Home Care Service ,Magway

Home Care Service ,Magway မကွေးမြို့နယ် အတွင်း Family Home care အတွက် စိတ်ချ ယုံကြည်ပြီး
စုံစမ်းမေးမြန်းနိုင်ပါသည် ။

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေး တည်ဆောက်ဖို့Pre-Marriage Blood Test စစ်ကြစို့🔹 Pre-Marriage Blood Test က ဘာလဲ ? ? ?   ...
09/02/2026

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေး တည်ဆောက်ဖို့
Pre-Marriage Blood Test စစ်ကြစို့

🔹 Pre-Marriage Blood Test က ဘာလဲ ? ? ?
ဘာကြောင့်အရေးကြီးလဲ ? ? ?

✔ မင်္ဂလာမ​ဆောင်မီ သွေးစစ်ဆေးခြင်းဖြစ်ပါတယ်

✔မင်္ဂလာမ​ဆောင်မီ သွေးစစ်ဆေးခြင်းဟာ
ဇနီးမောင်နှံနှစ်ဦးရဲ့ ကျန်းမာရေး နဲ့
အနာဂတ် မိသားစုဘဝ ကို ကာကွယ်ပေးနိုင်ပါတယ်။

✔ ကိုယ်မသိသေးတဲ့ ရောဂါတွေကို ကြိုတင်သိနိုင်ပါတယ်
✔ လက်ထပ်ပြီးနောက် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်
✔ ကိုယ်ဝန်ဆောင်ခြင်းကို စိတ်ချစွာ စီမံနိုင်ပါတယ်
✔ ကလေးရဲ့ ကျန်းမာရေးကို စောင့်ရှောက်နိုင်ပါတယ်

🔹 စစ်ဆေးသင့်သော သွေးစစ်​ဆေးမှုများ
🔹 သွေးအုပ်စု (Blood Group) & Rh Factor
→ ကိုယ်ဝန်ဆောင်ချိန် အန္တရာယ်ကာကွယ်ရန်
🔹 HBsAg (အသည်းရောင် B)
→ အသည်းရောင် B ရောဂါ ရှိ/မရှိ စစ်ဆေး
🔹 Anti-HCV Ab (အသည်းရောင် C)
→ အသည်းရောင် C ရောဂါကို စောစီးစွာ သိနိုင်ရန်
🔹 HIV Test
→ လုံခြုံတဲ့ အိမ်ထောင်ရေးအတွက် အရေးကြီး
🔹 VDRL (Syphilis)
→ မိခင်နဲ့ ကလေး နှစ်ဦးလုံးကို ကာကွယ်နိုင်

🔹 စစ်ဆေးပြီးနောက် ဘာတွေ လုပ်လို့ရလဲ

💖 မင်္ဂလာမတိုင်မီ စစ်ဆေးခြင်းက
မိသားစု ချစ်ခြင်းတရား​တွေကို ပိုမိုလုံခြုံစေပါတယ်
✔ လိုအပ်ပါက ကုသမှုကို စောစီးစွာ စတင်နိုင်ပါတယ်
✔ ကာကွယ်ဆေး ထိုးရန် အကြံပြုချက် ရနိုင်ပါတယ်
✔ ကိုယ်ဝန်ဆောင်ခြင်းကို စိတ်ချစွာ စီမံနိုင်ပါတယ်
✔ ယုံကြည်မှုရှိတဲ့ မိသားစုဘဝကို စတင်နိုင်ပါတယ်

🏠 Home Care Doctor ဝန်ဆောင်မှု

👨‍⚕️ ဆရာဝန်ကိုယ်တိုင် အိမ်အရောက် လာရောက် ​သွေးစစ်ဆေးပေးပါသည်
⏱ အချိန်မကုန်၊ အရှုပ်အရှင်း မရှိ​စေရပါ
🔒 လျှို့ဝှက်မှု အပြည့်အဝ ထိန်းသိမ်းပေးပါသည်

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေး တည်ဆောက်ဖို့
Home Care Doctor ကို ဆက်သွယ်လိုက်ပါ

📍 Home Care Doctor – Magway
📞 09 250 722 582

#ကျန်းမာရေးအသိပညာ

*ဆောင်းအကုန်နွေဦးပေါက်ကာလတွေမှာ အဖြစ်များလို့ သိထားစေချင်ပါသည်*ကလေးတွေပေါက်တဲ့ ရေကျောက်****************************(၁) ဘ...
08/02/2026

*ဆောင်းအကုန်နွေဦးပေါက်ကာလတွေမှာ အဖြစ်များလို့ သိထားစေချင်ပါသည်*

ကလေးတွေပေါက်တဲ့ ရေကျောက်
****************************
(၁) ဘာကြောင့်ဖြစ်✅

အသက်ရှူလမ်းကြောင်းမှတဆင့် အလွန့်အလွန်ကူးစက်လွယ်သော Varicella ဟုခေါ်သည့်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည်။ ဆောင်းတွင်းနှင့် နွေဦးတွင် အဖြစ်ပိုများသည်။

(၂) အန္တရာယ်ရှိလား✅

ပုံမှန် ကလေးများတွင် အန္တရာယ်မရှိပါ။ ရောဂါလက္ခဏာမပြင်းထန်ပါ။ ၁ ပတ်အတွင်း အလိုလိုကောင်းသွားမည်။

(၃) ရောဂါလက္ခဏာများ✅

အဖျားငွေ့ငွေ့၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊အရည်ကြည်ဖုများထွက်လာခြင်း၊ အရည်ကြည်ဖုများပတ်လည်မှ အရေပြားက မညီမညာ နီရောင်နေခြင်းတို့ရှိမည်။

(၄) ကုထုံး✅

ရေကျောက်ပေါက်သော ကလေးကို အိပ်ရာထဲမှာ အနားယူခိုင်းပါ။ အရည်ဓာတ်များများတိုက်ပါ။ ခေါင်းကိုက်ခြင်းအတွက် ပါရာစီတမောကလွဲ၍ ဘာဆေးမှ မတိုက်ပါနှင့်။ အနာအားလုံးခြောက်သွားသည်အထိ ကျောင်းမလွှတ်ပါနှင့်။

(၅) အရေပြားအတွက်✅

အရည်ကြည်ဖုများက ၅ရက်-၆ရက်ကြာလျှင် ခြောက်သွားမည်။ အလွန်ယား၍ Calamine Lotion လူးပေးနိုင်သည်။ ရေနွေးနွေးဖြင့် နေ့စဉ်ချိုးပေးပါ။ အနာအားလုံးခြောက်သွားပြီး ကျန်ခဲ့သောအနာရွတ်များက လပိုင်းအတွင်း အလိုလိုမှိန်သွားမည်။

(၆) ရေကျောက် ကာကွယ်ဆေး✅

မြန်မာနိုင်ငံကျန်းမာရေးဌာနမှ ထိုးပေးသည့် ကာကွယ်ဆေးထိုးအစီအစဉ်တွင်မပါဝင်ပါ။ မိမိအစီအစဉ်ဖြင့်ထိုးချင်လျှင် ကလေးအသက် ၁ နှစ်ခွဲတွင် ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိပ်ရောင်တို့နှင့် တွဲလာသော MMRVကို တစ်ကြိမ်ထိုးလျှင်ဖြစ်စေ၊ ရေကျောက်အတွက် သီးသန့်လာသော Varicella Vaccine ကို အသက် ၉ လမှ ၁၂ နှစ်ကြား တစ်ကြိမ်ထိုးပေးလျှင်ဖြစ်စေ ၉၈% ထိ ကာကွယ်ပေးသည်။

(၇) နောက်ဆက်တွဲ ပြဿနာများ✅

မွေးကင်းစများ၊ ခုခံအားကျဆင်းနေသောကလေးများ၊ အာဟာရချို့တဲ့လွန်းသော ကလေးများတွင် ရေကျောက်ပိုးကူးစက်ခံရလျှင် အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်းတို့ဖြစ်တတ်ပြီး အသက်ဆုံးရှုံးနိုင်သည်။ အရည်ကြည်ဖုများပေါက်သွားချိန်တွင် အရေပြားကို သန့်ရှင်းအောင်မထားလျှင်၊ မသန့်ရှင်းသောလက်နှင့် ကုပ်မိလျှင် ဘက်တီးရီးယားပိုးဝင်ပြီး ပိုးသတ်ဆေးသောက်ဖို့ လိုပါလိမ့်မည်။

Cေd_rနနေမိုးဆွေ (Child Health Myanmar)
Reference- Better Health Channel, Victoria, Australia, WHO Intentional.

🩺 ဆီးချိုရောဂါ (Diabetes Mellitus)ယနေ့ခေတ်မှာ လူအများဆုံး ကြုံတွေ့နေရတဲ့ နာတာရှည်ရောဂါတွေထဲမှာဆီးချိုရောဂါ ဟာ အရေးကြီးဆု...
08/02/2026

🩺 ဆီးချိုရောဂါ (Diabetes Mellitus)

ယနေ့ခေတ်မှာ လူအများဆုံး ကြုံတွေ့နေရတဲ့ နာတာရှည်ရောဂါတွေထဲမှာ
ဆီးချိုရောဂါ ဟာ အရေးကြီးဆုံးတစ်ခု ဖြစ်ပါတယ်။
စောစီးစွာ မသိ၊ မကုသရင် အသက်အန္တရာယ်ပါ ဖြစ်နိုင်ပါတယ်။

၁️⃣ ဆီးချိုရောဂါ ဆိုတာဘာလဲ❓

ဆီးချိုရောဂါဆိုတာ
သွေးတွင်းသကြားဓာတ် (Blood Sugar)
ပုံမှန်ထက် မြင့်တက်နေတဲ့ အခြေအနေဖြစ်ပါတယ်။
အင်ဆူလင် မလုံလောက်ခြင်း သို့မဟုတ် အင်ဆူလင် အလုပ်မလုပ်နိုင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။

၂️⃣ ဆီးချို​ရောဂါရဲ့ လက္ခဏာ​တွေက​ရော ဘာ​တွေလဲ
ဘယ်အချိန်မှာ ဆီးချိုလို့ သတ်မှတ်မလဲ❓

🔹 တွေ့ရတတ်တဲ့ လက္ခဏာများ
ဆီးခဏခဏသွားခြင်း
ရေခဏခဏဆာခြင်း
ကိုယ်အလေးချိန် မသိသာပဲ လျော့သွားခြင်း
ပင်ပန်းလွယ်၊ မောလွယ်ခြင်း
အ​ရေပြား ယားယံခြင်း
အနာကျက်နှေးခြင်း
မျက်စိမကြည်၊ မျက်စိမြင်မှု လျော့နည်းခြင်း

🔹 အောက်ပါအခြေအနေတွေမှာ ဆီးချိုလို့ သတ်မှတ်ပါတယ်
အစာမစားမီ သွေးချို ≥ 126 mg/dl
အစာစားပြီး 2 နာရီ ≥ 200 mg/dl
Random blood sugar ≥ 200 mg/dl +လက္ခဏာရှိပါက
👉 သွေးချို စစ်ဆေးမှသာ ​မိမိတွင် ရောဂါရှိမရှိ
သေချာသိနိုင်ပါတယ်။

၃️⃣ ဆီးချိုရောဂါကို ဘယ်လိုကာကွယ်ကြမလဲ❓

✅ အချိုအဆီများသော အစားအစာ လျော့စားပါ
✅ ကိုယ်အလေးချိန် ထိန်းသိမ်းပါ
✅ နေ့စဉ် လမ်းလျှောက် / လေ့ကျင့်ခန်းလုပ်ပါ
✅ ဆေးလိပ်၊ အရက် ရှောင်ပါ
✅ သွေးချိုကို အချိန်မှန် စစ်ဆေးပါ

၄️⃣ ဆီချို​ရောဂါရှိပါက ဘယ်လိုကုသရမလဲ❓

✅ အစားအသောက် ထိန်းချုပ်ခြင်း
✅ဆေးသောက်ခြင်း
✅အင်ဆူလင်ထိုးခြင်း
တို့နဲ့ ထိန်းချုပ်ကုသနိုင်ပါတယ်။
⚠️ မိမိသ​ဘောနှင် မိမိ ဆေးရပ်ခြင်း မလုပ်သင့်ပါ။
⚠️ မကုသရင် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲများ
❌ နှလုံးရောဂါ
❌ သွေးကြောပိတ်ခြင်း
❌ ကျောက်ကပ်ပျက်စီးခြင်း
❌ မျက်စိကွယ်ခြင်း
❌ ခြေထောက်အနာ၊ ခြေထောက်ဖြတ်ရခြင်း
❌ လေဖြတ်ခြင်း
👉 အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါတယ်။

🏠 Home Care Doctor နဲ့ ဆီးချိုကို အိမ်မှာပဲ ထိန်းချုပ်ကုသနိုင်ပါတယ်
✔️ သွေးချို စစ်ဆေးပေးခြင်း
✔️ ဆီးချို ဆေးဝါး စနစ်တကျ ပေးခြင်း
✔️ အင်ဆူလင် ထိုးပေးခြင်း
✔️ နာတာရှည် ဆီးချို လူနာများကို
ဆရာဝန်ကိုယ်တိုင် ကြည့်ရှုကုသ​ပေးခြင်း

📞 Home Care Doctor
📱 09 2507 22582

👉 ဆီးချိုကို စောစီးစွာ ထိန်းချုပ်ခြင်းက
👉 အသက်ရှည်စေတဲ့ အရေးကြီးဆုံးအချက်ပါ
💙 ဒီပို့စ်ကို Like 👍 Share 🔁 လုပ်ပြီး
သင်ချစ်တဲ့ လူတွေကိုပါ ကာကွယ်ပေးလိုက်ပါ
Thank you for your support 🙏

🩺 သွေးတိုးရောဂါ (High Blood Pressure)တိတ်တဆိတ် အသက်အန္တရာယ်ပေးနေတဲ့ ရောဂါ ❗📌 သွေးတိုးရောဂါဟာလူအများစုမှာ👉 လက္ခဏာမပြဘဲ👉 တ...
07/02/2026

🩺 သွေးတိုးရောဂါ (High Blood Pressure)
တိတ်တဆိတ် အသက်အန္တရာယ်ပေးနေတဲ့ ရောဂါ ❗

📌 သွေးတိုးရောဂါဟာ
လူအများစုမှာ
👉 လက္ခဏာမပြဘဲ
👉 တိတ်တစိတ်နဲ့ သွေးကြော၊ နှလုံး၊ ဦးနှောက်၊ ​ကျောက်ကပ် ကို ပျက်စီးစေတတ်ပါတယ်
ဒါကြောင့် အောက်ပါ သံသယလက္ခဏာတွေ ရှိလာရင် မပေါ့ပါနဲ့ ❗

🔴 သွေးတိုးရောဂါ သံသယလက္ခဏာများ
မကြာခဏ ခေါင်းကိုက် (နောက်ခေါင်းဘက်ပိုင်း)
မူးဝေ၊ မျက်စိမရှင်း
ရင်တုန်၊ ရင်ဘတ်အောင့်
အသက်ရှူမဝ
နားထဲတွင် စီစီသံမြည်
ပင်ပန်းလွယ်၊ အားနည်း
မျက်နှာနီလာခြင်း

⚠️ အောက်ပါအခြေအနေတွေရှိရင် အထူးသတိထားပါ
အသက် ၄၀ ကျော်
ဆားများများစားတတ်
ဆီးချို၊ အဝလွန်
ဆေးလိပ်သောက် / အရက်သောက်
မိသားစုတွင် သွေးတိုးရောဂါ ရှိခဲ့ဖူး

🚑 ဘယ်ချိန်မှာ ချက်ချင်း ဆရာဝန်ကို တွေ့ရမလဲ?
သွေးပေါင် 140/90 mmHg အထက်
ခေါင်းကိုက်ပြင်းထန် + မူးဝေ
လက်/ခြေ တစ်ဖက် ရုတ်တရက် မလှုပ်နိုင်
စကားမပြောနိုင်
ရင်ဘတ်အောင့်ပြင်းထန်
✅ အရေးကြီးဆုံး 👉 လက္ခဏာမရှိလည်း သင့်တွင်​သွေးတိုး​ရောဂါ ရှိ​နေနိုင်ပါတယ်
သွေးပေါင်မှန်မှန်တိုင်းပါ 👉 စောစောသိ = အသက်ရှည်

📌 သွေးတိုးရောဂါကို မပေါ့ပါနဲ့
⚠️ မထိန်းချုပ်ထားရင်
❌ နှလုံးရောဂါ
❌ ဦးနှောက်သွေးကြောပိတ် / ပေါက်
❌ ကျောက်ကပ်ပျက်စီး
❌ မျက်စိမမြင်နိုင်တော့ခြင်း
တွေ ဖြစ်လာနိုင်ပါတယ်။

✅ သွေးတိုးကို ထိန်းချုပ်ဖို့
• ဆားလျော့စားပါ
• ဆေးလိပ်၊ အရက် ရှောင်ပါ
• ကိုယ်အလေးချိန် ထိန်းပါ
• နေ့စဉ် လမ်းလျှောက် / လေ့ကျင့်ခန်းလုပ်ပါ
• ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို မပျက်မကွက် သောက်ပါ

🏠 အိမ်အရောက် စစ်ဆေးကုသပေးခြင်း
🩺 Home Care Doctor (Magway)
📞 09-250722582

📣 သင့်အိမ်မှာ
မိဘ၊ အဘိုးအဘွား သွေးတိုးရှိရင်
ဒီ post ကို share လုပ်ပေးပါ 🙏
👉 အသိပညာတစ်ခုက အသက်တစ်ခုကို ကယ်နိုင်ပါတယ် ❤️
💬 မေးခွန်းရှိရင် comment / cb မှာ မေးနိုင်ပါတယ်
👍 အသုံးဝင်ရင် Like & Follow လုပ်ထားပါနော်
#သွေးတိုး



#ကျန်းမာရေးအသိပညာ

👨‍⚕️ Magway Doctor Home Care 👨‍⚕️OPD ​/ဆေးရုံ ​ဆေးခန်း မလာနိုင်သော လူနာများ၊ လူကြီးသူမများ၊ နာတာရှည်ရောဂါရှိသူများအတွက် ...
06/02/2026

👨‍⚕️ Magway Doctor Home Care 👨‍⚕️

OPD ​/ဆေးရုံ ​ဆေးခန်း မလာနိုင်သော လူနာများ၊ လူကြီးသူမများ၊
နာတာရှည်ရောဂါရှိသူများအတွက်
**ဆရာဝန်ကိုယ်တိုင် အိမ်အရောက် လာရောက်စစ်ဆေးကုသပေးပါသည်။**

📌 Doctor Home Visit Services
✔ လူနာစစ်ဆေးခြင်း (Clinical assessment)
✔ ဆေးဝါးညွှန်ကြားခြင်း
✔ BP / RBS / SpO₂ /ECG /စစ်ဆေးခြင်း
✔ ​သွေးအား​ကောင်းမ​ကောင်း နှင့်
Bပိုး Cပိုး HIV ပိုး ကာလသား​ရောဂါပိုးရှိမရှိ
စစ်​ဆေး​ပေးခြင်း
✔ Injection / Wound Care (လိုအပ်ပါက)
✔ Follow-up & Referral Advice

🕘 အချိန် – နေ့ခင်းပိုင်း (Appointment basis)
📍 နေရာ – Magway မြို့နှင့် အနီးရွာများ (6 miles အတွင်း)

💰 Consultation Fee – 10,000 Ks +
💊 ဆေးဖိုး +🚗 Visit ( ဆီဖိုး )သီးခြား (နေရာအလိုက်)

📞 Appointment ကြိုတင်ယူရန်
☎ Phone 09250722582 / 📲 Messenger (CB)

⚠️ Emergency case မဟုတ်သော လူနာများအတွက်သာ

👉 OPD မလာနိုင်ရင် အိမ်ကို ဆရာဝန်လာပါတယ်⚠️⚠️

🌸 လက်မောင်းတွင်း သားဆက်ခြားပစ္စည်း (Implant)(၄နှစ်ခံ) အိမ်အရောက် ထည့်သွင်းပေးသော ဝန်ဆောင်မှု 🌸မိခင်များအတွက် အချိန်ကုန်သ...
06/02/2026

🌸 လက်မောင်းတွင်း သားဆက်ခြားပစ္စည်း (Implant)
(၄နှစ်ခံ) အိမ်အရောက် ထည့်သွင်းပေးသော ဝန်ဆောင်မှု 🌸

မိခင်များအတွက် အချိန်ကုန်သက်သာပြီး လုံခြုံစိတ်ချရအောင် ကျွမ်းကျင်
ဆရာဝန်ကိုယ်တိုင် အိမ်အရောက်လာရောက် ထည့်သွင်းပေးပါသည်။
✅ လုံခြုံမှုမြင့်မား
✅ နာကျင်မှုနည်း
✅ နှစ်များကြာ အသုံးပြုနိုင်သော သားဆက်ခြားနည်း
✅ ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိ
✅ ဆေးရုံမလာနိုင်သူများအတွက် အထူးအဆင်ပြေ
ထည့်သွင်းမတိုင်မီ ဆရာဝန်မှ အသေးစိတ်ရှင်းလင်းအကြံပြုပေးပြီး
ထည့်သွင်းပြီးနောက်လည်း လိုအပ်သလို ဆက်လက်ညွှန်ကြားပေးပါသည်။
📞 စိတ်ဝင်စားပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📞 09250722582 or Cb

Address

Magway

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Home Care Service ,Magway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share