Ye Wint War Pharmacy

Ye Wint War Pharmacy For Healthy and Better life

12/04/2026

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်မှာ
မိတ်ဟောင်းမိတ်သစ်များ အားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး
လာဘ်လာဘတွေ ပေါများစေကြောင်း
“ရဲဝင့်ဝါဆေးနှင့်ဆေးပစ္စည်း”မိသားစုမှ
ဆုတောင်းမေတ္တာပို့သအပ် ပါသည်🍀🍀🍀🍀

၁၃-၄-၂၀၂၆ (အကြိုနေ့မှ)
၁၇-၄-၂၀၂၆(နှစ်ဆန်းတရက်နေ့ထိ)ဆိုင်ပိတ်မည်ဖြစ်ပြီး
🍀၁၈-၄-၂၀၂၆🍀ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင့်

ဆီးချိုအတွက် ဗဟုသုတ
14/03/2026

ဆီးချိုအတွက် ဗဟုသုတ

ဆီးချိုမျိုးရိုးရှိပေမယ့် ဆီးချိုမဖြစ်အောင် ကာကွယ်နည်း

ဆီးချိုဟာ မျိုးရိုးလိုက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ မိဘမောင်နှမတွေမှာ ဆီးချိုရှိရင် ကိုယ်လည်း ဖြစ်နိုင်ခြေ မြင့်တယ်။ ကျိန်းသေဖြစ်မယ်လို့တော့မဟုတ်ဘူး။ ဒီလိုဆီးချိုမျိုးရိုးရှိပေမယ့် မဖြစ်အောင် ကာကွယ်လို့ရတယ်။ ကျနော့်မိဘတွေမှာလည်း ဆီးချိုရှိတယ်။ ကျနော်တော့ အခုချိန်ထိ ဆီးချိုမဖြစ်အောင် အောက်မှာပြောထားတဲ့ နည်းလမ်း‌တွေနဲ့ ကာကွယ်ထားနိုင်သေးတယ်။

မြန်မာနိုင်ငံမှာ ဆီးချိုဟာ အဖြစ်များလွန်းလို့ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခုလို့ မထင်ကြတော့ဘူး။ အမှန်တော့ ဆီးချိုဟာ ရောဂါပေါင်းများစွာရဲ့ အကြောင်းရင်းခံဖြစ်နေတတ်တယ်။ သွေးထဲမှာပိုလျှံနေတဲ့သကြားဓာတ်တွေဟာ သွေးကြောတွေကိုပျက်စီးစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ဆီးချိုက ဒုက္ခမပေးတဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းမရှိသလောက် ခေါင်းအစ ခြေအဆုံး ဆီးချိုက ဒုက္ခပေးနိုင်တယ်။ ဆီးချိုကိုယ်တိုင်က သေဆုံးနိုင်တဲ့အပြင် လေဖြတ်တာ၊ ကျောက်ကပ်ပျက်စီးတာအစရှိတဲ့ နောက်ဆက်တွဲရောဂါကြီးတွေလည်း ဖြစ်နိုင်သေးတယ်။ ဒါကြောင့် ဆီးချိုဟာ ကြောက်ဖို့ကောင်းတဲ့ရောဂါတစ်ခုပါ။

ဆီးချိုဟာ ဖြစ်လာမှဆိုရင် အရှင်းပျောက်အောင် ကုလို့မရတော့ဘူး။ ဆီးချိုကိုတန်ပြန်ဖို့ တစ်ခုတည်းသောနည်းဟာ ကြိုတင်ကာကွယ်ခြင်းပဲ။ ဆီးချိုကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ စားသောက်နေထိုင်မှုပုံစံကို ပြုပြင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ခြင်းပါ။

၁။ ကိုယ်အလေးချိန်ကိုထိန်းပါ။ ဝမလာအောင် ဂရုစိုက်ပါ။ အဝလွန်လာခြင်းက အမျိုးစား ၂ ဆီးချိုဖြစ်စေတဲ့ ထိပ်ဆုံးက အချက်ပါ။ သတိထားကြည့်ရင်လည်း ဆီးချိုရှိသူတွေဟာ ခပ်ပြည့်ပြည့်သမားတွေများတယ်။ BMI ကို ၁၈ ကနေ ၂၅ကြားရအောင် ကြိုးစားပါ။ (BMI မတွက်တတ်ရင် HelloSayarwon မှာ ရှာလို့ရတယ်။)

၂။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အချိုစားတာ ပြဿနာမဟုတ်ဘူး။ အဲဒီအချိုကို ပြန်မသုံးတာပြဿနာ။ ကိုယ်စားတဲ့အစားသောက်ကို ပြန်သုံးဖို့ ကိုယ်လက်လှုပ်ရှားရှိဖို့လိုအပ်တယ်။ ဆီးချိုမျိုးရိုးရှိသူတွေဟာ တနေ့ကို ခြေလှမ်း ၆ ထောင်လောက်တော့ အနည်းဆုံးလျှောက်သင့်တယ်။

၃။ အစားအသောက်ကိုဂရုစိုက်ပါ။ ထမင်းလျှော့စား။ အသီးရွက်အသီးနှံများများစား။ ထမင်းက သကြားဓာတ်ပြောင်းတာမြန်တယ်။ ခန္ဓာကိုယ်ကို ဝလာစေပေမယ့် အာဟာရဓာတ်များများစားစားမပါဘူး။

၄။ ဘေးဖြစ်စေတဲ့အပြုမူတွေရှောင်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ပါ။ အိပ်ရေးဝအောင်အိပ်ပါ။

ဆီးချိုက ကျနော် အတော်ကြောက်တဲ့ရောဂါထဲပါတယ်။ ခက်တာက မျိုးရိုးလည်းရှိနေတယ်။ လွန်ခဲ့တဲ့ ၃-၄နှစ်ကစပြီး ကျနော့်စားသောက်နေထိုင်မှုပုံစံကို တဖြည်းဖြည်းချင်း ပြောင်းလဲယူခဲ့တယ်။ အရင်က ထမင်းအရမ်းစား၊ မလှုပ်မယှက်နေ၊ တနေကုန် ထိုင်နေတတ်တဲ့သူ။ အခုထမင်းကို အဓိကအဖြစ် အားပြုမစားတော့ဘူး။ အသီးရွက်နဲ့အသားကို များများပိုစားတယ်။ ကယ်လိုရီများတဲ့အစားအသောက်တွေကိုရှောင်တယ်။ ဒါပေမယ့် အစားရှောင်နေတာမျိုးမဟုတ်ဘူး။ ကိုယ်ကြိုက်တာကိုယ်စားတာပဲ။ နေ့တိုင်းမှာ ခြေလှမ်းတစ်သောင်းလျှောက်တယ်။ တစ်ပတ်ကို လေးရက် ဂျင်ဆော့ရင်ဆော့ မဟုတ်ရင် ရေကူးတယ်။ တနေ့အိပ်ချိန် အနည်းဆုံး ၇နာရီရှိအောင် စီမံတယ်။ အခု ၁၆-၈ အစာဖြတ်ကြည့်နေတယ်။

အခုထိတော့ ကျနော်ဆီးချိုသွေးတိုး မျိုးရိုးရှိပေမယ့် ဖြစ်မလာသေးဘူး။ ကိုယ့်ကိုယ် နေလို့ကောင်းတယ်လို့လည်း ခံစားရတယ်။ ဒီရောဂါတွေဟာ ဖြစ်မှကုမယ်ဆိုရင် မလွယ်ဘူး။ ဖြည်းဖြည်းချင်းစီ စားသောက်နေထိုင်မှုကိုပြောင်းသွားရင်ကိုပဲ ကာကွယ်နိုင်တယ်။

Credit:
https://www.facebook.com/share/p/1DCwCmPQZJ/

Happy Chinese New Year 2026  မိတ်ဟောင်းမိတ်သစ်များ အားလုံး  ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း   “ရဲဝင့်ဝါ ဆေးနှင့်ဆေးပစ္စည်...
16/02/2026

Happy Chinese New Year 2026
မိတ်ဟောင်းမိတ်သစ်များ အားလုံး
ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
“ရဲဝင့်ဝါ ဆေးနှင့်ဆေးပစ္စည်း” မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည် 🍀🍀🍀🍀

အသည်းဟာ… ခန္ဓာကိုယ်တွင် အလုပ်အလုပ်ဆုံးသော င်္အဂါအစိတ်အပိုင်းတစ်ခုပါ။အညစ်အကြေးများကို စစ်ထုတ်ပေးခြင်း၊ သည်းခြေရည်ထုတ်လုပ်...
07/02/2026

အသည်းဟာ… ခန္ဓာကိုယ်တွင် အလုပ်အလုပ်ဆုံးသော င်္အဂါအစိတ်အပိုင်းတစ်ခုပါ။
အညစ်အကြေးများကို စစ်ထုတ်ပေးခြင်း၊ သည်းခြေရည်ထုတ်လုပ်ခြင်း၊ စွမ်းအင်ထုတ်ပေးခြင်းနှင့် သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။ သို့သော် ကျွန်ုပ်တို့သည် ညဉ့်နက်မှအိပ်ခြင်း၊ အချိုနှင့် ကစီဓာတ်များ အလွန်အကျွံစားခြင်း၊ ရေနည်းနည်းပဲသောက်ခြင်းတို့ကို ပြုလုပ်နေမည်ဆိုပါက အသည်းသည် တိတ်တဆိတ် အဆီများစုပုံလာပြီး “အသည်းအဆီဖုံးခြင်း” ဝေဒနာကို မသိမသာ ခံစားရလာနိုင်ပါသည်။
⚠️ အသည်းမှပေးသော သတိပေးလက္ခဏာများ
• အကြောင်းရင်းမရှိဘဲ အလွယ်တကူ မောပန်းခြင်း။
• ညစာစားပြီးနောက် ဗိုက်ကယ်ခြင်း၊ ရင်ပြည့်ခြင်း၊ အစာမကျေသလိုဖြစ်ခြင်း။
• အသားအရေညိုညစ်လာပြီး ချွေးမှအနံ့ထွက်ခြင်း။
• ညာဘက်နံရိုးအောက်နားမှ တင်းကြပ်ပြီး နာကျင်ခြင်း။
• ညဘက် ခဏခဏနိုးခြင်း သို့မဟုတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း။
အကယ်၍ ဤလက္ခဏာများရှိနေပါက... ယနေ့မှစ၍ “အသည်းစွမ်းအား” ကို ပြန်လည်အားဖြည့်ဖို့ လိုအပ်နေပါပြီ။
🌿 သဘာဝနည်းလမ်းဖြင့် အသည်းကို ပြန်လည်ပြုပြင်ခြင်း
🕙 ၁။ ည ၁၀ နာရီမတိုင်မီ အိပ်စက်ပါ။
အသည်း၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်သည် ည ၁၀ နာရီမှ နံနက် ၂ နာရီအတွင်း အကောင်းဆုံးအလုပ်လုပ်ပါသည်။ ထိုအချိန်ထက်နောက်ကျမှ အိပ်ပါက အသည်းသည် ဆဲလ်များကို ပြန်လည်မပြုပြင်နိုင်တော့ဘဲ အညစ်အကြေးနှင့် အဆီများ ပိုမိုစုပုံလာစေပါသည်။
💧 ၂။ မနက်နိုးလျှင် ရေနွေးနွေး (၂) ဖန်ခွက်သောက်ပါ။
၎င်းသည် အသည်းအတွင်းရှိ သည်းခြေရည်လည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောငယ်များအတွင်းရှိ အညစ်အကြေးများကို ဆေးကြောပေးကာ အဆိပ်အတောက်များကို ဝမ်းအဖြစ် စွန့်ထုတ်နိုင်ရန် ကူညီပေးသည်။
🥗 ၃။ ကစီဓာတ်နှင့် အချိုဓာတ်ကို တစ်ဝက်လျှော့စားပါ။
ပိုလျှံနေသောအချိုဓာတ်များကို အသည်းက အဆီအဖြစ်သို့ ပြောင်းလဲပစ်သောကြောင့် အချိုများများစားလေ အသည်းအလုပ်လုပ်ရလေဖြစ်သည်။ အချိုလျှော့ခြင်းသည် အသည်းကို “အနားပေးခြင်း” ပင် ဖြစ်သည်။
🚶‍♀️ ၄။ တစ်နေ့လျှင် ရေ (၃) လီတာခန့် သောက်ပါ။
ရေသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို သယ်ဆောင်သွားပေးသော ကြားခံနယ်ဖြစ်သည်။ ရေလုံလောက်စွာသောက်ခြင်းဖြင့် သွေးမပျစ်စေဘဲ အသည်း၏စစ်ထုတ်မှုအလုပ်ကို သက်သာစေပါသည်။
🏃 ၅။ နေ့စဉ် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပါ။
မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း သို့မဟုတ် ၁၀ မိနစ်ခန့် လက်လွှဲလေ့ကျင့်ခန်းလုပ်ရုံဖြင့် အသည်းသို့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်စနစ်များကို မျှတစေပါသည်။
💬 ဆရာဝန်၏ အကြံပြုချက်
“သန့်ရှင်းသောအသည်းသည် ကျန်းမာသောဘဝ၏ အမြစ်တွယ်ရာဖြစ်သည်။ ကျန်းမာရေးသည် နတ်ဆေးထက်... သင် ည ၁၀ နာရီမတိုင်မီ အိပ်စက်ခြင်းမှ စတင်ပါသည်။”
ဒီညကစပြီး မီးကို ၃၀ မိနစ်စောပိတ်ပြီး အိပ်ကြည့်ပါ။ မနက်ဖြန်မနက်မှာ ရေနွေးနွေး (၂) ဖန်ခွက် သောက်ကြည့်ပါ။ အသည်းပြန်လည်အားကောင်းလာတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းပြီး ဦးနှောက်ကြည်လင်လာတာကို သင်ကိုယ်တိုင် ခံစားရပါလိမ့်မည်။ 🌿

Crd;
#ဆေးနည်း #ကျန်းမာရေး #အသည်းအဆီဖုံး #အသည်းကျန်းမာရေး

01/01/2026

😍😍😍😍

01/01/2026

နှစ်ဦးကုသိုလ် 🍀🍀🍀🍀

31/12/2025

“ရဲဝင့်ဝါ ဆေးနှင့် ဆေးပစ္စည်း”မိသားစုမှ
၂၀၂၆ နှစ်သစ်ကူး အကြို စတုဒီသာအလှူအဖြစ် အောက်ဖော်ပြပါ အချိန်အတိုင်း ပေးဝေသွားမည်ဖြစ်ပါသောကြောင့် မိတ်ဟောင်းမိတ်သစ်များအားလုံးကို ဖိတ်ကြားအပ်ပါသည်ရှင့်

Date:1-Jan-2026 (Thursday)
အချိန်:မနက် (၈:၃၀)နာရီ
🍀ကြက်သားပေါက်စီနှင့် ကော်ဖီ
(ရဲဝင့်ဝါဆေးနှင့် ဆေးပစ္စည်း မိသားစုမှ လှူဒါန်းပါသည်)

Date:1-Jan-2026(Thursday)
အချိန်: နေ့လည် (၂)နာရီ
🍀ကြာဇံကြော်
( ရဲဝင့်ဝါဆေးနှင့်ဆေးပစ္စည်းဆိုင်၏ မိတ်ဆွေ အလှူရှင်တစ်ဦးမှ လှူဒါန်းပါသည်)
🍀နေရာ:”ရဲဝင့်ဝါဆေးနှင့်ဆေးပစ္စည်း”
လမ်း၃၀,လမ်း၈၁နှင့်၈၂ ကြား
မန္တလေးမြို့
၂၀၂၆ နှစ်သစ်ကူးမှ စ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း ဖြင့်ပြည့်စုံပါစေကြောင်း
“ရဲဝင့်ဝါဆေးနှင့် ဆေးပစ္စည်း” မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်”

Merry Christmas 🎄🎄🎄🎉🎉🎉🎊🎊🎊
25/12/2025

Merry Christmas 🎄🎄🎄🎉🎉🎉🎊🎊🎊

***​ကျွန်တော်တို့ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုတွေ***ကလည်း တိတ်တဆိတ် ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် အ...
23/12/2025

***​ကျွန်တော်တို့ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုတွေ***ကလည်း တိတ်တဆိတ် ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် အသက် ၃၅-၄၀ ကျော်လာတဲ့အခါ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေ စတင်နှေးကွေးလာတတ်ပါတယ်။

​ဒီနေ့တော့ သင့်ကျန်းမာရေးအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက် (၆) ချက်ကို မျှဝေပေးလိုက်ပါတယ်။ 👇

​၁️⃣ ဦးနှောက် (Brain) 🧠
^^^^^^^^^^^^^^^^^^
အသက် ၄၀ ကျော်ရင် ဆယ်စုနှစ်တစ်ခုတိုင်းမှာ ၅% ကျုံ့သွားတတ်ပါတယ်။
​❌ ဆိုးကျိုးများ - စိတ်ဖိစီးမှုများခြင်း၊ အပျက်မြင်ခြင်း၊ ရေဓာတ်နည်းခြင်းနဲ့ Omega-3 လိုအပ်ချက်တွေက ဦးနှောက်ကျဆင်းမှုကို မြန်စေပါတယ်။
​✅ ကာကွယ်ရန် - အိပ်ရေးဝဝအိပ်ပါ၊ အသစ်အသစ်တွေကို အမြဲလေ့လာသင်ယူပါ။
​⚠️ သတိပြုရန် - မကြာခဏ မေ့တတ်တာ၊ အာရုံစိုက်မရတာနဲ့ စိတ်တိုလွယ်တာတွေက အစပျိုးလက္ခဏာတွေပါ။

​၂️⃣ နှလုံး (Heart) ❤️
^^^^^^^^^^^^^^^^^^^
အသက် ၄၀-၅၀ အရွယ်မှာ နှလုံးညှစ်အား စတင်လျော့နည်းလာပြီး သွေးကြောတွေ တောင့်တင်းလာပါတယ်။
​❌ ဆိုးကျိုးများ - စိတ်ဖိစီးမှု၊ အငန်နဲ့ ဆီကြော်စာတွေက နှလုံးပျက်စီးမှုကို မြန်ဆန်စေပါတယ်။
​⚠️ သတိပြုရန် - နှလုံးက တီးတိုးသာ အသိပေးတတ်ပါတယ်။ မောပန်းတာ၊ မူးဝေတာ၊ ရင်ဘတ်လေးတာတွေကို လပေါင်းများစွာ ကြိုခံစားရနိုင်ပါတယ်။

​၃️⃣ အဆုတ် (Lungs) 🫁
^^^^^^^^^^^^^^^^^^
အသက် ၃၅ နှစ်ကစပြီး ဆယ်စုနှစ်တစ်ခုတိုင်းမှာ လုပ်ဆောင်ချက် ၅% ကျဆင်းပါတယ်။
​❌ ဆိုးကျိုးများ - ဆေးလိပ်သောက်ခြင်း၊ ကိုယ်ဟန်အနေအထား မမှန်ခြင်းက အဆုတ်ကို မြန်မြန်ပျက်စီးစေပါတယ်။
​✅ ကာကွယ်ရန် - အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ ကိုယ်ဟန်အနေအထား ပြင်ပါ။
​⚠️ သတိပြုရန် - သတိမထားမိခင်မှာပဲ လုပ်ငန်းဆောင်တာ ၅၀% လောက် လျော့နည်းနေတတ်ပါတယ်။ အသက်ရှူမဝတာက စောစောစီးစီးပြတဲ့ လက္ခဏာပါ။

​၄️⃣ အူ (Gut) 🦠
^^^^^^^^^^^^^^
​❌ ဆိုးကျိုးများ - ပြုပြင်ထားတဲ့ အစားအစာ၊ အဆီများတဲ့အစာ၊ ပဋိဇီဝဆေးနဲ့ စိတ်ဖိစီးမှုတွေက အကျိုးပြုဘက်တီးရီးယားတွေကို ၄၀% အထိ လျော့နည်းစေနိုင်ပါတယ်။
​✅ ကာကွယ်ရန် - အမျှင်ဓာတ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ စားသုံးပါ။
​⚠️ သတိပြုရန် - ဝမ်းချုပ်တာ၊ လေပွတာ၊ ဝက်ခြံပေါက်တာတွေက အူလမ်းကြောင်း ရောင်ရမ်းနေတဲ့ လက္ခဏာတွေပါ။

​၅️⃣ အသည်း (Liver) 🍷
^^^^^^^^^^^^^^^^^^^
နေ့စဉ် အဆိပ်အတောက်ပေါင်း ၅၀၀ ကျော်ကို စစ်ထုတ်ပေးနေရတဲ့ အသည်းပါ။
​❌ ဆိုးကျိုးများ - လူလတ်ပိုင်းအရွယ်ကစပြီး အဆိပ်ထုတ်နိုင်စွမ်း ၃၀% နှေးသွားပါတယ်။ အသက် ၅၀ ကျော်ရင် ပြန်လည်ပြုပြင်နိုင်စွမ်း ကျလာပါတယ်။ သကြားနဲ့ အရက်က အသည်းကို ဒုက္ခပေးပါတယ်။
​✅ ကာကွယ်ရန် - ခါးသက်တဲ့ အစားအစာတွေက အသည်းကို အားဖြည့်ပေးပါတယ်။
​⚠️ သတိပြုရန် - အသည်းက ၇၀% ပျက်စီးနေရင်တောင် ဘာမှ မခံစားရတတ်ပါဘူး။ မောပန်းတာ၊ ယားယံတာ၊ ဦးနှောက်မကြည်လင်တာတွေကို သတိပြုပါ။

​၆️⃣ အရိုး (Bones) 🦴
^^^^^^^^^^^^^^^^^
​အသက် ၃၅ နှစ်နောက်ပိုင်း အရိုးသိပ်သည်းဆက တစ်နှစ်ကို ၁% လျော့နည်းသွားပါတယ်။
​❌ ဆိုးကျိုးများ - ဗီတာမင် D, K2 လျော့နည်းတာနဲ့ လှုပ်ရှားမှုမရှိတာက အရိုးကို အားနည်းစေပါတယ်။

​💡 ကျန်းမာရေး သတင်းစကား
^^^^^^^^^^^^^^^^^^^^^^^
ကိုယ့်ခန္ဓာကိုယ်က ပေးတဲ့ အချက်ပြ signal လေးတွေကို လျစ်လျူမရှုပါနဲ့။ အသက်အရွယ်ရလာတာကို တားဆီးလို့ မရပေမယ့်၊ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ယိုယွင်းပျက်စီးနှုန်းကို နှေးကွေးအောင် လုပ်ဆောင်နိုင်ပါတယ်။

​ဒီ post လေးက အသုံးဝင်တယ်ဆိုရင် သူငယ်ချင်း မိတ်ဆွေတွေလည်း သိရအောင် Share ပေးလိုက်ပါဦးနော်။

crd-Family Cooking

08/12/2025

Ye Wint War Pharmacy နှင့်အတူလက်တွဲလုပ်ကိုင်ရန် ဝန်ထမ်း​​ခေါ်ယူခြင်း

(၁)ဆေးအ​​ရောင်းကျွမ်းကျင် (ကျား/မ)
✨️​ဆေးနှင့်ပတ်သတ်​သော လက်လီအ​ရောင်းအ​တွေ့အကြုံရှိရမည်
✨️Computer အ​​ခြေခံ တတ်ကျွမ်းရမည် (Excel,Word)
✨️Communication Skill ​ကောင်းမွန်ရမည်

(၂)ဆေးအရောင်းအကူ(ကျား/မ)

✨️​ဆေးနှင့်ပတ်သတ်​သော လက်လီအ​ရောင်းအ​တွေ့အကြုံလိုချင်သူများ လျှောက်ထားနိုင်ပါသည်
✨️Communication Skill ​ကောင်းမွန်ရမည်

"​ရဲဝင့်ဝါ​ Pharmacy"
30st,Bet:81x82st
09-444472873
09-444472874

အထက်ပါလိပ်စာသို့
9AM ~5 PM အတွင်း CV Form အပြည့်အစုံဖြင့်လာ​ရောက်​လျှောက်ထားနိုင်ပါသည်

17/11/2025

အသည်းကျန်းမာရေးအတွက်
ဗဟုသုတ

Address

30st, Bet:80x81st, Chan Aye Tharzan Township
Mandalay

Telephone

+959444472874

Website

Alerts

Be the first to know and let us send you an email when Ye Wint War Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ye Wint War Pharmacy:

Shortcuts

Share