16/09/2024
.🌼..''ကုသိုလ် အမြဲလုပ်ပါ''...🌼
ဘဝမှာ အဆင်မပြေတာတွေ ကြုံ တဲ့အခါတိုင်း
ကုသိုလ်ကောင်းမှုကို ပိုပြီးပြု လုပ်ပေး ပါ။
🌼 အဆင်မပြေလည်း ကုသိုလ်လုပ်....
🌼 အဆင်ပြေရင်လည်း ကုသိုလ်လုပ်.....
🌼 အတိုက်အခိုက်ကြုံရင်လည်း ကုသိုလ်လုပ်.......
🌼 အနှောက်အယှက်ရှိရင်လည်း ကုသိုလ်လုပ်........
🌼 ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်.......
🌼 လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း စိတ်ဓာတ်မကျနဲ့...... ယုံကြည်မှုအပြည့် ၊ ဇွဲကြီးကြီးနဲ့သာ ဆက်လုပ်......
သေချာပေါက်ကို
ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်....
ယုံကြည်မှုနဲ့ ဇွဲရှိမှုကိုတော့ မလျော့စေနဲ့။
🌼 ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင် .......အကုသိုလ်တွေ၊အဆိုးတွေ အားနည်းသွားမှာပဲလေ။
သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ရင်
အဲဒီရေခွက် ငန်တူးသွားမှာပေါ့။
ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊
ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။
ရေက များနေတာကိုး။
ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင်
အကုသိုလ်ဟာ အသေးအမွှားလေးပဲ
ဖြစ်သွားမှာပေါ့။
ဒါကြောင့် ကုသိုလ်ကောင်းမှုကို လျော့မတွက်ပါနဲ့။
အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ.....✨✨✨
ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။
မေတ္တာဖြင့်
မနာပဒါယီ_အရှင်ဝိစိတ္တ
မျှဝေ ပူဇော် ပါသည် ဘုရား 🙏🙏🙏