ဇီဝသုခ တိုင်းရင်းဆေးခန်း - Ziwa Thukha Traditional Medicine Clinic

  • Home
  • Myanmar
  • Mandalay
  • ဇီဝသုခ တိုင်းရင်းဆေးခန်း - Ziwa Thukha Traditional Medicine Clinic

ဇီဝသုခ တိုင်းရင်းဆေးခန်း - Ziwa Thukha Traditional Medicine Clinic Clinic

အကြောအဆစ်ရောဂါများအတွက် လိမ်းဆေးကောင်းကောင်းလေးတစ်လက် ရှာနေပါသလား❓“ဇီဝသုခ” အကြောရိုးဆစ်နှင့် အထွေထွေရောဂါကု တိုင်းရင်းဆေ...
20/07/2024

အကြောအဆစ်ရောဂါများအတွက် လိမ်းဆေးကောင်းကောင်းလေးတစ်လက် ရှာနေပါသလား❓

“ဇီဝသုခ” အကြောရိုးဆစ်နှင့် အထွေထွေရောဂါကု တိုင်းရင်းဆေးခန်း ကနေ ထုတ်တဲ့ သမားကိုင် လိမ်းဆေးအဆီ ရှိတယ်နော်…☺️

ဆေးအဆီက ဘယ်လို ဝေဒနာတွေကို သက်သာစေနိုင်မှာလဲ 🤔💭

🔺အဆစ်အမြစ်နှင့် ကြွက်သားများ ထုံကျင်ကိုက်ခဲခြင်း
🔺အုံးလွဲခြင်း
🔺လက်ကပ်ခြင်း
🔺အရွတ်ရောင်ခြင်း
🔺ဒူးနာ၊ ခါးနာ နှင့် ထိခိုက်ဒဏ်နာ အမျိုးမျိုး
🔺လေထိုး၊ လေအောင့်ခြင်း
🔺ဗိုက်နာခြင်း၊ ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်း
🔺အအေးမိ-ချွဲကြပ်ခြင်း
🔺ခေါင်းကိုက်ခြင်း
🔺ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်ခြင်း တို့အတွက် ဆေးခပ်ပါးပါးပွတ်လိမ်းပေးပါ။

🚩ပါဝင်သော ဆေးပစ္စည်းများ - နှမ်းဆီ၊ လေးညှင်းဆီ၊ ယူကလစ်ဆီ၊ ပက်ပါမင့်၊ ပရုတ်၊ မင်သော်။

🚩သုံးစွဲရန် အညွှန်း
လိမ်းဆေးအဆီကို အသားထဲစိမ့်ဝင်အောင် ဆေးခပ်ပါးပါး ပွတ်လိမ်းပေးပါ။

🚨သတိ- ပြင်ပတွင်လိမ်းရန်သာ၊ သောက်သုံးရန် မဟုတ်ပါ။

🌟ဆေးခန်းတွင် လူနာများအား ကုသပေးရာတွင် အသုံးပြုသော လိမ်းဆေးကောင်းတစ်လက်ဖြစ်သောကြောင့် မိဘပြည်သူများ ယုံကြည်စိတ်ချစွာ မှာယူသုံးစွဲနိုင်ပါသည်။

Spray ဘူးကြိုက်လား…?
ပုံမှန် ဘူးအဝိုင်း ကြိုက်လား…?
လိမ်းဆေးအဆီခဲ ဘဲ သုံးမလား …?
ပုံစံ-၃ မျိုးနဲ့ ထုတ်လုပ်ထားတဲ့အတွက် ကြိုက်နှစ်သက်ရာကို ရွေးချယ် အသုံးပြုလို့ရတယ်နော်…😉

☎️ဆက်သွယ်မှာယူလိုပါက -

🏥 ဇီဝသုခအကြောအရိုးဆစ်နှင့် အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

🗺️31*87ထောင့်၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

Facebook Messenger (သို့)
☎️ +95 9256274177 , +95 9797300141 သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။

⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)

ရပ်ဝေးမှ မိတ်ဆွေများ ဆေးခန်းသို့လာရောက်ကုသလိုပါက ဖုန်းဆက် ၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ခါးနာတာက လူတစ်ယောက်ရဲ့လုပ်ငန်းဆောင်တာနဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လမ်းလျှ...
25/04/2024

ခါးနာတာက လူတစ်ယောက်ရဲ့လုပ်ငန်းဆောင်တာနဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့ စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။ အရွယ်ရောက်ပြီးသူ ၈၀%လောက်ဟာ ဘဝ သက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်လောက်တော့ ခါးနာခြင်းဝေဒနာကို ခံစားခဲ့ဖူး ကြပါတယ်။

ခါးနာတဲ့သူတွေမှာ ခါးနာပုံ အမျိုးအစားမတူကြသလို ခံစားရပုံနှင့် နာတဲ့ အချိန်ကလည်း မတူနိုင်ပါဘူး။ အများအားဖြင့်_
☑️ခါးနေရာနာခြင်း၊ အောင့်ခြင်း၊ ကိုက်ခြင်း
☑️ခါးနှင့် တင်ပါးတဝိုက် နာခြင်း
☑️ခါးနေရာနှင့် အာရုံကြောဖိမိရာ ခြေထောက် တလျှောက် နာခြင်း၊ ထုံကျဉ်ခြင်း၊ ကိုက်ခြင်း၊တခါတရံ မီးစနှင့်ထိုးသလိုပူခြင်း တွေကို ခံစားရတတ်ပါတယ်။

💡ခါးနာဝေဒနာဟာအချိန်၃လ (၁၂ပတ်)လောက်ကြာလာပြီဆိုရင်တော့ မပေါ့ဆသင့်တော့ပါဘူး။ ဖြစ်စေတဲ့ ရောဂါအကြောင်းရင်းကို သေသေချာချာရှာပြီးကုသရပါမယ်။

ဘယ်လိုရောဂါတွေက ခါးနာစေနိုင်သလဲ..?⚠️ခါးဆစ်ကျီးပေါင်း
⚠️ခါးဆစ်ရိုးကျွံပြီး အာရုံကြောညှပ်တဲ့အခါ
⚠️ခါးအောက်ပိုင်းအာရုံကြောတွေ ကောင်းစွာအလုပ်မလုပ်တဲ့အခါ
⚠️အဆစ်ရောင်ရောဂါ တွေကြောင့် ခါးနာစေနိုင်သလို

📍အရိုးပွရောဂါ
📍ခါးရိုးကင်ဆာအကျိတ်ရှိနေခြင်း (သို့) ကင်ဆာမဟုတ်တဲ့ အကျိတ် တစ်မျိုးမျိုး ဖြစ်နေခြင်း
📍ခါးရိုးတီဘီရောဂါ
📍ကျောက်ကပ်ရောဂါ (ကျောက်ကပ်ကျောက်တည်ခြင်း)စတဲ့ရောဂါတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။

💁‍♀️ခါးနာတာကို မကုသဘဲ ထားရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ …?
⏩ခါးဆစ်ရိုး ကုန်းသွားခြင်း၊ ကော့သွားခြင်း၊ ကြာရှည်မှာ ခါးစောင်းသွားခြင်း တို့ကနေ အာရုံကြော ထိခိုက်မိတဲ့ ခါးနာဆိုရင် ခါးအောက်ပိုင်းထုံခြင်း အတွေ့အထိ မသိခြင်းကနေ အောက်ပိုင်းသေတဲ့အထိ ဖြစ်နိုင်ပါတယ်။

🤨ခါးနာသမားတစ်ယောက်က ဘာတွေ ရှောင်ဖို့လိုသလဲ ဆိုရင်
💡အလေးအပင်မခြင်း
💡ပက်လက်ကုလားထိုင် ထိုင်ခြင်း
💡မွေ့ယာပျော့ပျော့ပေါ်တွင် အိပ်ခြင်း
💡ခါးပေါ်တက်နင်းခြင်း
💡ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း တို့ကို ရှောင်ကြဉ်ရပါမယ်။

✅ဒါဆို ခါးနာတဲ့သူက လေ့ကျင့်ခန်း မလုပ်ရတော့ဘူးလားဆိုရင် လုပ်လို့ရပါတယ်နော်။
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကြောင့် ခါးနာနိုင်ပေမယ့် ခါးနာတာကို သက်သာစေဖို့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရပါတယ်။
ဉပမာ - လမ်းလျှောက်တာ၊ရေကူးတာ၊ ယောဂကျင့်တာ စတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေဟာ အကြောပြေလျော့စေတဲ့အတွက်ကြောင့် ခါးနာ သက်သာစေနိုင်ပါတယ်။

🚨(၂၁)ရာစုမှာ နည်းပညာတွေ အဆင့်အတန်းမြင့်မားလာတဲ့ အလျောက် ခါးနာရောဂါ ကို အရှင်းမဟုတ်တောင် ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင် ကုသနိုင်ပါပြီ။

💁‍♀️ခါးနာရောဂါ ကို တိုင်းရင်းဆေးပညာနှင့်ကုသမှုခံယူမယ်၊ ရောဂါလက္ခဏာတွေ စနစ်တကျနဲ့ လျှင်မြန်စွာ သက်သာပျောက်ကင်း ချင်တယ် ဆိုရင် ဇီဝသုခ အကြောအရိုးဆစ် နှင့် အထွေထွေရောဂါကု တိုင်းရင်းဆေးခန်း မှာလာရောက် ကုသမှုခံယူနိုင်ပါတယ်။

✅ဘယ်လို ကုသမှုတွေ ပေးမှာလဲ❓

လူနာခံစားရတဲ့ လက္ခဏာ ပေါ် မူတည်ပြီးတော့ ကုထုံးတွေများစွာရှိတဲ့ အနက် လိုအပ်တဲ့ ကုထုံးကိုရွေးချယ် ကုသ ပေးမှာပါ။

✅ကြွက်သားနှင့် အရွတ်တွေ သန်မာလာအောင်ပျော့ပျောင်း လာစေဖို့ ဆေးဝါးတိုက်ကျွေးမယ်။

✅Infra red Ray / Magnetic Radiation ဖြင့်ကုသမယ်။

✅Electrical Stimulation ဖြင့်ကုသမယ်။

✅Lumbar Traction ဆွဲခြင်း ဖြင့် အဆစ်တွေ ပိမနေအောင်၊ ပိနေတဲ့ အာရုံကြောတွေလွှတ်အောင်ကုသမယ်။

✅တရုတ်အပ်စိုက်ပညာ (Acupuncture)ဖြင့်ကုသမယ်။

✅Avurveda ကုထုံးတစ်ခုဖြစ်တဲ့ Kati Vasti ဖြင့်ကုသမယ်။

✅လိမ်းဆေးလိမ်းမယ်။ဆေးကပ်မယ်။

ရုတ်တရက်နာလာတဲ့ ခါးနာမျိုး ၊ ဆေးခန်းမသွားနိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ဆိုရင် အိမ်တွင်းကုထုံးအနေနဲ့
✔️ရေခဲအိတ်ကပ်ပေးလို့ရပါတယ်။ (ထိခိုက်မှုကြောင့်ရောင်ရမ်းတာကို သက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။)
✔️ဆေးပလာစတာ ကပ်တာ စသဖြင့် ပြုလုပ်လို့ ရပါတယ်။
✔️ရေနွေးအိတ်ကပ်တာကတော့ ထိခိုက်မိတဲ့နေရာကိုသွေးစီးဆင်းမှုကောင်းစေသလို ကြွက်သားတွေပြေလျော့စေပြီးနာကျင်မှုသက်သာစေပါတယ်။)

⚠️အဓိက ကတော့ ခါးရိုးဆစ်အနေအထားမှန်ဖို့ပါဘဲ။ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နေဟန်ထားမှန်စေဖို့ ဂရုစိုက်ရပါမယ်။

👉 ဆေးဝယ်ယူလိုခြင်း၊ ဆေးကုသလိုခြင်းနှင့် ပါတ်သက်၍ ဆရာမနဲ့ အသေးစိတ် အခမဲ့ ဆွေးနွေးနိုင်ပါတယ်

👩‍⚕️ဒေါ်သီတာစိုး (B.M.T.M)
Certified in Clinical Acupuncture & Pathology (I.C.O.M,UK)

🏥ဇီဝသုခအကြောအရိုးဆစ်နှင့် အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)

🗺️31*87ထောင့်၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☎️ +95 9256274177 , +95 9797300141

ရပ်ဝေးမှ မိတ်ဆွေများ ဆေးခန်းသို့လာရောက်ကုသလိုပါက ဖုန်းဆက် ၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

Muscle Strains ခေါ် ကြွက်သားဒဏ်ဖြစ်ခြင်း ဟာလည်း အသက်အရွယ်မရွေး တော်တော်လေး အဖြစ်များတဲ့ ဒဏ်နာ တစ်ခု ဖြစ်ပါတယ်။ ထိခိုက်မှ...
20/03/2024

Muscle Strains ခေါ် ကြွက်သားဒဏ်ဖြစ်ခြင်း ဟာလည်း အသက်အရွယ်မရွေး တော်တော်လေး အဖြစ်များတဲ့ ဒဏ်နာ တစ်ခု ဖြစ်ပါတယ်။

ထိခိုက်မှုပြင်းအားအပေါ်မူတည်ပြီး သာမန်ကြွက်သားဒဏ်ဖြစ်ခြင်း နှင့် ကြွက်သားစုတ်ပြဲခြင်းများ ဖြစ်ပေါ်လာပါတယ်။ ဘယ်ကြွက်သားမဆို ဒဏ်ဖြစ်နိုင်ပေမယ့်လို့ ခါးအောက်ပိုင်း၊ လည်ပင်း၊ ပုခုံးနှင့် ပေါင်နောက်ပိုင်းကြွက်သားတွေမှာ ပိုဖြစ်နိုင်ပါတယ်။

Muscle Strain က်ု ဘယ်အခြေအနေမှာ တွေ့ရများသလဲ ဆိုရင် _

👉အကြောလျော့၊သွေးပူတွေမလုပ်ဘဲ ပြင်းထန်တဲ့ အားကစားတွေ ပြုလုပ်ခြင်းကြောင့် ကြွက်သားတွေ၊အရွတ်တွေ ပြေလျော့မှုမရှိဘဲ တင်းခံနေပြီး (ပြဲစုတ်ခြင်း)ဒဏ် ဖြစ်နိုင်ပါတယ်။

👉ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်နေစဉ် နှင့် လုပ်ပြီးနောက် ကြွက်သား၊အရွတ်တွေ ပင်ပန်းသွားတဲ့အခါ နားရမယ့်အစား ထပ်လုပ်မိနေရင်လည်း ဒဏ် ဖြစ်တတ်ပါတယ်။

👉ကိုယ်နေဟန်ထားမမှန်ဘဲ လေးသောအရာများကို မ ခြင်းကြောင့် ဖြစ်တတ်သလို၊ ခြေချော်ကျခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း တို့ကြောင့်လည်းကြွက်သားကို ဒဏ်ဖြစ်စေတတ်ပါတယ်။

😰ကြွက်သားဒဏ်ဖြစ်လာပြီ ဆိုရင် ဘယ်လိုလက္ခဏာတွေခံစားရမလဲ❓❓

🔺ရုတ်တရက် နာလာခြင်း
🔺ရောင်တင်းခြင်း
🔺အညိုမဲစွဲခြင်း
🔺ဒဏ်ဖြစ်တဲ့ ကြွက်သား အစိတ်အပိုင်း အားနည်းခြင်းတို့ကို ယေဘုယျအားဖြင့် ခံစားရနိုင်ပါတယ်။

🚨အေးရင် ကြွက်သားဒဏ်နာက ပိုဆိုးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်နည်းသွားရင် ကြွက်သားတွေပိုတောင့်တင်း လာလို့ဘဲဖြစ်ပါတယ်။ ထိုအချိန်တွေမှာ သွေးပူအောင် လုပ်ဖို့ လိုအပ်ပါတယ်။

⚠️ထိခိုက်မှုပြင်းထန်လို့ ကြွက်သားစုတ်ပြဲသွားမယ်ဆိုရင်တော့ ဆိုးရွားစွာဒဏ်ဖြစ်တဲ့အတွက်ကြောင့် အလွန်နာကျင်ပြီး ပုံမှန်လှုပ်ရှားမှုပြုဖို့ ခဲယဉ်း နိုင်ပါတယ်။

🚨နာတာရှည် ကြွက်သားဒဏ်ဖြစ်ခြင်းကတော့ လှုပ်ရှားမှုအချို့ကို ထပ်ခါထပ်ခါ လုပ်နေခြင်းရဲ့ အကျိုးဆက်ပါ။

ဘယ်လိုကုသကြမလဲ⁉️

❤️‍🩹အသေးစားဒဏ်ဖြစ်တာတွေကတော့ RICE ဆိုတဲ့ အဆင့်အတိုင်း _ အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ ဖိပေးခြင်းနှင့် မြောက်ပေးခြင်း တို့ဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။

တိုင်းရင်းဆေးပညာနှင့် နည်းစနစ်မှန်ကန်စွာကုသမှုခံယူမယ်ဆိုရင်တော့ဖြင့် ဒဏ်ရာအနေအထားပေါ်မူတည်ပြီး

🧚‍♀️Infrared Ray/Magnetic Radiation ဖြင့် အရောင်ကျစေခြင်း
🧚‍♀️Crepe Bandage ဖြင့် ဆေးစည်းပေးခြင်း
တရုတ် အပ်စိုက်ပညာ(Acupuncture)ဖြင့်ကုသခြင်း
🧚‍♀️Ayurveda ကုထုံးလာ Abhyanga ခေါ် ဆေးအဆီလိမ်းခြင်း။
🧚‍♀️Nadi Sweda ခေါ် ဆေးငွေ့ဖြန်းကုထုံးဖြင့် ကုသခြင်း
🧚‍♀️ဆေးဝါးတိုက်ကျွေးခြင်း တို့ဖြင့် နည်းစနစ်မှန်ကန်စွာ ကုသမှုခံယူနိုင်ပါတယ်။

💁‍♀️အထက်ပါကုထုံးတွေကတော့ Mild Strain နှင့် Moderate Strains အတွက်သာဖြစ်ပြီး Complete Tear ဖြစ်တဲ့ Severe Strains မှာအခြေအနေအရမ်းဆိုးနေမယ် ဆိုရင်တော့ ကြွက်သားတွေ ပြန်လည်ပြင်ဆင်ဖို့အတွက် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

🏋️ဒါကြောင့် ကြွက်သားတွေ သန်မာနေရင် ဒဏ်ဖြစ်နိုင်ချေ နည်းပါးတဲ့အတွက်ကြောင့် လူတိုင်း ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်နေစေဖို့ ကြိုးစားသင့်ပါတယ်။

👩‍⚕️ဒေါ်သီတာစိုး (B.M.T.M)
Certified in Clinical Acupuncture & Pathology (I.C.O.M,UK)
🏥ဇီဝသုခအကြောအရိုးဆစ်နှင့် အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း
⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)
🗺️31*87ထောင့်၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9256274177 , +95 9797300141

👉 ဆေးဝယ်ယူလိုခြင်း၊ ဆေးကုသလိုခြင်းနှင့် ပါတ်သက်၍ ဆရာမနဲ့ အသေးစိတ် အခမဲ့ ဆွေးနွေးနိုင်ပါတယ်

ရပ်ဝေးမှ မိတ်ဆွေများ ဆေးခန်းသို့လာရောက်ကုသလိုပါက ဖုန်းဆက် ၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

လက်ရှိ လူကြီး၊လူငယ်တွေကြားမှာ အဖြစ်များတဲ့ရောဂါတစ်ခုကို ပြောပါဆိုရင် လည်ဆစ်ရိုးကျီးပေါင်း( Cervical Spondylosis)ကို ချန်...
12/03/2024

လက်ရှိ လူကြီး၊လူငယ်တွေကြားမှာ အဖြစ်များတဲ့ရောဂါတစ်ခုကို ပြောပါဆိုရင် လည်ဆစ်ရိုးကျီးပေါင်း( Cervical Spondylosis)ကို ချန်ထားခဲ့လို့မရပါဘူး။

💀ဦးခေါင်းခွံရိုးရဲ့အောက်တဆက်တည်းမှာ လည်ဆစ်ရိုးအဆစ်-၇ဆစ် (C1-7)တည်ရှိပါတယ်။

ဇက်ကျီးပေါင်းဘယ်လိုဖြစ်လာသလဲဆိုရင် …
💥အဆစ်လေးတွေတစ်ခုနဲ့တစ်ခုကြားခံပေးထားတဲ့ discလေး ပျက်စီးရာကနေ အရိုးကျီးပေါင်းတက်နိုင်သလို၊

💥အဆစ်ကျွံရာကနေလည်း ဇက်ကျီးပေါင်းဖြစ်လာတတ်ပါတယ်။

💥များသောအားဖြင့် လည်ဆစ်ရိုးကနေ အချွန်အတက်လေးတွေထွက်လာပြီး ကျီးပေါင်းဖြစ်လာပြီး လည်ဆစ်ရိုးဘေးမှာရှိတဲ့ အာရုံကြောကို ဖိမိရာကနေ ရောဂါဝေဒနာ ခံစားလာရပါတယ်။ လည်ဆစ်ရိုးအဆစ်(C1-7)တွေဖိမိတဲ့နံပါတ်အလျောက် အာရုံကြောဖိမိပုံခြင်းမတူတဲ့အတွက် ရောဂါဝေဒနာခံစားရပုံချင်း တစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။

ဒါဆိုရင် လည်ဆစ်ရိုးကျီးပေါင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ🤔💭

🔺အရင်ကလည်းဇက်ကြောတက်နေတာဘဲ ဒါမယ့်ပိုဆိုးလာတယ်။
🔺ခေါင်းမူး/ကိုက်မယ်
🔺လက်ပြင်နာ/အောင့်မယ်
🔺အသက်ရှုရခက်ခဲမယ်(ရင်ဘတ်ထဲက တင်းကြပ်တဲ့ဝေဒနာ ခံစားရမယ်)
🔺အာရုံကြောတွေဖိမိတဲ့အတွက် လက်မောင်း၊ ပုခုံး နှင့် လက်တစ်လျှောက် လက်ချောင်းလေးတွေအထိ ထုံကျဉ်တာ တွေ ဖြစ်တတ်ပါတယ်။
🔺ကြွက်သားတွေအားနည်းလာမယ် ( လက်မြှောက်ဖို့၊ ပစ္စည်းကိုမြဲအောင်ကိုင်ဖို့ ခက်ခဲလာတာတွေ ဖြစ်တတ်ပါတယ်)

ဘယ်လိုလူတွေမှာ ဇက်ကျီးပေါင်း အဖြစ်များနိုင်သလဲ❓❓❓

🧚‍♀️အာရုံစူးစိုက်စွာ ကြာရှည် အလုပ်လုပ်ရတဲ့
သူ(ချည်ထိုး၊ စက်ချုပ်သူတွေ၊ ကွန်ပြူတာဖြင့် အလုပ်လုပ်ရတဲ့သူတွေ၊ …)

🧚‍♀️အလေးမပင် အ’မ များသူ (ခေါင်းရွက်စျေးသည်တွေ…)

🧚‍♀️မျိုးရိုးဗီဇကြောင့် အရိုးအဆစ်အားနည်းသူတွေ

🧚‍♀️ဦးခေါင်းပိုင်းလည်ဆစ်ကို မတော်တဆထိခိုက်မိတဲ့သူတွေ

🧚‍♀️အဝလွန်သူ/လှုပ်ရှားမှုနည်းသူတွေမှာ အဖြစ်များပါတယ်။

အသက်ကြီးလာရင် ကျီးပေါင်းဖြစ်တာ သဘာဝပါ။ (၂၁)ရာစုမှာ နည်းပညာတွေ အဆင့်အတန်းမြင့်မားလာတဲ့ အလျှောက် ကျီးပေါင်းကို အရှင်းမဟုတ်တောင် ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင် ကုသနိုင်ပါပြီ။

ဇက်ကျီးပေါင်းရောဂါ(Cervical Spondylosis)ကို တိုင်းရင်းဆေးပညာနှင့်ကုသမှုခံယူမယ်၊ ရောဂါလက္ခဏာတွေ စနစ်တကျနဲ့ လျှင်မြန်စွာ သက်သာပျောက်ကင်း ချင်တယ် ဆိုရင် ဇီဝသုခ အကြောအရိုးဆစ် နှင့် အထွေထွေရောဂါကု တိုင်းရင်းဆေးခန်း မှာလာရောက် ကုသမှုခံယူနိုင်ပါတယ်။

ဘယ်လို ကုသမှုတွေ ပေးမှာလဲ❓

လူနာခံစားရတဲ့ လက္ခဏာ ပေါ် မူတည်ပြီးတော့ ကုထုံးတွေများစွာရှိတဲ့ အနက် လိုအပ်တဲ့ ကုထုံးကိုရွေးချယ် ကုသ ပေးမှာပါ။

✅ကြွက်သားနှင့် အရွတ်တွေ သန်မာလာအောင်ပျော့ပျောင်း လာစေဖို့ ဆေးဝါးတိုက်ကျွေးမယ်။

✅Infra red Ray / Magnetic Radiation ဖြင့်ကုသမယ်။

✅Electrical Stimulation ဖြင့်ကုသမယ်။

✅Neck Traction ဆွဲခြင်း ဖြင့် အဆစ်တွေ ပိမနေအောင်၊ ပိနေတဲ့ အာရုံကြောတွေလွှတ်အောင်ကုသမယ်။

✅တရုတ်အပ်စိုက်ပညာ (Acupuncture)ဖြင့်ကုသမယ်။

✅Avurveda ကုထုံးတစ်ခုဖြစ်တဲ့ Grīvā Vasti ဖြင့်ကုသမယ်။

✅လိမ်းဆေးလိမ်းမယ်။ဆေးကပ်မယ်။

ဇက်ကျီးပေါင်း မဖြစ်အောင် ကိုယ့်ဘက်ကရောဘယ်လိုတွေ ကာကွယ်ထားကြမလဲ🤔

🔺လေ့ကျင့်ခန်းလုပ်ပါ။လည်ပင်းလေ့ကျင့်ခန်းပုံမှန် လုပ်ရပါမယ်။
🔺အနေအထိုင်အပြုအမူတွေကိုဆင်ခြင်မယ်။
🔺ကိုယ်အလေးချိန် ထိန်းပါ။
🔺ထိခိုက်ဒဏ်ရာ မရဖို့ သတိပြုပါ။

👉 ဆေးဝယ်ယူလိုခြင်း၊ ဆေးကုသလိုခြင်းနှင့် ပါတ်သက်၍ ဆရာမနဲ့ အသေးစိတ် အခမဲ့ ဆွေးနွေးနိုင်ပါတယ်

👩‍⚕️ဒေါ်သီတာစိုး (B.M.T.M)

Certified in Clinical Acupuncture & Pathology (I.C.O.M,UK)

🏥ဇီဝသုခအကြောအရိုးဆစ်နှင့် အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)

🗺️31*87ထောင့်၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☎️ +95 9256274177 , +95 9797300141

ရပ်ဝေးမှ မိတ်ဆွေများ ဆေးခန်းသို့လာရောက်ကုသလိုပါက ဖုန်းဆက် ၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

#ဇက်ကျီးပေါင်း(Cervical_Spondylosis)
#တိုင်းရင်းဆေး

အသက် ၄၀ကျော် အမျိုးသား/သမီး တွေ မှာ အဖြစ်များနေတဲ့ ဒူးနာရောဂါ(Knee Pain) အကြောင်းကို Sharing လုပ်ပေးချင်ပါတယ်။ဒူးနာတယ်လိ...
22/02/2024

အသက် ၄၀ကျော် အမျိုးသား/သမီး တွေ မှာ အဖြစ်များနေတဲ့ ဒူးနာရောဂါ(Knee Pain) အကြောင်းကို Sharing လုပ်ပေးချင်ပါတယ်။

ဒူးနာတယ်လို့ ပြောလိုက်ရင် လူကြီးတွေမှာဘဲ ဖြစ်တတ်တယ်လို့ ထင်ကြပါတယ်။တကယ်တော့ ဒူးနာတယ်ဆိုတာဟာအသက်အရွယ်မရွေးဖြစ်ပွါးနိုင်တဲ့ ဝေဒနာတစ်ခုပါ။
အရွတ်၊ အရိုးနုများ စုတ်ပြဲခြင်းစတဲ့ ထိခိုက်ဒဏ်နာကြောင့် ဖြစ်နိုင်သလို၊ အဆစ်ရောင်ခြင်း၊ ဂေါက်ရောဂါ စတဲ့ ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များသလဲ❓

👉အသက်၄၀အထက် (အထူးသဖြင့်အမျိုးသမီး) တွေမှာ အတွေ့ရများပါတယ်။
👉အဝလွန်သူတွေ (အသက်လဲကြီး၊အဝလည်းလွန်တယ်ဆိုရင် ဒူးဆစ်ကြားက အရိုးနုတွေ ပျက်စီးတာကြောင့် ပိုပြီးဒူးနာမှာပါ)
👉အရင်က ဒူးမှာ ထိခိုက်ဒဏ်ရာ ရဖူးတယ်ဆိုရင် နောက်တစ်ကြိမ်ထပ် နာနိုင်ချေပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ❓

ဒူးနာတဲ့နေရာနဲ့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး လက္ခဏာတွေအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့
👉ရောင်ရမ်းတာ
👉တောင့်တင်းတာ
👉ထိလိုက်ရင် ပူတာ၊နီရဲတာ
👉ဒူးဆစ် အားပျော့တာ
👉ဒူးဆစ်ကနေ တဂျွတ်ဂျွတ် အသံမြည်တာ
👉ဒူးဆန့်မရတာတွေ ဖြစ်တတ်ပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်
ဒူးနာစေတဲ့အကြောင်းတွေ ပြန်ကြည့်ရင် ဒူးကိုဖိအားများစေတဲ့ အကြောင်းတွေက အဓိက တွေ့ရမှာ ဖြစ်ပါတယ်။ လမ်းလျှောက်တတ်စကနေ အဆစ်တွေအပေါ်သက်ရောက်နေတဲ့ Repetitive Pressure ကြောင့် ဒူးတဝိုက်က အရိုးနုတွေပါးလာ/ပွန်းလာပြီး ပေါင်ရိုးထိပ်နဲ့ ဒူးရိုးထိပ် နှစ်ခုကို ဆွဲကပ်ထိစပ်နေစေတာကြောင့် ဘေးက အရွတ်တွေကလည်း တိုလာတင်းလာပြီး လှုပ်ရှားရခက်ခဲ လာစေပါတယ်။

ဇီဝသုခ အကြောရိုးဆစ် နှင့် အထွေထွေရောဂါကု တိုင်းရင်းဆေးခန်း တွင်

သက်ကြီးဒူးနာရောဂါ (Knee Pain) ကို 15mins ခန့် Traction ဆွဲ၍ ဒူးပေါ်သက်ရောက်စေတဲ့ ဖိအားလျှော့ပြီးနောက်
🔺Infra red Ray ပေးကုသခြင်း
🔺Magnetic Radiation ဖြင့်ကုသခြင်း
🔺Electrical Stimulation ဖြင့်ကုသပေးခြင်း
🔺Chinese Acupuncture (တရုတ်အပ်စိုက်ကုထုံး)ဖြင့်ကုသပေးခြင်း
🔺Nadi Sweda (ဆေးငွေ့ဖြန်းခြင်း ကုထုံး)ဖြင့်ကုသပေးခြင်း
🔺ဆေးစည်းခြင်း
🔺သောက်ဆေး၊လိမ်းဆေး ပေးခြင်း တို့ဖြင့်
နည်းစနစ်မှန်ကန်စွာ ကုသမှု ခံယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါရစေရှင့်။

Prevention is better than cure ဆိုတဲ့အတိုင်း ဒူးမနာအောင် ဘယ်လိုကာကွယ်ကြမလဲ ❓

🔺လေ့ကျင့်ခန်း မလုပ်ခင် အကြောလျှော့ပါ။
ကိုယ်အလေးချိန် ထိန်းပါ။
🔺အားကစားလုပ်တဲ့အခါမှာလည်း အပြင်းအထန် မလုပ်မိဖို့၊ ထိခိုက်ဒဏ်ရာမရဖို့ သတိပြုပါ။
🔺Muscle တွေ သန်မာအောင် လေ့ကျင့်ပါ။muscle တွေ အားနည်းတာကလည်း ဒူးကို ထိခိုက်စေတဲ့အတွက် သန်မာအောင် ၊ပျော့ပျောင်းအောင် လေ့ကျင့်ခန်းလုပ်ပါ။
🔺လူကြီးတွေလမ်းလျှောက်တဲ့အခါမှာလည်း ချော်မလဲအောင် သတိထားပါ။တုတ်ကောက်သုံးပါ။ပြေပြစ်တဲ့လမ်းမှာဘဲ လျှောက်ပါ။

👩‍⚕️ဒေါ်သီတာစိုး(B.M.T.M)
Certified in Clinical Acupuncture and Pathology (I.C.O.M,UK)
🏥ဇီဝသုခ တိုင်းရင်းဆေးခန်း
📍၃၁*၈၇ဒေါင့်၊ ပြည်ကျော်စျေးအနောက်လမ်းသွယ်၂။
☎️ +95 9256274177 , +95 9797300141

Wishing everyone a prosperous and fulfilling New Year! May the coming year bring you success, laughter, and the fulfillm...
01/01/2024

Wishing everyone a prosperous and fulfilling New Year!
May the coming year bring you success, laughter, and the fulfillment of all your dreams.
🎉🥰🥳🎊💕🌸

ခုတလော ဆေးခန်းမှာ အလာများ(အတွေ့ရများ) နေတဲ့ ခြေဖနောင့်အရွတ်ယောင်ခြင်း “Planta Fasciitis” အကြောင်းကို Sharing လုပ်ပေးချင်...
18/10/2023

ခုတလော ဆေးခန်းမှာ အလာများ(အတွေ့ရများ) နေတဲ့ ခြေဖနောင့်အရွတ်ယောင်ခြင်း “Planta Fasciitis”
အကြောင်းကို Sharing လုပ်ပေးချင်ပါတယ်။

*ခြေဖနောင့်အရွတ်​ယောင်ခြင်း “Planta Fasciitis” ဘယ်ကနေ စတင်ဖြစ်ပေါ်လာရသလဲဆိုရင် …

ခြေဖဝါးပတ်ဝန်းကျင် Tissue တွေ ရောင်ရမ်းမှုကြောင့် ဖနောင့်နေရာက စတင် နာကျင်လာတာဖြစ်ပါတယ်။
ဖနောင့်ရိုး(Calcaneus) နဲ့ ခြေဖဝါးရိုး (metatarsal bones) က်ုဆက်သွယ်ထားတဲ့ Plantar Fascia အရွတ်ရောင်တဲ့အခါ ဖနောင့်နာရာကနေ စတင် နာကျင်လာပါတယ်။ ဒီလို အရွတ်ရောင်တာမျိုးကို Planta fasciitis လို့ခေါ်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များသလဲ ဆိုရင် …

ကိုယ်အလေးချိန်များတဲ့သူ​တွေ အမျိုးသမီးတွေမှာ အများဆုံး တွေ့ရတယ်။ တောင်ပေါ်​ဒေသနေထိုင်သူ၊ ဒေါက်မြင့်ဖိနပ်စီးသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း အဖြစ်များကြတယ်။ အားကစားသမားတွေ၊ အထူးသဖြင့် အကြောမလျော့မိဘဲ လေ့ကျင့်ခန်း လုပ်တဲ့သူတွေမှာ ဖြစ်ကြတယ်။

ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုရင် …

ဖနောင့် အတက်ထွက်သူ၊ အရွတ်ရောင်သူတိုင်း လက္ခဏာတွေ မပြကြပါဘူး။
အများစုဟာ လမ်းလျှောက်တဲ့အခါ ဖနောင့်နေရာ နာကျင်ခြင်း ကို ကနဦး ခံစားကြရတယ်။ ခြေဖဝါးကြွက်သားတွေ အချိန်ကြာ ငြိမ်နေရာက စတင်လှုပ်ရှားတာနဲ့ နာကျင်လာတယ်။ လမ်းစလျှောက်တဲ့အချိန် မှာ ခြေဖနောင့်နေရာက ခပ်စူးစူးနာကျင်မှူခံစားရမယ်။
ခြေဖနောင့်နေရာမှာ ယောင်မယ်၊ နာမယ် ။တချို့ ပူနေတတ်ပါတယ်။

အဲ့လို လက္ခဏာ​တွေခံစားနေရပြီဆိုရင် ခြေဖနောင့်အရွတ်ယောင်ခြင်း (planta fasciitis) ဖြစ်နိုင်ပါတယ်။

ဇီဝသုခ အကြောအရိုးဆစ်နှင့် အထွေထွေ ရောဂါကု တိုင်းရင်းဆေးခန်းတွင် ခြေဖနောင့် အရွတ်ရောင်ခြင်း Planta fasciitis ကို

Infra red Ray ပေး ကုသခြင်း
Magnetic Radiation ဖြင့်ကုသခြင်း
Electrical Stimulation ဖြင့်ကုသပေးခြင်း
တရုတ်အပ်စိုက်နည်ပညာဖြင့်ကုသပေးခြင်း
ဆေးစည်း ဆေးကပ်ခြင်း
သောက်ဆေးပေးခြင်း တို့ဖြင့်

နည်းစနစ်မှန်ကန် စွာနဲ့ ကုသမှုခံယူနိုင်ပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့်။

👩‍⚕️ဒေါ်သီတာစိုး (B.M.T.M)
Certified in Clinical acupuncture & pathology (I.C.O.M,UK)
ဇီဝသုခ တိုင်းရင်းဆေးခန်း
၃၁*၈၇​ဒေါင့် ပြည်ကျော်စျေးအနောက် လမ်းသွယ်၂
☎️09-256274177, 09-797300161

11/07/2023

🔸အသည်းအဆီဖုံးရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ

အသည်းအဆီဖုံးရောဂါသည် နာတာရှည် အသည်းရောဂါများအနက်တွင် အဖြစ်အများဆုံး ဖြစ်သည်။

အဝလွန်သူများ၏ ၉၀%၊ ဆီးချိုရောဂါရှိသူများ၏ ၅၀-၇၀% သည် အသည်းအဆီဖုံး ဖြစ်နိုင်ခြေရှိသည်။ ဥရောပတိုက်ရှိလူဦးရေ၏ ၂၅% ခန့်သည် အသည်းအဆီဖုံးခြင်းဝေဒနာ ရှိနေသည်ဟု သိရပါသည်။

ယနေ့ခေတ်တွင် အနေအထိုင် အစားအသောက် (Lifestyle) ပြောင်းလဲမှု (ဥပမာ - ကယ်လိုရီတွေကို ခန္ဓာကိုယ် စွမ်းအင်လိုအပ်ချက်ထက် ပိုမိုစားသောက်မိခြင်း၊ လှုပ်ရှားမှုနည်း၍ အထိုင်များခြင်း) ကြောင့် အဖြစ်များလာရခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် အသည်းအဆီဖုံးခြင်းနှင့် ပတ်သက်၍ လူတိုင်းသိသင့်သော ဆောင်ရန် ရှောင်ရန်အချက်များကို အလျဉ်းသင့်၍ မျှဝေပေးလိုက်ပါသည်။

(၁) ကိုယ်အလေးချိန် လျှော့ချပါ။
----------------------------
ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများသည် ကိုယ်ခန္ဓာအလေးချိန်၏ ၁၀% ကျော်ကို လျှော့ချပစ်ရန် လိုအပ်ပါသည်။ အသည်းအခြေအနေ ဆိုးလေလေ၊ ကိုယ်အလေးချိန် ပိုချဖို့လိုလေလေ ဖြစ်သည်။
ကိုယ်အလေးချိန် မများသူများ (BMI ပုံမှန်ရှိနေသူများ) ပင်လျှင် ကိုယ်ခန္ဓာအလေးချိန်၏ ၃-၅% ကို လျှော့ချရန် လိုအပ်သည်။ ဗိုက်ရွှဲသူများသည်လည်း ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်သူများတွင် အကျုံးဝင်သည်။

(၂) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
----------------------------
• လမ်းသွက်သွက်လျှောက်ခြင်း၊ ရွရွ/နှေးနှေးပြေးခြင်း (Jogging)၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခြင်း (ဥပမာ - အေရိုးဗစ်၊ Zumba dance) စသည်တို့ကို တစ်ပတ်လျှင် အနည်းဆုံး ၃ ရက် (သို့) တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ လုပ်ပါ။ သို့မဟုတ်
• အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်းနှင့် Elastic band များအသုံးပြု၍ လုပ်ရသော လေ့ကျင်ခန်းများကို တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်လုပ်ပါ။
• အထက်ပါနှစ်မျိုးပေါင်း တစ်ပတ်လျှင် ၃-၅ ကြိမ်ခန့် ပြုလုပ်ပါ။
• အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းများကို လျှော့ချပါ။

(၃) စားသောက်သင့်သော အစားအသောက်များ
----------------------------
• အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ
• ငါးအမျိုးမျိုး
• သံလွင်ဆီ
• အခွံမာသီး၊ အစေ့အဆံ၊ ပဲတောင့်ရှည်မျိုး ဖြစ်သော ပဲများ၊
• အမျှင်ဓာတ်များသော၊ ဂျုံနှင့်လုပ်သော အစားအစာများ (ဥပမာ - ဆီးချိုပေါင်မုန့်)
• သစ်ကြားသီး
• အဆီနည်းသော အသားများ
• အဆီလျှော့ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ
• ကျန်းမာရေးနှင့်ကိုက်ညီအောင် ပြုလုပ်ထားသော “အိမ်ချက်” အစားအစာများ
အထက်ပါ မြေထဲပင်လယ် ပတ်ဝန်းကျင်ဒေသများတွင် စားသောက်လေ့ရှိသော အစားအသောက်ပုံစံမျိုးမှာ အသည်းအဆီဖုံးရောဂါအတွက် အထူးသင့်တော်ပါသည်။ ရေများများသောက်ပါ။ ကော်ဖီသောက်ပါ။

(၄) ရှောင်ကြဉ်ရမည့် အစားအသောက်များ
----------------------------
❌ ပြည့်ဝဆီများ (ဥပမာ - ဝက်ဆီ)
❌ အထူးပြုပြင်ထားသော အစားအသောက်များ (Ultra-processed food) (ဥပမာ - အာလူးချောင်းကြော်၊ အသားညှပ်ပေါင်မုန့်)
ခေါက်ဆွဲခြောက်ထုပ်ကဲ့သို့သော Fast food များ
❌ ပြုပြင်ထားသော အသားများ (ဥပမာ - ကြက်/ဝက်အူချောင်း)
❌ အချိုကဲသော အစားအသောက်များ (ဥပမာ - ကိတ်မုန့်၊ ရေခဲမုန့်)
❌ အဆီများသော / သကြားထည့်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ (ဥပမာ - ချိုအောင် ပြုလုပ်ထားသော ဒိန်ခဲ၊ ဒိန်ချဉ်၊ နို့)
❌ ဆေးလိပ်
❌ အရက်၊ ဘီယာ၊ ဝိုင်
❌ အချိုရည်များ

(၅) လိုအပ်သော ကုသမှုများကို ခံယူပါ။

မိမိ၏ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် အတိုင်း မှီဝဲသင့်သလို ဆရာဝန်နှင့် ပုံမှန်ပြသ၍ အစစ်ဆေးခံရန်လည်း လိုအပ်ပါသည်။

အသည်းအဆီဖုံးရောဂါအတွက် သီးသန့် အစွမ်းထက်သောဆေးများ မပေါ်ပေါက်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်သောဆေးများ ရှိနေပြီဖြစ်ပါသည်။ ဆီးချိုရောဂါ ကုသရာတွင် အသုံးပြုသော ပိုင်ရိုဂလီတဇုန်း (Pioglitazone) ဆေးနှင့် လီရာဂလူတိုက်၊ စီမာဂလူတိုက် (Liraglutide, semaglutide) စသော ဆေးများသည် အသည်းအဆီဖုံးရောဂါကုသရာတွင် အသုံးပြုနိုင်ပါသည်။ ဆီးချိုနှင့် အသည်းအဆီဖုံး တွဲနေသူများတွင် ပို၍ အဆင်ပြေပါသည်။ ဗီတာမင်-အီး သည်လည်း အသည်းအဆီဖုံးခြင်းကြောင့်ဖြစ်သော အသည်းရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။

နိုင်ငံတကာ သုတေသနများအရ အသည်းအဆီဖုံးရောဂါ ကုသရာတွင် အသုံးပြုနိုင်သော သဘာဝဆေးများနှင့် ဖြည့်စွက်စာများမှာ-

🔹 ပရိုဘိုင်အိုတစ်များ
🔹 အိုမီဂါ-၃
🔹 ကာကူမင် ဒြပ်ပေါင်း (နနွင်း)
🔹 ဆယ်လီမရင် ဒြပ်ပေါင်း (Silymarin)
🔹 လက်ဖက်စိမ်း (Green tea)
🔹 ဗီတာမင်-ဒီ

အထက်ပါဆေးများသည် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း၊ အသည်းအဆီစုခြင်းကို ဟန့်တားပေးနိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်နှင့် အချိုဓာတ်ကို ကျဆင်းစေခြင်း၊ အသည်းရောင်ခြင်းကို လျော့နည်းစေပြီး အသည်းအင်ဇိုင်းများကို ကျဆင်းစေခြင်း၊ အသည်းခြောက်/ကျုံ့ခြင်းကို လျော့နည်းစေခြင်း စသော အာနိသင်များရှိသောကြောင့် အသည်းအဆီဖုံးရောဂါရှိသူများတွင် အသုံးဝင်သော သဘာဝဆေးများ ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

🌺 *Nocturia* (ညအချိန်တွင် ဆီးသွားခြင်း)  Nocturia ဆိုသည်မှာ ညအချိန်တွင် ဆီးသွားခြင်းသည် ဆီးအိမ်ကြောင့်မဟုတ်ဘဲ နှလုံးပျက်...
15/04/2023

🌺 *Nocturia* (ညအချိန်တွင် ဆီးသွားခြင်း)


Nocturia ဆိုသည်မှာ ညအချိန်တွင် ဆီးသွားခြင်းသည် ဆီးအိမ်ကြောင့်မဟုတ်ဘဲ နှလုံးပျက်ကွက်ခြင်း၏ လက္ခဏာဖြစ်သည်။
Shivpuri ၏နာမည်ကြီးဆရာဝန် ဒေါက်တာ Bansal က nocturia သည် အမှန်တကယ်အားဖြင့် နှလုံးနှင့် ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုပိတ်ဆို့ခြင်း၏ လက္ခဏာတစ်ခုဖြစ်ကြောင်း ရှင်းပြသည်။ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများသည် ညဘက် မကြာခဏ အိပ်ရာထရသောကြောင့် ဆီးသွားခြင်းကို အများဆုံးခံစားရသည်။ သက်ကြီးရွယ်အိုများသည် အိပ်ရေးပျက်မည်ကို စိုးရိမ်သောကြောင့် ညအိပ်ရာမဝင်မီ ရေသောက်ရန် ရှက်တတ်ကြသည်။ ရေသောက်လျှင် ဆီးသွားရန် အဖန်ဖန်ထရမည်ဟု ထင်ကြသည်။ အိပ်ရာမဝင်မီ သို့မဟုတ် ညဘက် ဆီးသွားပြီးနောက် ရေမသောက်ခြင်းသည် အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများတွင် မကြာခဏ နှလုံးဖောက်ပြန်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့ကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ အမှန်တော့ nocturia ဆိုသည်မှာ မကြာခဏ ဆီးသွားခြင်း သည် ဆီးအိမ်၏ လုပ်ဆောင်ချက် ပြဿနာ မဟုတ်ပေ။ အသက်ကြီးလာသည်နှင့်အမျှ နှလုံးသည် ခန္ဓာကိုယ်အောက်ပိုင်းမှ သွေးများကို မစို့နိုင်တော့သောကြောင့် အသက်ကြီးလာသောအခါတွင် နှလုံး၏လုပ်ဆောင်မှု ကျဆင်းလာခြင်းကြောင့်ဖြစ်သည်။
ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့သည် မတ်တပ်ရပ်နေသည့်အချိန်၌ သွေးစီးဆင်းမှုမှာ ပို၍ ကျဆင်းလာပါသည်။ နှလုံးအားနည်းပါက နှလုံးအတွင်း သွေးပမာဏ မလုံလောက်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းရှိ ဖိအားများ တိုးလာပါသည်။ ထို့ကြောင့် အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများသည် နေ့ဘက်တွင် ခန္ဓာကိုယ်အောက်ပိုင်း၌ ရောင်ရမ်းလာကြသည်။ ညဘက်အိပ်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းဟာ ဖိအားကနေ သက်သာရာရတဲ့အတွက် တစ်ရှူးတွေထဲမှာ ရေအများကြီး သိုလှောင်ထားရပါတယ်။ ဒီရေက သွေးထဲကို ပြန်ဝင်လာတယ်။ ရေများလွန်းရင် ကျောက်ကပ်က ရေကို ခွဲထုတ်ပြီး ဆီးအိမ်ထဲက တွန်းထုတ်ဖို့ ပိုကြိုးစားရပါလိမ့်မယ်။ ဤသည်မှာ nocturia ၏အဓိကအကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်။
ဒါကြောင့် အိပ်ရေးဝအောင်အိပ်ချိန်နဲ့ အိမ်သာပထမဆုံးအကြိမ်သွားတဲ့အခါ သုံးလေးနာရီလောက်ကြာတတ်ပါတယ်။ အဲဒီနောက်မှာတော့ သွေးထဲမှာ ရေတွေ တစ်ဖန်ပြန်တက်လာတဲ့အခါ၊ သုံးနာရီကြာပြီးနောက် အိမ်သာကို ပြန်သွားရပါမယ်။
အခု မေးစရာရှိလာတာက ဦးနှောက်လေဖြတ်ခြင်း ဒါမှမဟုတ် နှလုံးဖောက်ခြင်းရဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ဘာကြောင့်ဖြစ်တာလဲ။
အဖြေကတော့ နှစ်ကြိမ်သုံးကြိမ် ဆီးသွားပြီးနောက် သွေးထဲမှာ ရေအလွန်နည်းပါတယ်။ အသက်ရှုခြင်းဖြင့်လည်း ခန္ဓာကိုယ်၏ရေဓာတ်ကို လျော့ကျစေသည်။ ၎င်းသည် သွေးများ ထူလာပြီး စေးကပ်လာကာ အိပ်နေစဉ် နှလုံးခုန်နှုန်း နှေးကွေးသွားစေသည်။ သွေးကြောများ ကျဉ်းလာပြီး သွေးစီးဆင်းမှု နှေးကွေးခြင်းကြောင့် သွေးကြောများ ပိတ်ဆို့သွားခြင်း...
အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများသည် နံနက် ၅ နာရီမှ ၆ နာရီအတွင်း နှလုံးဖောက်ခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်တတ်သည့် အကြောင်းရင်းဖြစ်သည်။ ဤအခြေအနေတွင် သူတို့သည် အိပ်ပျော်ရင်း သေသွားကြသည်။
လူတိုင်းကို ပထမဆုံးပြောရမယ့်အချက်ကတော့ nocturia ဟာ ဆီးအိမ်ရဲ့ ချို့ယွင်းချက်မဟုတ်သလို အိုမင်းရင့်ရော်မှုပြဿနာလည်း ဖြစ်ပါတယ်။
နောက်တစ်ခုပြောချင်တာက အိပ်ရာမဝင်ခင်မှာ ကြက်သီးနွေးရေသောက်ပြီး ညဘက် ဆီးသွားတဲ့အခါ နောက်တစ်ကြိမ် ထပ်သောက်သင့်ပါတယ်။
nocturia ကိုမကြောက်ပါနဲ့။ ရေများများသောက်ပါ ရေမသောက်ရင် သေစေနိုင်ပါတယ်။
တတိယအချက်ကတော့ နှလုံးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် ပုံမှန်အချိန်အတွင်းမှာ လေ့ကျင့်ခန်း များများလုပ်သင့်ပါတယ်။ လူ၏ခန္ဓာကိုယ်သည် အလွန်အကျွံအသုံးပြုပါက ယိုယွင်းပျက်စီးသွားမည့်စက်မဟုတ်သော်လည်း ဆန့်ကျင်ဘက်အနေနှင့်၊ အသုံးပြုလေလေ၊ အားကောင်းလေလေဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ အထူးသဖြင့် ကစီဓာတ်များသော အစားအစာများနှင့် အကြော်များ မစားပါနှင့်။

Credit::ဒေါက်ဘန်းဆာ၏ ဗဟုသုတရဖွယ်ကောင်းသော ဆောင်းပါးမှ

Address

Between 88*89, 30*31, West Of Pyi Kyaw Zay,Chan Aye Tharsan Township,Mandalay.
Mandalay

Telephone

+959256274177

Website

Alerts

Be the first to know and let us send you an email when ဇီဝသုခ တိုင်းရင်းဆေးခန်း - Ziwa Thukha Traditional Medicine Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဇီဝသုခ တိုင်းရင်းဆေးခန်း - Ziwa Thukha Traditional Medicine Clinic:

Share