14/04/2026
(၈-၄-၂၀၂၆)ရက်နေ့တွင် တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် အပူဒဏ် ကာကွယ် ရေး(Heat Stroke Room) ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ပြင်ဆင်ထားရှိပါ သည်။အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါဖြင့်လူနာများ ရောက်ရှိလာပါက လူနာများလက်ခံကုသပေးနိုင်ရန် ကြိုတင်စီစဥ်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများကြိုတင် ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ အရေးပေါ်ကုသမှုပေးရာတွင်ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ကုသမှုပေးနိုင်ရေးနှင့်လူနာများအား ကျန်းမာရေးပညာပေးခြင်း အပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေး အတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။