23/06/2026
မိုးရာသီမှာ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ ကလေး၊ လူကြီးမရွေး အချိန်မရွေး ကြုံတွေ့ရနိုင်ပါတယ်။
ဝမ်းလျှောခြင်း ဖြစ်ပွားလာတဲ့အခါ ခန္ဓာကိုယ်တွင်း ရေဓာတ် ခမ်းခြောက်မှုကို ကာကွယ်ဖို့နဲ့ မှန်ကန်စွာ ပြုစုစောင့်ရှောက်ဖို့က အသက်အန္တရာယ် ကင်းဝေးစေရန်အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။
သန့်ရှင်းသောလက် လတ်ဆတ်သောစာ၊ ဝမ်းပျက်ရောဂါ အဝေးမှာ။
🏥 မိသားစုဝင်တစ်ဦးဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက အောက်ပါအချက်များကို သတိပြုပါ -
🔹 ဝမ်းသွား/အော့အန်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားရည် (ORS) ကို ချက်ချင်း ဖျော်စပ်တိုက်ကျွေးပါ။
🔹 အစာခြေစနစ် သက်သာစေရန် ဆန်ပြုတ်၊ စွပ်ပြုတ်ကဲ့သို့ အစာပျော့ပျော့နှင့် လတ်ဆတ်ပူနွေးသော အစားအစာများကိုသာ ကျွေးမွေးပါ။
🔹 ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝမ်းပိတ်ဆေးများကို ကိုယ့်သဘောနဲ့ကိုယ် ဝယ်ယူတိုက်ကျွေးခြင်းမှ အထူးရှောင်ကြဉ်ပါ။
🔹 ဝမ်းထဲတွင် သွေးပါလာခြင်း၊ ဖျားခြင်း၊ အော့အန်လွန်းခြင်းနှင့် မှိန်းခြင်းကဲ့သို့ စိုးရိမ်ရသော လက္ခဏာများ ပြသလာပါက ဆေးခန်းသို့ ချက်ချင်းလာရောက်ပြသပါ။
မိုးရာသီ ကျန်းမာရေးဆိုင်ရာ ဝေဒနာများနှင့် ပတ်သက်၍ အေးသုခ အထူးကုဆေးခန်းတွင် လာရောက်ပြသ ကုသမှုခံယူဖို့အတွက် အခုပဲ အောက်ပါဖုန်းနံပါတ်များထံ ဆက်သွယ်၍ ရက်ချိန်း ကြိုတင်ရယူနိုင်ပါပြီရှင်။
⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။
🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681
📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။