N Wai Pan

N Wai Pan ပင်ရင်း တိုင်းရင်းဆေးတိုက်

N Wai Pan ( သင်္ဘောမညိုးပန်း) ဆေးတိုက်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းတိုင်းရင်းဆေး လက်ခံရရှိလာပုံအင်ဝိုင်းပန်ဆေးတိုက်မှ ဆေးစ...
09/10/2023

N Wai Pan ( သင်္ဘောမညိုးပန်း) ဆေးတိုက်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း

တိုင်းရင်းဆေး လက်ခံရရှိလာပုံ
အင်ဝိုင်းပန်ဆေးတိုက်မှ ဆေးစွမ်းကောင်းများသည် ၁၉၃၃ ခုနှစ်မှစ၍ ဒေါ်မရစ်ကော့ဂျာ၏ဖခင်ဖြစ်သူ ဉီးမရစ်ဂမ်သည် သားသမီးမထွန်းကားသော သူ၏အဒေါ် (အမည်မသိ) ထံမှ လက်ဆင့်ကမ်း လက်ခံရရှိကာ မိသားစုဆေးအဖြစ်အသုံးပြုခဲ့ပါသည်။

-အင်ဝိုင်းပန်ဆေးတိုက် နာမည်နှင့် သမားတော်ဖြစ်ပေါ်လာပုံ ( ဒဆ ၄၇၄)

၁၉၉၅ ခုနှစ်တွင် ဉီးမရစ်ဂမ်သည် သမီးဖြစ်သူ ဒေါ်မရစ်ကော့ဂျာ အား ဆေးစွမ်းကောင်းများ ပြန်လည်လက်ဆင့်ကမ်း ပေးအပ်ခဲ့ပြီး မိသားစုဆေးအဖြစ် ဆက်လက်ထိန်းသိမ်းခဲ့ပါသည်။

၁၉၉၈ ခုနှစ်ရောက်ချိန် ဒေါ်မရစ်ကော့ဂျာ၏ ခင်ပွန်းဖြစ်သူ သိပ်ခါတော်ရ ဆရာဉီးဒရှီလဒွဲနှင့် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ '' ဒူးနွယ်ဆေးတိုက် ဖခင် ဉီးအင်ခွန်ဂမ် '' မှ လမ်းပြတွဲခေါ်ပြီး ကိုယ်တိုင် ဆေးတိုက်နာမည် '' N Wai Pan ( အင်ဝိုင်းပန်) '' ဟု အမည်ပေးကာ
၂၀၀၁ ခုနှစ်၌ ဒေါ်မရစ်ကော့ဂျာသည် သမားတော်အဖွဲ့ဝင်ဖြစ်လာပြီး ဆေးကုသခွင့်
( ဒဆ ၄၇၄) ရရှိသည်အထိ လမ်းပြကူညီပေးခဲ့ပါသည်။

-တိုင်းရင်းဆေးမှတ်ပုံတင်ခြင်း နှင့် ဆေးဘူး ပြောင်းလဲအသုံးပြုခြင်း

၂၀၂၁ ခုနှစ်မှစ၍ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ပြုလုပ်ရန် စီစဉ်ခဲ့ရာ
၁။ တိုင်းရင်းဆေးဝါးစည်းမျဉ်းစည်းကမ်း အရ အချက် ၁၂ ချက် နှင့်ညီစေရန်
၂။ အတုအပ ပြုလုပ်ခြင်းကို ကာကွယ်စေရန် ဆေးဘူး ခွံနှင့် တံဆိပ်ဘူး ခွံကို စတင်ပြောင်းလဲခဲ့ပါသည်။

ဤသို့ပြောင်းလဲမှုများမှာ
၁၊ ဆေးဘူး ခွံကို ယခင် ရေသန့်ဘူးမှ ယခု ၄၅၀ မီလီလီတာ၊ ၃၆၀ မီလီလီတာ ဘူးအကြည်
၂၊ အင်ဝိုင်းပန် အမှတ်တံဆိပ် ယခင် သဘောမညိုးပန်းပုံ မှ ယခု သဘောမညိုးပန်းပုံနှင့် သဲတောင်ပြင် နောက်ခံ အဖြင့်
၃၊ ဆေးဘူး၌ကပ်သောတံဆိပ် ယခင် ရိုးရိုးစာရွက်တံဆိပ် မှ ယခု စဣူဘူးခွံ စသည်ဖြင့်ပြောင်းလဲ အသုံးပြုပါသည်။

-ဆေးအာနိသင် ပြောင်းလဲခြင်းရှိမရှိ

အင်ဝိုင်းပန်ဆေး အာနိသင်သည် ယခင်စတင်ပြုလုပ်ချိန်မှ ယခုချိန်ထိ ပြုပြင်ခြင်း၊ အပြောင်းအလဲလုပ်ခြင်းလုံးဝမရှိပါ။ ယခုချိန်ထိ ဆရာမကြီး ဒေါ်မရစ်ကော့ဂျာမှ အဓိက ဆေးအာနိသင်ပိုင်းကို ကြည့်ကြပ်ပေးလျှက်ရှိပါသည်။ နောက်နှောင်များလဲ ဆေးအာနိသင်ကို အဓိကထား ထိန်းသိမ်းသွားမည်သာ ဖြစ်ပါကြောင်း

အင်ဝိုင်းပန်ဆေးတိုက် ဖြစ်တည်လာပုံ သမိုင်းအကျဉ်းကို တင်ပြလိုက်ရပါသည်။

#အင်ဝိုင်းပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

#ပင်ရင်းမရမ်းကျေးရွှာမိုးကောင်းမြို့

10/07/2023

လက်ဆောင်ယူရင်း လက်လီ၊ လက်ကား အထူးမိုးရာသီ အခွင့်အရေးပါနော်

https://m.facebook.com/story.php?story_fbid=564252549241725&id=100069709553854&mibextid=Nif5oz
26/06/2023

https://m.facebook.com/story.php?story_fbid=564252549241725&id=100069709553854&mibextid=Nif5oz

အဆက်အသွယ် ပိုအဆင်ပြေဖို့
အင်ဝိုင်းပန်
ပင်ရင်း
Wechat acc ပါ
ဖွင့်ထားတာသိပ်မကြာသေးတော့
တစ်ရက် acc တစ်ခုသာ လက်ခံနိုင်သေးလို့
Add လာသူများ အစဉ်အတိုင်း လက်ခံပေးသွားပါ့မယ်

Address

Mayan
Kachin State

Telephone

+959449146687

Website

Alerts

Be the first to know and let us send you an email when N Wai Pan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share