14/10/2026
ရန်ကုန်မှာ ဝန်ထမ်းလုပ်နေတဲ့
မိန်းကလေးတစ်ယောက်ရှိတယ်
လစာလေးရရင် အိမ်လခဆောင်ရတယ်။ စားစရိတ်ချန်ရတယ်။
ကျန်တဲ့ပိုက်ဆံလေးနဲ့
အရက်သမားအဖေကို ပြုစုရတယ်။
ငယ်ငယ်တုန်းက
သူ့အဖေ အရက်မူးလာတိုင်း
အမေ့ရင်ခွင်ထဲ ဝင်ပုန်းခဲ့ရတယ်။
အခုတော့ သူ့အမေလည်း မရှိတော့ဘူး။
အဖေက အသက်ကြီးလာပြီ။
အရက်ကြောင့် ကျန်းမာရေးလည်း
မကောင်းတော့ဘူး။
တစ်နေ့ အလုပ်ကပြန်လာတော့
အဖေက အိမ်ရှေ့မှာ
မူးလဲနေတာ တွေ့လိုက်ရတယ်။
ပင်ပန်းလွန်းလို့
ငိုချင်နေတဲ့ သမီးက
အဖေ့ကို တွဲထူရင်း မျက်ရည်ကျတယ်။
“အဖေရာ… သမီးလည်း ပင်ပန်းတယ်။ သမီးလည်း တစ်ခါလောက်တော့ သူများသမီးတွေလို မိဘအရိပ်အောက်မှာ နားချင်တာပေါ့။”
ဒါပေမဲ့ အဖေ့ကို ဆေးခန်းပို့ဖို့
ပိုက်ဆံအိတ်ထဲက လစာလေးကို
ထုတ်လိုက်ပြန်တယ်။
သူ့အဖေက သူ့သမီးကို
ကောင်းကောင်းမထားပေးခဲ့ဘူး။
ဒါပေမဲ့ သမီးကတော့
အဖေ့ကို ပစ်မထားနိုင်ခဲ့ဘူး။
တချို့မေတ္တာတွေက
ပျော်ရွှင်လို့ ပေးဆပ်နေတာ မဟုတ်ဘူး။
ကိုယ့်ရင်ထဲမှာ နာကျင်မှုတွေ အပြည့်ရှိနေပေမဲ့
မိဘဆိုတဲ့ သံယောဇဉ်ကြောင့်
လုပ်ပေးနေရတာမျိုးပါ။
မိဘကို ပြုစုနေတဲ့ သားသမီးတချို့ဟာ
သူတို့ကိုယ်တိုင်လည်း
တစ်ခါတလေ ပြုစုခံချင်နေတဲ့ ကလေးတွေပါပဲ။
မိဘကို ချစ်ပါ။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မမေ့ပါနဲ့။
မလိမ္မာတဲ့ မိဘရဲ့ သားသမီးဖြစ်ရတာထက် ပိုနာကျင်တာက… မိဘကို ပြုစုနေရင်း ကိုယ့်နာကျင်မှုကို ပြောပြစရာလူတောင် မရှိတော့တာပါပဲ။
🟥 မိဘတွေကောင်းရင် တန်ဖိုးထားပါ
🟥 တချို့လူတွေ မိသားစုဝန်ကြောင့် ကိုယ့်နာကျင်မှုတွေကိုတောင် ဖော်ပြခွင့်မရှိတဲ့ဘဝတွေရှိတယ်။
ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၁၄၊၁၀၊၂၀၂၆