01/05/2026
ဆေးဆိုင် ပညာသင်အရောင်းဝန်ထမ်း အမျိုးသမီး ၅ ဦး နှင့် တိုင်းရင်းဆေးခန်းအကူ ၄ ဦး( ကျား+မ) လိုရှိသည်။15.05.2026 နောက်ဆုံးထား၍လျှောက်ထားနိုင်ပါသည်။
- အလုပ်ရှင်ကိုယ်တိုင် တိုက်ရိုက်ခေါ်ခြင်းဖြစ်သည်။မည်သည့်အခကြေးငွေမျှကောက်ခံခြင်းမရှိပါ။
- အေးကိုအေးချိုဆေးဆိုင် ၆၈လမ်း၊၁၁၃လမ်း နှင့် ၁၁၄ လမ်းကြား ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်ရမည်။
- အတွေ့အကြုံရှိရန်မလိုပါ။ကျွမ်းကျင်စွာတတ်မြောက်သည်အထိ ဆိုင်မှ ပညာသင်ပေးမည်။ဆိုင်တွင် အလုပ်လုပ်နေသည့်ကာလပတ်လုံး အဆောင်လခ၊ရေဖိုး၊လျှပ်စစ်ဖိုးငြိမ်းပါသည်။
- ရိုးသားကြိုးစားလိမ္မာစွာ လုပ်ကိုင်သရွေ့ မည်သည့်ကာလတွင်မဆို အလုပ်နေရာအတွက် အာမခံချက်အပြည့်ရှိသည်။
လိုအပ်ချက်များ
၁.အကျင့်စာရိတ္တကောင်းမွန်၍ လူမှုဆက်ဆံရေးပြေပြစ်ရမည်။
၂.ဆိုင်နှင့် တိုင်းရင်းဆေးခန်း မှချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်။
၃.ပညာအရည်အချင်း အနည်းဆုံး ၁၀တန်းရောက်ကာ သင်လွယ်တတ်လွယ်သူဖြစ်ရမည်။
၄.လက်လီဆေးရောင်းချမှု နှင့် သူနာပြုကို စိတ်ဝင်စားသူဖြစ်ရမည်။
၅.ဆရာသမားကို လေးစားကာ ကြိုးကြိုးစားစားသင်ယူလုပ်ကိုင်လိုစိတ် ပြင်းပြသူဖြစ်ရမည်။
၆.ဆိုင်တွင် အဆောင်နေနိုင်သူများသာ လာရောက်လျှောက်ထားပါရန်။
၇.ဆိုင်မှပညာသင်ပေးမည်ဖြစ်သဖြင့် အလုပ်စာချုပ် ၁နှစ်ချုပ်ရမည်။ ပညာသင်ကာလ ၃လပြည့်သွားသည့်အခါ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်သွားမည်။ ဆိုင်ရှင်နှင့်ဝန်ထမ်း နှစ်ဦးနှစ်ဖက်အဆင်ပြေပါက စာချုပ်ကို ထပ်မံသက်တမ်းတိုးသွားမည်။
- လစာ- အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်း
အထက်ပါအချက်အလက်များနှင့်ပြည့်စုံပါက မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ သင်တန်းဆင်းလက်မှတ်မိတ္တူများ (အခြားတတ်မြောက်မှုများရှိပါက)၊ ပတ်စ်ပို့ဓါတ်ပုံတစ်ပုံ၊ CV form နှင့်အတူ ယနေ့ မှ စတင်၍
15.05.2026 အတွင်း နောက်ဆုံးထား၍ ဆိုင်သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။ မည်သည့်အခကြေးငွေမျှ ပေးစရာမလိုပါ။
Messengerနှင့် Viberမှ CV formပို့ခြင်းနှင့် ဆက်သွယ်ခြင်း သည်းခံပါ။
Interview ပါသူများကိုသာ ဖုန်းဆက်အကြောင်းကြားပေးပါမည်။ စောစောFormတင်လေ Interviewပါရန် အခွင့်အလမ်းပိုများလေ ဖြစ်ပါသည်။