Ahbaya Online Pharmacy

Ahbaya Online Pharmacy ဆေးဖိုးဝါးခကြောင့်တော့ ဆေးအသောက်မပျက်စေရ🤗🤗🤗

လူကြိုက်များတဲ့ Cherry Sugar Wax လေးအသစ်ထပ်ရောက်နေပါပြီရှင့်။Hard wax, Sugar Wax နှစ်မျိုးလုံးမှာယူလို့ရပါတယ်ရှင့် 🤗ဆိုင...
21/07/2023

လူကြိုက်များတဲ့ Cherry Sugar Wax လေးအသစ်ထပ်ရောက်နေပါပြီရှင့်။

Hard wax, Sugar Wax နှစ်မျိုးလုံးမှာယူလို့ရပါတယ်ရှင့် 🤗

ဆိုင်ကိုလာရောက်ဝယ်ယူလို့လည်းရပါတယ်။

မန္တလးမြို့တွင်း Deli လည်းရှိပါတယ်နော်။🛵

😎Delivery Free Area အဖြစ်
တောင်မြောက်လမ်းများဖြစ်တဲ့ လမ်း30 မှ 101လမ်း(သိပ္ပံလမ်း)အထိ
အရှေ့အနောက်လမ်းများဖြစ်တဲ့ 56လမ်း မှ 73လမ်းအထိ လမ်းတိုးချဲ့ သတ်မှတ်ပေးထားပါတယ်နော်





Cherry Wax လေးဝယ်လို့ရပါပီနော်MDY မှာ32လမ်း မှ သိပ္ပံလမ်းထိ57လမ်း မှ 69လမ်းအထိ အိမ်အရောက် Delivery Free ရှိပါတယ်Kpay ဖြင...
24/05/2023

Cherry Wax လေးဝယ်လို့ရပါပီနော်
MDY မှာ
32လမ်း မှ သိပ္ပံလမ်းထိ
57လမ်း မှ 69လမ်းအထိ
အိမ်အရောက် Delivery Free ရှိပါတယ်

Kpay ဖြင့်လည်း ငွေပေးချေလို့ရပါတယ်ရှင့်။ %ပေးစရာမလိုပါဘူးနော်



hard wax/ soft wax = 7100 Kyats

05/12/2022

#ကိုယ်အလေးချိန်ကမနက်နဲ့ညတောင်_၃_၄_ပေါင်_အပြောင်းအလဲဖြစ်နေတယ်
#ဝမ်းသွားတာနဲ့ဆိုင်သလား ❓

(ကိုယ်အလေးချိန်ပြောင်းလဲခြင်း)

နေ့တိုင်း ကိုယ်အလေးချိိန် ချိန်နေကျသူတွေဆို သတိထားမိတတ်ကြပါတယ်၊ နေ့ နဲ့ ည အလေးချိန်မတူသလို ၊ တစ်ရက် နဲ့ တစ်ရက် လည်း အပြောင်းအလဲ ရှိပါတယ်။
Gym ဆော့တဲ့ သူတွေလည်း သိကြပါတယ်၊ Gym မဆော့ခင်က ပေါင် ၁၅၀ ဆော့ပြီးတဲ့ အချိန်ဆို ၁၄၆ ဆိုတော့ ၄ ပေါင်လောက်ကျသွားတာပေါ့ ၊ ငါဒီနေ့ ဆော့လိုက်တာ ၄ ပေါင်တောင်ကျတယ်ပေါ့ 😁
နောက်နေ့ ပြန်ချိန်ကြည့် အရင် အလေးချိန် ပေါင် ၁၅၀ ပြန်ရောက်နေတတ်ပါတယ်။

#ဘာလို့ဖြစ်ရတာလဲ ❓
အဲ့ဒါကို သိဖို့က Water Weight (ရေ အလေးချိန်) ဆိုတာ သိဖို့လိုအပ်ပါတယ်

ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီး မှာ ရေရဲ့အလေးချိန်ကလည်း ပမာဏတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ရေဟာ မရှိမဖြစ်အရေးကြီးသလို ရှိသင့်တာထက်ပိုများနေတဲ့ (Water Excess) ဟာလည်း မကောင်းပါဘူး

မြင်သာအောင် ပြောရရင်
- အသည်းရောဂါ ကြောင့် ဗိုက်ကြီးပူပြီးရေဖျင်းဆွဲတဲ့ ရေတွေက မရှိသင့်တဲ့ရေတွေပါ။
- နှလုံးအားနည်းလို့ ၊ ကျောက်ကပ်အလုပ်မလုပ်လို့ မျက်နှာကြီးအမ်းနေတာ ၊ ခြေတွေလက်တွေ ဖောပြီး ဖိလိုက်ရင် နစ်ဝင်သွားတာတွေကလည်း မရှိသင့်တဲ့ရေတွေပါပဲ။
အဲ့လို ခန္ဓာကိုယ်အတွက်မလိုအပ်ပဲ အပိုဖြစ်နေတဲ့ ရေတွေကို - Water Excess လို့ခေါ်ပါတယ်။

အဲ့လောက်မဆိုးပေမယ့် ကျွန်တော်တို့တွေရဲ့ နေထိုင်၊ စားသောက်ပုံတွေကြောင့် ပိုနေတဲ့ရေအနည်းငယ်ရှိတတ်ပါတယ်။ အဲ့ဒီရေတွေ ထွက်သွားရင် ကိုယ်အလေးချိန်အနည်းငယ်ပြောင်းလဲသွားတာပါ။
ဒါပေမယ့် နေထိုင် စားသောက်ပုံ မပြင်တဲ့အခါ ရေအပိုတွေ ပြန်စုသွားတတ်ပါတယ်။
________
#ရေအပိုတွေဘာလို့_စုသွားတာလဲ ❓
အရေးကြီးဆုံးမှတ်ထားဖို့က ရေသောက်များလို့ လုံးဝ လုံးဝ မဟုတ်ပါဘူး
ကျွန်တော်တို့ ရေသောက်သမျှကို ခန္ဓာကိုယ်အတွက် လိုအပ်သလောက် သိမ်းပြီး ကျောက်ကပ်ကနေ အကုန်ပြန်စွန့်ထုတ်ပါတယ်

ဒါဆို ဘာတွေကြောင့်လဲ ❓
- ဆား ၊ အချိုမှုန့် (Sodium) အစားများလို့ သွေးထဲ Sodium တွေ များနေတဲ့အခါ ရေအပိုတွေ ထိန်းထားတတ်လို့ Water Excess များတတ်ပါတယ်
- အချို သကြားစားတဲ့အခါ သွေးထဲ Glucose တွေ များနေတဲ့အခါ ရေအပိုတွေ ထိန်းထားတတ်လို့ Water Excess များတတ်ပါတယ်

Water Excess များရင် ဘာဖြစ်လဲ ❓
သွေးတိုးရောဂါ ၊ နှလုံးရောဂါတွေ ဖြစ်လာပါလိမ့်မယ်
_________
#ရေအပိုတွေမရှိရအောင်ဘာလုပ်ကြမလဲ ❓

1. အဓိကအကြောင်းရင်းက ဓာတ်ဆားဓာတ် (Sodium) များများစားလေ Water excess များလေ မို့ ဆား ၊ အချိုမှုန့် ၊ အသားမှုန့် စတာတွေ တတ်နိုင်သလောက်လျှော့စားရပါမယ်
2. သကြားဓာတ် Glucose ကလည်း များများစားလေ Water excess များလေ မို့ ဆီးချိုရောဂါမရှိဘူးဆိုလည်း အချို၊ သကြားလျှော့စားရပါမယ်။
3. ***ရေသောက်ရပါမယ်
ရေပိုနေတာ ရေသောက်ရမယ် ဆိုတာ ထူးတော့ထူးဆန်းနေပါ
ဒါပေမယ့် တကယ် သောက်ရမှာပါ
ညစ်ပတ်နေတဲ့ အခန်းကို ရေနဲ့ဆေးချရသလို
ရေသောက်ပြီး ခန္ဓာကိုယ်ထဲပိုနေတဲ့ ဓာတ်ဆားဓာတ် (Sodium) တွေကို ဆီးနဲ့ ထုတ်ပစ်စေလိုက်တာပါ။

ဒီလောက်ဆိုရင် နေ့စဉ်ကိုယ်အလေးချိန် တက်လိုက်ကျလိုက်ဖြစ်နေတာဟာ ရေအလေးချိန် (water weight) အပြောင်းအလဲ ကြောင့်ဖြစ်တယ်ဆိုတာ သိကြမယ်ထင်ပါတယ်။
{{ ရေအလေးချိန်ကြောင့် ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တာလား တကယ် ဝ လာတာလားက တစ်နေ့ကို တစ်ပေါင်နှင့်အထက် အပြောင်းအလဲရှိရင် ရေအလေးချိန်တက်တာပါ }}
ဆားတွေ သကြားတွေ နဲ့ မဆိုင်ပဲ အမျိုးသမီးတွေမှာ ရာသီလာခါနီး နည်းနည်းဖောင်းအမ်းအမ်းဖြစ်နေတတ်ပါတယ်
👉 Hormone အပြောင်းအလဲကြောင့်ပါ
ရာသီလာရင် ပုံမှန်ပြန်ဖြစ်သွားပါတယ် (ကျွန်တော်တို့လူမျိုးကတော့ မကောင်းတာတွေ ထွက်သွားလို့ လူက အရောင်ကျသွားတယ်လို့ ပြောတတ်ကြပါတယ်
တကယ်က အပေါ်မှာ ပြောထားသလို 👉 Hormone အပြောင်းအလဲကြောင့်ပါ)

(Photo credit; Times of India)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
10:40 pm/ 04.12.2022

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

မင်မင်ငယ်ငယ်ထဲက ဆေးဆိုရင် အစာလေးနဲ့တွဲသောက်ရမယ်လို့ပဲထင်ခဲ့တာ။ မင်မင့်လို အဲ့အသိကြီးနဲ့အကျင့်ပါနေကြမှာစိုးလို့ ဘယ်ဆေးတွေ...
02/10/2022

မင်မင်ငယ်ငယ်ထဲက ဆေးဆိုရင် အစာလေးနဲ့တွဲသောက်ရမယ်လို့ပဲထင်ခဲ့တာ။ မင်မင့်လို အဲ့အသိကြီးနဲ့အကျင့်ပါနေကြမှာစိုးလို့ ဘယ်ဆေးတွေကအစာနဲ့ဝေးဝေးသောက်ရမယ် ဘယ်ဆေးတွေကတော့ အစာနဲ့တွဲသောက်ရမယ်ဆိုတာလည်း share ပါရစေ။
ဆေးပေးခန်းတို့ ဆရာဝန်ဆေးညွှန်းပေးတဲ့အခါမျိုးမှာတော့ ဆေးသောက်နည်းတွေကပါပါတယ်နော်။

အစာအိမ်ထဲ အစာမရှိချိန် သောက်ရမည့်ဆေးများ
💊💊💊💊💊💊💊💊💊💊💊💊💊💊💊💊

- Alendronate (Fosamax)
- Ampicillin
- Astemizole
- Bethanechol
- Bisacodyl
- Captopril (အစာမစားမီ တစ်နာရီ ကြိုသောက်ပါ)
- Cefibuten (Cedax)
- Cilostazol (Pletal)
- cloxacillin
- Demeclocycline
- Dicloxacillin
- Didanosine (Videx)
- Etidronate (Didronel)
- Felodipine (Plendil)
- Indinavir (Crixivan)
- Lansoprazole (အစာမစားမီ သောက်ပါ)
- Levothyroxine
- loratadine (Claritin)
- loracarbef (Lorabid)
- Methotrexate
- Moexipril (Univasc)
- Mycophenolate (Cellcept)
- Omeprazole (အစာမစားမီ သောက်ပါ)
- Oxacillin
- Penicillamine
- Perindopril (Aceon)
- Repaglinide (Prandin)
- Rifampin
- Rifabutin (Mycobutin)
- Riluzole (Rilutek)
- risedronate
- Roxithromycin (အစာမစားမီ သို့မဟုတ် အစာစားပြီး အနည်းဆုံး ၁၅ မိနစ်ခွာပြီး သောက်ပါ)
- sotalol
- Sucralfate (Carafate)
- Sulfamethoxazole - trimethoprim (Bactrim)
- Sulfadiazine
- Tetracycline (နို့နှင့် နို့ထွက်ပစ္စည်းများနှင့် မသောက်ရ၊ မစားရ)
- Tolcapone (Tasmar)
- Zafirlukast (Accolate)
- Zalcitabine (Hivid)

အခြား ဆေးအများစုသည်လည်း အစာအိမ်ထဲ အစာမရှိချိန်တွင် သောက်ရပါသည်။ အကယ်၍ မည်သည့်အချိန် သောက်ရမည်ကို မသေချာလျင် ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။
အစားမစားမီ (၂) နာရီအလို သို့မဟုတ် နောက်ဆုံးအစားစားပြီး (၂) နာရီ အကြာတွင် ဆေးကို ရေတစ်ဖန်ခွက်နှင့် သောက်ရပါမည်။ အစာနှင့်အတူ မသောက်ရသော ဆေးများအားလုံးသည် နို့နှင့်လည်း မသောက်ရပါ။

အစာနှင့်အတူ သောက်ရမည့်ဆေးများ
💊💊💊💊💊💊💊💊💊💊💊💊💊

- Allopurinol (အစာစားပြီးနောက် သောက်ပါ)
- Atovaquone (Mepron)
- Augmentin
- Aspirin
- Amiodarone (Cordarone)
- Baclofen (Lioresal)
- Bromocriptine (Parlodel)
- Clofazimine (Lamprene)
- Carvedilol (Coreg)
- Carbamazepine (Tegretol)
- Chloroquine
- Cimetidine (Tagamet)
- Cefpodoxime (Vantin)
- Diclofenac (Voltaren)
- Divalproex sodium (Depakote)
- Doxycycline
- Felbamate (Felbatol)
- Fenofibrate (TriCor)
- Fiorinal
- Fludrocortisone
- Fenoprofen
- Griseofulvin
- Glyburide (နံနက်စာနှင့် သောက်ရန်)
- Hydrocortisone
- Hydroxychloroquine (Plaquenil)
- Itraconazole capsules
- Ketorolac
- Lithium
- Metronidazole
- Misoprostol (Cytotec)
- Mmethanamine
- Mebendazole
- Methylprednisolone
- Naltrexone
- Naproxen
- Nelfinavir (Viracept)
- Nitrofurantoin
- Niacin
- Olsalazine
- Perphenazine
- Pentoxifylline
- Pergolide
- Piroxicam
- Potassium salts
- Prednisone
- Procainamide
- Ritonavir (Norvir)
- Salsalate
- Saquinavir
- Sevelamer (Renagel)
- Spironolactone
- Sulfasalazine
- Sulfinpyrazone
- Sulindac
- Ticlopidine
- Tolmetin
- Trazodone
- Troglitazone
- Valproic acid

ဂရိတ်ဖရု (grapefruit) နှင့်ဓာတ်မတည့်သောဆေးများ💊💊💊💊💊💊💊💊💊💊💊💊💊💊💊

- amiodarone
- astemizole
- alprazolam
- atorvastatin
- benzodiazepines
- buspirone
- carbamazepine
- carvedilol
- cerivastatin
- cilostazol
- clarithromycin
- Clomipramine
- codeine
- cyclosporine
- dapsone
- dextromethorphan
- diazepam
- diltiazemestrogens
- erythromycin
- felodipine
- fentanyl
- finasteride
- haloperidol
- indinavir
- lercanidipine
- lidocaine
- lovastatin
- midazolam
- methadone
- nelfinavir
- nifedipine
- nicardipine
- nimodipine
- nisoldipine
- nitrendipine
- ondansetron
- paclitaxel
- progestin
- sprogesterone
- quinidine
- ritonavir
- salmeterol
- saquinavir
- simvastatin
- tacrolimus
- trazodone
- triazolam
- vincristine
- zaleplon
- zolpidem

■■■■■■■■■■■■■■■■■■

Crd # U Khin Maung Latt
(Chemistry)

03/09/2022

အမျိုးသမီးလေးတွေရဲ့ ဘဝ
Your period in 2 minutes ✌

Address

Mandalay

Telephone

+959778241101

Website

Alerts

Be the first to know and let us send you an email when Ahbaya Online Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share