22/06/2026
🦷 "သွားဆရာဝန်နဲ့တွေ့ရမှာ ကြောက်နေလား?
ကျွန်ုပ်တို့
မိသားစု သွားနှင့်ခံတွင်းရောဂါကုဆေးခန်း
မှာတော့ စိတ်အေးချမ်းသာ ရှိစေရမယ်"
သွားဆရာဝန်နဲ့တွေ့ရမှာ ကြောက်ရွံ့တတ်သူများအတွက် အထူးပြင်ဆင်ထားတဲ့ နပတ်ဝန်းကျင်နဲ့ ကုသမှုတွေကို ပေးအပ်နေပါတယ်။ ကျွန်ုပ်တို့အတွက် သင်ဟာ လူနာတစ်ယောက်တင်မကဘဲ အလေးထားရမယ့် မိသားစုဝင်တစ်ယောက်အဖြစ်ခံယူကာ နွေးထွေးပျူငှာစွာဂရုတစိုက် ကုသမှုများဆောင်ရွက်ပေးနေပါတယ်။
မိသားစုသွားနှင့်ခံတွင်းဆေးခန်း
(Family Dental Clinic) ဆိုတာက မိသားစုဝင်အားလုံးအတွက် သွားနဲ့ခံတွင်းကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးတဲ့ဆေးခန်းတစ်ခုဖြစ်ပါတယ်။ ဒီဆေးခန်းမှာ ကလေးငယ်တွေကနေ လူကြီးတွေအထိ လိုအပ်တဲ့ သွားနဲ့ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူနိုင်ပါတယ်။
ကျွန်ုပ်တို့၏ ကတိကဝတ်များ
နာကျင်မှုကင်းစင်ခြင်း (Pain-Free Approach): ကုသမှုတိုင်းတွင် လူနာ၏ သက်သောင့်သက်သာဖြစ်မှုကို အဓိကထားပါသည်။
စိတ်ရှည်စွာနားထောင်ပေးခြင်း (Compassionate Care): သင်၏ ရောဂါဝေဒနာနှင့်ပက်သက်တဲ့ စိုးရိမ်ပူပန်မှုများကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီးမှ ကုသမှုများကို စတင်ပါသည်။
စနစ်တစ်ကျသေချာရှင်းပြခြင်း:
ကုသမှုမပြုလုပ်မီ နှင့် ကုသပြီးနောက် ဖြစ်နိုင်ချေရှိသော နည်းလမ်းများကို အသေးစိတ် ရှင်းပြကာအကောင်းဆုံးကုသပေးပါသည်။
မိသားစုသွားဆေးခန်းတွေမှာ အောက်ပါဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။
# # # ၁။ သွားနဲ့ခံတွင်းစစ်ဆေးခြင်း
- သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ ခံတွင်းကင်ဆာ စတာတွေကို စစ်ဆေးပေးခြင်း။
# # # ၂။ သွားကျန်းမာရေးနဲ့ပတ်သက်တဲ့အကြံပေးခြင်း
- သွားတိုက်နည်း၊ သွားကြားထိုးနည်း၊ ခံတွင်းသန့်ရှင်းရေး စတာတွေကို လမ်းညွှန်ပေးခြင်း။
# # # ၃။ သွားဖုံးကုသခြင်း
- သွားဖုံးရောဂါကုသခြင်း၊ သွားဖုံးခွဲစိတ်ကုသခြင်း။
# # # ၄။ သွားတုတပ်ဆင်ခြင်း
- သွားဆုံးရှုံးမှုအတွက် သွားတုတပ်ဆင်ပေးခြင်း။ (Dental Crown and Bridge)
# # # ၅။ သွားဖြူကုထုံး (Whitening Tx)
- သွားများကို ဖြူဝင်းစေရန် ကုသပေးခြင်း။
# # # ၆။ သွားကာကွယ်ကုသခြင်း
- သွားကြွေလွှာကပ်ခြင်း(dental veneer)၊သွားကြွေလွှာကာကွယ်ခြင်း (Dental Sealants)၊ ဖလူအိုရိုက်ကုသခြင်း။
# # # ၇။ ကလေးငယ်များအတွက် သွားနဲ့ခံတွင်းကျန်းမာရေး
- ကလေးငယ်တွေရဲ့ သွားပေါက်ခြင်း၊ သွားကျန်းမာရေးကို ဂရုစိုက်ပေးခြင်း။
# # # ၈။ အရေးပေါ်သွားကုသမှု
- သွားကိုက်ခြင်း၊ သွားကျိုးခြင်း၊ သွားနှုတ်ခြင်း စတဲ့ အရေးပေါ်ကုသမှုတွေကို ခံယူနိုင်ပါတယ်။
# # # ၉။ သွားညှိကုသခြင်း
သွားမညီသာခြင်းအတွက် Dental braces or clear aligner တပ်ဆင်ကုသခြင်း
# # # ၁၀။ သွားအမြစ်တုတိုင်စိုက်ခြင်း
-ဘေးသွားများစားစရာမလိုပဲ ရေရှည်ခိုင်ခံ့သော သွားအမြစ်တုDental Implant စိုက်ခြင်း
မိသားစုသွားဆေးခန်းတွေဟာ မိသားစုဝင်တွေရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို တစ်နေရာတည်းမှာ စနစ်တကျ စောင့်ရှောက်ပေးနိုင်တာကြောင့် အဆင်ပြေပါတယ်။ ဒါ့အပြင် ဆေးခန်းတွေဟာ ကလေးတွေအတွက် သက်တောင့်သက်သာရှိစေဖို့ ပြင်ဆင်ထားတတ်ပါတယ်။
သွားနဲ့ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပြီး ကာကွယ်ကုသမှုခံယူခြင်းက နာတာရှည်ပြဿနာတွေကို ရှောင်ရှားနိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ နှစ်စဉ် သွားဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပါတယ်။
"သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ကြောက်စရာမလိုဘဲ ပျော်ရွှင်စွာ ကုသနိုင်ဖို့ ကျွန်ုပ်တို့နဲ့အတူ လက်တွဲလိုက်ပါ။"
ယနေ့ပဲ ဆက်သွယ်ပြီး သင်၏ ပထမဆုံး အခမဲ့ ဆွေးနွေးမှု (Free Consultation) ကို ရက်ချိန်းယူလိုက်ပါ။
Address
1•မိသားစုသွားနှင့်ခံတွင်းဆေးခန်း (၁၁၄လမ်း၊၄၉လမ်းနှင့်၅၀လမ်းကြား၊မန္တလေးမြို့)
2•Dr.Y သွားနှင့်ခံတွင်းဆေးခန်း
(၈၂လမ်း၊၂၈လမ်းနှင့်၂၉လမ်းကြား၊မန္တလေးမြို့)
☎️09-750769151/ 09-259027414
#သွားဆေးခန်း