Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း

  • Home
  • Myanmar
  • Kyaukpyu
  • Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း

Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း Physiotherapy & Rehabilitation Clinic

မင်္ဂလာပါရှင်ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွါးနေသော အခြေအနေများကြောင့် ကျွန်မတို့ “ရွှေမြင့်မိုရ် ဆေးခန်း” ကို အချိန်အ...
19/01/2024

မင်္ဂလာပါရှင်

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွါးနေသော အခြေအနေများကြောင့် ကျွန်မတို့ “ရွှေမြင့်မိုရ် ဆေးခန်း” ကို အချိန်အတော်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း ဝမ်းနည်းစွာနဲ့ အသိပေးပါရစေရှင့် 😢😢😢

***ဆေးခန်းတွင်ပြနေကျ လူနာများ လိုအပ်ပါက ဖုန်းနံပါတ် 09797305219 သို့ အချိန်မရွေးဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင် ***

အားလုံးပဲ ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ကြမယ်နော် 🤍

မင်္ဂလာပါရှင်📣📣📣 ကျွန်မတို့ Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်းကို ယနေ့ ညနေပိုင်းမှစ၍ ပ...
01/11/2023

မင်္ဂလာပါရှင်

📣📣📣 ကျွန်မတို့ Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်းကို ယနေ့ ညနေပိုင်းမှစ၍ ပုံမှန်အချိန်အတိုင်း ပြန်ဖွင့်ထားပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင့်

🕘 ဆေးခန်းဖွင့်ချိန် 🕘
နံနက် (၈:၀၀) နာရီ မှ (၁၁:၃၀) နာရီ အထိ
ညနေ (၃:၀၀) နာရီ မှ (၇:၀၀) နာရီ အထိ
➡️သောကြာနေ့ ညနေတိုင်း ဆေးခန်းပိတ်သည်။

🏥 ရွှေမြင့်မိုရ် - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း
📍 အမှတ် (၄၉)၊ ဖြတ်လမ်း (၁) နှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့။
☎️ 09 797 305 219


🎊 Happy World PT Day 🎊
08/09/2023

🎊 Happy World PT Day 🎊

အားလုံးပဲ မင်္ဂလာပါရှင်ကျွန်မအရင်တစ်ပတ်က ပြောပြပေးခဲ့တဲ့ Kinesio Taping (ကုသရေးသုံးတိပ်အမျိုးအစား) ကို အခြားသော ထိခိုက်ဒ...
29/08/2023

အားလုံးပဲ မင်္ဂလာပါရှင်

ကျွန်မအရင်တစ်ပတ်က ပြောပြပေးခဲ့တဲ့ Kinesio Taping (ကုသရေးသုံးတိပ်အမျိုးအစား) ကို အခြားသော ထိခိုက်ဒါဏ်ရာရခြင်း၊ ကြွက်သားနှင့်အရွတ် နာကျင်ယောင်ရမ်းခြင်းများအတွက် ကျွန်မတို့ ‘ရွှေမြင့်မိုရ်ဆေးခန်း’ မှာအသုံးပြုကုသနေပုံများ ဖော်ပြပေးလိုက်ပါတယ်ရှင်

ကျွန်မတို့ Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်းတွင် အကြောအဆစ်ကုပညာရှင် Physiotherapist ဆရာမကိုယ်တိုင် ခေတ်မီ ကုသရေးသုံးစက်ပစ္စည်းများ၊ လေ့ကျင့်ခန်းကုထုံးများဖြင့် အရိုး၊ အကြောအဆစ်၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးဆိုင်ရာ ရောဂါဝေဒနာများကို ကုသပေးလျက်ရှိပါတယ်

🕘 ဆေးခန်းဖွင့်ချိန် 🕘
နံနက် (၈:၀၀) နာရီ မှ (၁၁:၃၀) နာရီ အထိ
ညနေ (၃:၀၀) နာရီ မှ (၇:၀၀) နာရီ အထိ
➡️သောကြာနေ့ ညနေတိုင်း ဆေးခန်းပိတ်သည်။

🏥 ရွှေမြင့်မိုရ် - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း
📍 အမှတ် (၄၉)၊ ဖြတ်လမ်း (၁) နှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့။
☎️ 09 797 305 219


25/08/2023

Facial Palsy (မျက်နှာတစ်ခြမ်းလေဖြန်းခြင်း) မှာ Kinesio Tape အသုံးပြုထားပုံနဲ့ အကျိုးသက်ရောက်မှုများ 👦

22/08/2023
အားလုံးပဲ မင်္ဂလာပါရှင့်ဒီနေ့ ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့ ကျွန်မတို့ Physiotherapist တွေ ကုသမှုပေးတဲ့အခါ ပိုပြီး...
19/08/2023

အားလုံးပဲ မင်္ဂလာပါရှင့်

ဒီနေ့ ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့ ကျွန်မတို့ Physiotherapist တွေ ကုသမှုပေးတဲ့အခါ ပိုပြီးအသုံးများလာကြတဲ့၊ ကျွန်မဆေးခန်းမှာလည်း မကြာခဏသုံးဖြစ်တဲ့ Kinesio Taping အကြောင်းပဲ ဖြစ်ပါတယ်။

အထူးသဖြင့် Musculoskeletal problems ကြွက်သားနဲ့အရိုးအဆစ် နာကျင်ယောင်ရမ်းခြင်းကို သက်သာအောင်ကုသမှုပေးတဲ့နေရာမှာ တခြားသော Physiotherapy Treatment တွေနဲ့တွဲပြီး ကုသမှုပေးပါတယ်။

Kinesio Taping ဆိုတာ ကျွန်မတို့ အရေပြားမျက်နှာပြင်ပေါ်မှာ ကပ်ပြီးအသုံးပြုလို့ရတဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကုသရေးသုံးတိပ်အမျိုးအစားဖြစ်ပါတယ်။ Kinesio Tape ကပ်တဲ့နေရာမှာ မိမိအသုံးပြုချင်တဲ့ ကြွက်သားဖြစ်စေ၊ အရိုးအဆစ်ဖြစ်စေ၊ ကြွက်သားတွယ်ဆက်ပုံနေရာနဲ့ အရိုးအဆစ်ပုံစံပေါ်မူတည်ပြီး အသုံးပြုပုံတွေ ကွဲပြားပါတယ်။

Kinesio Tape ကပ်ခြင်းဖြင့် Musculoskeletal system function and motion ကိုအထောက်အကူပြုဖို့အတွက် ခန္ဓာကိုယ်မှာ biomechanical and neurophysiological effects တွေ ဖြစ်ပေါ်လာစေပါတယ်။ Tape ကပ်လိုက်တဲ့အခါ Tape က အရေပြားကိုကပ်ပြီး ဆွဲမလိုက်သလိုဖြစ်တဲ့အတွက် အရေပြားနဲ့ကြွက်သားနဲ့ကြားမှာ နေရာလွတ်ကလေးဖြစ်သွားစေတယ်။ အဲ့ဒီအခါ အရေပြားအောက်မှာရှိတဲ့ Pain receptors လို့ခေါ်တဲ့ နာကျင်မှုကိုသိတဲ့ ဆဲလ်လေးတွေမှာ ဖိအားလျော့သွားခြင်းဖြင့် နာကျင်မှုတွေကို သက်သာလာစေပါတယ်။

ပြီးတော့ အရေပြားမှာရှိတဲ့ mechanoreceptors လေးတွေကို stimulate လုပ်တာကြောင့်လဲ အာရုံကြောအဖွဲ့အစည်းမှာ ကောင်းသောပြောင်းလဲမှုလေးတွေ ဖြစ်ပေါ်လာစေပါတယ်။ သွေးလည်ပတ်မှုနဲ့ ပြန်ရေကြောလည်ပတ်မှုကိုလည်း ကောင်းလာစေတာကြောင့် နာကျင်ယောင်ရမ်းခြင်းကို ပိုမိုသက်သာလာစေပါတယ်။

ဒါကတော့ ကျွန်မ Kinesio Taping အသုံးပြုပုံနဲ့ သူ့ရဲ့အကျိုးသက်ရောက်မှုကို အကြမ်းဖျင်းပြောပြထားတာဖြစ်ပါတယ်။ ကျွန်မတို့ “ရွှေမြင့်မိုရ် ဆေးခန်း” မှာ တခြားသော Physiotherapy ကုသမှုတွေအပြင် Kinesio Taping ကုသမှုပါ ရရှိနိုင်ကြောင်းလည်း သတင်းကောင်းပါးချင်ပါတယ်ရှင့်

✅ ကျွန်မတို့ Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်းတွင် အကြောအဆစ်ကုပညာရှင် Physiotherapist ဆရာမကိုယ်တိုင်
ခေတ်မီ ကုသရေးသုံးစက်ပစ္စည်းများ၊ လေ့ကျင့်ခန်းကုထုံးများဖြင့် အရိုး၊ အကြောအဆစ်၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးဆိုင်ရာ ရောဂါဝေဒနာများကို ကုသပေးလျက်ရှိပါတယ်ရှင်

🕘 ဆေးခန်းဖွင့်ချိန် 🕘
နံနက် (၈:၀၀) နာရီ မှ (၁၁:၃၀) နာရီ အထိ
ညနေ (၃:၀၀) နာရီ မှ (၇:၀၀) နာရီ အထိ
➡️သောကြာနေ့ ညနေတိုင်း ဆေးခန်းပိတ်သည်။

🏥 ရွှေမြင့်မိုရ် - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း
📍 အမှတ် (၄၉)၊ ဖြတ်လမ်း (၁) နှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့။
☎️ 09 797 305 219


ကျွန်မတို့ ဆေးခန်းမှာ မကြာခဏလာရောက်ပြသလေ့ရှိတဲ့ “ခြေဖနောင့်အရိုးအတက်ထွက်ခြင်း” အကြောင်းနဲ့ကုသမှုပုံစံများကို သိရှိစေရန် ...
16/08/2023

ကျွန်မတို့ ဆေးခန်းမှာ မကြာခဏလာရောက်ပြသလေ့ရှိတဲ့ “ခြေဖနောင့်အရိုးအတက်ထွက်ခြင်း” အကြောင်းနဲ့ကုသမှုပုံစံများကို သိရှိစေရန် မျှဝေပေးလိုက်ပါတယ်ရှင် 😀

14/08/2023

မင်္ဂလာပါရှင့်

ကျွန်မတို့ Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်းကို ယနေ့မှစ၍ ပုံမှန်ဆေးခန်းအချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပါပြီရှင့် 😃

ဖုန်းနဲ့တဆင့် ဆက်သွယ်မေးမြန်းထားသော လူကြီးမင်းများ ဆေးခန်းပြလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင် 🙏

🕘 ဆေးခန်းဖွင့်ချိန် 🕘
နံနက် (၈:၀၀) နာရီ မှ (၁၁:၃၀) နာရီ အထိ
ညနေ (၃:၀၀) နာရီ မှ (၇:၀၀) နာရီ အထိ
➡️သောကြာနေ့ ညနေတိုင်း ဆေးခန်းပိတ်သည်။

🏥 ရွှေမြင့်မိုရ် - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း
📍 အမှတ် (၄၉)၊ ဖြတ်လမ်း (၁) နှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့။
☎️ 09 797 305 219


13/08/2023

မနက်ဖြန် 14.8.2023 တနင်္လာနေ့မှစပြီး ဆေးခန်းပြန်ဖွင့်ပါပြီရှင်

မင်္ဂလာပါရှင့်ဆရာမ ခရီးသွားနေပါသဖြင့် ယနေ့ ၃၁.၇.၂၀၂၃ ရက်နေ့မှစ၍ ကျွန်မတို့ “ရွှေမြင့်မိုရ်” ဆေးခန်းအား ခေတ္တယာယီ ပိတ်ထား...
31/07/2023

မင်္ဂလာပါရှင့်

ဆရာမ ခရီးသွားနေပါသဖြင့် ယနေ့ ၃၁.၇.၂၀၂၃ ရက်နေ့မှစ၍ ကျွန်မတို့ “ရွှေမြင့်မိုရ်” ဆေးခန်းအား ခေတ္တယာယီ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးချင်ပါတယ်ရှင့်

ဆေးခန်းပြန်ဖွင့်မည့်ရက်ကို ထပ်မံ အသိပေးပါမယ်ရှင် 🙏

လိုအပ်ပါက ဆေးခန်းဖုန်းနံပါတ် - 09797305219 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

🏥 Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း
📍 အမှတ် (၄၉)၊ ဖြတ်လမ်း (၁) နှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့။
☎️ 09 797 305 219

26/06/2023

မင်္ဂလာပါရှင့်

ကျွန်မတို့ “ရွှေမြင့်မိုရ်” ဆေးခန်းမှာ လေ့ကျင့်ကုသနေတဲ့ အသက် ၆၃ နှစ်အရွယ် အရီးတစ်ယောက်ရဲ့ တစ်လအတွင်း တိုးတက်မှုလေးတွေကို ပြသပေးချင်ပါတယ်ရှင်

ခြေသလုံးအရိုးအပေါ်ပိုင်းကျိုး၍ (proximal tibia fracture) အချိန်ကြာမြင့်စွာ ကျောက်ပတ်တီးစည်းပြီးနောက် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ဒူးအဆစ်ခိုင်ခြင်း၊ လမ်းလျှောက်ရန်၊ လှုပ်ရှားသွားလာရန်အခက်အခဲဖြစ်နေခြင်းများအတွက် လေ့ကျင့်ကုသမှုခံယူတာဖြစ်ပါတယ်

တစ်ပတ်မှာ ၂ရက်/၃ရက် ဆေးခန်းမှာ လေ့ကျင့်ကုသပြီးတဲ့နောက် ယခု တစ်လနီးပါးအချိန်အတွင်းမှာ ဒူးအဆစ်လှုပ်ရှားမှု အပြည့်နီးပါး ပြန်လည်ရရှိပြီး၊walking stick နဲ့လမ်းလျှောက်နိုင်ပြီဖြစ်ပါတယ်။

ဆေးခန်းကို စရောက်လာတဲ့အချိန် လူနှစ်ယောက်တွဲလို့ ဝင်လာရာကနေ လူအကူမလိုတော့ဘဲ ကိုယ်တိုင်လမ်းလျှောက်နိုင်တဲ့အထိ လေ့ကျင့်ကုသမှုအဆင့်ဆင့်မှာ အရေးကြီးဆုံးကတော့ လူနာကိုယ်တိုင်ရဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်လိုတဲ့စိတ်ပါပဲ

ဒါကြောင့် အကြောအဆစ်နဲ့ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုသမှုများယူတဲ့အခါ လိုအပ်သောအချိန်တစ်ခုပေးဖို့နဲ့ အကြောအဆစ်ကုပညာရှင်များရဲ့ ညွှန်ကြားချက်တွေအတိုင်း ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ ထပ်မံတိုက်တွန်းပါရစေရှင် 🙏

Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်းတွင် အကြောအဆစ်ကုပညာရှင် Physiotherapist ဆရာမကိုယ်တိုင် ခေတ်မီ ကုသရေးသုံးစက်ပစ္စည်းများ၊ လေ့ကျင့်ခန်းကုထုံးများဖြင့် စနစ်တကျ ကုသပေးလျက်ရှိပါတယ်ရှင့်

🕘 ဆေးခန်းဖွင့်ချိန် 🕘
နံနက် (၈:၀၀) နာရီ မှ (၁၁:၃၀) နာရီ အထိ
ညနေ (၃:၀၀) နာရီ မှ (၇:၀၀) နာရီ အထိ
➡️သောကြာနေ့ ညနေတိုင်း ဆေးခန်းပိတ်သည်။

🏥 ရွှေမြင့်မိုရ် - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း
📍 အမှတ် (၄၉)၊ ဖြတ်လမ်း (၁) နှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့။
☎️ 09 797 305 219


Address

အမှတ် (၄၉)၊ ဖြတ်လမ်း (၁) နှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ပိုင်းရပ်ကွက်၊ ကျောက်ဖြူမြို့
Kyaukpyu

Opening Hours

Monday 08:00 - 11:30
15:00 - 19:00
Tuesday 08:00 - 11:30
15:00 - 19:00
Wednesday 08:00 - 11:30
15:00 - 19:00
Thursday 08:00 - 11:30
15:00 - 19:00
Friday 08:00 - 11:30
15:00 - 19:00
Saturday 08:00 - 11:30
15:00 - 19:00

Telephone

+959797305219

Alerts

Be the first to know and let us send you an email when Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Myint Mo - အကြောအဆစ် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ဆေးခန်း:

Share