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်
ဖြစ်လာနိုင်သည့် အခြေအနေ တစ်ခုအတွက် ကြိုတင်ပြီး စုဆောင်းထားခြင်းသည်သာ ဖြစ်သည့်အတွက်
ပိုနေသည်များကိုသာ လာရောက်လှူဒါန်းနိုင်ပါတယ်ခဗျား
Test kit မဟုတ်ဘဲ အလှူငွေထည့်ဝင်မည်ဆိုပါက လည်း လက်ခံသွားပါမည်ခဗျား။
လာရောက်လှူဒါန်းလိုပါက
ဝဲကျွန်း ရေသိမ်လမ်း Golden Crow ဖူဆယ်ကွင်းအနီးရှိ
ကုသိုလ်ဖြစ် ဆေးခန်း အရေးပေါ်လူနာတင်ယာဥ် ဌာနနှင့် ယာယီရုံးခန်းတွင် လာရောက်ပေးလှူနိုင်ပါတယ်ခဗျား
09260689612