26/12/2018
နှလုံး နှင့် သွေးကြောများတွင် ဖြစ်ပေါ်သော ရောဂါဆိုတာဘာလဲ?
နှလုံးနှင့် သွေးကြောများတွင် အဆီဖတ်များကြောင့် ရောဂါဖြစ်ခြင်းကို ဆိုလိုသည်။ သွေးကြာနံရံရှိ အဖတ်များ (Atheroma) သည် သေးငယ်သောအဆီလုံးများနှင့် ဆင်တူပြီး သွေးကြော၏ အတွင်းနံရံများတွင် ဖြစ်ပေါ် သည်။ သွေးကြာနံရံရှိအဖတ်များ(Atheroma)ကို သွေးကြောမာခြင်းဟုလည်း ခေါ်ကြသည်။ သွေးကြောထဲတွင် သွေးကြာနံရံရှိအဖတ်များ(Atheroma)ရှိနေပါက သွေးကြောကိုကျဉ်းစေပြီး သွေးကြောအတွင်းသို့ စီးဆင်းနိုင်သော သွေးပမာဏကိုလည်း နည်းစေသည်။ တခါတရံ သွေးကြာနံရံရှိ အဖတ်များ (Atheroma) ပေါ်တွင် သွေးခဲများ ဖြစ်ပေါ်တတ်သည်။ သွေးကြာနံရံရှိ အဖတ်များ (Atheroma) ရှိသည့် နေရာပေါ်တွင် မူတည်၍ အထက်တွင် ဖော်ပြထားသော ရောဂါများဖြစ်သည့် ရုတ်တရက်နှလုံးခုန်ရပ်တန့်ခြင်း ၊ နှလုံးရောဂါတစ်မျိုးမျိုးကြောင့် ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေသည့်ရောဂါ(Angina)၊ လေသင်တုန်းဖြတ်ခြင်း နှင့် ခြေဖျား ၊ သွေးလွှတ်ကြောငယ်များတွင် ဖြစ်သောရောဂါ စသည်တို့ ဖြစ်နိုင်သည်။
မည်သူတို့သည် နှလုံး နှင့် သွေးကြောများဆိုင်ရာ အန္တရာယ်ကို စမ်းစစ်ခြင်းပြုလုပ်သင့်သနည်း?
· အသက် ၄၀ နှင့် အထက်ရှိသူ အားလုံး
· အောက်ပါ အချက် ၂ ချက်နှင့် အကျုံးဝင်သူများသည် မည်သည့်အသက်အရွယ်တွင်မဆို စစ်ဆေးမှုခံယူသင့်သည်။
(၁) မိသားစုဆွေမျိုးများတွင် ငယ်ရွယ်စဉ်၌ နှလုံး ၊ သွေးကြောတို့နှင့် ဆက်စပ်သောရောဂါရှိသူများ ။ ဆိုလိုသည်မှာ မိဘ ၂ ပါး (သို့) ညီအစ်ကိုမောင်နှမများတွင် အသက် ၅၅ နှစ်မတိုင်မှီ နှလုံးရောဂါ (သို့) လေသင်တုန်းဖြတ်ခြင်းတို့ ဖြစ်သူရှိပါက။
(၂) မိသားစုဝင်များဖြစ်သော (မိဘ ၊ ညီအစ်ကိုမောင်နှမ ၊ ကလေး) တို့တွင် မိသားစုမျိုးရိုးလိုက်သည့် ပြင်းထန်သော သွေးထဲရှိအဆီများနှင့် ပတ်သက်သည့် ရောဂါ ခံစားနေရသူရှိပါက ။ (ဥပမာ - မျိုးရိုးဗီဇ ကြောင့် ကိုလက်စထရော များနေခြင်း ( သို့) မျိုးရိုးဗီဇ ကြောင့် အဆီဓာတ်များ တက်နေခြင်း (Familial Hypercholesterolaemia or Familial Combined Hyperlipidamia) ထိုရောဂါများသည် အဖြစ်များသော ရောဂါများမဟုတ်ပါ။
အကယ်၍ နှလုံး နှင့် သွေးကြောများတွင် ရောဂါ တစ်ခုခုဖြစ်နေသူ (သို့) ဆီးချိုရောဂါရှိနေသူ ဖြစ်ပါက ရောဂါဖြစ်နိုင်သည့် အန္တရာယ်ကိုတွက်ချက်ရန် မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် အန္တရယ်များသောအုပ်စုတွင် ပါဝင်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။