Myat Taw Win Hospital - Kalaw

Myat Taw Win Hospital - Kalaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Taw Win Hospital - Kalaw, Medical and health, No (1), Ward (1), Shwe Taung Gyar Street, Kalaw.

📣 Job Vacancy Announcement, We’re Hiring 📣  🏥“မြတ်တော်ဝင်ဆေးရုံ (ကလော)” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက်...
29/08/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥“မြတ်တော်ဝင်ဆေးရုံ (ကလော)” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိနေပါသည်။

💼 Staff Nurse - 1 Post
💼 Imaging Assistant- 1 Post
💼 Patient Care Assistant - 4Posts
💼 Phlebotomist- 1 Post
💼 Purchaser - 1 Post
💼 Housekeeping- 2 Posts
💼 General Worker- 1 Post

✅ Benefits & Perks

- Attractive Salary
- Accommodation as needed
- Leave according to the organization’s policy
- Career Development Opportunities
- Professional Days and Engagement Activities
- Medical Discount according to the organization’s policy

▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]
📞 Phone & Viber: 09 941 600 081

ခြင်ကိုက်ခြင်းနဲ့ တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ် ✅ရေကြီးရေလျှံမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း အိမ်ပတ်ဝန်းကျင်နဲ့ လမ်းမတွေပ...
29/08/2026

ခြင်ကိုက်ခြင်းနဲ့ တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ် ✅

ရေကြီးရေလျှံမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း အိမ်ပတ်ဝန်းကျင်နဲ့ လမ်းမတွေပေါ်မှာ ရေဝပ်ကျန်ခဲ့တဲ့ နေရာတွေ များပြားလာတာကြောင့် ခြင်တွေ ပိုမိုပေါက်ဖွားလာလေ့ ရှိပါတယ်။

ဒီလိုကာလတွေမှာ ဝမ်းရောဂါပြီးရင်နောက်ထပ် သတိထားသင့်တဲ့ ရောဂါတစ်ခုကတော့ “တုပ်ကွေး” ပါပဲနော်။ စိုစွတ်တဲ့ ရာသီဥတု၊ ရေဆိုးတွေတင်ကျန်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ပေါလာတဲ့ခြင်တွေကြောင့်သွေးလွန်တုပ်ကွေးတွေ ရာသီတုပ်ကွေးတွေ ကူးစက်ဖို့ရာ အခြေအနေတွေ ရှိလာတတ်ပါတယ်။

ဒါကြောင့် သင်နဲ့ သင့်မိသားစု ကျန်းမာရေးအတွက် ရေကြီးပြီးစ ကာလမှာ သတိပြုရမယ့် ကာကွယ်ရေး နည်းလမ်းကောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

▫️ဖုံး၊ သွန်၊ ခပ်၊ စစ် စနစ်ကိုကျင့်သုံးပါ။

*သောက်သုံးရေအိုးများကို သေချာဖုံးအုပ်ထားပြီး ရေလဲလှယ်ပေးပါ။
*အိမ်ပတ်ဝန်းကျင်ရှိ ရေဝပ်နိုင်သော ဗူး၊ ခွက်၊ ရေအိုးဟောင်းများမှ ရေကို သွန်ပစ်ပါ။
*ခြင်ကျားတွေ များမလာအောင် ရေလှောင်ကန်တွေ၊ ရေစည်တွေထဲက ရေပိုးတီလို့ခေါ်တဲ့ ပိုးလောက်လန်းတွေကို ဖယ်ရှားနိုင်ဖို့ရေဟောင်းတွေကို ခပ် ထုတ်ပြီး သန့်ရှင်းပေးပါ။
*သောက်သုံးရေ သုံးစွဲတဲ့အခါ ပိုသန့်ရှင်းစေဖို့ ရေကိုသေချာစစ်ပြီးမှသာ သုံးပါ။

▫️ ခြင်ကိုက်မခံရအောင် အထူးဂရုစိုက်ပါ။

*နေ့ခင်းနဲ့ ညဘက် အိပ်စက်ချိန်တွေမှာခြင်ထောင်ဖြင့် အိပ်ပါ။
*ခြင်ကိုက်မခံရစေရန် လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။
*ခြင်ကိုက်မခံရစေရန်လိမ်းနိုင်တဲ့ ဆေးလေးတွေလိမ်းပါ။

🚨 ဒီလို ရောဂါလက္ခဏာတွေကြုံလာရပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း ပြပါ။

▫️ရုတ်တရက် အပြင်းအထန် ဖျားခြင်း
▫️ခေါင်းကိုက်ခြင်း
▫️မျက်ရိုးများကိုက်ခြင်း ဒါမှမဟုတ် နာကျင်ခြင်း
▫️ကြွက်သားများနှင့် အဆစ်အမြစ်များ ကိုက်ခဲခြင်း
▫️ အော့အန်ခြင်း ဒါမှမဟုတ် အနီကွက်များ ထွက်လာခြင်း တို့ကို ကြုံလာရရင်တော့ မိမိသဘောနဲ့ မိမိ သာမန် အကိုက်ခဲပျောက်ဆေး၊ အဖျားကျဆေးတွေ မသောက်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်သင့်ပါတယ်။

ဒါဆိုရင်တော့ ရေကြီးရေလျှံ ဖြစ်တတ်တဲ့ မိုးရာသီမှာ “တုပ်ကွေး” ရောဂါကို ကြိုတင်ကာကွယ်လို့ရမယ့် နည်းလေးတွေကို သိသွားမယ်လို့ မျှော်လင့်ပါတယ်။

သင်နဲ့သင့်မိသားစု ကျန်းမာပျော်ရွှင်ဖို့ ဆေးဘက်ဆိုင်ရာ ဗဟုသုတ များကိုလည်း ဝေမျှပေးရင်း အရေးကြုံလာတဲ့ ကျန်းမာရေး ပြဿနာများအတွက် ကလောမြို့က “မြတ်တော်ဝင် ဆေးရုံ” ကအသင့်ရှိနေကြောင်း အသိပေးလိုက်ပါရစေရှင်။

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51, 09 941 6000 52

#မြတ်တော်ဝင် #ကလော #ခြင်ကျား #သွေးလွန်တုပ်ကွေး #တုပ်ကွေး

မိုးရာသီရောက်ရင် ကြုံရလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကျော်လွှားနိုင်ဖို့ ဘာတွေကိုသတိထားရမလဲ❓လတ်တလော မိုးရွာသွန်းမှု...
19/08/2026

မိုးရာသီရောက်ရင် ကြုံရလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကျော်လွှားနိုင်ဖို့ ဘာတွေကိုသတိထားရမလဲ❓

လတ်တလော မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံတာတွေကြုံပြီးနောက်ပိုင်းမှာ ဝမ်းပျက်ဝမ်းလျှောပြဿနာတွေအဖြစ်များလာတာကို တွေ့လာရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် သောက်သုံးရေမသန့်တာ အစားအသောက်တွေမှာမသန့်ရှင်းတဲ့ ပိုးမွှားတွေကပ်ပါလာတတ်တဲ့အခါ ဝမ်းရောဂါတွေ အလွယ်တကူ ဖြစ်လာတတ်တာမျိုးပါ။

ဒါကြောင့် မိသားစုဝင်များရဲ့ ကျန်းမာရေးအတွက် အခုလို မိုးရာသီနဲ့ ရေကြီးပြီးစကာလမှာ အဓိက သတိထားရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

🔹ရေကိုကျိုချက်သောက်ပါ

ရေကို ပွက်ပွက်ဆူအောင် အနည်းဆုံး ၅ မိနစ်ကနေ ၁၀ မိနစ်ထိ ကျိုချက်သောက်သုံးပါ ဒါမှဟုတ် စိတ်ချရတဲ့ သောက်ရေသန့်ကိုပဲ အသုံးပြုပါ။ရေတွင်း၊ ရေကန်တွေကိုလည်း Chlorine ဖြင့် စနစ်တကျ ရေသန့်စင်ပြီးမှ သုံးစွဲသင့်ပါတယ်။

🔹 အစားအသောက် သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ

အိမ်မှာချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုပဲ ပူပူနွေးနွေး စားသုံးပါ၊ ယင်ကောင် မနားအောင် သေချာ ဖုံးအုပ်ထားပါ၊ လတ်ဆတ်မှုမရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အချဉ်ပေါင်းတွေနဲ့ မသန့်ရှင်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပေးပါ။

🔹လက်ကို မကြာခဏ ဆေးကြောပါ

အစာမစားခင်၊ အစာမချက်ပြုတ်ခင်နဲ့ အိမ်သာတက်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့
နည်းလမ်းမှန်အောင် ဆေးကြောတတ်တဲ့ အလေ့အကျင့်ကို လုပ်ထားသင့်ပါတယ်ရှင်။

ဒါ့အပြင် ဝမ်းသွားသည့်အကြိမ် အရမ်းများခြင်း၊ မူးဝေခြင်း၊ ခြေလက်များ အားနည်းခြင်း၊ ရေမဆာတော့ဘဲ နှုတ်ခမ်းများ ခြောက်ကပ်လာခြင်း (ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ)၊ ဝမ်းထဲ သွေးပါခြင်း ဒါမှမဟုတ် ဖျားနာခြင်းလို လက္ခဏာများ ကြုံလာရပြီဆိုရင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်ပါတယ်။

ဒီလို ပြဿနာများနဲ့ ကြုံရတဲ့အခါ စိတ်ချရတဲ့ကုသမှုတွေကိုအမြန်ဆုံးပြုလုပ်နိုင်ဖို့ ကလောမြို့က “မြတ်တော်ဝင်” ဆေးရုံက အမြဲအသင့်ရှိနေတာကိုလည်း သတိရလိုက်ပါနော်။

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51, 09 941 6000 52

#မြတ်တော်ဝင် #ကလော #ဝမ်းပျက်ဝမ်းလျှော

🙏 ဝါဆိုလပြည့် ~ Waso Full Moon Day 🙏ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် ခုနှစ်ရက်သား၊ သမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ...
29/07/2026

🙏 ဝါဆိုလပြည့် ~ Waso Full Moon Day 🙏

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် ခုနှစ်ရက်သား၊ သမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရရှိပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်၍ ငြိမ်းချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း “မြတ်တော်ဝင်ဆေးရုံ (ကလော) မိသားစု” မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51, 09 941 6000 52



# #

📣 Job Vacancy Announcement, We’re Hiring 📣  🏥”မြတ်တော်ဝင်ဆေးရုံ (ကလော) တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ...
20/07/2026

📣 Job Vacancy Announcement, We’re Hiring 📣


🏥”မြတ်တော်ဝင်ဆေးရုံ (ကလော) တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိနေပါသည်။

💼 HR Supervisor

✅ Benefit Package:
-Attractive Salary
-Medical discount according to the organization’s policy
-Leave according to the organization's policy
-Learn for personal and professional development at all time

▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]

📞 Phone & Viber: 09 941 600 081

🧠“ခေါင်းကိုက်ရုံပဲ… အနားယူလိုက်ရင်ကောင်းသွားမှာပါဆိုပြီး ပေါ့ဆနေဆဲလား” ❗ခေါင်းကိုက်တဲ့လက္ခဏာအချို့ဟာ ဦးနှောက်နဲ့ အာရုံကြ...
03/07/2026

🧠“ခေါင်းကိုက်ရုံပဲ… အနားယူလိုက်ရင်ကောင်းသွားမှာပါဆိုပြီး ပေါ့ဆနေဆဲလား” ❗

ခေါင်းကိုက်တဲ့လက္ခဏာအချို့ဟာ ဦးနှောက်နဲ့ အာရုံကြောရောဂါ တွေရဲ့ အစပြုသတိပေးချက် ဖြစ်နေနိုင်ပါတယ်။

⚠️ အောက်ပါလက္ခဏာတွေ ခံစားနေရပါသလား?

🔸 နာတာရှည် ခေါင်းကိုက်၊ ခေါင်းမူးခြင်း
🔸 ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်လာခြင်း
🔸 လက်၊ ခြေ အားနည်းလာခြင်း၊ လှုပ်ရှားရခက်ခဲလာခြင်း
🔸 သတိမေ့တတ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းလာခြင်း
🔸 သတိလစ်ခြင်း၊ မေ့မြောခြင်း
🔸 အမြင်ဝေဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း
🔸 အိပ်မပျော်ခြင်း၊ အိပ်စက်မှုပုံစံ မမှန်ခြင်း
🔸 လက်၊ ခြေ ထုံကျင်ခြင်း၊ တုန်ရီခြင်း လက္ခဏာတွေကို ပေါ့ဆမထားသင့်ပါဘူး။

✔️ ဆီးချိုရောဂါ
✔️ လေးဖက်နာရောဂါ (Lupus)
✔️ လေးဖက်နာအဆစ်ရောင်ရောဂါ (Rheumatoid Arthritis)
✔️ လေဖြတ်ဖူးသူများ (Stroke History)

အထက်ပါရောဂါအခံရှိသူတွေအနေနဲ့ အာရုံကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ပေးတဲ့ အရေးကြီးဆုံးင်္အဂါတစ်ခုလည်းဖြစ်တာကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာရင် စောစီးစွာ စစ်ဆေးကုသဖို့ အလွန်အရေးကြီးပါတယ်။

🏥 ကလောမြို့ရှိ “မြတ်တော်ဝင်ဆေးရုံ” တွင် ကျွမ်းကျင်သော ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီးများနှင့် နေ့စဉ် တိုင်ပင်ဆွေးနွေး၍ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုများကို ယုံကြည်စိတ်ချစွာ ခံယူနိုင်ပါပြီနော်….

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51, 09 941 6000 52

🏔️ 🏃‍♀️🏃‍♂️ 2026 ခုနှစ် ဇွန်လ (14) ရက်နေ့တွင် MUTRA Trails Run အဖွဲ့မှ ဦးစီးပြီး ကလောမြို့၌ ကျင်းပပြုလုပ်ခဲ့သော Myanmar ...
17/06/2026

🏔️ 🏃‍♀️🏃‍♂️ 2026 ခုနှစ် ဇွန်လ (14) ရက်နေ့တွင် MUTRA Trails Run အဖွဲ့မှ ဦးစီးပြီး ကလောမြို့၌ ကျင်းပပြုလုပ်ခဲ့သော Myanmar National League Qualifier Race (50KM, 25KM) အပြေးပြိုင်ပွဲကြီးတွင် ပါဝင်ဆင်နွှဲသည့် ပြိုင်ပွဲဝင်များအတွက် “မြတ်တော်ဝင်ဆေးရုံ (ကလော) မိသားစု” မှ ပွဲစဉ်တစ်လျှောက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ (Medical Cover) ပြုလုပ်ပေးခဲ့သော အမှတ်တရပုံရိပ်လေးများကို ပြန်လည်မှတ်တမ်းတင်ပါရစေရှင်….😍

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

အခုလို လူနေမှုပုံစံပြောင်းလဲလာတဲ့ခေတ်မှာ နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးစောင့်ရှောက်ပေးဖို့ အလွန်အရေးကြီးပါတယ်။❗️ သင့်...
15/06/2026

အခုလို လူနေမှုပုံစံပြောင်းလဲလာတဲ့ခေတ်မှာ နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးစောင့်ရှောက်ပေးဖို့ အလွန်အရေးကြီးပါတယ်။❗️

သင့်နှလုံးကျန်းမာရေးအတွက် Echo (Echocardiography) နှလုံးကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးသင့်ပါတယ်နော်…

Echo (Echocardiography) ဆိုတာ Ultrasound နည်းပညာကို အသုံးပြုပြီး နှလုံး၏ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်များနှင့် သွေးစီးဆင်းမှုအခြေအနေများကို နာကျင်မှုမရှိဘဲ လုံခြုံစိတ်ချစွာ စစ်ဆေးပေးတဲ့ စမ်းသပ်စစ်ဆေးမှုတစ်ခုပါ။ Echo စစ်ဆေးခြင်းဖြင့် ဘယ်လို ကျန်းမာရေး အခြေအနေများကို သိရှိနိုင်မလဲဆိုတာကိုလည်း တင်ပြပေးလိုက်ပါတယ်ရှင်…

🔍 Echo စစ်ဆေးခြင်းဖြင့် သိရှိနိုင်သော အခြေအနေများ

✅ နှလုံးအဆို့ရှင် (Heart Valve) များ၏ ချို့ယွင်းမှုများ
✅ နှလုံးကြွက်သား အားနည်းခြင်းနှင့် နှလုံးလုပ်ဆောင်ချက် ကျဆင်းခြင်း
✅ မွေးရာပါ နှလုံးရောဂါများ
✅ နှလုံးအရွယ်အစား ကြီးလာခြင်း သို့မဟုတ် ပြောင်းလဲမှုများ
✅ နှလုံးရေဝင်ခြင်း (Pericardial Effusion)
✅ နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်း (Ejection Fraction) နှင့် လုပ်ဆောင်နိုင်စွမ်း အခြေအနေများကို သိနိုင်ပါတယ်။

📌 အောက်ပါလက္ခဏာများရှိပါက Echo စစ်ဆေးရန် လိုအပ်ပါသည်။

🔹 ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ဖိအားခံစားရခြင်း
🔹 အသက်ရှူမဝခြင်း၊ မောပန်းလွယ်ခြင်း
🔹 နှလုံးခုန်နှုန်း မမှန်ခြင်း၊ ရင်တုန်ခြင်း
🔹 သွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိသူများ
🔹 ဆရာဝန်ညွှန်ကြားချက်အရ နှလုံးကျန်းမာရေး စစ်ဆေးရန် လိုအပ်သူများ စမ်းသပ်စစ်ဆေးသင့်ပါတယ်။

နှလုံးရောဂါများကို စောစီးစွာ သိရှိကုသနိုင်ရန် Echo စစ်ဆေးမှုကို အချိန်မီ စစ်ဆေးပြီး သင့်နှလုံးကျန်းမာရေးကို ကာကွယ်စောင့်ရှောက်လိုက်ပါ။

👨‍⚕️ မြတ်တော်ဝင်ဆေးရုံ (ကလော) တွင် အတွေ့အကြုံရင့် နှလုံးအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ Echo စစ်ဆေးမှုများကို ယုံကြည်စိတ်ချစွာ လာရောက်စစ်ဆေး ကုသနိုင်ပါပြီရှင်…

“ကျန်းမာပျော်ရွှင် မြတ်တော်ဝင်”

မြတ်တော်ဝင်ဆေးရုံ (ကလော)
📍 အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ (၁) ရပ်ကွက်၊ ကလောမြို့။

🩸🌎 ကမ္ဘာ့သွေးလှူရှင်များနေ့ ~ World Blood Donor Day 2026) 🌎🩸🩸 လူတိုင်း အသက်ရှင်ရပ်တည်နိုင်မှုအတွက် သွေးသည် မရှိမဖြစ်လိုအ...
14/06/2026

🩸🌎 ကမ္ဘာ့သွေးလှူရှင်များနေ့ ~ World Blood Donor Day 2026) 🌎🩸

🩸 လူတိုင်း အသက်ရှင်ရပ်တည်နိုင်မှုအတွက် သွေးသည် မရှိမဖြစ်လိုအပ်သော အဖိုးတန်အရင်းအမြစ်တစ်ခုပါ။ သွေးလှူဒါန်းခြင်းသည် လူ့အသက်ကို ကယ်တင်ပေးနိုင်သည့် အမြင့်မြတ်ဆုံး ကုသိုလ်ပြုလုပ်မှုများထဲမှ တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ သွေးလှူရှင်များ၏ စေတနာနှင့် ပေးဆပ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ (၁၄) ရက်နေ့ကို “World Blood Donor Day – ကမ္ဘာ့သွေးလှူရှင်များနေ့” အဖြစ် သတ်မှတ်ပြီး အထိန်းအမှတ်ဂုဏ်ပြုပွဲများ နှစ်စဉ်ကျင်းပလျက်ရှိပါသည်။

ယခုနှစ်ရဲ့ ဆောင်ပုဒ်လေးကတော့ “One Drop of Humanity. Give Blood. Save Lives.”- “လူသားချင်းစာနာမှု သွေးတစ်
စက်၊ အသက်များစွာအတွက် မျှော်လင့်ချက်တစ်စက်။ သွေးလှူပါ၊ အသက်ကယ်ပါ။” ဖြစ်ပြီး လူသားတစ်ဦးချင်းစီ၏ စေတနာ၊ မေတ္တာနှင့် မျှဝေကူညီလိုသော စိတ်ဓာတ်ကို ကိုယ်စားပြုထားပြီး သွေးတစ်စက်လှူဒါန်းခြင်းဖြင့် အသက်အန္တရာယ်ကြုံတွေ့နေရသော လူနာများစွာ၏ အသက်ကို ကယ်တင်နိုင်ကြောင်း အလေးပေးဖော်ပြထားပါတယ်။

🩸 သွေးလှူဒါန်းခြင်းသည် မြင့်မြတ်သော လှူဒါန်းမှုတစ်ရပ်
ဖြစ်သလို သွေးလိုအပ်နေသော လူနာများအတွက်လည်း အဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခုပါ။

ဒါ့ကြောင့် သွေးလှူဒါန်းလိုသူများအနေဖြင့် အောက်ပါအချက်များကို သိရှိထားသင့်ပါတယ်ရှင်။ 😍

🩸 သွေးလှူရှင်များ သိထားသင့်သော အချက်များ

🔸 အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရပါမည်။
🔸 အမျိုးသားများအနေဖြင့် ကိုယ်အလေးချိန် (၁၁၀) ပေါင်နှင့်အထက်၊ အမျိုးသမီးများအနေဖြင့် (၁၀၀) ပေါင်နှင့်အထက် ရှိရပါမည်။
🔸 သွေးမလှူမီ အိပ်ရေးဝဝ အနားယူထားသင့်ပါသည်။
🔸 ကျန်းမာရေးကောင်းမွန်ပြီး ဖျားနာခြင်းမရှိရပါ။
🔸 ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ သွေးလှူဒါန်း၍ မရပါ။
🔸 အရက်သောက်သုံးထားခြင်း၊ လတ်တလော ဓမ္မတာလာနေခြင်း မရှိရပါ။

🩸 သွေးလှူပြီးနောက် ဆောင်ရန် / ရှောင်ရန်များ

🔹 သွေးလှူပြီးနောက် (၁၀) မိနစ်ခန့် လဲလျောင်းအနားယူပြီး (၁၅) မိနစ်ခန့် ထိုင်၍ အနားယူပါ။
🔹 အာဟာရပြည့်ဝသော အစားအသောက်များနှင့် ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပါ။
🔹 သွေးလှူသည့်နေ့တွင် ပင်ပန်းသော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
🔹 သွေးလှူပြီး (၃) လပြည့်ပါက ပြန်လည်လှူဒါန်းနိုင်ပါသည်။

🙏 ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာမှုကို လက်တွေ့ဖော်ဆောင်ပြီး အသက်များစွာကို ကယ်တင်နိုင်ရန် သွေးလှူဒါန်းခြင်းဖြင့် ပါဝင်အားဖြည့်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ယနေ့ကျရောက်တဲ့ “ကမ္ဘာ့သွေးလှူရှင်များနေ့”ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 😍

“ကျန်းမာပျော်ရွှင် မြတ်တော်ဝင်”

မြတ်တော်ဝင်ဆေးရုံ (ကလော)
📍 အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ (၁) ရပ်ကွက်၊ ကလောမြို့။

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အချိန်မီ စစ်ဆေးကုသမှု မပြုလုပ်ပါက ရောဂါအခြေအနေ ပိုမိုပြင်းထန်လာနိုင်ပြီး ...
01/06/2026

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အချိန်မီ စစ်ဆေးကုသမှု မပြုလုပ်ပါက ရောဂါအခြေအနေ ပိုမိုပြင်းထန်လာနိုင်ပြီး ကုသရန်ခက်ခဲသည့် အဆင့်များသို့ ရောက်ရှိနိုင်တာကြောင့် ကျန်းမာရေးကို မပေါ့ဆသင့်ပါဘူး။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးခြင်းများကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်ရှင်။

🔍 Endoscopy (မှန်ပြောင်းကြည့်စစ်ဆေးခြင်း) ဖြင့်

✔️ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်ရှိ ရောဂါများကို တိကျစွာ စစ်ဆေးရှာဖွေနိုင်ခြင်း
✔️ လိုအပ်ပါက အသားစယူ၍ ဓာတ်ခွဲစစ်ဆေးနိုင်ခြင်း
✔️ ကင်ဆာဖြစ်နိုင်ခြေရှိသော အခြေအနေများကို စောစီးစွာ သိရှိနိုင်ခြင်း
✔️ သွေးယိုခြင်း၊ Polyp အလုံးများကဲ့သို့သော ရောဂါများကို ခွဲစိတ်စရာမလိုဘဲ မှန်ပြောင်းဖြင့် ကုသနိုင်ခြင်း
✔️ အစာအိမ်ပိုး (H. Pylori) ရှိ၊ မရှိ စစ်ဆေးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

✅ Endoscopy Service ၏ အားသာချက်များ

🔹 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများမှ ကိုယ်တိုင် စစ်ဆေးကုသပေးခြင်း

🔹 နောက်ဆုံးပေါ် Olympus 190 Series Endoscopy စက်ကြီးကို အသုံးပြုထားပြီး i-SCAN / Image Enhanced Technology ဖြင့် ကင်ဆာဆဲလ်ဖြစ်နိုင်သော နေရာများကို ပိုမိုတိကျစွာ ကြိုတင်သိရှိနိုင်ခြင်း

🔹 စစ်ဆေးစဉ်အတွင်း နာကျင်မှုနှင့် မအီမသာဖြစ်မှုများ လျော့နည်းစေရန် မေ့ဆေးနှင့် ထုံဆေးများ အသုံးပြု၍ သက်သောင့်သက်သာ ဝန်ဆောင်မှုပေးခြင်း

🔹 Endoscopy လုပ်ငန်းစဉ်အတွေ့အကြုံပြည့်ဝသော ကျွမ်းကျင်သူနာပြုများမှ စနစ်တကျ စောင့်ရှောက်ပေးခြင်း

🔹 စစ်ဆေးစဉ် ရိုက်ကူးထားသော ဓာတ်ပုံမှတ်တမ်းများနှင့် ဆေးကုသမှုမှတ်တမ်းများကို အသေးစိတ် စီစဉ်ပေးခြင်း

🔹 စစ်ဆေးမှုပြီးဆုံးပါက ဆရာဝန်ကြီးကိုယ်တိုင် ရလဒ်များ၊ တွေ့ရှိချက်များနှင့် ဆက်လက်ကုသရမည့် နည်းလမ်းများကို အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခြင်း

💙 ဒါကြောင့် သင့်ရဲ့ အစာအိမ်၊ အူလမ်းကြောင်းနှင့် အူမကြီးဆိုင်ရာ ကျန်းမာရေးကို စောစီးစွာ စစ်ဆေးသိရှိနိုင်ရန် “မြတ်တော်ဝင်ဆေးရုံ” တွင် ယုံကြည်စိတ်ချစွာ လာရောက်စစ်ဆေးနိုင်ပါပြီ။

“ကျန်းမာပျော်ရွှင် မြတ်တော်ဝင်”

🏥 မြတ်တော်ဝင်ဆေးရုံ (ကလော)

📍 လိပ်စာ – အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်း – 09 941 6000 51, 09 941 6000 52

Address

No (1), Ward (1), Shwe Taung Gyar Street
Kalaw
06022

Website

Alerts

Be the first to know and let us send you an email when Myat Taw Win Hospital - Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share