24/08/2021
‼️ကလေးရှိသောမိဘများ သတိထားကြဖို့ပါ
မိသားစုတခုလုံး နီးပါး ကိုဗစ်ဖြစ်တယ် ။ P ထွက်ကြတယ်။
၁၂ နှစ်ကလေးလေး Neg ဖြစ်တယ်။
နောက် ဖျားတယ်။ ကိုယ်ပူက ၁၀၂-၁၀၃ တုန်ပြီးဖျားတယ် ။ လုံးဝမကျဘူး။ မူးပြီးလဲတယ်။ သွေးပေါင်က ၉၀/၆၀ ပဲရှိတယ်။ စိတ်ပူပြီး Covid ထပ်စစ်တယ်။ N တုန်းပဲ။ ဘာဖြစ်တယ်ထင်ကြလဲ.??
ကျတော် စိတ်ထဲမသင်္ကာလို့ သွေးဖောက်စစ်ကြည့်ခိုင်းတော့ သွေးလွန်တုပ်ကွေးပါ။
Dengue Duo မှာ IgG / Ig M/ NS1 အကုန် positive ပါ။
ရာသီချိန်ပါနော်။ covid ကို အာရုံစိုက်နေချိန်လွတ်သွားရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အပေါ်က ကလေးတော့ အပြင် ဆေးရုံသွားခိုင်းပြီး monitor လုပ်ဖို့ ပြဖို့ပြောထားပါပြီ။
မိဘများ
ကလေးတွေမှာ ကိုဗစ်လက္ခဏာက အရမ်းမဆိုးပါ။ ဖျားရင် နည်းနည်းပဲဖျားပါတယ်။ low grade fever ပါ။ ကလေးတွေမှာ ဘာမှသိပ်မဖြစ်ပါ။
တကယ်လို့ အရမ်းဖျား ဆက်တိုက်ဖျားနေရင် ( high continuous fever ) ဆို သွေးလွန်တုပ်ကွေးကို စဉ်းစားပါ။ ခြေဖျားအေးစက် အန် ဆို ဆေးရုံသွားပါ။
ကာကွယ်ဖို့ ခြင်မကိုက်ပါစေနဲ့။ ဘောင်းဘီရှည်ဝတ်ပေးပါ။ နေ့လည်ခြင်ထောင်ထောင်ပေးထားပြီး အထဲမှာပဲ ဆော့ပါစေ။
တစ်ပူပေါ်နှစ်ပူ မဆင့်ဖို့ ဂရုစိုက်ကြပါ။
: Original uploader