ဆီးချိုသွေးတိုးသုတများ

ဆီးချိုသွေးတိုးသုတများ ဆီးချိုသွေးချိုနှင့် သွေးတိုး ဆိုင်ရာ ကျန်းမာရေးပြည်သူ့အကျိုးပြုစာပေများ မျှဝေပေးရာ

ဆီးချိုဝေဒနာရှင်တွေ အထူးသတိပြုစရာတစ်ခု✅🔹ဆီးချိုရောဂါဖြစ်နေလို့ လိုအပ်တဲ့ ဆေးဝါးတွေ စားသုံးနေရတဲ့ ဝေဒနာရှင်တွေ အထူးသတိပြု...
03/09/2026

ဆီးချိုဝေဒနာရှင်တွေ အထူးသတိပြုစရာတစ်ခု✅

🔹ဆီးချိုရောဂါဖြစ်နေလို့ လိုအပ်တဲ့ ဆေးဝါးတွေ စားသုံးနေရတဲ့ ဝေဒနာရှင်တွေ အထူးသတိပြုရမှာက အချို့ဆီးချိုကျဆေးတွေဟာ သွေးတွင်းမှာရှိတဲ့ သကြားဓာတ်ကို ပုံမှန်အဆင့်ထက် ပိုပြီးနိမ့်ကျတဲ့အဆင့်ကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့အပြင် အခြားအကြောင်းများကြောင့်လည်း သွေးတွင်းသကြားဓာတ် ကျဆင်းနိုင်ပါတယ်။

🔹သွေးထဲမှာ သကြားဓာတ်တွေ သိပ်ပြီးနိမ့်ဆင်းသွားရင် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့ နှလုံးခုန်မြန်လာခြင်း၊ ချွေးစေးတွေပြန်ခြင်း၊ လက်တုန်ယင်ပြီး မူးဝေကာ မျက်စိမှုန်ဝါးလာခြင်းတို့ ဖြစ်ပြီး အချိန်မီ သွေးတွင်းသကြားဓာတ် Blood Sugar Level ပြန်တက်လာအောင် မလုပ်ဆောင်နိုင်ခဲ့ရင် ဝေဒနာရှင်ဟာ မူးမေ့သတိလစ်သွားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။

🔹အဲဒီအထဲမှာ အသက်အရွယ်ကြီးရင့်တဲ့သူတွေဟာ အဲဒီလိုလက္ခဏာတွေ ဖြစ်ပေါ်လာတာကို ဆီးချိုရောဂါနဲ့ ဆက်စပ်ပြီး မတွေးမြင်ကြဘဲ အသက်ကြီးလို့ ဖြစ်လေ့ရှိတဲ့ ဇီဝကမ္မဖြစ်စဉ်လက္ခဏာလို့ တွေးထင်တတ်ကြပြီး ပေါ့ပေါ့တန်တန် နေတတ်ကြပါတယ်။

🔹အဲဒါကြောင့် မိမိကိုယ်တိုင် သွေးတွင်းသကြားဓာတ်အဆင့်ကို ပုံမှန်စစ်ဆေးပေးတာဟာ သက်ကြီးရွယ်အိုလူနာတွေကို ကိုယ့်ရဲ့အခြေအနေကို ပိုပြီး မှန်မှန်ကန်ကန် တိတိကျကျ အချိန်မီ သိရှိစေနိုင်သလို အသုံးပြုနေရတဲ့ ဆေးဝါးအမျိုးအစားနဲ့ ဆေးချိန် Dose ကတစ်ဆင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်စေတတ်တဲ့ အကျိုးသက်ရောက်မှုကိုလည်း ပိုပြီး နားလည်စေနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်များအားလုံး သွေးတွင်းသကြားဓာတ် ပြောင်းလဲမှုများခြင်းကို ရှောင်ရှားထိန်းချုပ်နိုင်ပြီး နောက်ဆက်တွဲဝေဒနာကင်းစွာ သက်တမ်းစေ့နေထိုင်နိုင်ကြပါစေ။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ဒေါက်တာစိုးခိုင်ရေးသားသော ဆီးချိုရောဂါနှင့် နေထိုင်ခြင်း အမေး+အဖြေ ၁၁၁ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်း💁ဂလူးကိုစ့်သည် ဦးနှောက်အတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးကြီးသည့...
02/09/2026

သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်း

💁ဂလူးကိုစ့်သည် ဦးနှောက်အတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးကြီးသည့် လောင်စာတစ်ခုဖြစ်ပါသည်။

💁သွေးတွင်းသကြားဓာတ်များကို မှန်ကန်အောင်ထိန်းသိမ်းခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက ဦးနှောက်၏ ဓာတုဗေဒ ဖြစ်စဉ်များကို ထိန်းညှိပေးသည့် အာရုံကြောဆဲလ်များ ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

💁သွေးတွင်းသကြားဓာတ်များ အလွန်အမင်း မြင့်တက်ခဲ့ပါက ခန္ဓာကိုယ်တွင် ရောင်ရမ်းခြင်းများ ဖြစ်ပေါ်စေခြင်း၊ ဟော်မုန်းများ၏ လုပ်ငန်းဆောင်တာများမှန်ကန်စွာ မလုပ်ဆောင်နိုင်ခြင်း၊ အာရုံကြော သတင်းပေးပို့သည့်ပစ္စည်းများ မညီမျှခြင်းများကိုဖြစ်စေ၍ ဦးနှောက်ရှိ ဆဲလ်များ ပျက်စီးခြင်းကို ဦးတည်စေနိုင်ပါသည်။

💁ထို့အတူပင် သွေးတွင်းသကြားဓာတ်များ အလွန်အမင်း ကျဆင်းသွားသည့်အခါတွင်လည်း ဦးနှောက်နှင့် အာရုံကြောဆဲလ်များ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သွေးတွင်းသကြားဓာတ်များကို မနည်းလွန်း၊ မများလွန်းစေရန်ဂရုပြု၍ ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါသည်။

💁ထိုသို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အောက်ပါအကြံပြုချက်များကို လုပ်ဆောင်နိုင်ပါသည်။

◼️ ပရိုတင်းနှင့် အဆီ ကောင်းစွာပါဝင်သော မနက်စာကို စားသုံးပါ။

◼️ အကယ်၍ သွေးတွင်းသကြားဓာတ်များ အလွန်အမင်းကျဆင်းသွားပါက ပရိုတင်းပမာဏ အနည်းငယ်ကို ၂ နာရီကြား၊ ၃ နာရီ ကြားတစ်ခါ စားပေးပါ။

◼️ ကာဗွန်ဟိုက်ဒရိတ် ပမာဏ အများအပြားစားသုံးခြင်းကို ရှောင်ကြဉ်ပါ။

◼️ အမျှင်ဓာတ်ပါသော အစားအစာများ၊ အဆီ သို့မဟုတ် အသားဓာတ်ပါသော အစားအစာများနှင့် တွဲဖက်ခြင်းမရှိဘဲ ကာဗွန်ဟိုက်ဒရိတ်ကြီးသက်သက် အများအပြား စားသုံးခြင်းကိုရှောင်ကြဉ်ပါ။

◼️ အိပ်ရာမဝင်မီ ချိုသော သို့မဟုတ် ကစီဓာတ်ကြွယ်ဝသော အစားအစာများကို မစားသုံးသင့်ပါ။

◼️ အိပ်ရာဝင်ခါနီးတွင် ကဖင်းဓာတ်ပါသော အစားအစာများ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ကဖင်းဓာတ်များကြောင့် Adrenal Glands များ ပိုမိုပင်ပန်းစွာ အလုပ်လုပ်ရနိုင်ပါသည်။

◼️ ဟင်းသီးဟင်းရွက်များ အများအပြားပါဝင်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် အသား၊ အဆီ တို့ပါဝင်သည့် အစားအစာများကို စားသုံးပါ။

◼️ အမြန်ရနိုင်သော အစားအစာများ၊ သရေစာများနှင့် ပြုပြင်စီမံထားသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

စသည့် အကြံပြုချက်များကို လိုက်နာခြင်းအားဖြင့် သွေးတွင်းသကြားဓါတ်များကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို Author : Dr. ၊ On Doctor Page မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

ဆီးချိုရှိသူတွေလိုအပ်တတ်သော ဗီတာမင်(၆)မျိုး☑ဆီးချိုရောဂါသည်များသည် အောက်ဖော်ပြပါ ဗီတာမင်ဓာတ်ခြောက်မျိုးကို လိုအပ်သည်။ 👉ဗ...
01/09/2026

ဆီးချိုရှိသူတွေလိုအပ်တတ်သော ဗီတာမင်(၆)မျိုး☑

ဆီးချိုရောဂါသည်များသည် အောက်ဖော်ပြပါ ဗီတာမင်ဓာတ်ခြောက်မျိုးကို လိုအပ်သည်။
👉ဗီတာမင်ဘီဝမ်း (Vitamin B-1) လိုအပ်သည်။ ဆီးချိုရှိသူတွေမှာ ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကြောင့် အာရုံကြော အားနည်းခြင်းကို ဖြစ်ပေါ်စေသည်။

👉ဗီတာမင်ဘီတွဲ (Vitamin B-12) လိုအပ်သည်။ အာရုံကြောအားနည်းခြင်းအတွက် ဗီတာမင်ဘီတွဲ လိုအပ်သလို Metformin ဆေးကို ကြာမြင့်စွာ သောက်သုံးရသူတွေမှာ ဗီတာမင်ဘီတွဲ ချို့တဲ့နိုင်ပါသည်။

(Metformin သည် ဆီးချိုသွေးချိုကျ သောက်ဆေးဖြစ်သည်။ အမျိုးအစား-၂ ဆီးချိုရောဂါရှိသူများကို Metformin ဆေး ပေးလေ့ရှိပြီး အစားရှောင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် တွဲဖက်ကုသရသည်။ ၎င်းဆေးကို အစာစားပြီးနောက် သောက်ရသည်။ ဆေးကိုကြိတ်ခြေသောက်ခြင်းမပြုလုပ်ဘဲ ဆေးလုံးလိုက်သာ သောက်သင့်သည်။ ယင်းဆေးကြောင့် ကျောက်ကပ်ပျက်စီးခြင်း မဖြစ်စေနိုင်ပေ။ သို့သော် ဆီးချိုသွေးချိုကြောင့် ကျောက်ကပ်ပျက်စီးသူများကို Metformin ဆေးမပေးသင့်ပေ။ ထို့ကြောင့် ဆေးမပေးခင် ကျောက်ကပ်အခြေအနေကို သေချာစစ်ဆေးသင့်သည်။ ဆေးထိုး၍ ကွန်ပျူတာ ဓာတ်မှန်ရိုက်မည့် သူများ တွင် Metformin ဆေးခေတ္တရပ်ထားရပါမည်)

👉မဂ္ဂနီစီယမ် (Magnesium) လိုအပ်သည်။ မဂ္ဂနီစီယမ်ချို့တဲ့ခြင်းက အင်ဆူလင်မတိုးခြင်းနှင့်ဆက်စပ်နေသည်။

👉ဗီတာမင်ဒီ (Vitamin D) လိုအပ်သည်။ ဆီးချိုရှိသူများတွင် ဗီတာမင်ဒီချို့တဲ့မှု အဖြစ်များပြီး ၎င်းဓာတ်ချို့တဲ့ခြင်းက ဆီးချို သွေးချိုကြောင့်ဖြစ်ပေါ်လာတတ်သော နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုဆိုးရွားစေသည်။

👉ဗီတာမင်အီး (Vitamin E) လိုအပ်သည်။ သွေးတွင်းအဆိပ်အတောက်ပြေစေသလို သွေးချိုဓာတ်ကိုလည်း ကောင်းစွာ ထိန်းညှိပေးသည်။

👉 ဗီတာမင်စီ (Vitamin C) လိုအပ်သည်။ အင်ဆူလင်၏အာနိသင်ကို ပိုမိုထိရောက်စေကာ သွေးချိုဓာတ်ကို လျှော့ချပေး နိုင်သည့်အတွက် သုံးလပျမ်းမျှသွေးချိုဓာတ် (HbA1C)ကို ပုံမှန်ဖြစ်စေသည်။

(သွေးတွင်း သကြားဓာတ် ခေါ် သွေးချိုဓာတ်ကို တိုင်းတာသောအခါ အတက်အကျမြန်ဆန်ပြီးပြောင်းလဲမှုများရှိနိုင်သည်။ ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစား အစာများကို ၂၄ နာရီအတွင်း မစားထားလျှင် သွေးချိုဓာတ်က အလွန်ကျနေမည်ဖြစ်သည်။ ထို့ကြောင့် သွေးချိုထိန်းနိုင်ခြင်း ရှိ၊ မရှိ သိလိုသောအခါ သုံးလဆီးချိုညွှန်းကိန်း ခေါ် HbA1C ကို တိုင်းတာရသည်။ သုံးလဆီးချိုညွှန်းကိန်း ဟုဆိုသည့် အတိုင်း သုံးလအတွင်းပြောင်းလဲ မှုမရှိသဖြင့် သုံးလတာအတွင်း ဆီးချိုသွေးချို အခြေအနေကို သေချာစွာသိနိုင်သည်။ ထို့ကြောင့် ဆီးချိုရှိသူများအနေဖြင့် HbA1C ကို သုံးလတစ်ကြိမ်ပုံမှန်စစ်ဆေးသင့်ပါသည်)

သို့သော် အစားကို ပုံမှန်၊ စုံစုံလင်လင်၊ မျှမျှတတစားပြီး ဆီးချိုကို ထိထိရောက်ရောက် ထိန်းသိမ်းထားသော လူနာများတွင် ဗီတာမင်နှင့် သတ္ထုဓာတ် လုံလုံလောက်လောက်ပါပြီးဖြစ်ပါသဖြင့် အားဆေးသောက်ရန်မလို။ သို့သော် ဆီးချိုထိန်းသိမ်းမှုညံ့သောသူများ၊ အစားပျက်သူများ၊ အခြား ဗီတာမင်နှင့် သတ္ထုဓာတ် ချို့တဲ့နိုင်သော အခြေအနေရှိသူများတွင်မူ အားဆေးပံ့ပိုးပေးရန် လိုသည်ဟု ဆိုရပေမည်။

ဗီတာမင်အားဆေးများ မှီဝဲရာတွင် မိမိသဘောနဲ့မိမိ သောက်သုံးခြင်းမပြုရပါ။ နားလည်တတ်ကျွမ်းသူ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါသည်။

Credit : Original Uploader

းချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

သင့်မှာ ဆီးချို ရှိနေပြီလား....************************သင့်မှာ ဆီးချို ရှိနေပြီလား ဆိုတာ မကြားချင်ဆုံး မေးခွန်းပါ။ အသံကြ...
31/08/2026

သင့်မှာ ဆီးချို ရှိနေပြီလား....
************************
သင့်မှာ ဆီးချို ရှိနေပြီလား ဆိုတာ မကြားချင်ဆုံး မေးခွန်းပါ။ အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ လူတွေ သိကြတာက ဆီးချိုဖြစ်ရင် ထမင်းတွေ မစားရတော့ဘူး။ အချိုတွေ ရှောင်ရတော့မယ်။ အခန့်မသင့်ရင် အနာတွေဖြစ်ပြီး ခြေတွေ လက်တွေ ပုပ်လို့ ဖြတ်ရတော့မယ် စသဖြင့် ခေါင်းထဲကို ဝင်လာပါတယ်။
ဒါကြောင့်လည်း အမျိုးထဲက ဒါမှမဟုတ် အသိထဲက တစ်ယောက်ယောက် ဆီးချိုရှိနေပြီဆိုရင် ကြောက်တတ်ကြပါတယ်။ အဲ့တော့မှ ကောက်ခါငင်ခါ ဆီးချို သွားဖောက်တတ်ကြပါတယ်။ အဲ့ဒီမှာ ဘယ်နှခါ ဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲ၊ ဘာအဖြေရရင် ဘာဖြစ်နေတာလဲ ဆိုပြီး ရှိပါတယ်။

သင့်မှာ ဆီးချို ရှိနေပြီလား ဆိုတာ ဘယ်လိုသိနိုင်မလဲ။
ဆီးချို ရှိမရှိကို ဘယ်လို သိမလဲဆိုရင် သွေးဖောက်စစ်မှပဲ သိနိုင်ပါတယ်။ လက်ထိပ်ဖောက်တာ ဖြစ်ချင် ဖြစ်မယ်။ လက်မောင်းက သွေးဖောက်တာ ဖြစ်ချင် ဖြစ်မယ်။ သေချာတာက သွေးစစ်မှပဲ သိနိုင်တာပါ။
အရပ်ထဲမှာ ပြောနေသလိုမျိုး ‘ဆီးပေါက်ပြီး ထားထားလိုက်၊ ပုရွက်ဆိတ်တက်နေရင် ဆီးချိုရှိတယ်’ ၊ ‘ခြေထောက် အနာမကျက်ဘူးလား၊ ဒါ ဆီးချိုရှိနေလို့’ ဆိုတာ မဟုတ်ပါဘူး။ ဒါမတိကျပါဘူး။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဆီးချို ရှိ မရှိ အပြင်ကကြည့်ရုံနဲ့ မသိပါဘူး။ အကောင်းဆုံးနည်းက သွေးစစ်ကြည့်တာပါပဲ။

ဆီးချိုနဲ့ သူရဲ့ ကိန်းဂဏန်းများ
ADA လို့ ခေါ်တဲ့ American Diabetic Association အမေရိကန် ဆီးချိုအဖွဲ့ကြီးကတော့ ဒီလို ပြောပါတယ်။

ပုံမှန်လူ
၁။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် < 100 mg/dL အောက်
သို့မဟုတ်
၂။ အစာစားပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ် < 140 mg/dL အောက်
ဆီးချို အကြိုအဆင့်
၁။ A1C 5.7- 6.4%
သို့မဟုတ်
၂။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် 100 – 125 mg/dL
သို့မဟုတ်
၃။ အစာစားပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ် 140 – 199 mg/dL
ဆီးချိုရောဂါရှိသူ
၁။ A1C > 6.5%
သို့မဟုတ်
၂။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် >126 mg/dL အထက်
သို့မဟုတ်
၃။ အစာစားပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ် >200 mg/dL အထက်
သို့မဟုတ်
၄။ ဆီးချို လက္ခဏာတွေလည်း ရှိတယ်။ ဒီတိုင်း သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်လိုက်တော့လည်း >200 mg/dL အထက် ရှိနေတယ်။
ဒီနေရာမှာ တချို့ စကားတွေကို နည်းနည်း ပြန်ရှင်းပြ ပေးပါ့မယ်။
• အစာမရှိချိန် ဆိုတာ အစာနဲ့ အနည်းဆုံး ၈နာရီ ခြားပြီး စစ်တာပါ။ ဘာမှမစားရပါဘူး။ ရေတော့ သောက်လို့ ရပါတယ်။ ဥပမာ ပြောရရင် ည ၁၀နာရီ နောက်ဆုံးစားထားတယ်။ မနက်၆နာရီကျတော့ ဖောက်လိုက်တယ်။ ဒါမျိုးကို ပြောတာပါ။
• A1C ဆိုတာ HbA1C ကို ပြောတာပါ။ ဆီးချိုသက်တမ်းရင့်တဲ့သူဆို သိပါတယ်။ သူက ခုချက်ချင်းစားတဲ့ သွေးတွင်း သကြားဓာတ်ကို ပြောတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ လ လောက်က ရှိတဲ့ ကိုယ့်ရဲ့ သကြားဓာတ်ကို စစ်ဆေးတာပါ။ ဆီးချို ထိန်းနိုင် မထိန်းနိုင်ကို ဒီဂဏန်းနဲ့ပဲ ကြည့်တာပါ။
• ဆီးချို လက္ခဏာရှိတယ် ဆိုတာ အားလုံးသိပါတယ်။ ရေခဏခဏ ဆာတာ၊ ဆီးခဏခဏ သွားချင်တာ၊ ပိန်သွားတာ၊ အစားတွေ အရမ်းစားချင်တာ၊ မျက်လုံးတွေ ဝါးလာတာ စတာတွေပဲ ဖြစ်ပါတယ်။
• ဒီတိုင်းစစ်တဲ့ သကြားဓာတ်ဆိုတာက ဘယ်အချိန်စစ်စစ် စစ်လို့ရတယ်လို့ ပြောချင်တာပါ။ အစားမစားဘဲ နေစရာ မလိုသလို၊ စားပြီး ၂နာရီခြားစရာလည်း မလိုပါဘူး။
• ဆီးချိုရောဂါ အကြိုအဆင့်ဆိုတာ ဆီးချိုဖြစ်တော့မယ်လို့ပြောချင်တာပါ။ ဒီအခြေအနေမှာ ကိုယ့်ဟာကိုယ် အစားအသောက်ထိန်းစား၊ လေ့ကျင့်ခန်းလုပ်၊ ဝိတ်လျှော့မယ်ဆိုရင် ပုံမှန်ပြန်ဖြစ်နိုင်ပါသေးတယ်။ မဟုတ်ရင်တော့ ဆီးချိုဖြစ်သွားမယ်လို့ ပြောချင်တာပါ။
• “သို့မဟုတ်”လို့ ပြောထားတဲ့ အတွက် ကြိုက်တာတစ်မျိုး စစ်ရင် ရပါပြီ။

ပုံမှန် ဘယ်လို စစ်ဆေးကြမလဲ။
ဆီးချိုက တစ်ခါစစ်ပြီး ပြီးသွားတာ မဟုတ်ပါဘူး။ ဆီးချိုရှိပြီ ဆိုတာ သိတာနဲ့ တစ်သက်လုံးကုရတော့မှာပါ။ ပျောက်တာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ကုနေတာလဲလို့ မေးရင် နောက်ဆက်တွဲတွေ ဖြစ်မှာစိုးလို့ပါ။ နောက်ဆက်တွဲတွေက သိတဲ့အတိုင်း မျက်စိကွယ်တာ၊ လေဖြတ်တာ၊ အနာမကျက်တာ၊ ပိုးဝင်ပြီး ခြေထောက်ဖြတ်ရတာ၊ ကျောက်ကပ်ထိတာ စတာတွေ ဖြစ်ပြီး အသက်အန္တရာယ်ထိမှာစိုးလို့ ကုရတာပါ။
ကုလည်း ကုရသလို တစ်ဖက်ကလည်း ဆီးချိုကောင်းကောင်းထိန်းနိုင်လားဆိုပြီး စစ်ရပါတယ်။ စစ်တာတွေကတော့ အများကြီးပေါ့။ အဓိက စစ်ရမယ့် A1Cနဲ့ လက်ထိပ်ဖောက်ပြီး စစ်တာကို ပြောပြပေးပါ့မယ်။
A1C
• ဆေးပြောင်းထားတယ်၊ ဆေးအတိုးအလျော့ လုပ်ထားတယ်။ အရင်က စစ်တာ အဖြေမကောင်းဘူးဆိုတဲ့ သူတွေကတော့ ၃လ တစ်ခါ စစ်ရမှာပါ။
• အဖြေကောင်းတယ်။ ဆီးချိုလည်း ထိန်းထားနိုင်တယ် ဆိုရင်တော့ ၆လ တစ်ခါပဲ စစ်ရပါမယ်။
အဖြေကောင်းတယ်ဆိုတာ (၇)အောက် ရောက်တာကို ပြောတာပါ။ တော်တော်များများ လူနာတွေ အတွက် A1C ၇အောက်က ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဖြစ်တာလည်း မကြာသေးဘူး၊ တခြားရောဂါတွေလည်း ရှိမနေဘူးဆိုရင် ၆.၅အောက်ထိ ချထားနိုင်တာ ပိုကောင်းပါတယ်။

လက်ထိပ်ဖောက် စစ်ဆေးခြင်း
လက်ထိပ်ဖောက် စစ်ဆေးတာမှာ အသုံးများတာကတော့ ဘာမှ မစားခင် စစ်တာနဲ့ စားပြီး ၂နာရီခြား စစ်တာပါ။
• ဘာမှမစားခင် စစ်လိုက်ရင် 70-130 mg/dL (3.9-7.2 mmol / L) ရှိရပါမယ်။
(ဘာမှမစားခင်ဆိုတာ အစာနဲ့ ၈နာရီခြားထားတာကို ပြောတာပါ။ မနက်ဘာမှမစားခင် ဖောက်ကြတာ များပါတယ်။)
• စားပြီး ၂နာရီ စစ်လိုက်ရင်တော့

ဆီးချိုသမားများအတွက် စားသောက်နည်းနာ အဖြာဖြာ☑✅ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာစားနိုင်ပါသလဲ?💜 ဆီးချိုသွေးချိုရောဂါရှင်များသ...
29/08/2026

ဆီးချိုသမားများအတွက် စားသောက်နည်းနာ အဖြာဖြာ☑
✅ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာစားနိုင်ပါသလဲ?
💜 ဆီးချိုသွေးချိုရောဂါရှင်များသည် ရောဂါရှိပေမယ့် ချိုတဲ့အစားအစာများလွဲ၍ ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ကဲ့သို့ မိမိ၏မိသားစုဝင်အခြားလူများကဲ့သို့
စားသောက်နိုင်ပါတယ်။ဆီးချိုသွေးချိုရှိလို့ကစီဓာတ် (ဥပမာ-ဆန်၊ဂျုံ)တို့ကို လုံးဝရှောင်ရမယ်လို့ မဆိုလိုပါဘူး။
💜 စားသုံးနိုင်သောအစားအစာများမှာ... ဆန်နှင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ- ထမင်း၊နန်းကြီး သုတ်) ၊ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ဂျုံခေါက်ဆွဲ၊ ချပါတီ၊ ပေါင်မုန့်)။
💜 အသားဓာတ်ပါတဲ့အစားအစာများ (ဥပမာ-ငါးအမျိုးမျိုး၊ ပုစွန်(ခေါင်းမပါ)၊ အမဲသား(အဆီမပါ)၊ဝက်သား(အသားသက်သက်)၊ကြက်သား (အရေခွံမပါ)နှင့် ပဲအမျိုးမျိုးတို့ကို စားသုံးနိုင်ပါတယ်။
💜 ဟင်းသီးဟင်းရွက်များ(သစ်သီးများမဟုတ်)ကို ကြိုက်သလောက် စားသုံးနိုင်ပါတယ်။
✅ ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာအစားအစာတွေ ရှောင်ရမလဲ။
💜 ချိုတဲ့သစ်သီး၊ ချိုတဲ့အရည်၊ ချိုတဲ့မုန့်တွေကို အဓိကရှောင်ရမှာ ဖြစ်ပါတယ်။ချိုသောသစ်သီးလို့ဆိုရာမှာ ချိုသောအရသာရှိတဲ့ ရာသီပေါ်သီးနှံများ အားလုံးပါဝင်ပါတယ်။🍍🍉🍎ထိုသီးနှံများကို ဆီးချိုသွေးချိုတက်နေစဉ်ကာလမှာ ယာယီရှောင်ရမှာဖြစ်ပြီး နောက်ပိုင်းထိန်းလို့ရတဲ့ အခြေအနေရောက်လာတဲ့အခါမှာတော့ အနည်းငယ် ပြန်စားလို့ရပါတယ်။ ⏰
💜 ချိုသောအရည်တွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကွေကာ၊ (ဒိုင်းယက် ကော်ဖီ၊လက်ဖက်ရည်နှင့်ကွေကာများအပါအဝင်) မိုင်လို၊အိုဗာတင်း၊ ဟောလစ်၊ အအေးပုလင်း၊ သံဗူးများ အစရှိတဲ့အချိုရည်အမျိုးမျိုးကိုတော့ အမြဲရှောင်ရမှာဖြစ်ပါတယ်။🥤🍷☕မရှောင်နိုင်ပါက သကြားအစား ဆီးချိုသကြားကို အချိုအရသာပါရုံထည့်ပြီး ကော်ဖီမှုန့်၊ အချိုခြောက်နှပ်ရည်၊ သံပုရာရည် စသည်တို့နှင့် ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။
💜 ချိုတဲ့မုန့်တွေကတော့ ကိတ်မုန့်၊ ဘီစကွတ်မုန့်၊ မုန့်ကြွပ်၊ ဗမာမုန့်တွေဖြစ်တဲ့ ရွှေကြည်၊ ဆနွင်းမကင်း၊ ဘိန်းမုန့်၊ ထိုးမုန့်၊လမုန့်၊ ပဲမုန့်၊ မုန့်ကျွဲသဲ၊ ထန်းလျက်၊ ကြံသကာ၊ ကျောက်ကျောစသဖြင့်ပါဝင်ပါတယ်။
❣️ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာအစားအစာတွေ ရှောင်ရမလဲ။
💚 ချိုတဲ့သစ်သီး၊ ချိုတဲ့အရည်၊ ချိုတဲ့မုန့်တွေကို အဓိကရှောင်ရမှာ ဖြစ်ပါတယ်။
💚 ချိုသောသစ်သီးလို့ဆိုရာမှာ ချိုသောအရသာရှိတဲ့ရာသီပေါ်သီးနှံများ အားလုံးပါဝင်ပါတယ်။🍍🍉🍎 ထိုသီးနှံများကို ဆီးချိုသွေးချိုတက်နေစဉ်ကာလမှာ ယာယီရှောင်ရမှာဖြစ်ပြီး နောက်ပိုင်းထိန်းလို့ရတဲ့ အခြေအနေရောက်လာတဲ့အခါမှာတော့ အနည်းငယ် ပြန်စားလို့ရပါတယ်။⏰
💚 ချိုသောအရည်တွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကွေကာ၊ (ဒိုင်းယက် ကော်ဖီ၊လက်ဖက်ရည်နှင့်ကွေကာများအပါအဝင်) မိုင်လို၊အိုဗာတင်း၊ ဟောလစ်၊ အအေးပုလင်း၊ သံဗူးများ အစရှိတဲ့အချိုရည်အမျိုးမျိုးကိုတော့ အမြဲရှောင်ရမှာဖြစ်ပါတယ်။🥤🍷☕
မရှောင်နိုင်ပါက သကြားအစား ဆီးချိုသကြားကို အချိုအရသာပါရုံထည့်ပြီး ကော်ဖီမှုန့်၊ အချိုခြောက်နှပ်ရည်၊ သံပုရာရည် စသည်တို့နှင့် ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။ 🍚
💚 ချိုတဲ့မုန့်တွေကတော့ ကိတ်မုန့်၊ ဘီစကွတ်မုန့်၊ မုန့်ကြွပ်၊ ဗမာမုန့်တွေဖြစ်တဲ့ ရွှေကြည်၊ ဆနွင်းမကင်း၊ ဘိန်းမုန့်၊ ထိုးမုန့်၊လမုန့်၊ ပဲမုန့်၊ မုန့်ကျွဲသဲ၊ ထန်းလျက်၊ ကြံသကာ၊ ကျောက်ကျောစသဖြင့်ပါဝင်ပါတယ်။🍩🍰🍪🎂
❤️ ဆီးချိုသကြားစားလို့ရပါသလား။
💚 ဆီးချိုသကြား စားလို့ရပါတယ်။ဆီးချိုသကြားဆိုတာက ပုံမှန်စားနေကျသကြားကဲ့သို့ ချိုသော်လည်း ကယ်လိုရီနည်းပါးအောင် လျှော့ချထားသော သကြားဓာတ်တစ်မျိုး ဖြစ်ပါတယ်။
❤️ ဆီးချိုသကြား ဘယ်လောက်စားနိုင်ပါသလဲ။
💚အစားအသောက်ထဲတွင် အချိုအရသာရှိရုံ စားသုံးနိုင်ပါတယ်။
❤️ ဒိုင်းယက်ကော်ဖီ သောက်လို့ရပါသလား။
💚ဒိုင်းယက်ကော်ဖီ သောက်လို့မရပါဘူး။
ဒိုင်းယက်ကော်ဖီမှာလည်း နို့မှုန့်အချိုးအစား၊ သကြားအချိုးအစား၊ ကော်ဖီအချိုးအစား၊ ၃း၁ နဲ့ရောထားပြီးသားဆိုတော့ အချိုဓာတ်ပါတာပါပဲ။
ဒိုင်းယက်ဆိုတာ ဝတဲ့သူတွေကို ထပ်ပြီးတော့မဝအောင် စားလို့ရတယ်လို့ဆိုလိုပါတယ်။
ဆီးချိုသမားတွေ စားသောက်လို့ရတယ်လို့ တိုက်ရိုက်မဆိုလိုပါဘူး။
❤️ နွားနို့သောက်လို့ရပါသလား။
💚 သောက်လို့ရပါတယ်။
ဒါပေမယ့် အိမ်မှာကိုယ်တိုင်ကျိုပြီး မလိုင်ထုတ်ထားတဲ့ နွားနို့၊ ဒါမှမဟုတ် နိုင်ငံခြားကလာတဲ့ အဆီထုတ်ထားတဲ့ နွားနို့ (Skimmed Milk) ကိုပဲ ရွေးချယ်သောက်သုံးသင့်ပါတယ်။
သကြားမထည့်ပဲသောက်နိုင်ရင်တော့ အကောင်းဆုံးပါ။
သကြားမပါပဲ လုံးဝမသောက်တတ်ပါက ရိုးရိုးသကြားမထည့်ပဲ သကြားအစားထိုး ဆီးချိုသကြားကို အချိုအရသာပါတယ်ဆိုရုံ ထည့်ပြီးသောက်သုံးရပါမယ်။
❤️ နို့မှုန့် စားလို့ရပါသလား။
💚 အဆီထုတ်ပြီး အချိုမပါတဲ့ နို့မှုန့်ဆိုရင်တော့ စားလို့ရပါတယ်။
❤️ နို့စိမ်းနဲ့ လက်ဖက်ရည်သောက်လို့ရပါသလား။
💚 နို့စိမ်းမှာ သကြားမပါတာ ကျိန်းသေတယ်ဆို သောက်လို့ရပါတယ်။ ထည့်လိုပါက ဆီးချိုသကြားကို အရသာရှိရုံထည့်ပြီး သောက်နိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါရှင်တွေ အသားဘယ်လောက်စားနိုင်ပါသလဲ။
✅တစ်နေ့တာစားသုံးတဲ့ အာဟာရဓာတ်ရဲ့ ၁၀% မှ ၁၅% ကိုတော့ အသားဓာတ်က ရသင့်ပါတယ်။
✅အဲဒီပမာဏက မြန်မာလူမျိုးတွေ စားသုံးနေကျ တစ်ခါစားရင် အသားနှစ်တုံး၊ သုံးတုံးစားတာနဲ့ ညီမျှပါတယ်။
✅ဒါကြောင့်မို့ မိမိတို့ပုံမှန်စားသုံးနေကျအတိုင်း စားသုံးနိုင်ပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ဟင်းသီးဟင်းရွက် များများစားဖို့ လိုပါသလား။
✅ဆီးချိုသွေးချိုရောဂါရှင်တွေဟာ လတ်ဆတ်ပြီး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် များများစားဖို့လိုပါတယ်။
✅အဲဒီ ဟင်းသီးဟင်းရွက်တွေထဲမှာ Fibre လို့ခေါ်တဲ့ အမျှင်ဓာတ်တွေပါတဲ့အတွက် များများစားခြင်းအားဖြင့် အစာဝသွားစေတယ်။
✅ ဟင်းသီးဟင်းရွက်မှာ ကစီဓာတ်မပါတဲ့အတွက်ကြောင့် ဘယ်လောက်စားစား ဆီးချိုသွေးချိုရောဂါသည်အတွက် သွေးအချိုဓာတ်မတက်စေပါ။
✅အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဆိုတာက ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ မန်ကျည်းရွက်၊ ဘူးသီး၊ ဂေါ်ဖီထုပ် စတာတွေဖြစ်ပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ဆီရောစားနိုင်ပါသလား။
ဘယ်လိုဆီမျိုးစားပြီး ဘယ်ဆီတွေကိုရှောင်ကြဉ်ရမလဲ။
✅ဆီစားလို့ရပါတယ်။
✅တစ်နေ့တာစားသုံးတဲ့ အာဟာရဓာတ်ရဲ့ ၃၀% မှ ၃၅%ထိ အဆီဓာတ်ကနေ ရသင့်ပါတယ်။
✅စားလို့ရတဲ့ အဆီတွေကတော့ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်စေ့ဆီ၊ ငါးမှရသောအဆီများ၊ ဟင်းသီးဟင်းရွက်ဆီ တို့ပဲ ဖြစ်ပါတယ်။
✅စားလို့မရတဲ့အဆီတွေကတော့ ပြည့်ဝ အဆီတွေဖြစ်ပါတယ်။
✅ပြည့်ဝနှုန်းများတဲ့ အဆီဆိုတာက အအေးခံထားလိုက်ရင် ခဲသွားတဲ့ အဆီမျိုး အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီတို့ပါပဲ။
✅အဲဒီလိုခဲတဲ့အဆီတွေကို တတ်နိုင်သမျှ နည်းနည်းပဲစားဖို့၊ တတ်နိုင်သမျှ အဆီရဲ့ ၁၀% ထက်နည်းအောင်စားဖို့ အကြံပြုပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ပဲစားလို့ရပါသလား။
✅ပဲမှာ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်ပါတဲ့အတွက်ကြောင့် စားလို့ရပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ကြက်ဥဘဲဥစားလို့ရပါသလား။
✅ကြက်ဥဘဲဥ စားလို့တော့ရပါတယ်။ အသင့်အတင့်ပဲ စားလို့ရပါမယ်။
✅ကြက်ဥဘဲဥရဲ့ အနှစ်မှာ Cholesterol ဓာတ်များတဲ့ အတွက်ကြောင့် အလွန်အကျွံ မစားသုံးသင့်ပါဘူး။
✅ကြက်ဥအကာကိုသာ အဓိက စားသုံးသင့်ပါတယ်။
✅ကြက်ဥဘဲဥရှောင်သင့်တဲ့ လူနာများကတော့ ကျောက်ကပ်ရောဂါဝေဒနာရှင်များနှင့် သွေးတွင်းအဆီဓာတ်များသော လူတွေဖြစ်ပါတယ်။
❓ကြက်ဟင်းခါးသီး စားလို့ရပါသလား။
✅ကြက်ဟင်းခါးသီးကို ဟင်းအနေနဲ့ ချက်စားမယ်ဆိုရင် စားလို့ရပါတယ်။
✅ပျောက်ကင်းအောင် စွဲစားမယ်ဆိုရင်တော့ သတိထားရမည့်အချက်တွေ အများကြီးရှိပါတယ်။
✅ဆီးချိုသွေးချိုရောဂါပျောက်အောင် ရည်ရွယ်ချက်နှင့်တော့ မစားသုံးသင့်ပါဘူး။
✅ယေဘုယျအားဖြင့် ခါးတဲ့အစားအစာတွေက သွေးချိုဓာတ်ကို ကျဆင်းစေပါတယ်။
✅ဆီးချိုသွေးချိုရောဂါကုထုံးတွေထဲမှာ သွေးချိုဓာတ်ကိုသာ ကျစေခြင်း သက်သက် မဟုတ်ပါဘူး။ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါကိုပါ ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။
✅ကြက်ဟင်းခါးသီးကိုစားရင် သွေးချိုဓာတ်ကို ကျနိုင်မယ်ဆိုပေမယ့် ဘယ်လောက်အတိုင်းအတာထိ ကျဆင်းစေတယ်ဆိုတာ မသိနိုင်ပါဘူး။
✅ဒါကြောင့် သွေးချိုကျစေဖို့က သွေးချိုကျဆေးကိုသာအဓိက အားကိုးပြီး စနစ်တကျ သောက်သင့်ပါတယ်။
❓ဂျုံကြာဇံ၊ ပဲကြာဇံ စားရင်ရော ဆီးချိုသွေးချိုရောဂါအတွက် ပိုကောင်းပါသလား။
✅ဂျုံကြာဇံ၊ ပဲကြာဇံကလည်း ကစီဓာတ်ပါပဲ။ ဒါကြောင့် ရေရှည်မှာစားသုံးနိုင်မယ့်ထမင်းကိုပဲ ပုံမှန်စားဖို့ သင့်လျော်ပါတယ်။
❓အငန်လျှော့စားဖို့ လိုပါသလား။
✅ဆီးချိုသမားတစ်ယောက်အနေနဲ့ အငန်ဓာတ်ကို အလွန်အကျွံမစားမိဖို့ အရေးကြီးပါတယ်။
✅မြန်မာလူမျိုးတွေရဲ့ ဓလေ့အရ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ စားသုံးမှုများတဲ့ အတွက်ကြောင့် တတ်နိုင်သမျှ လျှော့စားဖို့ လိုအပ်ပါတယ်။
✅ဆားဓာတ်လုံးဝမပါဘဲ စားသုံးခြင်းမဟုတ်ဘဲ သာမန်စားသုံးနေကျထက်
လျှော့စားပြီး အငန်ဓာတ်များကို ထပ်မံမထည့်မိဖို့ပဲ အရေးကြီးပါတယ်။
✅ဥပမာ- မုန့်ဟင်းခါးစားမယ်ဆိုရင် ငံပြာရည် ထပ်ထည့်စားတာမျိုး၊ ဟင်းတွေကို ပေါ့လို့ဆိုပြီး ငန်အောင်ထပ်ထည့်တာမျိုး မစားဖို့ဖြစ်ပါတယ်။
✅သွေးတိုးနဲ့ ဆီးချိုပေါင်းစပ်ပြီး ခံစားနေရတဲ့ လူနာမျိုးဆို ပိုမိုသတိထားသင့်ပါတယ်။
✅သွေးတိုးနဲ့ ဆီးချိုပေါင်းပြီးဖြစ်ရင် နှလုံးနှင့်ကျောက်ကပ်ကို ထိခိုက်နိုင်တဲ့အတွက် အငန်ဓာတ်ကို လျှော့စားဖို့ အကြံပေးပါတယ်။
❓အချိုမှုန့်နှင့် ဆီးချိုသွေးချိုရောဂါဟာ သက်ဆိုင်ပါသလား။
✅ဟင်းချိုမှုန့်က သွေးကိုချိုစေပြီး တချို့ကသွေးတိုးစေပါတယ်။
✅ဟင်းချိုမှုန့်မှာပါတဲ့ Monosodium Gluctamate က သွေးတိုးစေတဲ့ အတွက်ကြောင့် သွေးတိုးရှိသောလူနာများနဲ့ ကျောက်ကပ်မကောင်းသော လူနာများ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
❓သစ်သီးဝလံတွေရော စားလို့ရပါသလား။ ဘယ်လောက်စားနိုင်ပါသလဲ။
✅ သွေးချိုထိန်းသိမ်းမှု မကောင်းစဉ်ကာလတွေမှာ ချိုသောသစ်သီးများ စားသုံးလို့ မသင့်တော်ပါ။
✅ထိန်းသိမ်းမှုကောင်းလာရင်တော့ သင့်လျှော်ရုံ စားသုံးနိုင်ပါတယ်။
✅သစ်သီးတွေစားသုံးတော့မယ်ဆိုရင်လည်း ၄င်း အသီးကရရှိမယ့်အင်အား ကယ်လိုရီဓာတ်ပမာဏကို ထည့်သွင်းတွက်ချက်သင့်ပါတယ်။
❓ဂေါ်ဖီ၊ မုန်လာဥ စာလို့ရပသလား။
✅ဂေါ်ဖီကိုတော့ စားလို့ရပါတယ်။ ပန်းဂေါ်ဖီအချိုကတော့ ဟင်းသီးဟင်းရွက်လို ချိုတဲ့ အရသာဖြစ်ပါတယ်။ သကြားလို မချိုပါဘူး။
✅မုံလာဥကိုစားလို့တော့ ရပါတယ်။ ဒါပေမယ့် အများကြီးစားလို့ မကောင်းပါဘူး။
✅တချို့ နိုင်ငံတွေမှာ မုန်လာဥကိုအသုံးပြုပြီး သကြား ထုတ်လုပ်နေတာ တွေ့နေရလို့ ဖြစ်ပါတယ်။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခဒေါက်တာတင့်ဆွေလတ် ရေးသားသော ဆီးချိုသွေးချိုဆိုင်ရာ အမေးများသောမေးခွန်းများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

" ဆီးချိုကို ပိုဖြစ်စေနိုင်သော အလေ့အကျင့်ဆိုးများ "☑ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံ၊ နှင့် ...
28/08/2026

" ဆီးချိုကို ပိုဖြစ်စေနိုင်သော အလေ့အကျင့်ဆိုးများ "

☑ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံ၊ နှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။

☑သင်သည်ကျန်းမာရေးကောင်းလိုလျှင် ကောင်းမွန်သော အလေ့အထများကို ပြုလုပ်ပြီး ကျန်းမာရေးကောင်းစေရန် အားထုတ်ရန် လိုအပ်ပါသည်။ ထို့အတူ ဆီးချိုကိုထိန်းချုပ်ရန်အတွက် ဆောင်ရန်ရှောင်ရန်တွေလည်းများလွန်းလှပါသည်.....

☑ဒါကြောင့်မို့ ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထများ၊ အကျင့်များကို ဖော်ပြပေးလိုက်ပါတယ်နော်.....

🥤 သကြားပါသောအချိုရည်များကို များစွာသောက်ခြင်း
အချိုရည်များကို အထိန်းအကွပ်မရှိပဲသောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်စေပါသည်။ လူအများစုသည် ဖျော်ရည်များသည် ကျန်းမာရေးအတွက် ကောင်းစေသည်ဟု အထင်မှားနေကြသည်။ လက်တွေ့တွင်မူ အချိုရည်ထဲတွင် သကြားဓါတ်များစွာပါဝင်ပါသည်။ ရေငတ်လျှင် ရေသောက်ခြင်း၊ သကြားမပါဝင်သော လက်ဘက်ရည်၊ ကော်ဖီ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

🧎‍♀️ အထိုင်များခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်အနှစ်နှစ်ဆယ်တွင် အာရှနိုင်ငံများတွင် ဆီးချိုဖြစ်ပွားနှုန်း ၉၀% တက်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ဆယ်နှစ်အတွင်းတွင် ဗီယက်နမ်နိုင်ငံတွင် ဆီးချိုဖြစ်နှုန်း ၂ဆ တက်လာပါသည်။ လူများသည် ကိုယ်လက်လှုပ်ရှားမIနည်းလာသောကြောင့် အဝလွန်ခြင်းများဖြစ်လာနိုင်ချေများလာပါသည်။

🧍‍♀️ ညဘက် ညည့်နက်စွာနေခြင်း
တစ်နေ့လျှင် ၆နာရီထက်ပို၍မအိပ်လျှင် ခန္ဓါကိုယ်၏ ဇီဝဖြစ်စဉ်များကိုအနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် သင့်ဆီးချိုရောဂါကို ထိန်းချုပ်ရခက်ပါလိမ့်မည်။ အိပ်မပျော်ခြင်းသည် ဗိုက်ဆာစေသော ဟော်မုန်းကို ထွက်စေသောကြောင့် သင့်ကို ကိုယ်အလေးချိန်တက်စေပါသည်။ ထို့ကြောင့် ပုံမှန်အိပ်ရန် အရေးကြီးပါသည်။

🚫 မနက်စာမစားခြင်း
အလုပ်ရှုပ်သောကြောင့် သင်သည် မနက်စာ မစားရသည့် နေ့များ ရှိနိုင်ပါသည်။ မနက်စာသည် တစ်နေ့တာတွင် အရေးအကြီးဆုံး အစားအစာဖြစ်ပါသည်။ ၎င်းသည် သင့်ကို တစ်နေ့တာလုံးအတွက်စွမ်းအင်များပေးပါလိမ့်မည်။
မနက်စာလွတ်ခြင်းသည် သင့်ကို အချိန်အများကြီး မသက်သာစေပါ။ ထိုအရာသည် သင့်ကို ဆီးချိုရောဂါဖြစ်ရန် အကြောင်းဖြစ်လာနိုင်ပါသည်။ နေ့လည်စာ မတိုင်ခင်အထိ ဗိုက်ဆာနေခြင်းသည် ခန္ဓါကိုယ်တွင် ပြောင်းလဲခြင်းများကို ဖြစ်စေပြီး အင်ဆူလင်ထွက်ခြင်းကို နှောင့်ယှက်ပြီး သကြားဓါတ်ကို တက်စေသည်။

🍚 ညဘက် အဆာပြေစားခြင်း
ညစာစားပြီးနောက် အဆာပြေမုန့်များ ထပ်စားခြင်းသည် ဆီးချိုလူနာများအတွက် တားမြစ်ရမည့် အရာဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အဆာပြေမုန့်များသည် ကိုယ်အလေးချိန်ကိုတက်စေပြီး ညဘက်အစားစားခြင်းသည် သွေးထဲရှိ သကြားဓါတ်ကို တက်စေသည်။ ညစာစားပြီး ထပ်စားလိုလျှင် သစ်သီးအနည်းငယ်ကို သာစားပါ။

ဆီးချိုကို ဖြစ်စေသော အလေ့အထအနည်းကို သိပြီးနောက် သင်သည် ကျန်းမာရေးကိုကောင်းလာစေရန် ပြောင်းလဲမှုများပြုလုပ်ရန် အဆင့်သင့်ဖြစ်ပါပြီလား။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပိုမို ပြုလုပ်သင့်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို သိနေရပါမည်။ သင့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော အလေ့အထ ကောင်းများကိုပြင်ဆင်ခြင်းဖြင့် သင့်ကျန်းမာရေးကို ကောင်းစေရန် ပြုလုပ်သင့်ပါသည်.....

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

iCan CGM လေးက သင့်ရဲ့ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုနိုင်တာပါလဲ။🔸ဆီးချိုရှိတဲ့သူတွေရဲ့ အရေးကြီးဆုံးလုပ်ဆောင်သင့်တဲ့အခ...
27/08/2026

iCan CGM လေးက သင့်ရဲ့ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုနိုင်တာပါလဲ။

🔸ဆီးချိုရှိတဲ့သူတွေရဲ့ အရေးကြီးဆုံးလုပ်ဆောင်သင့်တဲ့အချက်က သွေးတွင်းသကြားဓာတ်ကို သတ်မှတ်ပမာဏအတွင်းမှာ ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်သာ ကောင်းမွန်နေရင် နောက်ဆက်တွဲပြဿနာများကင်းရှင်းပြီး ကျန်းမာကောင်းမွန်စွာ ဘဝကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

🔸သွေးတွင်းသကြားဓာတ်ထိန်းသိမ်းနိုင်ဖို့ဆို အစားအစာဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဆေးပုံမှန်သောက်ခြင်း၊ ဆရာဝန်နဲ့ပုံမှန်ပြသခြင်းတို့ကို လုပ်ဆောင်ပေးဖို့လိုပါတယ်။ ဒါ့အပြင် ဆီးချိုသမားတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးဖို့လိုပါတယ်။

🔸ဆီးချိုသမားတွေ သွေးတွင်းသကြားဓာတ်ကို စစ်ရာမှာ အများစုက အိမ်တွင်ဆောင်ထားနိုင်သော ဆီးချိုတိုင်းစက်လေးများနှင့် လက်ထိပ်သွေးဖောက်ပြီး စစ်ဆေးလေ့ရှိကြပါတယ်။ မနက်စောစောသွေးဖောက်လိုက်ပြီး အဖြေကောင်းတယ်ဆို စိတ်ချပြီး စားချင်သလို ထပ်စားမိတဲ့အခါ နေ့လည်လောက်ကျ သွေးတွင်းသကြားဓာတ်တွေက မထင်မှတ်ဘဲ တက်နေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကနေ ထိန်းသိမ်းနိုင်ဖို့ ဆီးချိုသမားတိုင်းအတွက် iCan CGM လေး ရှိနေပါပြီ။

👉iCan CGM လေးက ဆီးချိုသမားအတွက် ဘယ်လိုအထောက်အကူပြုပေးမှာလဲ။

🔸iCan CGM သုံးပါက သူရဲ့ sensor လေးကနေတဆင့် ဆီးချိုအဖြေတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်သကြားဓာတ်ကို သိရှိနေပြီး ကျန်းမာရေးကို အထောက်အကူပြုနေမှာဖြစ်ပါတယ်။

🔸iCan CGM လေးက ၂၄နာရီလုံး ခန္ဓာကိုယ်မှ ပြောင်းလဲနေသော ဆီးချိုအဖြေများကို ဆက်တိုက်သိနေရတဲ့အပြင် စားထားလိုက်သောအချိန်များအရ မည်သည့်အချိန်တွင် ဆီးချိုတက်တယ်၊ မည်သည့်အချိန်တွင် ဆီးချိုကျသွားတယ် ကအစ ဖုန်းထဲကတဆင့် သိရှိနေရမှာဖြစ်ပါတယ်။ အင်ဆူလင်သုံးစွဲနေရသောသူများဆိုလျှင်လည်း ဆီးချိုအဖြေကို ဆက်တိုက်သိရှိနေရတာဖြစ်တဲ့အတွက် ဆီးချိုကို ကုသရာမှာ၊ ထိန်းချုပ်ရာမှာ ပိုပြီး လွယ်ကူလာတာဖြစ်ပါတယ်။

🔸iCan Health Application သည် သုံးစွဲသူရဲ့ ဆီးချိုထိန်းသိမ်းမှုလမ်းကြောင်းကို ရိုးရှင်းစွာ သိရှိခြေရာခံနိုင်အောင် ထုတ်လုပ်ထားတာဖြစ်ပြီး သကြားဓာတ်အပြောင်းအလဲများကို ပေါင်းချုပ်ပြသနိုင်သော အရည်အသွေးများနှင့်အတူ ခေတ်သစ်နည်းပညာနှင့်ပေါင်းစပ်ပြီး ဆီးချိုကို ထိန်းချုပ်ထားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

🔸သကြားဓာတ်အပြောင်းအလဲများကို မြင်သာထင်ရှားစွာသိရှိရသည့်အပြင် ဆီးချိုတက်ခြင်း၊ ကျခြင်းများအတွက် သတိပေးစနစ်များထားရှိနိုင်ကာ ရရှိလာသော ဒေတာအချက်အလက်များကို အချိန်နှင့်တပြေးညီ မိမိပြသနေသော ဆရာဝန်ဆီသို့ တိုက်ရိုက်အချက်အလက်များရရှိအောင် iCan က ပြုလုပ်ပေးနိုင်ပါတယ်။

🔸Sensor လေးသည် ပေါ့ပါးခြင်း၊ သက်တောင့်သက်သာဖြစ်ခြင်း၊ ရေစိုခံနိုင်ခြင်းတို့ကြောင့် ဆီးချိုသမားများ အနေနဲ့ ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်းတို့ကဲ့သို့ လုပ်ဆောင်ချက်များကို စိတ်ပူပန်မှုကင်းဝေးစွာ လုပ်ဆောင်နိုင်ပါတယ်။

🔸ဆီးချိုသမားများ၏ အဓိက ရည်ရွယ်ချက်အရ ဆီးချိုကို နိုင်အောင်ထိန်းနိုင်ဖို့ဆို iCan CGM မှ ထုတ်ပေးနိုင်သော ဒေတာအချက်အလက်များသည် ဆီးချိုကို စီမံခန့်ခွဲရာတွင် လွန်စွာအကျိုးရှိပါတယ်။ နေ့စဉ်စားသောက်မှု၊ လေ့ကျင့်ခန်းနှင့် ကျန်းမာရေးလိုအပ်ချက်များနှင့် လိုက်လျောညီထွေးမှုရှိအောင် ထိန်းသိမ်းရင်း ခန္ဓာကိုယ်မှ သကြားဓာတ်များကို အချိန်ပြည့်စောင့်ကြည့်လိုက်ပါ။

🔸တိကျသေချာတဲ့ ဒေတာများ၊ ရိုးရှင်းလှတဲ့အသုံးပြုပုံ၊ အသုံးပြုရလွယ်တဲ့ဒီဇိုင်းများဖြင့် ပြုလုပ်ထားတဲ့ iCan CGM က ဆီးချိုကို ထိန်းချုပ်လာနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ ဆီးချိုကို ထိန်းချုပ်နိုင်ဖို့ ဒီနေ့ကစပြီး iCan ကို စသုံးကြည့်လိုက်ပါ။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar


Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

သင်ဟာ မက်ဖော်မင် မှီ၀ဲနေရပါသလား.....?? 💊နေ့စဉ်သောက်သုံးနေရတဲ့ မက်ဖော်မင်ရဲ့အကြောင်းလေး ပြောပြပေးသွားပါမယ်။ 💊Metformin ဆေ...
26/08/2026

သင်ဟာ မက်ဖော်မင် မှီ၀ဲနေရပါသလား.....??

💊နေ့စဉ်သောက်သုံးနေရတဲ့ မက်ဖော်မင်ရဲ့အကြောင်းလေး ပြောပြပေးသွားပါမယ်။

💊Metformin ဆေးက အမျိုးအစား (၂) ဆီးချို လူနာများတွင် အသုံးပြုပါတယ်။ မှန်ကန်သော စားသောက်နည်းများ၊ လေ့ကျင့်ခန်းလုပ်ခြင်းများ၊ အခြားသော ဆေးများ နှင့် ပေါင်းစပ်ပြီး ဆီးချိုထိန်းချုပ်ရန်အတွက် အသုံးပြုရပါတယ်။

💊Metformin ဆေးသောက်ပြီး အနေအထိုင် အစားအအသောက် ဂရုမစိုက်ရင်တော့ ဆီးချိုကတော့ တက်မြဲတက်နေမှာပါ။

💊Metformin က သဘာဝအတိုင်း ထွက်ရှိသော မိမိကိုယ်တွင်းမှ အင်ဆူလင်ဓါတ်ကို သင့်ခန္တာကိုယ် အနေဖြင့် မှန်ကန်ကောင်းမွန်စွာ တုန့်ပြန်မှုပေးနိုင်စွမ်း ပြန်လည်ရရှိစေခြင်းအားဖြင့် ဆီးချိုကို ထိန်းချုပ်ပေးတာပါ။

💊Metformin က သင်၏ အသည်းမှ ထုတ်လုပ်သော ဂလူးကို့စ်ပမာဏကို နည်းစေသလို အစာအိမ်/အူတို့မှ စုပ်ယူသော ဂလူးကို့စ်ပမာဏကိုလည်း နည်းစေပါတယ်။

👉metformin ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုရပါမယ်နော်...

👉metformin ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း(အများအားဖြင့် တနေ့လျှင် ၁ကြိမ်မှ ၃ကြိမ်) အစာနှင့်နီးသော အချိန်တွင် သောက်ရပါတယ်။

👉ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိလျှင် ဆေးကို ရေများများနှင့် သောက်ပါ။ ဆေးပမာဏသည် သင်၏ရောဂါအခြေအနေ၊ကျောက်ကပ် အခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုတို့အပေါ် မူတည်ပါသည်။

👉ဗိုက်နာ/အောင့်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှနည်းစေရန် သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို အနည်းငယ်မှ စတင်ပေးပြီး အခြေအနေပေါ်မူတည်ကာ ဖြည်းဖြည်းချင်း တိုးပေးသွားမည်ဖြစ်ပါတယ်။

👉ဒါကြောင့်မို့ ဆရာဝန်၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ။

👉ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။
နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။

👉သွေးတွင်းသကြားဓါတ်ကို ဆရာဝန်ညွှန်ကြားထားသည့် အတိုင်း ပုံမှန်တိုင်းပြီး ရလဒ်များကို မှတ်ထားကာ ဆရာဝန်အား သေချာစွာ ပြသပါ။ သွေးတွင်း သကြားဓါတ် အလွန်များလျှင် သို့မဟုတ် အလွန်နည်းနေလျှင် သင့်ဆေးပမာဏကို ပြောင်းလဲရန်လိုကောင်း လိုမည်ဖြစ်၍ ဆရာဝန်ကို အသိပေးပါ။

👉အမျိုးအစား-၂ ဆီးချိုရောဂါအတွက်
💊လျင်မြန်စွာ အာနိသင်ပြသော ဆေးပုံစံ :
▪ကနဦးဆေးပမာဏ : ၅၀၀ မီလီဂရမ် ကို တနေ့လျှင်၂ကြိမ် သို့မဟုတ် ၈၅၀မီလီဂရမ်ကို တနေ့လျှင် တကြိမ် သောက်ရမည်။ ထို့နောက် လူနာအခြေအနေပေါ် မူတည်၍ အပတ်စဉ် ၅၀၀မီလီဂရမ်စီ တိုးသွားနိုင်သလို ၂ပတ်တခါ ၈၅၀မီလီဂရမ်တိုးသွားသည့် ပုံစံကိုလည်း အသုံးပြုနိုင်သည်။
▪ဆက်လက်ပေးရန် ဆေးပမာဏ : နေ့စဉ် ၂၀၀၀ မီလီဂရမ်
▪အများဆုံးပေးနိုင်သော ပမာဏ : နေ့စဉ် ၂၅၅၀ မီလီဂရမ်

💊ကြာရှည်အာနိသင်ပြသော ဆေးပုံစံ :
▪ကနဦးဆေးပမာဏ : ၅၀၀ – ၁၀၀၀ မီလီဂရမ် ကို တစ်နေ့လျှင် တစ်ကြိမ်။ ထို့နောက် လူနာအခြေအနေပေါ် မူတည်၍ အပတ်စဉ် ၅၀၀မီလီဂရမ်စီ တိုးသွားနိုင်သည်။
▪ဆက်လက်ပေးရန် ဆေးပမာဏ : နေ့စဉ် ၂၀၀၀ မီလီဂရမ်
▪အများဆုံးပေးနိုင်သော ပမာဏ : နေ့စဉ် ၂၅၀၀ မီလီဂရမ်

👉Metformin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

👉ဆီးချိုကျဆေးများကို မိမိသဘောနဲ့ မိမိ အတိုးအလျှော့များလုပ်ခြင်း၊ဆေးသောက်ရပ်ခြင်း၊ဆေးပိုသောက်ခြင်း မပြုလုပ်ရပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးပေးရပါမည်။

Ref: Hello Sayarwon

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဆီးချိုသွေးတိုးသုတများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share