06/08/2026
မနက်နိုးနိုးချင်း ခံတွင်းအနံ့ မကောင်းဖြစ်စေတဲ့ အကြောင်းရင်း (၃) ခု 🦷
မနက် အိပ်ရာ ထတဲ့အခါ ခံတွင်းထဲမှာ ခါးသက်သက်၊ ချဉ်စူးစူး တွေဖြစ်ပြီး ခံတွင်းနံ့ဆိုးတာမျိုးတွေကို လူအများစု ကြုံဖူးကြမယ်ထင်ပါတယ်။
ဒီလိုဖြစ်တာဟာ ညဘက် သွားမတိုက်ဘဲ အိပ်မိတာမျိုးကြောင့်လို့ ထင်တတ်ကြပေမဲ့ အမှန်တကယ်တော့ အစားအသောက်၊ အစာအိမ်စနစ်နဲ့ ခံတွင်းထဲက ဘက်တီးရီးယား ပွားများမှုတို့နဲ့ တိုက်ရိုက် သက်ဆိုင်နေတာ ဖြစ်ပါတယ်။
ခံတွင်းနံ့ဆိုးတာဟာ လူတွေရဲ့ယုံကြည်မှုကို ပျက်စီးစေတဲ့ တရားခံတစ်ခု မို့ ခံတွင်းအနံ့ကိုဆိုးစေတဲ့ အဓိက အကြောင်းအရာ (၃) ခု အပြင် သက်သာအောင်လုပ်လို့ရမယ့် နည်းလေးတွေကိုပါပြောပြပေးသွားပါမယ်နော်။
ဘာကြောင့် ခံတွင်းနံ့ဆိုးရတာလဲ ??
🔸တံတွေးထွက်နှုန်း လျော့နည်းခြင်း
အိပ်ပျော်နေတဲ့အချိန်မှာ ခံတွင်းထဲမှာ တံတွေးထွက်နှုန်းက သဘာဝအတိုင်း လျော့နည်းသွားတတ်ပါတယ်။ တံတွေးဟာ ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဆေးကြောပေးတဲ့ အရာဖြစ်တာကြောင့် တံတွေးနည်းသွားတဲ့အခါ ဘက်တီးရီးယားတွေ ပိုမို ပေါက်ဖွားစေပြီး အနံ့ဆိုးထွက်လာရတာပဲဖြစ်ပါတယ်။
🔸အစာအိမ် အက်ဆစ်ပြန်တက်ခြင်း
ညဘက်တွေမှာ အစာကို နောက်ကျမှ စားတာ၊ အဆာပြေမုန့် အချို/အဆိမ့်တွေကိုအများကြီး စားပြီး ချက်ချင်းအိပ်စက်တာတွေကြောင့် အစာအိမ်ထဲက အက်ဆစ်တွေဟာ အထက်ကို ပြန်တက်လာပြီး မနက်နိုးရင် ပါးစပ်ထဲ ခါးသက်သက် (သို့) ချဉ်စူးစူး ခံစားရစေတဲ့အပြင် အာသီးရောင်သူတွေနဲ့ အူလမ်းကြောင်း မကောင်းသူတွေမှာ အစာအိမ်ထဲက အနံ့ဆိုးတွေဟာ ခံတွင်းဆီသို့ ဆန်တက်လာတာကြောင့် ခံတွင်းနံ့ဆိုးစေတာပဲဖြစ်ပါတယ်။
🔸လျှာပေါ်မှ ဘက်တီးရီးယားများနှင့် သွားကျောက်များ
ညဘက် သွားတိုက်ပေမဲ့ လျှာကို သေချာ မတိုက်ပေးရင် သို့မဟုတ် သွားကြားထဲမှာ အစာဟောင်း/သွားကျောက်တွေ ရှိနေရင်လည်း မနက်နိုးတဲ့အခါ အနံ့ဆိုးကို ပိုမို ပြင်းထန်စေပါတယ်ရှင်။
ဒါဆို ဘယ်လိုသက်သာအောင်လုပ်လို့ရလဲ??
ခံတွင်းနံ့ဆိုးတွေသက်သာပြီး ခါးသက်သက် ဒါမှမဟုတ် ချဉ်စူးစူး ဖြစ်တာကို သက်သာစေဖို့ဆိုရင်
🔹ရေများများသောက်ပါ
🔹သွားတိုက်တဲ့အခါ လျှာကိုပါတိုက်ပါ
🔹သွားပွတ်ကြိုး သုံးပါ
🔹အစားစားပြီးတိုင်းပလုတ်ကျင်းပေးပါနော်။
တခြားနည်းလမ်းတွေ အနေနဲ့တော့ -
🔹ကော်ဖီနဲ့ အချိုများတဲ့အစားအစာတွေလျှော့စားပါ
သကြားဓာတ် အလွန်များတဲ့ မုန့်တွေ၊ အချိုရည်တွေနဲ့ ကော်ဖီဟာ ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေရုံတင်မကဘဲ ခံတွင်းတွင်း ဘက်တီးရီးယားတွေအတွက် အကောင်းဆုံးအစာ ဖြစ်စေလို့ ခံတွင်းနံ့ကို ပိုမိုဆိုးရွားစေတတ်တာကြောင့် လျှော့စားသင့်ပါတယ်။
🔹ရေနွေးကြမ်း/ Green Tea ကိုသောက်ပေးပါ
Green tea မှာ ပါဝင်တဲ့(Catechins antioxidant )ဓာတ်ဟာ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို သဘာဝအတိုင်း သေစေနိုင်စွမ်းရှိလို့ အစာစားပြီးနောက် Green Tea ကို သောက်သုံးပေးပါ။
🔹 ၆ လတစ်ကြိမ် သွားဆရာဝန်ပြပါ
ဘယ်လိုပဲ ဂရုစိုက်နေပါစေ သွားဂျိုးနဲ့ သွားကျောက် (Calculus) တွေကိုတော့ သာမန်သွားတိုက်နေရုံနဲ့ မဖယ်ရှားနိုင်လို့ တတ်ကျွမ်းနားလည်ပြီး စိတ်ချရတဲ့ သွားဆေးခန်းနဲ့ သွားဆရာဝန်များ ထံမှာ ၆ လတစ်ကြိမ် သွားကျောက်ခြစ်ခြင်း (Scaling) ပြုလုပ်ပေးသင့်ပါတယ်။
ခေတ်မီ စက်ကိရိယာ၊ သန့်ရှင်းသပ်ရပ်တဲ့ဆေးခန်း၊ ကျွမ်းကျင်တဲ့ဆရာဝန်ကြီးများအထိပါ အားလုံးအဆင်ပြေနိုင်တဲ့ သွားဆေးခန်းကိုရှာဖွေနေရင်တော့
“မန္တလာ သွားဆေးခန်း” ကိုလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
“သွားနှင့်ခံတွင်းကျန်းမာ မန္တလေးမှာဆို 𝐌𝐚nan𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫”
“မန္တလာသွားဆေးခန်း”
☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
#ခံတွင်းအနံ့ဆိုးခြင်း #သွားနဲ့ခံတွင်းကျန်းမာရေး