Nourish & Life with SunnyHtinn

Nourish & Life with SunnyHtinn Sharing about Nutrition, Baby Care & Motherhood ☀️
Nourish & Life with SunnyHtinn 🤍

Permanently closed.
🤱 နို့တိုက်မိခင်တစ်ယောက်ရဲ့ "🔋 Energy ကျတဲ့နေ့" တွေကို ဘယ်လိုကျော်ဖြတ်မလဲ?​Hello မေမေတို့ရေ၊ 😊နို့တိုက်မိခင်တစ်ယောက်အနေန...
27/05/2026

🤱 နို့တိုက်မိခင်တစ်ယောက်ရဲ့ "🔋 Energy ကျတဲ့နေ့" တွေကို ဘယ်လိုကျော်ဖြတ်မလဲ?

​Hello မေမေတို့ရေ၊ 😊
နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ကလေးပြုစုရ၊ နို့တိုက်ရတာတွေကြောင့် တစ်ခါတလေ လူရောစိတ်ပါ အင်အားကုန်ခမ်းပြီး energy ကျသွားတာဟာ သဘာဝပါပဲ။ ကျွန်မလည်း ဒီလိုနေ့မျိုးတွေ ကြုံရတတ်ပါတယ်။
​အဲဒီလိုနေ့တွေမှာ ကျွန်မရဲ့ အင်အားတွေကို ပြန်ဖြည့်ဖို့အတွက် အဓိကလုပ်ဖြစ်တဲ့ အရာ ၃ ခု ရှိပါတယ်။

​၁။ 🥗 Nutrition (အာဟာရ) ကို ပိုဂရုစိုက်တယ်
ရေဓာတ်မပြတ်ဖို့ ရေများများသောက်သလို၊ အင်အားချက်ချင်းဖြစ်စေမယ့် အစာပြေစာတွေ (ဥပမာ- သစ်သီး၊ ကြက်ဥပြုတ်) ကို ဆောင်ထားပြီး စားပေးပါတယ်။ နို့ရည်ထုတ်လုပ်ဖို့ ခန္ဓာကိုယ်က အင်အားသုံးနေရလို့ပါ။

​၂။ 🛁 Self-Care Routine ကို သေချာလုပ်တယ်
ခဏလေးဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ လိုပါတယ်။ အေးအေးဆေးဆေး ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာက ကြွက်သားတွေကို ပြေလျော့စေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို အမြန်ဆုံး ပျောက်ကင်းစေနိုင်ပါတယ်။

​၃။ ✨ Meditation (တရား) ခဏထိုင်ဖြစ်တယ်
ကလေးအိပ်နေချိန်မှာ မျက်စိလေးမှိတ်၊ ဖုန်းကိုပိတ်ပြီး ခဏလောက် ငြိမ်ငြိမ်လေး လှဲနေတာမျိုး ဒါမှမဟုတ် စိတ်ကို လွတ်လပ်အောင် ထားတာမျိုး လုပ်ပါတယ်။ ဒီလို တိုတောင်းတဲ့ နားချိန် (Micro-Naps) က ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပါတယ်။

​မေမေတို့ရဲ့ စွမ်းအင်တွေ ပြည့်ဝနေမှ ကလေးကို အကောင်းဆုံး ပြုစုနိုင်မှာပါ။ "ပြီးပြည့်စုံရမယ်" ဆိုတဲ့ စိတ်ကို လျှော့ချပြီး၊ မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ ဦးစားပေးလိုက်ပါ။ 💕

​မေမေတို့ရော energy ကျတဲ့နေ့တွေမှာ ဘာလုပ်လေ့ရှိလဲ? comment မှာ မျှဝေပေးခဲ့ပါဦး။ 👇

​

ဒူးရင်းသီးချစ်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ "ဒူးရင်း - ကြက်ဥ Airfryer Toast"​ကျွန်မကတော့ ဒူးရင်းသီးဆို အရမ်းကြိုက်တဲ...
13/05/2026

ဒူးရင်းသီးချစ်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ "ဒူးရင်း - ကြက်ဥ Airfryer Toast"

​ကျွန်မကတော့ ဒူးရင်းသီးဆို အရမ်းကြိုက်တဲ့သူပါ။ အထူးသဖြင့် ထားဝယ်ဒေသထွက် ဒူးရင်းသီးဆိုရင်တော့ အရသာက ထူးကဲလွန်းလို့ ရာသီပေါ်ချိန်ဆို မနက်နိုးတာနဲ့ကို စားချင်နေမိတာ။ ဒါပေမဲ့ ဒူးရင်းသီးချည်းပဲ အဆမတန်စားမိရင် ရင်ပူတာ၊ သကြားဓာတ်တက်တာမျိုးတွေ ဖြစ်မှာစိုးရိမ်တာကြောင့် ဒီနေ့မနက်တော့ ခန္ဓာကိုယ်အတွက် အာဟာရလည်းဖြစ်၊ စိတ်ကျေနပ်မှုလည်း အပြည့်အဝရစေမယ့် မနက်စာလေးတစ်ခုကို ကိုယ်တိုင်ဖန်တီးဖြစ်ခဲ့ပါတယ်။

​ပြုလုပ်နည်းလေးကတော့ လွယ်လွယ်လေးပါ -

ပေါင်မုန့်ပေါ်မှာ ဒူးရင်းသီးအနှစ်လေးတွေကို အနှံ့သုတ်လိုက်ပါတယ်။ ပြီးရင် အလယ်ကို ဇွန်းလေးနဲ့ အနည်းငယ်ချိုင့်သွားအောင် ဖိချပြီး ကြက်ဥတစ်လုံး ဖောက်ထည့်လိုက်ပါတယ်။ ပြီးတော့မှ Airfryer လေးထဲထည့်ပြီး ကင်လိုက်ရုံပါပဲ။ ဒူးရင်းသီးရဲ့ မွှေးရနံ့နဲ့ ကြက်ဥရဲ့ အိအိလေးက ပေါင်းစပ်သွားတဲ့အခါ တကယ့်ကို အရသာရှိပြီး စိတ်ကျေနပ်စရာကောင်းတဲ့ မနက်စာလေး ဖြစ်လာပါတော့တယ်😋

Nutritional Benefits

​အာဟာရမျှတခြင်း (Balanced Meal): ဒူးရင်းသီးမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်အပြင် ကြက်ဥကရတဲ့ ပရိုတင်း (Protein) ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်အားကို ပေးစွမ်းနိုင်ပါတယ်။

​သကြားဓာတ်တက်ခြင်းကို ထိန်းညှိပေးခြင်း: ဒူးရင်းသီးချည်းပဲ စားတာထက် ပရိုတင်း (ကြက်ဥ) နဲ့ တွဲစားခြင်းက သွေးတွင်းသကြားဓာတ် မြန်မြန်ဆန်ဆန် တက်မလာအောင် ထိန်းညှိပေးရာမှာ ကူညီပေးပါတယ်။

​ရင်ပူခြင်းကို သက်သာစေခြင်း: အဆာပြေစာအနေနဲ့ တွဲဖက်စားသုံးခြင်းက အစာအိမ်ထဲမှာ ဒူးရင်းသီးရဲ့ အပူဓာတ်ကို အတန်အသင့် လျှော့ချပေးနိုင်ပါတယ်။

​စွမ်းအင်ပြည့်ဝခြင်း: ဒီမနက်စာလေးက တစ်နေ့တာလုံး လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ကယ်လိုရီနဲ့ ဗီတာမင်ဓာတ်တွေကို ရရှိစေပါတယ်ရှင်။

​
​
​
​
​
​ #ဒူးရင်းသီး

အရသာရှိလှတဲ့ High Protein & Low Fat Menu 😋​🍗 ပါဝင်ပစ္စည်းများ -​ကြက်ရင်ပုံသား (နုပ်နုပ်စဥ်းထားတာ ဒါမှမဟုတ် ကြိတ်ထားတာ)​က...
05/05/2026

အရသာရှိလှတဲ့ High Protein & Low Fat Menu 😋

​🍗 ပါဝင်ပစ္စည်းများ -
​ကြက်ရင်ပုံသား (နုပ်နုပ်စဥ်းထားတာ ဒါမှမဟုတ် ကြိတ်ထားတာ)
​ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ဆား (အနည်းငယ် ) Soy Sauce အနည်းငယ်

​(စိတ်ကြိုက်) မုန်လာဥနီ ဒါမှမဟုတ် ပြောင်းဖူးစေ့လေးတွေ ထည့်ရင် ပိုချိုပါတယ်။

​👩‍🍳 ပြုလုပ်ပုံအဆင့်ဆင့် -
​ကြိတ်ထားတဲ့ ကြက်သားထဲကို ပါဝင်ပစ္စည်းတွေအားလုံးထည့်ပြီး သေချာနှံ့အောင် နယ်ပေးပါ။
​ပြီးရင် လက်လေးနဲ့ အလုံးလေးတွေ (ဒါမှမဟုတ် ပုံပါအတိုင်း အပြားလေးတွေ) လှလှလေး ပုံဖော်ပေးပါ။

​Airfryer ထဲမှာ 180°C နဲ့ ၁၅ မိနစ် ကနေ မိနစ် ၂၀ ခန့် (တစ်ဖက်ကို ၁၀ မိနစ်စီ) ထည့်ဖုတ်ပေးရုံပါပဲ။
(စက်အမျိုးအစားပေါ်မူတည်ပြီး အချိန်အနည်းငယ် ညှိပေးလို့ရပါတယ်ရှင်)

​ဒီ Chicken Breast Ball လေးက...
✅ ဝိတ်ထိန်းနေသူများ
✅ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
✅ ကလေးငယ်များအတွက် အာဟာရဖြစ် Snack အဖြစ် အထူးသင့်တော်ပါတယ်။

​အလုပ်ရှုပ်လည်း သက်သာ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တာမို့ အိမ်မှာ စမ်းလုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေရှင်။ ✨

​

03/05/2026

လူကြီးတွေကတော့ ကလေးက ခြေထောက်မြှောက်ရင် "ချီခိုင်းတာ" လို့ အယူရှိတတ်ကြပေမဲ့ တကယ်တော့ ဒါဟာ ကလေးရဲ့ ကျန်းမာတဲ့ ဖွံ့ဖြိုးမှု လက္ခဏာတစ်ခုပါလို့ဖတ်မှတ်ရပါတယ် 😉

​✅ Core Muscles (ဝမ်းဗိုက်ကြွက်သား) အားကောင်းလာခြင်း:
ခြေထောက်လေးတွေကို ဗိုက်ပေါ်ထိ မြှောက်နိုင်တာဟာ သမီးလေးရဲ့ ဝမ်းဗိုက်ကြွက်သားတွေ သန်မာလာတာကို ပြတာပါ။ ဒါဟာ နောက်ပိုင်းမှာ ဟိုဘက်ဒီဘက် "ပြန်လှန်နိုင်ဖို့" နဲ့ "ထိုင်နိုင်ဖို့" အတွက် အခြေခံ အားယူနေတာဖြစ်ပါတယ်။

​✅ မိမိကိုယ်ကိုယ် စူးစမ်းခြင်း (Self-Discovery):
ဒီအရွယ်မှာ ကလေးတွေက သူတို့မှာ ခြေထောက်ရှိမှန်း စသိလာကြတာပါ။ ခြေထောက်လေးတွေကို ကိုင်ကြည့်တာ၊ ပါးစပ်ထဲ ထည့်ကြည့်တာဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စတင်သင်ယူနေတာ ဖြစ်ပါတယ်။

​✅ အစာခြေစနစ်ကို အထောက်အကူပြုခြင်း:
ခြေထောက်လေးတွေကို မြှောက်ပြီး ကန်ကျောက်ဆော့ကစားတာက ဗိုက်ထဲက လေပွတာကို သက်သာစေပြီး အစာကြေညက်အောင် သဘာဝအတိုင်း ကူညီပေးတာလည်း ဖြစ်ပါတယ်။

​ဒါကြောင့် သမီးလေး ခြေထောက်မြှောက်ဆော့နေရင် ချီလိုက်တာထက် သူ အားရပါးရ လေ့ကျင့်ခန်းလုပ်နိုင်အောင် လွတ်လွတ်လပ်လပ်လေး ပေးထားလိုက်ပါနော်။ ❤️
​

တနေ့ တနေ့ mood အမျိုးမျိုးနဲ့ အမကြီး Htinn​ကလေးထိန်းရတာ မလွယ်ဘူးဆိုတာ လက်ခံပေမဲ့ သမီးလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ခြေလှမ်းတိုင်...
01/05/2026

တနေ့ တနေ့ mood အမျိုးမျိုးနဲ့ အမကြီး Htinn

​ကလေးထိန်းရတာ မလွယ်ဘူးဆိုတာ လက်ခံပေမဲ့
သမီးလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ခြေလှမ်းတိုင်းကို အနီးကပ်ကြည့်ရှုခွင့်ရတာဟာ ဆုလာဘ်တစ်ခုပါပဲ။

၄ လအရွယ်ရဲ့ ဆော့ကစားတတ်မှုတွေ၊ စူးစမ်းတတ်တဲ့ မျက်လုံးလေးတွေကြားမှာ မေမေလည်း အတူတူ ရုန်းကန်ရင်း၊ သင်ယူရင်း....ချစ်မဝပါဘူး Htinn ရယ်💛

24/04/2026

Oat Pudding လေး 🥣

​နို့တိုက်မိခင်ဆိုတော့ ခဏခဏလည်း ဆာတတ်သလို အချိုလေးလည်း စားချင်နေတာနဲ့ အိမ်မှာတင် အလွယ်တကူ လုပ်စားဖြစ်တာလေးပါ.....😋
​
အချိုလည်းစားချင်တယ် သကြားကျိုဖို့လည်းအချိန်မရတာနဲ့ အပေါ်ကနေဘဲ့ဖြူးပြီး ပေါင်းအိုးထဲမှာ အရည်ပျော်အောင် ပြန်ထားလိုက်တယ်၊ ပြီးမှ ရေခဲသေတ္တာထဲ အအေးခံပြီး စားတာဆိုတော့ အီမသွားဘဲ လျှာပေါ်မှာ တကယ်ကို အရသာရှိနေတာ။ 🤤

​လုပ်ရတာလည်း ခဏလေးပဲဆိုတော့ ကလေးအိပ်တုန်း အမြန်လုပ်စားလို့ရတယ်။ အဆာလည်း တကယ်ခံပါတယ်ရှင်။ မဖြူးဘဲစားရင်တော့ အဆိမ့်ကြိုက်သူတွေအတွက် ကွက်တိပဲနော်။

18/04/2026

ဘဝရဲ့ အလှပဆုံး အပြောင်းအလဲလေး (၂၀၂၃ - ၂၀၂၆)

​

နို့အုံကြီး၊ နို့ပေါပြီး နို့သီးခေါင်းတိုတဲ့ သားဦးမိခင်တွေ နို့တိုက်တဲ့အခါ ကြုံရတတ်တဲ့ ပြဿနာတစ်ခုက — နို့သီးခေါင်းကွဲခြင...
10/04/2026

နို့အုံကြီး၊ နို့ပေါပြီး နို့သီးခေါင်းတိုတဲ့ သားဦးမိခင်တွေ နို့တိုက်တဲ့အခါ ကြုံရတတ်တဲ့ ပြဿနာတစ်ခုက — နို့သီးခေါင်းကွဲခြင်းပါ 🤍

နို့တင်းနေတဲ့အချိန်မှာ ar**la (အမည်းကွင်း) မာနေတာကြောင့် baby က အမည်းကွင်းအထိမငုံနိုင်ဘဲ
နို့သီးခေါင်းကိုပဲဆွဲစို့တတ်ပါတယ်။
ဒီလိုဆိုရင် နို့သီးခေါင်းနာခြင်း၊ ကွဲခြင်း ဖြစ်လွယ်ပါတယ်။
✨ ကျွန်မအတွက် အဆင်ပြေခဲ့တဲ့နည်းလမ်းကတော့—

1. နို့မတိုက်ခင် နည်းနည်းညှစ်ထုတ်ပါ

နို့တင်းတာလျော့ပြီး breast ပျော့လာမှ baby latch ပိုလွယ်ပါတယ်။

2. Latch မှန်အောင်လုပ်ပါ

နို့သီးခေါင်းကို baby ရဲ့ အပေါ်နှုတ်ခမ်းနားတေ့ပေးပြီး ပါးစပ်ကျယ်ကျယ်ဖွင့်လာချိန်မှာ အမဲကွင်း ပါဝင်အောင် ထည့်ပေးပါ။

3. Warm compress before feeding

နို့မတိုက်ခင် ရေနွေးအိတ်ကပ်ပေးရင် နို့စီးလွယ်စေပါတယ်။

4. Cold compress after feeding

တိုက်ပြီးရင် ရေအေး/အေးတဲ့အဝတ်နဲ့ကပ်ပေးရင် နာကျင်မှုသက်သာနိုင်ပါတယ်။

💛 ကျွန်မကိုယ်တိုင်လည်း အရမ်းခံစားခဲ့ရပြီး
အရေပြားလန်၊ သွေးထွက်တဲ့အထိ ဖြစ်ဖူးပါတယ်။
နောက်ဆုံး ဆရာဝန်ညွှန်ကြားတဲ့နည်းလမ်းနဲ့ ဒီလိုလုပ်မှ အဆင်ပြေသွားခဲ့တာပါ။

⚠️ နို့ကြောပိတ်ခြင်း၊ အဖျားတက်ခြင်း၊ နာကျင်မှုများလွန်းခြင်းရှိရင် ဆရာဝန်နဲ့ပြသဖို့ မမေ့ပါနဲ့နော်။

🌙 3–4 months Sleep Regression 🤍မေမေတစ်ယောက်အနေနဲ့ အခုလက်ရှိ ကျွန်မကြုံတွေ့နေရတာလေးကို ပြောချင်ပါတယ်…အရင်က သမီးလေးက သိပ်လ...
03/04/2026

🌙 3–4 months Sleep Regression 🤍
မေမေတစ်ယောက်အနေနဲ့ အခုလက်ရှိ ကျွန်မကြုံတွေ့နေရတာလေးကို ပြောချင်ပါတယ်…

အရင်က သမီးလေးက သိပ်လွယ်လွယ်အိပ်တတ်တယ်
အခုတော့…

🤍 သိပ်ရခက်လာတယ်
🤍 နို့တိုက်ရင် စို့လိုက် ထုတ်လိုက်လုပ်တယ်
🤍 အော်ငိုတတ်လာတယ်
🤍 နို့ဗူးလက်မခံတော့ဘူး
🤍 အမေနို့ပဲ တိုက်ရိုက်စို့ချင်တယ်
🤍 အိပ်ချင်လာရင် အမေချီမှပဲရတယ်
🤍 အကြာကြီးသိပ်ရပီး ခနလေးပဲအိပ်တယ်

ဒါတွေက အထူးသဖြင့် မနက်ခင်း
nap time တွေမှာပဲဖြစ်တယ်
ညဘက်ဆိုရင်တော့ ပုံမှန်ပါဘဲ့

အစမှာတော့ “ဘာဖြစ်တာလဲ?” ဆိုပြီး စိတ်ပူခဲ့တယ်
ဒါပေမယ့် လေ့လာကြည့်တော့ သိလာတာက…

✨ ဒီအရာတွေဟာ 3–4 months sleep regression လို့ခေါ်တဲ့ development stage တစ်ခုပါပဲ

📚 သုတေသနတွေအရ —
ဒီအရွယ်ကလေးတွေမှာ ဉာဏ်ဖွံ့ဖြိုးမှု မြန်လာပြီး
အိပ်စက်ပုံ (sleep cycle) ကလည်း လူကြီးလိုမျိုး ပြောင်းလာတယ်တဲ့

👉 ဒါကြောင့်
အရင်လို deep sleep မရောက်နိုင်ဘဲlight sleep ထဲကနေ လွယ်လွယ်နိုးတတ်လာတယ်

အဲ့ဒါကြောင့်ပဲ…
✔️ Nap တိုတိုပဲအိပ်တာ (30 mins around)
✔️ နိုးနိုးလာတာများတာ
✔️ အမေနဲ့ကပ်ကပ်နေချင်တာ
✔️ နို့နဲ့ပဲအိပ်ချင်တာ

ဒါတွေဖြစ်လာတာပါ 🤍

🌿 အရေးကြီးတာက —
ဒီဟာက ကလေးဖွံ့ဖြိုးတိုးတက်နေတာကိုပြတဲ့ sign တစ်ခုပါပဲ

⏳ များသောအားဖြင့် 2–6 weeks လောက်ကြာပြီး
နောက်တဖြည်းဖြည်း ပြန်ကောင်းလာတတ်ပါတယ် လို့ဖတ်မှတ်ရပါတယ်

👉 ဒီအချိန်လေးလည်း တစ်နေ့တော့ကျော်သွားမှာပါ 🤍

မေမေတွေလည်း အဲ့လိုကြုံဖူးလားရှင်? 💬

ကလေးက နေ့ညမှန်တယ်…မမှန်တာက အမေ 😅Nap time မှာ အိပ် → ညမှာ မအိပ်အမေ့ sleep cycle = သံသရာလည် 🔄😂ဒီလိုနဲ့ သမီးလေးနဲ့အတူဖြတ်သန...
31/03/2026

ကလေးက နေ့ညမှန်တယ်…
မမှန်တာက အမေ 😅
Nap time မှာ အိပ် → ညမှာ မအိပ်
အမေ့ sleep cycle = သံသရာလည် 🔄😂

ဒီလိုနဲ့ သမီးလေးနဲ့အတူဖြတ်သန်းရင်း
3လပြည့်ခဲ့ပြန်ပါပီ ❤

Address

Myasabal Road
Dawei

Telephone

+959448058828

Website

Alerts

Be the first to know and let us send you an email when Nourish & Life with SunnyHtinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share