Dr Win Min Oo - ကျီးပေါင်းခါးနာ အကြောအဆစ်ရောဂါ သိဖွယ်မျှဝေရာ

  • Home
  • Myanmar
  • Mandalay
  • Dr Win Min Oo - ကျီးပေါင်းခါးနာ အကြောအဆစ်ရောဂါ သိဖွယ်မျှဝေရာ

Dr Win Min Oo - ကျီးပေါင်းခါးနာ အကြောအဆစ်ရောဂါ သိဖွယ်မျှဝေရာ ဒူး လက်ဆစ် ဂုတ် ကျီးပေါင်းများ၊ ခါးနာ ဖနှောင့်နာ ပခုံးနာ အကြောအဆစ်ရောဂါများအကြောင်း

Page Admin Dr Win Min Oo https://www.facebook.com/Dr.WinMinOo.PhD သည် လက်ရှိတွင် World Health Organization(WHO) တွင် ကျီးပေါင်းဆိုင်ရာအထူးကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ကျီးပေါင်းရောဂါအမျိုးမျိုး၏ ကုသမှုအဆင့်ဆင့်ကို အဆိုပြုလမ်းညွှန်မှုပြုရန်အတွက် Package for Rehabilitation Intervention guidelineကို နိုင်ငံတကာမှ ကျီးပေါင်းအထူးကျွမ်းကျင်သူ တခြား၁၃ ယောက်နှင့်အတူ လုပ်ဆောင်ရေးသားလျက်ရှိပါသည်။

၂၀၁၆ခု ဖေဖော်ဝါရီလတွင် Australia နိုင်ငံ Sydney University တွင် အကြောအဆစ်ဆိုင်ရာ ဆေးပညာပါရဂူဘွဲ့ PhD in Medicine (Rheumatology) အတွက် ၄နှစ်ကြာ သွားရောက်သင်ယူခဲ့...

ကျီးပေါင်းရောဂါဆိုင်ရာကျွမ်းကျငမှုတွင် ကမ္ဘာ့အဆင့် (၁) အဖြစ် ကမ္ဘာတဝန်းမှ သတ်မှတ်ခံရသော Prof David Hunter (Rheumatology)၊ အကြောအဆစ်ဆိုင်ရာ အထူးကျွမ်းကျင်သူ ဓါတ်မှန်ဆရာဝန်ကြီး Dr. James Linklater (musculoskeletal radiologist) တို့၏ ကြီးကြပ်မှုအောက်တွင် သုတေသနစာတမ်း publicationပေါင်း အစောင် ၂၀ ကျော်ပြုစု၍ USA, Europeနဲ့ Australia ရှိ ထိပ်တန်းအကြောအဆစ်အထူးကုပါရဂူများဖြစ်တဲ့ Prof Bryun (Rheumatology)၊ Prof Naredo (Rheumatology) နှင့် Prof Bruno (Musculoskeletal radiology) တို့၏ အသေးစိတ် စိစစ်အကဲဖြတ်မှုကို အောင်မြင်စွာ ကျော်ဖြတ်၍ ကမ္ဘာ့အဆင့်မီ ပါရဂူကျမ်းကို ပြုစုပြီး ပါရဂူဘွဲ့ PhD ကို ရယူခဲ့...

ထိုကာလအတွင် နိုင်ငံတကာထိပ်တန်းဆေးပညာဂျာနယ်များတွင် စာတမ်းပေါင်းများစွာကိုလည်း Oxford Textbook of Osteoarthritis and Crystal Arthropathy Editor Prof David Hunter (Australia)၊ Oxford Textbook of Rheumatology စာအုပ် Editor Prof Philip Conaghan (UK)၊ Review in Musculoskeletal Ultrasound in Rheumatology Author Prof Jonathan Samuels (USA)တို့ အပါအဝင် ကမ္ဘာ့ဆေးပညာကျွမ်းကျင်သူများနှင့် တွဲဖက် ထုတ်ဝေခဲ့...

၂၀၁၈ တွင် American College of Rheumatology မှာ အကြောအဆစ်ဆိုင်ရာ တီဗွီဓါတ်မှန်ကျွမ်းကျင်မှုဘွဲ့ RhMSUS ကို၄င်း....

Royal College of Physician (UK) မှာ Speciality Certificate in Rheumatologyကို ၄င်း .....

Royal Australian College of Physician ၏ထောက်ခံမှုဖြင့် Clinical and Research Fellowship in Rheumatology ကို Royal North Shore Hospital (Sydney) တွင်၄င်း...

Mini-fellowship in Musculoskeletal Imaging/ Interventions ကို Castlereagh Imaging & Sports Center (Sydney) တွင် Director Dr. James Linklater (musculoskeletal radiologist) ၏ ကြီးကြပ်မှုအောင်တွင် ၄င်း....

၂၀၁၉ခုနှစ်တွင် Fellowship in Paediatric and Neurological Rehabilitation ကို Monarch Children Hospital (Melbourne) တွင် Prof Barry (rehabilitation physician) ၏ ကြီးကြပ်မှုဖြင့်၄င်း....

Sydney University မှ Clinical Teaching Fellowship ကို Prof Inam Haq (Author of Oxford Handbook of Rheumatology) ၏ ကြီးကြပ်မှုဖြင့်၄င်း ....
အသီးသီး ရရှိခဲ့ပါသည်။

ဤအကြောင်းအရာများကို ဒီ Facebook link မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။
https://www.facebook.com/100005595340513/posts/1354777558052076/?d=n

ထို့နောက် ကမ္ဘပေါ်တွင် ကိုဗစ်များ ထကြွနေချိန် ၂၀၂၀ မတ်လတွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီး မန္တလေး-ဆေးတက္ကသိုလ်တွင် ကထိက/အတိုင်ပင်ခံဆရာဝန် အနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်..

ငယ်စဉ်ပညာသင်ကြားမှုများအနေဖြင့်
၂၀၀၅တွင် ဆေးတက္ကသိုလ်-မန္တလေးမှ MBBS ဘွဲ့ကို ရရှိခဲ့ပြီး ...၂၀၀၇ တွင် လားရှိုးပြည်သူ့ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်အဖြစ် စတင်ဝင်ရောက်ခဲ့....

၂၀၁၃ တွင် ဆေးတက္ကသိုလ်- မန္တလေးမှ ဆေးပညာမဟာသိပ္ပံဘွဲ့ (အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး)ကို ရယူခဲ့...

၄င်းမဟာကျမ်း၏ ကျောရိုးအာရုံကြောမကြီး ထိခိုက်ခြင်း (traumatic spinal cord injury) ကြောင့် အကြောတောင့်တင်းခြင်းအကြောင်းကို ၄င်းနယ်ပယ်တွင် ထိပ်ဆုံးဆေးပညာဂျာနယ်ဖြစ်သော American Congress of Rehabilitation Medicine ၏ တရားဝင်ဆေးဂျာနယ်တွင် ၂၀၁၄မှာ တင်သွင်းရာ... Editor’s choice အကောင်းဆုံးသောစာတမ်းအဖြစ် ၄င်းဆေးဂျာနယ်မျက်နှာဖုံးတွင် ထည့်သွင်းရွေးချယ် ဖော်ပြခံရခဲ့...

တိုင်းပြည်အကျိုးပြုထမ်းရွက်မှုများအနေဖြင့် .....

၂၀၀၈ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးတွင် ကျန်းမာရေးဌာန၏ လိုအပ်ချက်အရ ကျန်းမာရေးအရေးပေါ်စောင့်ရှောက်မှုလိုအပ်ချက် ပထမအဆင့် (ရှေ့တန်း) အဖြစ် သတ်မှတ်ထားသော ပင်လယ်ကမ်းစပ်ရှိ ဘုတလင်မြို့နယ်၊ ဧရာကျေးရွာ sub-center လေးသို့ လာရှိုးမြို့မှ သွားရောက်၍ ၁လကြာ တာဝန်ထမ်းဆောင်ခဲ့....

၂၀၀၉ ကိုးကန့်စစ်ပွဲကာလအတွင်း လောက်ကိုင်ခရိုင် ချင်းရွှေဟော် မြို့နယ်ခွဲဆေးရုံတွင် ၁နှစ်ခွဲနီးပါး တာဝန်ထမ်းဆောင်ပြီး....ဝေလံခေါင်သီ တောင်တန်းများပေါ်ရှိ ကိုးကန့်တိုင်းရင်းသားကျေးရွာလေးများသို့တိုင် အခမဲ့ဆေးကုသခြင်းများနှင့်ကာကွယ်ဆေးထိုးလုပ်ငန်းများကို လှည့်လည်ထမ်းဆောင်ခဲ့ပါတယ်....။

Address

Mandalay

Alerts

Be the first to know and let us send you an email when Dr Win Min Oo - ကျီးပေါင်းခါးနာ အကြောအဆစ်ရောဂါ သိဖွယ်မျှဝေရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share