29/03/2026
ထွေထွေထူးထူးပြောစရာမလို အသားရည်တော်တော်များအတွက် အဆင်ပြေသောပဲ 🥰
Combination To Oily Skinအတွက် အဆင်ပြေစေမဲ့ Simple Toner Review💗💗💗
သူ့ Texture လေးက Watery Type လေးနဲ့စိမ့်ဝင်လွယ်တယ်...Frangrance Free
Alcohol Free မို့လို့ နီရဲ ရောင်ရမ်းနေတဲ့ Skin သမားတွေ စိတ်ချလက်ချသုံးလို့ရတယ်...အဓိက တော့ Combination skinသမားတွေအတွက်တစ်ကယ်ပေါ့ပါးတယ်
Vitamin B5 ပါလို့ Soothing နဲ့Repairအတွက် ကိုကူညီ နိုင်တယ်Witch Hazel ပါလို့ Pore ကိုပိတ်စေတာ၊ oil control လည်းလုပ်ပေးနိုင်ပါတယ်... ဒါကတော့ Dry skin သမားတွေမှာအခန့်မသင့်ရင် Sensitive skin တချို့ မှာတင်းတာ မျိုး ဖြစ်နိုင်တယ်...
Glycerin / Sodium PCA ပါလို့ Skin ကို hydrated ဖြစ်စေတယ်...Hydrolysate က Moisture lock လုပ်ပေးတယ်
Sensitive Skin သမားတွေအတွက်ပိုဦးစားပေးထုတ်ထားတယ်...သူ့မှာပါတဲ့ Ingredient တွေက လုံးဝ Chemical အပြင်းစားတွေမပါလို့ ပိုပြီးစိတ်ချလက်ချ သုံးချင်တဲ့သူတွေအတွက်က တော့တကယ်ကောင်းသော...
သူက Mild ဖြစ်တယ်...Mild ဖြစ်လို့ဆိုပြီး ချက်ချင်းသိသာချင်လို့မရဘူး တစ်ဘူးလောက်တော့ ကုန်အောင်သုံးကြည့်ပါ...ပြီးတော့ Toner ဆိုတာ တစ်မျိုးထဲသုံးပြီး အသားကြည်ချင် Skin ကောင်းချင်လို့မရဘူးနော်...Day or Night Skincare Steps လေးတွေကိုမှန်လုပ်မှသာ ကြည်လာမှာပါ...
Toner ကောင်းကောင်းလေးရွေးသုံးရင် နောက်လိမ်းမဲ့ Steps တွေကို ပို Supports ပေးနိုင်မယ်... ဒါကြောင့် Toner ကအရေးပါတယ်... ဒါပေမဲ့ Toner တစ်မျိုးထဲကြောင့်အသားအရည်မကြည်ဘူး နော် ယူတို့... 😏
Mild ဖြစ်တဲ့ ဟာကို ဘယ္လို သူတွေအတွက်ပိုသင့်လျော်လည်းဆိုတော့... Sensitive Skin တွေနဲ့ Breakout ဖြစ်လွယ်သူတွေ...
ကိုယ့်Skin ကိုယ်သိပ်နားမလည်တဲ့သူတွေနဲ့ Product တစ်ခုနဲ့တစ်ခု မတည့်မှာစိုးရိမ်တဲ့သူတေ သုံးလို့ရတယ်
Mild ဖြစ်တဲ့Product တွေက Save ဖြစ်တယ်... ဖြည်းဖြည်ချင်းသိသာတယ်...
သောင်းကတော့ အပြင်ကပဲဝယ်ခဲ့ပါတယ်.... အကောင်းဆုံးကတော့ CombinationSkin အခြေအနေအတွက်တော့အကောင်းဆုံးပဲ...နောက်ပြီး Toner ကပေါ့ပါးတယ်ခံစားရတော့ တစ်ခြား Products ဘာနဲ့တွဲတွဲ အဆင်ပြေတယ်...
Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မှာမေးထားပေးပါနော်💌