23/08/2026
ဒီမနက် နေရင်းထိုင်ရင်း Viber ကနေ ဖုန်းတစ်ခုဝင်လာပါတယ်။
ချင်းမိုင်ရမ်ဆေးရုံမှာ ဆေးစစ်ဖို့ စုံစမ်းတာပါ။
တစ်ယောက်က အသက် ၆၀ ကျော် အဒေါ်တစ်ယောက်အတွက် **Medical Checkup** စစ်ချင်တာ၊ နောက်တစ်ယောက်အတွက်တော့ **Bone Density — အရိုးပွ စစ်ဆေးမှု** လုပ်ချင်တာပါ။
ကိုယ်လည်း အချိန်ရတုန်းမို့ ဆေးရုံ Package တွေကို တစ်ခါတည်းရှာပြီး ရှင်းပြပေးဖြစ်ပါတယ်။
စျေးနှုန်းတွေပြောတဲ့အချိန်မှာတော့ သူ့ဘက်က သဘောမတူတော့ဘဲ—
သူ့ဖာသာ ရှာဖတ်ထားတာအရ Medical Checkup က ဘတ် ၃,၀၀၀ ကျော်ပဲ ကုန်မယ်၊ Bone Density ကလည်း ဘတ် ၂,၀၀၀ ကျော်ပဲ ရှိတယ်၊ MediTour ကနေ သီးသန့်ရှင်းပြပေးတာတွေ သူ့အတွက် မလိုဘူးလို့ ပြောလာပါတယ်။
ဒေါသ သံတွေနဲ့ ပြောလာတာ ၊ စော်ကားသလို မျိုးပုံစံတွေပါလာတာမို့ စကားအရမ်းမရှည်ချင်တော့လို့ ဖုန်းပဲချလိုက်ပါတယ်။
ဒါပေမယ့် ဒီကိစ္စကနေ လူနာတွေအတွက် သိထားသင့်တဲ့ အချက်တစ်ခုတော့ ရှင်းပြချင်ပါတယ်။
**ချင်းမိုင်ပဲဖြစ်ဖြစ်၊ ဘန်ကောက်ပဲဖြစ်ဖြစ် Medical Checkup လုပ်မယ်ဆိုရင် Package တစ်ခုတည်း၊ စျေးနှုန်းတစ်ခုတည်း မဟုတ်ပါဘူး။**
အသက်အရွယ်၊ ကျား/မ၊ ရောဂါအခံ၊ စစ်ဆေးချင်တဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး Package တွေ ကွာနိုင်ပါတယ်။
ဒီ Case မှာ စစ်ချင်တာက **အသက် ၆၅ နှစ်အရွယ်အတွက် Medical Checkup** ဖြစ်ပါတယ်။
သူမြင်ထားတဲ့ ဘတ် ၃,၀၀၀ ကျော် Package ကတော့ Chiangmai Ram ရဲ့ **အသက် ၃၉ နှစ်အောက်အတွက် Standard Checkup Package** ဖြစ်ပါတယ်။
အသက် ၆၅ နှစ်အရွယ် လူနာတစ်ယောက်အတွက်တော့ “အနိမ့်ဆုံးစျေး Package ဘယ်လောက်လဲ” ဆိုတာထက်
**“ဒီအသက်အရွယ်နဲ့ ဒီလူနာအတွက် ဘာတွေစစ်ဖို့ သင့်တော်လဲ”** ဆိုတာက ပိုအရေးကြီးပါတယ်။
နောက်တစ်ယောက်အတွက် စစ်ချင်တဲ့ **Bone Density / အရိုးပွ စစ်ဆေးမှု** ကို ဘတ် ၂,၀၀၀ ကျော်ပဲလို့ သူမြင်ထားတယ်လို့ ပြောပါတယ်။
ဘယ်မှာကြည့်ထားလဲတော့ မသိပါဘူး။
Chiangmai Ram ရဲ့ လက်ရှိ Official Package မှာတော့ **Advance BMD Package — 5,000 Baht** ဖြစ်ပါတယ်။
(ဆရာဝန်ခ မပါဝင်ပါ)
ဒီနေရာမှာ ** က ဘာလုပ်ပေးတာလဲ** ဆိုတာလည်း ရှင်းပြချင်ပါတယ်။
MediTour နဲ့ ချိတ်ဆက်ပြီး ဘန်ကောက် / ချင်းမိုင်မှာ ကိုယ်တို့ချိတ်ဆက်ထားတဲ့ ဆေးရုံတွေမှာ ဆေးစစ်၊ ဆေးကုမယ်ဆိုရင်—
**ဆေးရုံကုန်ကျစရိတ်ကို လူနာက ဆေးရုံကိုပဲ တိုက်ရိုက်ပေးရတာပါ။**
ကိုယ်တို့က ဆေးရုံ Package စျေးပေါ်မှာ ထပ်တင်ပြီး ကြိုကောက်ထားတာမျိုး မဟုတ်ပါဘူး။
MediTour ကနေ အဓိကကူညီပေးတာက—
လူနာအတွက် ဘယ် Package က ပိုသင့်တော်သလဲ၊
Package ထဲမှာ ဘာတွေပါသလဲ၊
ဘာကြောင့် ဒီစစ်ဆေးမှုလိုတာလဲ၊
စစ်ပြီး Result ထွက်လာတဲ့အခါ ဘာကိုဆိုလိုတာလဲ၊
ဘာဆက်လုပ်ဖို့လိုနိုင်သလဲ—
ဒီလို မသိတာ၊ မရှင်းတာတွေကို **ဆရာဝန်တစ်ယောက်အနေနဲ့ မြန်မာလို လူနာနားလည်အောင် ပြန်ရှင်းပြပေးနိုင်တာ** ဖြစ်ပါတယ်။
ထိုင်းဆေးရုံတွေမှာ မြန်မာဘာသာပြန်တွေ ရှိပါတယ်။
ဒါပေမယ့် အများစုက Medical field ထဲက မဟုတ်တဲ့အတွက် အချို့သော medical information တွေကို လူနာဘက်က တကယ်နားလည်သွားအောင် ရှင်းပြရာမှာ အကန့်အသတ်ရှိနိုင်ပါတယ်။
ထိုင်းဆရာဝန်က ရှင်းပြပြီးသားဖြစ်ပေမယ့်လည်း ကိုယ့်အတွေ့အကြုံအရ လူနာဘက်မှာ **“ဒါဆို ဘာဖြစ်တာလဲ၊ ဘာဆက်လုပ်ရမလဲ”** ဆိုပြီး မရှင်းတာတွေ ကျန်နေတတ်ပါတယ်။
ဒါကြောင့် MediTour ရဲ့ ရည်ရွယ်ချက်က **စျေးကြီးတဲ့ Package ရောင်းဖို့ မဟုတ်ပါဘူး။**
**လူနာအတွက် သင့်တော်တဲ့ ဆေးစစ်မှု၊ ဆေးကုသမှုကို မှန်မှန်ကန်ကန်ရွေးနိုင်ဖို့နဲ့၊ ဆေးရုံမှာရရှိတဲ့ medical information ကို ကိုယ်တိုင်နားလည်ပြီး ဆုံးဖြတ်နိုင်ဖို့ ကူညီပေးတာပါ။**
ဒီ Post အောက်မှာ Chiangmai Ram ရဲ့ Official Package Links နဲ့ ပုံတွေ ချပေးထားပါတယ်။
ချင်းမိုင် / ဘန်ကောက်မှာ ဆေးစစ်၊ ဆေးကုဖို့ စုံစမ်းချင်ရင် **Messenger မှာ မေးထားနိုင်ပါတယ်။**