ဇီဝသျှင်- ဆေးခန်း Ziwashin Clinique

Website

ဇီဝသျှင်- ဆေးခန်း Ziwashin Clinique ဆေးခန်းဘိုကင် 092023508 Viber တွင် စုံစမ်း ရယူပါ။

10/10/2026

အသည်းနှလုံးကို ဖုန်းတလုံးလောက် တန်ဘိုးထားစေချင်

#ဇီဝသျှင်ဆေးခန်း

03/10/2026

လုပ်ငန်းခွင်၌ ဖြစ်ကြလေကုန်သော ပြသနာအများစုသည် Technical မဟုတ် Human problems များ ဖြစ်သည်။

29/09/2026

အနာသိက ဆေးရှိ၏၊
အနာသိဖို့ အရေးကြီးသည်။

#ဇီဝသျှင်ဆေးခန်း



အထူးကုသမားတော် ဘဝမှ စားသောက်ဆိုင်မှာသီချင်းဆို သူဂုဏ်သိက္ခာကြီးမားတဲ့ ဆရာဝန်ဘဝနဲ့ PhD ဘွဲ့ကို စွန့်ခွာပြီး Food Rider နဲ...
28/09/2026

အထူးကုသမားတော် ဘဝမှ စားသောက်ဆိုင်မှာသီချင်းဆို သူ

ဂုဏ်သိက္ခာကြီးမားတဲ့ ဆရာဝန်ဘဝနဲ့ PhD ဘွဲ့ကို စွန့်ခွာပြီး Food Rider နဲ့ အချိန်ပိုင်းအလုပ်သမားအဖြစ် ဘဝသစ်စတင်ခဲ့သူ

လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ "အောင်မြင်မှု" ဆိုတဲ့ စံနှုန်းဘောင်ထဲကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်ပျော်ရွှင်မှုကို အရဲစွန့် ရှာဖွေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းဟာ လက်ရှိ လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။

သူမနာမည်က လျိုဇီဟန် (Liu Zihan)၊ အသက် ၃၁ နှစ်။ ဆေးပညာပါရဂူဘွဲ့ (PhD) ရရှိထားတဲ့ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တစ်ဦးဖြစ်သလို တရုတ်နိုင်ငံရဲ့ ထိပ်တန်းအဆင့်သတ်မှတ်ခံ ဆေးရုံကြီးတစ်ခုမှာ ပါရဂူလွန်သုတေသီ (Postdoctoral Researcher) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ သူမဟာ လူတိုင်းအားကျရတဲ့ အဲဒီအလုပ်ကနေ နှုတ်ထွက်ခဲ့ပြီး အစားအသောက်ပို့ဆောင်သူ (Food Rider)၊ အရက်ဆိုင်က အဆိုတော်၊ မနက်စာရောင်းသူ စတဲ့ အချိန်ပိုင်း အလုပ်မျိုးစုံကို လုပ်ကိုင်ရင်း လွတ်လပ်တဲ့ ဘဝသစ်ကို ဖန်တီးလိုက်ပါတယ်။

အောင်မြင်မှု လှေကားထစ်တွေပေါ်က နှစ်ပေါင်း ၃၀
လျို ရဲ့ ဘဝ ပထမနှစ် ၃၀ ဟာ အပြိုင်အဆိုင်တွေချည်း ပြည့်နှက်နေတဲ့ ပညာရေးလောကထဲမှာပဲ ကုန်ဆုံးခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ နာမည်ကြီးတဲ့ ဟဲပေ (Hebei) ပြည်နယ်မှာ ကြီးပြင်းခဲ့ပြီး စစ်တပ်ပုံစံ စည်းကမ်းတင်းကျပ်မှုကြောင့် တစ်နိုင်ငံလုံး နာမည်ကျော်တဲ့ ဟိန်ရွှေ (Hengshui) အထက်တန်းကျောင်းမှာ တစ်နှစ်ကြာ ပညာသင်ကြားခဲ့ရပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံရဲ့ ထိပ်တန်း စီချွမ်တက္ကသိုလ် (Sichuan University) ဆေးကျောင်းကို တက်ရောက်ခွင့်ရခဲ့ပြီး မကာအိုတက္ကသိုလ် (University of Macau) ရဲ့ ကျန်းမာရေးသိပ္ပံ မဟာဌာနမှာ ဆေးပညာပါရဂူ (PhD) ဘွဲ့အထိ ဆက်လက်ဆည်းပူးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ အသက် ၂၇ နှစ်အရွယ်မှာတော့ လျို ဟာ PhD ဘွဲ့ကို ရရှိခဲ့ပြီး ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင် (Zhuhai) မြို့က Grade 3A အဆင့်ရှိ ထိပ်တန်းဆေးရုံကြီးမှာ စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ သုတေသီအဖြစ် ချက်ချင်း အလုပ်ရခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ Grade 3A ဆိုတာ အမြင့်မားဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံး ဆေးရုံအဆင့်အတန်း ဖြစ်ပါတယ်။
လူနာတွေရဲ့ ချစ်ခင်မှုနဲ့ ရုံးတွင်းစည်းမျဉ်းတွေကြားက မွန်းကျပ်မှု ဆေးရုံမှာ တာဝန်ထမ်းဆောင်စဉ်အတွင်း လျို ဟာ လူနာတွေရဲ့ ချစ်ခင်လေးစားမှုကို အပြည့်အဝ ရရှိခဲ့ပါတယ်။ လူနာတချို့ဆိုရင် ကျေးဇူးတင်စာတွေနဲ့ ဂုဏ်ပြုအလံတံခွန်တွေကိုပါ ပေးပို့ခဲ့ကြပါတယ်။

သူမအနှစ်သက်ဆုံး အရာကတော့ လူနာတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ လူမှုအဆင့်အတန်း၊ ရာထူးဂုဏ်ဒြပ်တွေကို မကြည့်ဘဲ လူသားအချင်းချင်း ဆက်ဆံပြောဆိုရတဲ့ အခိုက်အတန့်တွေပါပဲ။ “ကျမကတော့ လူမှုအဆင့်အတန်းတံဆိပ်တွေထက် ရင်ဘတ်ချင်း အမှန်အကန် ဆက်သွယ်ပြောဆိုရတာကို ပိုသဘောကျတယ်” လို့ သူမက ဆိုပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း တင်းကျပ်လွန်းတဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ စည်းမျဉ်းတွေနဲ့ ပြည့်နှက်နေတဲ့ ရုံးလုပ်ငန်းခွင် ပတ်ဝန်းကျင်က သူမကို တဖြည်းဖြည်း မွန်းကျပ်လာစေခဲ့ပါတယ်။ လူ့ဘောင်စနစ်ရဲ့ အမြင့်ဆုံး အောင်မြင်မှုနေရာကို ရောက်နေပေမဲ့ ပုံသေကားကျ စည်းမျဉ်းတွေအောက်မှာ သူမရဲ့ စိတ်နှလုံးဟာ ရှင်သန်ခွင့်မရတော့ပါဘူး။ ဒီလိုနဲ့ အလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်ချက်ကို နှစ်နှစ်နီးပါးကြာအောင် အချိန်ယူ စဉ်းစားခဲ့ရပါတယ်။
လှောင်အိမ်ကို ချိုးဖျက်ပြီး ကိုယ်ပိုင်လမ်းကို ရွေးချယ်ခြင်း၊PhD ဘွဲ့တစ်ခု၊ ဂုဏ်သိက္ခာရှိတဲ့ ရာထူးတစ်ခုနဲ့ မြင့်မားတဲ့ လစာငွေဟာ လူအများ သတ်မှတ်ထားတဲ့ "ပြီးပြည့်စုံတဲ့ဘဝ" ဆိုတာကို လျို ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမဲ့ ဒါဟာ "သူမ တကယ် လိုချင်တဲ့ ဘဝ" မဟုတ်ဘူးဆိုတာကို ပိုပြီး ပြတ်ပြတ်သားသား သဘောပေါက်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူမ နှုတ်ထွက်စာ တင်လိုက်ပါတယ်။

အလုပ်က ထွက်ပြီးစမှာ ခရီးတွေထွက်ခဲ့တယ်၊ အဲဒီနောက် မနက်စာ ရောင်းတယ်၊ ညဘက်တွေမှာ ဘားတစ်ခုမှာ သီချင်းဆိုတယ်၊ အစားအသောက်တွေ ပို့ဆောင်ပေးတယ်။ ကိုယ့်စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ပြီး အခြေခံ စားဝတ်နေရေးကို ဖြေရှင်းနိုင်မယ့် အချိန်ပိုင်း အလုပ်မျိုးစုံကို လွတ်လွတ်လပ်လပ် စမ်းသပ်လုပ်ကိုင်လာခဲ့ပါတယ်။
သာမန်ဘဝတွေဆီက ရရှိခဲ့တဲ့ စိတ်အေးချမ်းမှု
ဒီလို အပြိုင်အဆိုင်ကင်းတဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့အခါမှာ သူမဟာ ယခင်က မကြုံဖူးတဲ့ မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တွေ၊ အရက်ဆိုင်က အလုပ်သမားတွေနဲ့ လမ်းဘေးဈေးသည်တွေလို လူမှုအသိုင်းအဝိုင်းက "သိပ်ပြီး မျက်နှာပန်းမလှဘူး" လို့ ထင်မှတ်တတ်ကြတဲ့ အလုပ်သမားတွေပါ။
ဒါပေမဲ့ လျို အံ့ဩခဲ့ရတာက အဲဒီလူတွေဆီမှာ တွေ့ရတဲ့ အဖိုးတန် စိတ်နေစိတ်ထားပါပဲ။ အတိတ်က သူမ ကျင်လည်ခဲ့တဲ့ ထိပ်တန်းပညာရှင်တွေရဲ့ အသိုင်းအဝိုင်းမှာ လုံးဝတွေ့ရခဲတဲ့ "အကောင်းမြင်စိတ်၊ အခက်အခဲကို ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်တဲ့ စိတ်အေးချမ်းမှု (Chill ဖြစ်မှု)" တွေကို ဒီသာမန်လူတွေဆီမှာ အထင်းသား တွေ့မြင်ခဲ့ရပါတယ်။

လူ့ဘဝမှာ အောင်မြင်မှုဆိုတာ သူများတွေ သတ်မှတ်ထားတဲ့ စံနှုန်းလှေကားထစ်တွေကို အဆုံးထိ တက်ပြနိုင်ခြင်းလား၊ ဒါမှမဟုတ် ကိုယ့်ရင်ဘတ်ထဲက အသံကို နားထောင်ပြီး ကိုယ်တကယ် အသက်ရှူချောင်တဲ့ ဘဝကို ရွေးချယ်နိုင်ခြင်းလား ဆိုတာကိုတော့ လျိုဇီဟန် ရဲ့ ရွေးချယ်မှုက မေးခွန်းထုတ်ပြလိုက်သလိုပါပဲ။
#ဇီဝသျှင်ဆေးခန်း

Ref- South China Morning Post

#

အသက် (၂၀)ကျော်တွေလည်း လေဖြတ်ကြပြီလူငယ်တွေမှာ လေဖြတ်နှုန်း နှစ်ဆနီးပါး မြင့်တက်လာ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တ...
26/09/2026

အသက် (၂၀)ကျော်တွေလည်း လေဖြတ်ကြပြီ

လူငယ်တွေမှာ လေဖြတ်နှုန်း နှစ်ဆနီးပါး မြင့်တက်လာ

အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ခုအရ ပြီးခဲ့တဲ့ အနှစ် ၃၀ အတွင်း သက်ကြီးရွယ်အိုတွေမှာ လေဖြတ်နှုန်း ကျဆင်းလာခဲ့ပေမယ့်၊ အသက် ချက် (၂၀) ကနေ (၅၄) နှစ်အရွယ် လူငယ်နဲ့ လူလတ်ပိုင်းတွေကြားမှာတော့ လေဖြတ်နှုန်းက နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ သိရပါတယ်။ (အဓိကအားဖြင့် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ခြင်း - ischemic strokes ကြောင့် ဖြစ်ပါတယ်။)

၁၉၉၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ဒီအသက်အရွယ်အုပ်စုမှာ လေဖြတ်လို့ သေဆုံးရမှုနှုန်းက အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ လူငယ်တွေကြားမှာ လေဖြတ်ပြီးနောက်ပိုင်း မသန်စွမ်းမှု (post-stroke disability) တွေနဲ့ အသက်ရှင်နေထိုင်ရသူ အရေအတွက် ပိုများလာတယ်ဆိုတာကို ပြသနေတယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။

"လေဖြတ်ခြင်းကို သက်ကြီးရွယ်အိုတွေမှာသာ ဖြစ်လေ့ရှိတဲ့ ရောဂါလို့ အရင်က ယူဆခဲ့ကြပေမယ့်၊ ကျွန်မတို့ရဲ့ တွေ့ရှိချက်တွေအရတော့ အခုဆိုရင် လူငယ်တွေမှာလည်း လေဖြတ်တာ ပိုမိုအဖြစ်များလာနေပြီဆိုတာကို သက်သေပြနေပါတယ်" လို့ Cincinnati တက္ကသိုလ်၊ အာရုံကြောနှင့် ပြန်လည်သန်စွမ်းရေး ဆေးပညာဌာနမှ ဦးဆောင်သုတေသီ ဒေါက်တာ Emily Fisher က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ပြီး ကျန်းမာရေးကို အထူးဂရုစိုက်သင့်နေပြီနော်။

ဟိုဆေးခန်း သွားလိုက်၊ မသက်သာနောက်ဆေးခန်းတခု နောက်ဆရာတယောက်နဲ့ ထပ်ပြ၊နောက်တနေရာ နောက်တဦး နောက်တဦး နောက်တဦးငွေကုန် အချိန်က...
23/09/2026

ဟိုဆေးခန်း သွားလိုက်၊ မသက်သာ
နောက်ဆေးခန်းတခု နောက်ဆရာတယောက်နဲ့ ထပ်ပြ၊
နောက်တနေရာ နောက်တဦး နောက်တဦး နောက်တဦး

ငွေကုန် အချိန်ကုန် လူပန်း
ကင်ဆာ လို အရေးကြီးတဲ့ ရောဂါများ အသိနောက်ကျရခြင်းရဲ့ တရားခံဟာ အချိန်မပေးနိုင်သော ဆရာဝန်များနှင့် စနစ်မကျသော မှတ်တမ်းများကြောင့်ပါ။

ယခုလို မှတ်တမ်းများ စနစ်တကျ စုစည်းဖို့ဆိုတာ
ဆရာဝန်တယောက်ရဲ့ အတတ်ပညာ နှင့် နည်းပညာအကူအညီပေါင်းစပ်ကာ အချိန်ပေးရပါတယ်။ လိုအပ်ရင် ထပ်မံ မေးမြန်းရပါတယ်၊ စမ်းသပ်ရပါတယ်။

ဒါကြောင့် ကြိုတင် ဘိုကင် ယူပြီးမှ ဝန်ဆောင်မှုပေးနိုင်ရခြင်းဖြစ်ပါသည်။
Viber 09402650041 တွင် စုံစမ်းပါ။

#ဇီဝသျှင်ဆေးခန်း



#ဇီဝသျှင်ဆေးခန်း

HbA1C သည် တခါစစ်ပြီးထားလျှင် ၃ လ အကြုံးဝင်သည်ဆေးရုံ ဆေးခန်းတွေမှာသွေးအဖြေတွေ တပုံတပင်နဲ့ ယူသွားလည်းပဲ ဘာကြောင့်မှန်းမသိ ...
21/09/2026

HbA1C သည် တခါစစ်ပြီးထားလျှင် ၃ လ အကြုံးဝင်သည်

ဆေးရုံ ဆေးခန်းတွေမှာ
သွေးအဖြေတွေ တပုံတပင်နဲ့ ယူသွားလည်းပဲ ဘာကြောင့်မှန်းမသိ ထပ်ခါ ထပ်ခါ သွေးစစ်ကြတာ ကြုံဖူးကြပါသလား။

ဥပမာ
HIV (A), အသည်းရောင် B ပိုး C ပိုး စစ်ထားပြီးသော်လည်း ဆေးရုံတခုရောက်တိုင်း ထပ်ခါ ထပ်ခါ စစ်နေကြတာတွေ ကြုံရဖူးကြပါသလား။
A,B,C သွေးအဖြေသည်
လွန်ခဲ့သော ၆ လအတွင်း လူနာက ကူးစက်နိုင်ခြေရှိသော အကြောင်းကိစ္စများ ပြုလုပ်မထားလျှင် သို့မဟုတ် ခွဲစိတ်ခန်းဝင်ရန် မရှိလျှင် ထပ်ခါထပ်ခါ စစ်ရန်မလိုအပ်ပါ။

ဆီးချိုအတွက် စစ်ကြတဲ့ HbA1C သည် တခါစစ်ပြီးထားလျှင် ၃ လ အကြုံးဝင်သည်။

ထိုကဲ့သို့သော မလိုအပ် လိုအပ်သော၊
တကြိမ်နှင့် တကြိမ် အထူးကုဆရာဝန်တဦးနှင့်တဦး ချိတ်ဆက်မှုမရှိ ၊ အဖြေရှာမရဖြစ်နေသော ကိစ္စရပ်များအတွက် ဆေးစစ်ချက်စုစည်း တည်းဖြတ် ပေါင်းချုပ်ပေးပါသည်။

ဇီဝသျှင် ဆေးခန်း Viber 09402650041 တွင် စုံစမ်းပါ။

#ဇီဝသျှင်ဆေးခန်း

21/09/2026

ဆေးကုသခြင်း ဟူသည် သိပ္ပံပညာရပ်တခုတည်းပေါ်မှာ တည်ဆောက်ထားခြင်းမဟုတ်၊ ဝိဇ္ဇ သိပ္ပ အချိုးကျရောစပ်ထားရမည့် ပညာရပ် တခုဖြစ်သည်။

12/05/2026

#ဇီဝသျှင်ဆေးခန်း

25/04/2026

ကျန်းမာကြပါစေ

Address

Mandalay

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when ဇီဝသျှင်- ဆေးခန်း Ziwashin Clinique posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share