28/08/2026
ဒီနေ့ 3နှစ်ပြည့် အမှတ်တရ
အိမ်မှာ အသုံးမပြုတဲ့ မီးဖိုခန်းကို အလုံပိတ်ပြီး စက်ခန်းလေး လုပ် စက်တစ်လုံးထဲနဲ့ ရွှေဥ အခဲလေးတွေ စပြီး ထုတ်လုပ်ရာကနေ
Order တွေများလာတော့ နေလှန်းဖို့ နေရာ မရှိတာရော စက်တွေ ထပ်ထည့်ဖို့ နေရာ မရှိတာရောကြောင့် အိမ်ကနေ လုပ်ငန်းအတွက် သီးသန့် နေရာတစ်ခု ရှာဖွေခဲ့ရာကနေ ဒီခြံလေး final စာချုပ်စာတမ်းရုံးမှာ စာချုပ်ပြီး ငွေအကျေချေခဲ့တဲ့နေ့လေး 🙏💓
ချစ်ရတဲ့ customer တွေ အားပေးမှုကြောင့် Product 10မျိုး ထုတ်လုပ်လာနိုင်ပြီး ဒီနှစ်ဆိုရင် စက်အင်အား လူအင်အားထပ်ဖြည့်ဖို့ အဆောက်အဦးတွေပါ ထပ်ချဲ့နေပါပြီ
အရင်ကတော့ မင်မင်က Corporate life မှာ စာရင်းကိုင်အနေနဲ့လုပ်ရင်း pageကို ထိထိရောက်ရောက် အချိန်မပေးခဲ့နိုင်ဘူး ရုံးအလုပ်တစ်ဖက် ကိုယ်ပိုင်စီးပွါးရေးတစ်ဖက်နဲ့
ကိုယ်ပိုင်စီးပွါးရေးက ကြီးထွားလာချိန်မှာတော့ ရုံးအလုပ်ကို မစွန့်လွှတ်လို့ မရတော့ဘူး
ပိုပြီးအချိန်ပေးမှ ရတော့မှာမို့ ကိုယ့်ရဲ့ Professional career ကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွါးရေးကို တစိုက်မတ်မတ် လုပ်လာတာ ၈လလောက် ရှိပါပြီ
မင်မင်ကို ချစ်ရင် အားပေးနော် 😍