Myat Thu Kha Health Care Service

Myat Thu Kha Health Care Service Health Care Service

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏   ဇွန်လ ၁ရက်နေ့ ၂၀၂၆တွင် ဖွင့်လှစ်ပါမည်စာရင်းပေးတက်ရောက်နိုင်ပါသည် Myat Thu Kha Health Care S...
07/05/2026

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏
ဇွန်လ ၁ရက်နေ့ ၂၀၂၆တွင် ဖွင့်လှစ်ပါမည်

စာရင်းပေးတက်ရောက်နိုင်ပါသည်
Myat Thu Kha Health Care Service မှ
သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင် သင်တန်း

လူငယ်များအတွက်သက်မွေးဝမ်းကြောင်းဆိုင်ရာကျွမ်းကျင်သင်တန်းများပေးခြင်း၊ အလုပ်ကိုင်ခွင့်လမ်းများရရှိစေခြင်း၊ ကျွမ်းကျင်တက်မြောက်သည်ထိလေ့ကျင့်သင်ကြားပေးခြင်း၊ သင်တန်းပြီးဆုံးပါက အလုပ်အကိုင်ရရှိစေရန်ချိတ်ဆက်ပေးခြင်းတို့ကိုလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

သူနာပြုအကူသင်တန်းတွင် သင်ကြားပေးမည့် သင်ခန်းစာများမှာ -

ခန္ဓာဗေဒ နှင့် ဇီဝကမ္မဖြစ်စဉ်များ
ရှေးဦးသူနာပြုစုနည်းများ
သူနာပြုအကူလုပ်ငန်းများ
အရေးပေါ်အသက်ကယ်နည်းများ
သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်နည်းများ
မွေးကင်းစမှစ၍ ကလေးသူငယ်ပြုစု စောင့်ရှောက်နည်းများ
ကိုယ်ဝန်ဆောင်မိခင်နှင့် သားဖွားမိခင်များအား စောင့်ရှောက်နည်းများ
လူနာရွေ့ပြောင်းနည်း၊ အိပ်ယာခင်းလဲလှယ်နည်းများ၊ ရေပတ်တိုက်နည်းများ
အနာဆေးကြောသန့်စင်နည်း
နှာခေါင်းပိုက်ထည့်နည်း၊ နှာခေါင်းပိုက်မှ အစာထည့်နည်း
ဆီးပိုက်ထည့်နည်းနှင့် ဆီးအိတ်လဲလှယ်နည်းများ
Suction စက်များဖြင့် ချွဲ၊ သလိပ်၊ အညစ်အကြေးများစုပ်နည်း
သွေးတွင်းအောက်ဆီဂျင်တိုင်းတာနည်း
ပန်းနာရင်ကျပ်လူနာများအတွက် Nebulizer အသုံးပြုပုံ
ဆီးချိုရှိ၊ မရှိစမ်းသပ်နည်း
ကိုယ်ဝန်ရှိ၊ မရှိ စစ်နည်း
သွေးဖောက်နည်းများ
အရေးပေါ်ဆေးထိုးနည်းများ
ပုလင်းချိတ်နည်းများ
အာဟာရအကြောင်းများ
Environmental Sanitation (ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းများ)
အခြေခံဆေးဝါးများအကြောင်း
အဖြစ်များသောရောဂါများအကြောင်း (Common Disease)
ခွဲစိတ်ခန်းတွင်း လုပ်ငန်းများနှင့် ပိုးသတ်ခြင်းလုပ်ငန်းများ စသည်တို့ကို
အတွေ့အကြုံရှိသော ဆရာဝန်များ၊ သူနာပြုအုပ်ဆရာမကြီး (Matron) သူနာပြုဆရာမများမှ သင်ကြားပို့ချမည်ဖြစ်သည်။

သင်ခန်းစာများကို စာတွေ့၊ လက်တွေသင်ကြားပေးမည့်အပြင် သင်တန်းပြီးဆုံးပါက စာတွေ့၊ လက်တွေ့ စာမေးပွဲများ ဖြေဆိုပြီး အောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်း Certificate ပေးအပ်သွားမည်ဖြစ်ပါသည်။

သင်တန်းပြီးဆုံးပါက ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များတွင် အလုပ်အကိုင်ရရှိစေရန် စီစဉ်ပေးမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ရန်လိုအပ်ချက်များ
ပညာအရည်အချင်း အနည်းဆုံး ၈ တန်းအောင်မှစ၍ တက်ရောက်နိုင်ပါသည်။
အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ရပါသည်။
သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရပါမည်။
စည်းကမ်းလိုက်နာနိုင်သူဖြစ်ရပါမည်။

သင်တန်းကာလ - June 1 ရက်နေ့မှSeptember 30 ရက်နေ့အထိ

သူနာပြုအကူသင်တန်း - ၂ လ

ဆေးဝါးကျွမ်းကျင်အကူသင်တန်း - ၂ လ

သင်ကြားမည့်အချိန် - မနက် ၉း၃၀ နာရီ မှ နေ့လည် ၁၂း၃၀ နာရီထိ

ပုံမှန်သင်တန်းကြေး

သူနာပြုအကူသင်တန်း - ၃၀၀၀၀၀ ကျပ်
ဆေးဝါးကျွမ်းကျင်သင်တန်း - ၃၀၀၀၀၀ ကျပ်

သင်တန်းတက်ရောက်လိုပါက မိမိတို့သိရှိလိုသည်များအား-

မြတ်သုခ ကျန်းမာရေးဝန်ဆောင်မှု

Ph: 09-799367899
278၊ ရန်ပယ် ၂၄ လမ်း၊ မကွေးမြို့ သို့ လူကိုယ်တိုင် (သို့) ဖုန်းဆက်၍ဖြစ်စေ Page Messenger မှဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါသည်

(လူငယ်များရဲ့ အနာဂတ်တောက်ပရန် ရည်သန်လျက်)
Myat Thu Kha Health Care Service

Address

No278, Yanpal 24 Street
Magway
04011

Website

Alerts

Be the first to know and let us send you an email when Myat Thu Kha Health Care Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share