15/02/2023
FYI💕🚩
ဘာLotionလိမ်းလိမ်း အသားမဖြူ အသားကြည်မလာရတဲ့ အကြောင်းအရင်း‼‼
ဒီနေ့တော့Emilyက ဘာလိမ်းလိမ်း အသားကြည်ပီး ဖြူမလာတဲ့ အဓိကအကြောင်းအရင်းကို Sharing ပေးပါ့မယ်နော်❣
NO.1- Exfoliate ပုံမှန်မလုပ်ခြင်း
-အသားကြည်ခြင်တယ် ဖြူခြင်တယ်စိုရင်တော့ မဖြစ်မနေ ၁ပတ်၁ခါတော့အနည်းဆုံး
ခန္ဓာကိုယ်ကို scrubတိုက်ပီး ဂျီးချွတ်သင့်ပါတယ်။ တကယ်လို့ ကိုယ်က bodyscrub တိုက်ရမှာ မပျင်းတဲ့သူဆိုရင်တော့ တပတ်မှာ ၂ကြိမ်တိုက်သင့်ပါတယ်။
At least, once a week you should use scrub!!
နေ့စဥ်နဲ့အမျှ လှုပ်ရှားသွားလာရတဲ့အခါ ဖုန်တွေ, ချွေးတွေ, နေ့စဥ်လိမ်းနေတဲ့ lotionတွေကနေတဆင့် အချိန်ကြာလာတဲ့အခါ dead cells တွေဖြစ်လာပါတယ်။
-Dead cells တွေများပီး Exfoliateမလုပ်တဲ့အခါ အရင်ကထက်ပိုပီး
အသားညစ်လာတာမျိုးတွေ ကြုံရတက်ပါတယ်။အဲ့ဒါကြောင့်မလို့ ကိုယ်လိမ်းနေတဲ့lotion ပိုပီးeffective ဖြစ်ခြင်တာပဲ ဖြစ်ဖြစ်, အသားကြည်ခြင်တာပဲ ဖြစ်ဖြစ် တပတ်ကိုတကြိမ် အနည်းဆုံးတော့ Exfoliateလုပ်ပေးသင့်ပါတယ်နော်။❣
NO.2- နေ့ခင်းဘက်အပြင်ထွက်တဲ့အခါ SPFပါတဲ့ lotionအသုံးမပြုခြင်း
-တနေ့တခြား နေအရမ်းပြင်းလာတဲ့ အတွက်ကြောင့် နေ့ဘက်အပြင်ထွက်တဲ့အခါ SPFပါတဲ့ lotion သုံးကိုသုံးသင့်ပါတယ်။ ညဘက် scrubတိုက်ပီး နေ့ဘက်အပြင်ထွက်တဲ့အခါ Spfပါတဲ့ lotionသုံးသင့်တဲ့အပြင် ချည်ထည်အပါးသားလက်ရှည်တွေ ဝတ်ပီးမှအပြင်ထွက်သင့်ပါတယ်။
- ဘာလို့လဲစိုရင်တော့ scrubတိုက်ပီးတဲ့အခါ အသားကအရမ်းနုပီး နေလောင်သွားတဲ့အခါ ပုံမှန်နေလောင်တာထက် ၂ဆပိုခံရတဲ့အတွက် အသားပိုမဲနိုင်ပါတယ်။ အဲ့ကြောင့်မလို့ နေ့ဘက်တွေအပြင်ထွက်တဲ့အခါ Spf lotionသုံးသင့်တဲ့အပြင် ချည်ထည်လက်ရှည် အပါးသားလေးတွေဝတ်ပီးတော့မှ ထွက်သင့်ပါတယ်နော်။
NO.3 - Drink Less Water🍶
-ရေမသောက်ဖြစ်တဲ့အခါ ကိုယ်က scrubပုံမှန်တိုက်ပီး lotionသေချာလိမ်းတယ် ဆိုရင်တောင် ကိုယ်သုံးတဲ့ BodyCare Productsတွေရဲ့ အာနိသင်ကို အပြည့်အဝမရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ရေသောက်နည်းတဲ့သူ အများစုကတော့ အသားအရေခြောက်တယ် အသားအရေညစ်တာမျိုးတွေ တွေ့ရတက်တယ်။တနေ့ကို ရေ2လီတာ သောက်တဲ့အခါမှာ bodyကရေဓာတ်ပြည့်ဝပီးတော့ ကိုယ်သုံးလိုက်တဲ့ bodycare productsတွေကလည်း effectiveပိုဖြစ်တယ်။
-နေလောင်ထားဖူးတဲ့ သူဆိုရင်တောင်
ရေများများသောက်ခြင်းက healing processကို မြန်အောင်support ပေးတယ်။ ဒါတင်မကသေးဘူး ရေဓာတ်ပြည့်ဝအောင် နေမယ်စိုရင် Wrinkles , Fineline တွေပေါ်တာပါသက်သာစေပါတယ်။
That's why you should drink 2liters of water at least. So,Stay Hydrated , Enjoy Your Life!!❣✌
See Ya Next Blog💋❤
#ချစ်သောEmily