07/03/2023
အစာအိမ်နာ နှင့် အစာအိမ်ဆေးများ 💊💊
———————————
လူတိုင်း တစ်နေ့မဟုတ် တစ်နေ့တော့ အစာအိမ်ရောဂါ ဖြစ်ဖူးကြပါတယ် 😣😣
အပူအစပ်လည်း စားတယ်၊ စားချိန်လည်း မမှန်ဘူး၊ တခါစားတော့လည်း အများကြီး စားတယ် အရက်လည်း တခါတေလေသာက်တယ်၊ အကိုက်အခဲ ပျောက်ဆေးနဲ့ စတီးရွိက်ပါတဲ့ဆေး တွေ သုံးတယ် 🍻🍻
အဲဒါဆိုရင် တော့ အစာအိမ် ဗိုက်အောင့်ဖို့က မလွဲမသွေပါပဲ
အစာအိမ်ဆေးကတော့ လူတိုင်းရင်းနှီးပီးသား ဖြစ်သလို ဆေးဆိုင်တော်တော်များများမှာလည်း အလွယ်တကူ မေးဝယ်လို့ ရပါတယ်👨⚕️👨⚕️
လူတွေ မသိသေးတဲ့ အချက်က ဘယ်ဆေးကို ဘယ်လို နေရာမှာ သုံးလဲဆိုတာနဲ့ ဘယ်အချိန်မှာ ဆေးသောက် ရုံနဲ့ မပီးဘဲ လိုအပ်တာတွေ ထပ်စစ်သင့်လဲ ဆိုတာပါ🔬🔬
အစာအိမ်နာဆိုတာက အစာအိမ်ထဲက အက်ဆစ်တွေကြောင့် ဖြစ်နိုင်သလို အစာအိမ်နံရံက အလွှာတွေ ပါးလို့လဲ ဖြစ်နိုင်ပါတယ်
✅ ပထမအုပ်စု ဖြစ်တဲ့ အစာအိမ်နာရင် အရင်ဆုံး ပေးတဲ့ဆေးကေတာ့ ဂျယ် လို Antacid သောက်ဆေးတွေပါ သူတို့က အစာအိမ်ထဲက အက်ဆစ်ကို အားနည်းသွားအောင် လုပ်တဲ့ဆေးတွေပါ 😶🌫️😶🌫️
ဥပမာ Siloxogene, Kremil S, Tricaine gel
တစ်နေ့ကို ၃ ကြိမ်ခန့် သောက်လို့ ရသလို နာရင် နာသလိုလည်း သောက်လို့ရပါတယ်
အခဲဆိုရင်တော့ ဝါးစားတာ ပိုကောင်းပါတယ်
✅ ဒုတိယ အုပ်စုကတော့ အစာအိမ်က ထွက်တဲ့ အက်ဆစ်ကို ပိတ်တာပါ
ဥပမာ Omeprazole, Pantoprazole, Rabeprazole, Ranitidine, Famotidine
ဒီဆေးတွေကတော့ အက်ဆစ်ကို ပိတ်တဲ့ ဆေးတွေဖြစ်ပီး အနည်းဆုံး တစ်ပတ်ခန့်ကနေ အများဆုံး ၃ လ ထိ ပေးလေ့ ရှိပါတယ်
အစာအိမ်နာရင် ပထမအုပ်စုက မပါမဖြစ်ပါ၊ ဒုတိယ အုပ်စုက ဆေးအာနိသင် ပြတာကြာပီး ထွက်ပီးသား အက်ဆစ်ကို သက်ရောက်မှု မရှိတဲ့ အတွက် ပထမ အုပ်စုနဲ့ပဲ တွဲပေးလေ့ ရှိပါတယ်
✅ တတိယ အုပ်စုကတော့ အစာအနာကို အပေါ်က အလွှာတစ်ခုနဲ့ ဖုံးလိုက်သလိုမျိုး အာနိသင်ရှိတဲ့ ဆေးပါ
ဥပမာ sucrate gel လိုဆေးပါ
အစာအိမ်နာ ရှိမှ ဆေးက အာနိသင် ရှိပါတယ်
ပထမ နဲ့ တတိယ အုပ်စုကို တူတူတွဲမသောက်ရတာလည်း ရှိပါတယ်
နိုင်ငံခြားမှာ ဆိုရင်တော့ ဆေးပေးလို့မှ မသက်သာရင် အစာအိမ်ပိုး ⚠️H.pylori စစ်တာ၊ ⚠️မှန်ပြောင်း ကြည့်တာတွေ လုပ်ရပါတယ်
‼️အကယ်လို့ အစားအသောက်ပျက်တာ၊ ရုတ်တရက် ဝိတ်ကျတာ၊ သွေးအားနည်းတာ အစ ရှိတာတွေ ဖြစ်နေရင်လည်း မှန်ပြောင်း တခါတည်း တန်းကြည့်တတ်ပါတယ်
❗️အစာအိမ်ရောင်ရမ်းတာ ကာလကြာရှည်တယ်၊ အစာအိမ်ပိုးလည်း ရှိတယ်ဆိုရင်တော့ တစ်ချိန်ကျရင် အစာအိမ်ကင်ဆာ ဖြစ်ဖို့ အလားအလာ ပိုများပါတယ်
အဲဒါကြောင့် အစာအိမ်ရောင်ရမ်းတာကို ပုံမှန်လေးပဲ ထင်ပီး ဂရုမစိုက်သလို မလုပ်ဘဲ နီးစပ်ရာ ဆရာဝန်နှင့် သေချာ ပြသပီး ကုသမှု ခံယူသင့်ပါတယ်
Crd
Dr. Kevin
MBBS, MRCP (UK)
#အစာအိမ်နာ
#အစာအိမ်ဆေး
#လမင်းစန္ဒာဆေးဆိုင်