14/06/2026
ကွမ်းစားခြင်းကြောင့် သွားများတွင် စွဲကပ်နေသော ကွမ်းဂျိုးများကို ပုံမှန်ဆေးကြောခြင်း (သို့မဟုတ်) ခြစ်ထုတ်ခြင်းဖြင့်
🦷 သွား၏ မူလအရောင်ကို ပြန်လည်ရရှိစေခြင်း
🦷 ခံတွင်းအနံ့ဆိုးများကို ကာကွယ်ပေးခြင်း
🦷 သွားဖုံးရောဂါများကို ကာကွယ်ပေးခြင်း
🦷သွားများ ပျက်စီးခြင်းမှ ကာကွယ်ခြင်း
ကွမ်းဂျိုးများသည် သွား၏ အပေါ်ယံကြွေလွှာကို တိုက်စားနိုင်ပြီး သွားပိုးစားခြင်းနှင့် သွားများ ကြွပ်ဆတ်လာခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် အချိန်မီ ဖယ်ရှားခြင်းက သွားများကို ပိုမိုခိုင်မာစေပါသည်။🥰
အကြံပြုချက်
ကွမ်းဂျိုးခြစ်ခြင်းကို မိမိဘာသာ အိမ်တွင် မလုပ်ဆောင်ဘဲ သွားနှင့်ခံတွင်း ဆရာဝန်နှင့် ပြသ၍ စနစ်တကျ (Scaling) ပြုလုပ်ရန် အထူးလိုအပ်ပါသည်။
#သွားဆရာဝန် #သွားဆေးခန်း