IO Beauty Spa

IO Beauty Spa Relax in Luxury, Leave with Joy.

🔥အထူး ပရိုမိုရှင်း Buy 1 Get 1 Hair Spa Treat!🔥 ဒီတစ်ခါတော့ ဆံသားရော လက်သည်းလေးတွေပါ တစ်ပြိုင်တည်း လှပပြီး အနားယူနိုင်မယ...
03/08/2026

🔥အထူး ပရိုမိုရှင်း Buy 1 Get 1 Hair Spa Treat!🔥 ဒီတစ်ခါတော့ ဆံသားရော လက်သည်းလေးတွေပါ တစ်ပြိုင်တည်း လှပပြီး အနားယူနိုင်မယ့် "Hair Spa with Sound Therapy" အထူးအစီအစဉ်လေးပါ! 💆🏻‍♀️💅

"Hair Spa with Sound Therapy" ဝန်ဆောင်မှုကို ယူလိုက်ရုံနဲ့
🎉 အခမဲ့ အနေနဲ့...
✅ "လက်သည်း (Manicure)" (သို့)
✅ "ခြေသည်း (Pedicure)"
ဝန်ဆောင်မှုတစ်ခုခုကို စိတ်ကြိုက်ရွေးချယ်ပြီး Free လုပ်နိုင်ပါပြီရှင့်! 🥰

🔔Hair Spa with Sound Therapy မှာဆိုရင် အထူးပြုလုပ်ထားတဲ့ ခေါင်းလောင်းသံတွေ တေးသံစဉ်တွေရဲ့ တုန်ခါမှုလေးတွေက ဦးနှောက်နဲ့ အာရုံကြောတွေကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေကို အမြန်ဆုံး ဖြေလျော့ပေးပါတယ်။ ဆံသားတွေ ကျန်းမာသန်စွမ်းပြီး Stress တွေ အကုန်ကင်းစင်သွားစေမယ့် အတွေ့အကြုံသစ်တစ်ခုပါ။

ဒီလို ငြိမ်းချမ်းတဲ့ အသံလှိုင်းလေးတွေနဲ့အတူ ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပြီး ရေစက်ကလေးတွေ တစ်စက်ချင်း ကျဆင်းစေတဲ့ အထူးနည်းစနစ်ကြောင့် တကယ့်ကို အိပ်မက်ကမ္ဘာထဲ ရောက်သွားသလိုမျိုး လန်းဆန်းပေါ့ပါးသွားစေမှာပါ ✨

Sound Therapy က ဘယ်လို အလုပ်လုပ်လဲ?

✔️ Brainwave Entrainment (ဦးနှောက်လှိုင်းများကို ထိန်းညှိခြင်း)

စိတ်ဖိစီးနေချိန်မှာ ဦးနှောက်လှိုင်းများ မြန်ဆန်နေတတ်ပါတယ်။ Sound Therapy ၏ တည်ငြိမ်သော အသံစဉ်များကြောင့် ဦးနှောက်လှိုင်းများကို အနားယူသည့်အဆင့် (Alpha နှင့် Theta waves) သို့ ဖြည်းညှင်းစွာ ပြောင်းလဲပေးနိုင်ပါတယ်။

✔️ Vibration Healing (တုန်ခါမှုဖြင့် ကုသခြင်း)

အသံလှိုင်းများက လေထုမှတစ်ဆင့် ခန္ဓာကိုယ်ဆီသို့ ရောက်ရှိလာပြီး တုန်ခါမှုများ ဖန်တီးပေးကာ တင်းမာနေသော ကြွက်သားများနှင့် အာရုံကြောများကို ပြေလျော့စေမှာပါ။

✔️ Deep Relaxation (အပြည့်အဝ အနားယူနိုင်ခြင်း)

ခေါင်းလျှော်ခြင်း လို Head Spa ဝန်ဆောင်မှုများနှင့် တွဲဖက်လိုက်တဲ့အခါ အသံနှင့်အထိအတွေ့ နှစ်မျိုးစလုံးက စိတ်ကို လုံးဝလွတ်လပ်ပေါ့ပါးသွားစေတာမျိုးပါ။

Sound Therapy ကို ခေါင်းလျှော်ခြင်း၊ အနှိပ်ခံခြင်း တို့နှင့် တွဲဖက်လုပ်ဆောင်ပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ အမြန်ဆုံး အနားယူနိုင်ပြီး အိပ်မပျော်ခြင်းဝေဒနာများကိုပါ သက်သာစေနိုင်ပါတယ်ရှင်။
Free Manicure/Pedicure: ခေါင်းလျှော်ပြီးရင်တော့ ကျွမ်းကျင်တဲ့ Nail Artist တွေက လက်သည်း/ခြေသည်းတွေကို မေတ္တာလက်ဆောင် အနေနဲ့ သန့်ရှင်း၊ ပုံဖော်ပေးသွားမှာပါနော်။

ဆံသားလည်း လှ၊ လက်သည်း/ခြေသည်းလေးတွေလည်း ပြင်လို့ရမယ့် ဒီအခွင့်အရေးလေးဟာ အကန့်အသတ်နဲ့မလို့ လက်လွှတ်မခံရအောင် အခုပဲ Booking ကြိုလှမ်းတင်လိုက်တော့နော် 🥰

📞 Booking တင်ရန်: 09 758 111 189, 09 420 026 200
📍 လိပ်စာ: ၆၅ လမ်း နှင့် ၁၁၀ (အေ) လမ်းထောင့်၊ မန္တလေးမြို့။

#အသံကုထုံး #ခေါင်းလျှော် #ခေါင်းလျှော်နှိပ် #လက်သည်းဆိုး

ဓမ္မစကြာ တရားတော်နှင့်အညီ သံသရာတစ်ခွင်လုံး အေးချမ်းသာယာရှိကြပါစေကြောင်း... 🤍✨သပ္ပာယ်ကြည်နူးဖွယ်ကောင်းသော နေ့ထူးနေ့မြတ် ဝ...
29/07/2026

ဓမ္မစကြာ တရားတော်နှင့်အညီ သံသရာတစ်ခွင်လုံး အေးချမ်း

သာယာရှိကြပါစေကြောင်း... 🤍✨

သပ္ပာယ်ကြည်နူးဖွယ်ကောင်းသော နေ့ထူးနေ့မြတ်

ဝါဆိုလပြည့်ဓမ္မစကြာနေ့တွင် ခုနစ်ရက်သားသမီး

အပေါင်းတို့ ကိုယ်စိတ်နှစ်ပါးလုံး ဘေးရန်ခပ်သိမ်း ငြိမ်းအေး

ကြပြီး အေးချမ်းသာယာရှိကြပါစေကြောင်း IO IDYLLIC

OPALS Beauty Spa မိသားစုမှ ဆုမွန်ကောင်း တောင်း

အပ်ပါသည် ခင်ဗျာ။ 🙏

✨ လူကြီးမင်းများ အလုပ်ပိတ်ရက်မှာ စိတ်လွတ်ကိုယ်လွတ်

ဇိမ်ကျကျ အနားယူနိုင်ဖို့အတွက် ယနေ့ ဝါဆိုလပြည့်နေ့တွင်

ဆိုင်ပိတ်ရက်မရှိဘဲ ပုံမှန်အတိုင်း ဝန်ဆောင်မှုအပြည့်အဝဖြင့်

ဖွင့်လှစ်ထားပါတယ်ခင်ဗျာ။ စိတ်အပန်းဖြေဖို့ Booking လေး

အခုပဲ လှမ်းခဲ့လိုက်တော့နော်။ 🥰

📞 Booking ရယူရန်: 09-420026200 / 09-758111189
📍 ဆိုင်လိပ်စာ: ၆၅ လမ်း နှင့် ၁၁၀ (A) လမ်းထောင့်၊ မန္တလေးမြို့။
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့ #မန္တလေး #

ခန္ဓာကိုယ်ကြီး လေးလံထိုင်းမှိုင်းနေသလို ခံစားနေရပြီလား? အိမ်မှာပဲ Scrub လုပ်နေပေမဲ့ နောက်ကျောဘက်တွေ၊ လက်မမီတဲ့နေရာတွေမှာ...
25/07/2026

ခန္ဓာကိုယ်ကြီး လေးလံထိုင်းမှိုင်းနေသလို ခံစားနေရပြီလား? အိမ်မှာပဲ Scrub လုပ်နေပေမဲ့ နောက်ကျောဘက်တွေ၊ လက်မမီတဲ့နေရာတွေမှာ အညစ်အကြေးတွေ ကျန်နေသလိုပဲဖြစ်နေလား? ✨

မန္တလေးမြို့မှာ ဈေးနှုန်းသင့်တင့်ပြီး Service အကောင်းဆုံး၊ Body Cleansing (ဂျေးချွတ်ခြင်း) ကို သေချာဂရုတစိုက် လုပ်ပေးတဲ့ Spa လေးရှာနေတယ်ဆိုရင် IO Spa ကိုသာ လှမ်းခဲ့လိုက်ပါတော့ရှင်!🧖‍♀️

🧼 IO Spa မှာ Scrub လုပ်ရင် အိမ်မှာလုပ်တာနဲ့ မတူဘဲ ဘာလို့ ပိုပြောင်တာလဲဆိုတော့…
Premium Quality Products: ကျွန်မတို့က US-made အရည်အသွေးမြင့် Scrub တွေကိုပဲ အသုံးပြုပေးတာမို့ အသားအရေကို မထိခိုက်စေဘဲ Dead Cells တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။

Fragrance Choice: ကိုယ့်စိတ်ကြိုက်ဖြစ်စေမယ့် ရနံ့ (Fragrance) ကို ကိုယ်တိုင်ရွေးချယ်နိုင်တာမို့ အနှိပ်ခံနေချိန်မှာ တကယ့်ကို Relax ဖြစ်စေမှာပါရှင်။

Professional Cleaning: ကိုယ်တိုင် Scrub လုပ်ရင် မမီတဲ့ နေရာတွေကို ကျွန်မတို့ရဲ့ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက သေချာ Scrub လုပ်ပေး၊ ဂျေးညော်တွေကို ရှင်းလင်းပေးတာမို့ အညောင်းအညာပြေ အသားရေလည်းကြည်လင်ပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားစေမှာပါ။

🎁 Special Promotion: 30% OFF! 🎁
ခုလို ရာသီဥတုပူပြီး ချွေးထွက်များတဲ့အချိန်မှာ အသားအရေကို သန့်စင်ဖို့အတွက် Body Cleansing / Body Scrub ဝန်ဆောင်မှုတိုင်းကို (၃၀%) လျှော့ဈေး ပေးသွားမှာပါရှင်!

မျက်နှာတင်မဟုတ်ဘဲ Body လေးပါ Glass Skin ရဖို့ Scrub ကို တစ်ပတ်တစ်ခါ မှန်မှန်လေး လာလုပ်သင့်ပါတယ်နော်။

📞 Booking ရယူရန်: 09 758 111 189, 09 420 026 200 📍 နေရာ: ၆၅ လမ်း နှင့် ၁၁၀ (အေ) လမ်းထောင့်၊ မန္တလေးမြို့။

#ဂျေးချွတ်မယ် #အသားအရေလှ #မန္တလေးspa

Chinese Reels တွေထဲကလို ခေါင်းကို သေချာ နှိပ်နယ်ပေးကာ ရေစက်ကလေးတွေ တစ်စက်ချင်းကျပြီး အေးမြပေါ့ပါးသွားစေမယ့် "Sound & Wat...
18/07/2026

Chinese Reels တွေထဲကလို ခေါင်းကို သေချာ နှိပ်နယ်ပေးကာ ရေစက်ကလေးတွေ တစ်စက်ချင်းကျပြီး အေးမြပေါ့ပါးသွားစေမယ့် "Sound & Water Therapy Hair Wash" ကို IO Spa မှာ လုပ်လို့ရနေပြီဆိုတာ သိပြီးပြီလား?
၁။ Fragrance & Sound Immersion (စိတ်ကို အရင် အနားပေးခြင်း)
ပထမဆုံးအနေနဲ့ သဘာဝအဆီအနှစ်တွေရဲ့ မွှေးပျံ့တဲ့ရနံ့လေးတွေကို ရှူရှိုက်ကာ တစ်ချိန်တည်းမှာပဲ စိတ်ကို တည်ငြိမ်စေမယ့် အေးချမ်းတဲ့ တေးသံစဉ်လေးတွေ၊ ခေါင်းလောင်းသံလေးတွေ (Sound Therapy) ကို နားထောင်ရင်း မျက်လုံးလေးမှိတ်၊ ကိုယ့်ကိုယ်ကို အပြည့်အဝ အနားပေးလိုက်ပါ။
၂။ Gentle Scalp Stimulation (ဦးရေပြားကို နှိုးဆွပေးခြင်း)
ဦးရေပြားတစ်လျှောက်မှာရှိတဲ့ အာရုံကြောတွေကို ပြေလျော့သွားစေဖို့ ကျွမ်းကျင်တဲ့ Therapist များက ညင်သာစွာ နှိပ်နယ်ပေးပါမယ်။ ဒီအဆင့်မှာ စိတ်ဖိစီးမှုတွေ အကုန်လုံး ပျောက်ကွယ်သွားသလို ခံစားရမှာပါ။
၃။ The Water Drop Ritual (ရေစက်ကလေးများဖြင့် အေးမြစေခြင်း)
ကျွန်မတို့ရဲ့ အထူးထုတ် Hair Wash Tool စက်လေးက အပေါ်စီးကနေ Curve ပုံစံ ခေါင်းတစ်ဝိုက်ကို ဖြတ်သန်းပြီး ရေစက်ကလေးတွေကို ညင်သာစွာ ကျဆင်းစေပါမယ်။ ဦးရေပြားတစ်လျှောက် တစ်စက်ချင်းစီ ကျရောက်နေတဲ့ ခံစားချက်က တကယ့်ကို အိပ်မက်ကမ္ဘာထဲ ရောက်သွားသလိုမျိုး လန်းဆန်းပေါ့ပါးသွားစေမှာပါ။
၄။ Nourishing Hair Treatment (ဆံသားကို အာဟာရဖြည့်ခြင်း)
နောက်ဆုံးမှာတော့ ဆံသားအမျိုးအစားနဲ့ ကိုက်ညီမယ့် Shampoo, Premium Treatment တွေကို အသုံးပြုပြီး ဆံပင်လေးတွေကို ပျော့ပျောင်း၊ တောက်ပ၊ သန်စွမ်းသွားအောင် အထူးပြု စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
"Reset. Relax. Radiate." ဆိုတဲ့အတိုင်း... ရေစက်လေးတွေရဲ့ အေးမြမှုကို ခံစားရင်း စိတ်ညစ်စရာတွေကို ဒီနေရာမှာပဲ ထားခဲ့လိုက်ပါ…
ဒီလို ထူးခြားတဲ့ အတွေ့အကြုံမျိုးကို ရဖို့ IO Spa ကို အခုပဲ Booking တင်လိုက်တော့နော်! 🥰
📞 Booking: 09 758 111 189, 09 420 026 200 📍 နေရာ: ၆၅ လမ်း နှင့် ၁၁၀ (အေ) လမ်းထောင့်၊ မန္တလေးမြို့။
#ခေါင်းလျှော် #လျှော်နှိပ်

🔥အထူး ပရိုမိုရှင်း Buy 1 Get 1 Free Spa Treat!🔥IO Spa ရဲ့ ချစ်ရတဲ့ Customer များအတွက် အထူးအစီအစဉ်လေး တစ်ခုနဲ့ လာခဲ့ပါပြီ...
08/07/2026

🔥အထူး ပရိုမိုရှင်း Buy 1 Get 1 Free Spa Treat!🔥
IO Spa ရဲ့ ချစ်ရတဲ့ Customer များအတွက် အထူးအစီအစဉ်လေး တစ်ခုနဲ့ လာခဲ့ပါပြီ! ✨
ဒီတစ်ခါတော့ ပင်ပန်းနွမ်းနယ်မှုတွေကို အပြည့်အဝ ဖယ်ရှားပေးမယ့် "Oil Massage Promotion" လေးပါရှင်။
🎁 "Oil Massage" ဝန်ဆောင်မှုကို ယူလိုက်ရုံနဲ့ အခမဲ့ (Free) အနေနဲ့ "Sauna" (သို့) "Body Scrub" တစ်ခုခုကို စိတ်ကြိုက်ရွေးချယ်ပြီး ပိုဇိမ်ခံနိုင်ပါပြီ!
၁။ Aroma Therapy Oil Massage (အမွှေးနံ့သာဆီ အနှိပ်)
အပေါ်ယံ နှိပ်နယ်တာမျိုး မဟုတ်ဘဲ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ အဓိကထားတာပါ။
သဘာဝမှရရှိတဲ့ အဆင့်မြင့် Aroma Oil တွေကို အပူပေးပြီး နှိပ်နယ်ပေးပါတယ်။ ကြွက်သားတွေ တင်းမာနေတဲ့နေရာတွေကို အသာအယာ ဖိနှိပ်ပေးခြင်း (Pressure points) နဲ့ ဖြေလျော့ပေးပါတယ်။
စိတ်ဖိစီးမှုတွေ လျော့ကျသွားပြီး အရေပြားကိုလည်း စိုပြေစေပါတယ်။
၂။ Sauna (ချွေးထုတ်ခြင်း)
သင့်တော်တဲ့ အပူချိန်မှာ ခန္ဓာကိုယ်ကို အနားပေးရပါတယ်။ Sauna အခန်းထဲမှာ ထိုင်နေတဲ့အချိန်မှာ ကိုယ်တွင်း အပူချိန်တက်လာပြီး ချွေးပေါက်တွေ ပွင့်လာပါတယ်။
ကိုယ်တွင်း အဆိပ်အတောက်တွေ (Toxins) ထွက်သွားပြီး ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးပါတယ်။ အနှိပ်မခံခင် (သို့) အနှိပ်ခံပြီးချိန်မှာ လုပ်ဆောင်ခြင်းဖြင့် ကြွက်သားတွေကို ပိုပြီး ပြေလျော့စေပါတယ်။
၃။ Body Scrub (အသားအရေ ပွတ်တိုက်ခြင်း)
အသားအရေ ညိုညစ်နေတာ၊ ကြမ်းတမ်းနေတာတွေကို ဖယ်ရှားပြီး အသားအရေသစ်ကို ပေါ်လာစေတဲ့ Treatment ပါ။
အထူးထုတ်လုပ်ထားတဲ့ US Made Scrub ပစ္စည်းတွေကို သုံးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ညင်ညင်သာသာ ပွတ်တိုက်ပေးပါတယ်။
အပေါ်ယံက ဆဲလ်သေတွေ (Dead Cells) အကုန်ကွာသွားပြီး အသားအရေက နူးညံ့ပြီး ကြည်လင်တောက်ပလာပါတယ်။
ဘာကြောင့် IO Spa မှာ တွဲလုပ်သင့်တာလဲ?
ကျွန်မတို့ဆီမှာဆိုရင် "Massage + Sauna + Scrub" ကို အစီအစဉ်တကျ တွဲလုပ်ပေးတာမို့ ပိုပြီး ထိရောက်မှုရှိပါတယ် -
ပထမဦးဆုံး (Scrub): ဆဲလ်သေတွေကို အရင်ဖယ်ရှားလိုက်တဲ့အတွက် အရေပြားက ပိုပြီး လက်ခံနိုင်တဲ့ အနေအထား ဖြစ်သွားပါတယ်။
ဒုတိယ (Sauna): ချွေးပေါက်လေးတွေ ပွင့်ပြီး အသားအရေက ပိုပြီး စိုပြေလာအောင် ပြင်ဆင်ပေးပါတယ်။
တတိယ (Oil Massage): နောက်ဆုံးမှ နှိပ်နယ်ပေးတဲ့အတွက် အဆီတွေက အရေပြားထဲထိ အစိုဓာတ်အပြည့်အဝ ဖြည့်တင်းပေးနိုင်ပါတယ်။
Buy 1 Get 1 Free နဲ့ ၂ မျိုးပဲလုပ်လည်းရသလို ဒီအစီအစဉ်လေးအတိုင်း ၃ မျိုးလုံးကို တစ်ခါတည်း ယူလိုက်မယ်ဆိုရင်တော့ တစ်ကိုယ်လုံးက ပေါ့ပါးသွက်လက်ပြီး အသားအရေလေးကလည်း နုပျိုတောက်ပလာမှာ အသေအချာပါပဲရှင်!
တစ်ချက်ခုတ် နှစ်ချက်ပြတ်နဲ့ ကိုယ့်ကိုယ်ကို အကောင်းဆုံး Treat ပေးဖို့ ဒီ Promotion လေးကို လက်မလွှတ်လိုက်ပါနဲ့ဦးနော်။ 🥰
"Reset. Relax. Radiate." 🌿 IO Spa ရဲ့ အေးချမ်းတဲ့ ဝန်းကျင်လေးမှာ ဇိမ်ကျကျ အနားယူဖို့ အခုပဲ Booking တင်ထားလိုက်ရအောင်!
📞 Booking: 09 758 111 189, 09 420 026 200 📍 နေရာ: ၆၅ လမ်း နှင့် ၁၁၀ (အေ) လမ်းထောင့်၊ မန္တလေးမြို့။
#အနှိပ်ဆီ #ချွေးထုတ်ခန်း #အနှိပ်ခံ

မြို့ပြရဲ့ ရုန်းကန်မှုတွေ၊ အလုပ်ကိစ္စတွေကြားမှာ ကိုယ့်အတွက် အချိန်လေး ခဏပေးဖို့ လိုအပ်နေပြီမလား? IO Spa ကတော့ မန္တလေးမြိ...
29/06/2026

မြို့ပြရဲ့ ရုန်းကန်မှုတွေ၊ အလုပ်ကိစ္စတွေကြားမှာ ကိုယ့်အတွက် အချိန်လေး ခဏပေးဖို့ လိုအပ်နေပြီမလား? IO Spa ကတော့ မန္တလေးမြို့ပြကြားက တကယ့်ကို အေးချမ်းတဲ့ အနားယူရာ နေရာလေးတစ်ခုပါ။ 🌿
ဒီနေရာလေးမှာ...
✅ ပင်ပန်းသမျှ စိတ်ညစ်စရာတွေကို IO မှာပဲ ထားခဲ့လိုက်ပါ...
✅ ဒါဟာ ရိုးရိုး Spa တစ်ခုထက် ပိုပါတယ်။ သင့်ရဲ့ Mood လေးကို ပြောင်းလဲပေးမယ့် နေရာလေးပေါ့။
✅ ကိုယ်တိုင်အတွက် ပေးသင့်တဲ့ အကောင်းဆုံး အနားယူမှု Me Time ဒီမှာပဲ ရယူလိုက်ပါ…
✨ IO Spa ရဲ့ ဝန်ဆောင်မှုများ
၁။ Facial Treatments (မျက်နှာထိန်းသိမ်းခြင်း)
• Deep Cleansing: ချွေးပေါက်ထဲထိ သန့်စင်ပြီး အဆီဖု/ဝက်ခြံ ကာကွယ်ပေးခြင်း။
• Facial Detox: အသားအရေထဲက အညစ်အကြေးများကို ဖယ်ရှားပြီး လန်းဆန်းစေခြင်း။
• Hydration Treatment: ရေဓာတ်ပြည့်ဝစေပြီး စိုပြေကြည်လင်စေခြင်း။
• Korea Face Massage: SMAS Layer အထိ ရောက်အောင် နှိပ်နယ်ပေးပြီး V-Shape ပေါ်စေခြင်း။
၂။ Body & Massage Therapies (ခန္ဓာကိုယ်နှင့် အနှိပ်ကုထုံးများ)
• Thai Traditional Massage: အကြောအခြင်များ ပြေလျော့စေသော ထိုင်းရိုးရာအနှိပ်။
• Aroma Therapy Oil Massage: စိတ်ရောကိုယ်ပါ Relax ဖြစ်စေမည့် မွှေးပျံ့သော အဆီနှိပ်နည်း။
• Hot Herbal Ball Therapy: ဆေးမြစ်စုံ ကြပ်ထုပ်ပူပူဖြင့် အညောင်းအညာနှင့် အပူငုတ်ဝေဒနာများကို ကုသပေးခြင်း။
• Foot Massage: ခြေထောက်နှင့် ခြေဖဝါး အညောင်းပြေအနှိပ်။
၃။ Waxing Services (အမွှေးအမျှင်ရှင်းလင်းခြင်း)
• အသားအရေအမျိုးအစားအလိုက် Hot Wax, Hard Wax နှင့် Strip Wax များဖြင့် သန့်ရှင်းသပ်ရပ်အောင် လုပ်ဆောင်ပေးခြင်း။
၄။ Eyelash Services (မျက်တောင်ဝန်ဆောင်မှုများ)
• Lash Extension: မျက်ဝန်းကို ပိုမိုလှပပြီး ထင်ရှားစေမည့် မျက်တောင်ဆက်ခြင်း။
• Lash Lift: သဘာဝမျက်တောင်ကို ကော့ညွှတ်နေအောင် ပြုလုပ်ပေးခြင်း။
ကိုယ့်ကိုယ်ကို ချစ်တဲ့သူတိုင်း IO Spa မှာ ဒီနေ့ပဲ လာရောက်ပြီး အားသစ်တဖန်မွေးလိုက်နော်! 🥰
Booking ကြိုတင်ယူပေးပါရှင့်!
📞 Booking: 09 758 111 189, 09 420 026 200
📍 နေရာ: ၆၅ လမ်း နှင့် ၁၁၀ (အေ) လမ်းထောင့်၊ မန္တလေးမြို့။
#ကိုယ့်ကိုယ်ကိုချစ်ပါ

တစ်နေ့လုံး Computer/Laptop ရှေ့မှာ အလုပ်လုပ်ရလို့ "Office Syndrome" ဒဏ်ကို ခံစားနေရပြီလား? 💻ဇာတ်ကြောတွေ တောင့်တင်း၊ ပုခု...
18/06/2026

တစ်နေ့လုံး Computer/Laptop ရှေ့မှာ အလုပ်လုပ်ရလို့ "Office Syndrome" ဒဏ်ကို ခံစားနေရပြီလား? 💻
ဇာတ်ကြောတွေ တောင့်တင်း၊ ပုခုံးတွေ နာကျင်၊ ခေါင်းတွေ မူးဝေပြီး အလုပ်မှာ အာရုံစိုက်မရဖြစ်နေပြီဆိုရင်တော့... IO Spa မှာ Office Syndrome Relief Massage နဲ့ အနားယူဖို့ အချိန်တန်ပါပြီ! 💆🏻‍♀️✨
💡 Office Syndrome ဘာလို့ ဖြစ်တာလဲ?
အထိုင်များခြင်း၊ ကိုယ်နေဟန်ထား (Posture) မမှန်ခြင်းနဲ့ ကြွက်သားတွေကို အချိန်ကြာမြင့်စွာ တင်းထားမိခြင်းတို့ကြောင့် အဓိက ဖြစ်ပေါ်လာတာပါ။ ဒီဝေဒနာတွေကို ကြာကြာထားရင် နောက်ဆက်တွဲ ခေါင်းကိုက်တာ၊ အိပ်မပျော်တာနဲ့ အလုပ်စွမ်းဆောင်ရည် ကျဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။
IO Spa ရဲ့ Office Syndrome ကုထုံးက ဘာကြောင့်ထူးခြားတာလဲ?
တခြားအနှိပ်တွေလို မဟုတ်ဘဲ Trigger Points တွေကို ပစ်မှတ်ထားပြီး နှိပ်ပေးတာပါ။
ကျွန်မတို့ အဓိကထား နှိပ်ပေးမယ့် နေရာလေးတွေကတော့ -
• ဂုတ်ကြောနဲ့ လည်ပင်း (Neck & Nape): ဖုန်း/Laptop ကြည့်လို့ တင်းနေတဲ့ ဇာတ်ကြောတွေကို ပေါ့သွားစေမယ်။
• ပုခုံးနဲ့ နောက်ကျော (Shoulders & Upper Back): တောင့်တင်းနေတဲ့ ပုခုံးကြွက်သားတွေကို အကြောပြေစေမယ်။
• ခေါင်းနဲ့ နားထင် (Head & Temples): အလုပ်ကြောင့် စိတ်ရှုပ်၊ ခေါင်းကိုက်နေတာတွေကို ညင်သာစွာ နှိပ်နယ်ပေးပြီး စိတ်ရောကိုယ်ပါ ကြည်လင်သွားစေမယ်။
💡 ကျွန်မတို့ရဲ့ ၃ ဆင့် ကုထုံး
၁။ Relax: တင်းမာနေတဲ့ ကြွက်သားတွေကို ပူနွေးစေဖို့ ဆီ (သို့) ဆေးကြပ်ထုပ်လေးနဲ့ အရင် ပြင်ဆင်ပေးမယ်။
၂။ Release: အတင်းဆုံးဖြစ်နေတဲ့ အကြောတွေကို ဖိနှိပ်ပြီး သွေးလည်ပတ်မှု ကောင်းအောင် လုပ်ပေးမယ်။
၃။ Refresh: နောက်ဆုံးမှာ ခေါင်းနဲ့ လည်ပင်းကို ဖြေလျှော့ပေးပြီး အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးလိုက်သလို ခံစားရစေမယ်။
Hot Herbal Ball (ဆေးကြပ်ထုပ်ပူပူ) လေးနဲ့ တွဲနှိပ်မယ်ဆိုရင်တော့ ပိုပြီး အမြန်သက်သာစေတာမို့ အထူးအကြံပြုချင်ပါတယ်ရှင့်။ 🌿🔥
"Reset. Relax. Radiate." 🌿
ပင်ပန်းသမျှတွေကို IO မှာပဲ ထားခဲ့လိုက်ပါ။ အထိုင်များတဲ့ အလုပ်တွေကြားထဲမှာ ကိုယ့်ကိုယ်ကို ပေးသင့်တဲ့ အကောင်းဆုံး ဆုလာဘ်ကတော့ ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်သွားစေမယ့် ဒီအနှိပ်ကုထုံးလေးတွေပါပဲ။
📞 Booking တင်ရန်: 09 758 111 189, 09 420 026 200
📍 လိပ်စာ: ၆၅ လမ်း နှင့် ၁၁၀ (အေ) လမ်းထောင့်၊ မန္တလေးမြို့
#အညောင်းပြေအနှိပ် #အလုပ်ချိန် #ဇက်ကျောတက် #အထိုင်များ

အမွှေးအမျှင်တွေကို သေချာရှင်းလင်းထားတာက သန့်ရှင်းသပ်ရပ်တဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ ပိုတိုးစေပါတယ်နော်။ IO Spa မ...
15/06/2026

အမွှေးအမျှင်တွေကို သေချာရှင်းလင်းထားတာက သန့်ရှင်းသပ်ရပ်တဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ ပိုတိုးစေပါတယ်နော်။ IO Spa မှာတော့ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် Waxing အမျိုးအစားတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
✨ IO Spa ရဲ့ Waxing အမျိုးအစားများ
• Hot Wax: အမွှေးအမျှင်တွေကို အမြစ်ကနေ ပျော့ပျောင်းစွာ ဖယ်ရှားပေးတဲ့အတွက် အသားအရေကို နူးညံ့သွားစေပါတယ်။
• Hard Wax: အထိခိုက်မခံတဲ့ နေရာ (ဥပမာ- မျက်နှာ၊ Bikini line) တွေအတွက် အကောင်းဆုံးဖြစ်ပြီး နာကျင်မှုကို အနည်းဆုံးဖြစ်စေပါတယ်။
• Strip Wax: ဧရိယာကျယ်တဲ့ နေရာတွေ (ဥပမာ- ခြေထောက်၊ လက်) အတွက် မြန်ဆန်ပြီး ထိရောက်မှုရှိပါတယ်။
💡 ဘာကြောင့် Waxing လုပ်သင့်တာလဲ?
၁။ ကြာရှည်ခံခြင်း: ရိတ်တာထက်စာရင် Waxing လုပ်တာက အမွှေးတွေ ပြန်ပေါက်နှုန်း နှေးပြီး ၂ ပတ်မှ ၄ ပတ်အထိ အသားအရေကို ချောမွေ့နေစေမှာပါ။
၂။ အမွှေးတွေ ပိုနုလာခြင်း: ပုံမှန် Waxing လုပ်ပေးတဲ့အခါ အမွှေးအမျှင်တွေက ပိုပြီး ပါးလာသလို၊ ပိုလည်း နုလာတာကို တွေ့ရပါလိမ့်မယ်။
၃။ Dead Cells တွေကို ဖယ်ရှားပေးခြင်း: Wax လုပ်တဲ့အခါ အသားအရေပေါ်က ဆဲလ်သေတွေကိုပါ တစ်ခါတည်း ဖယ်ရှားပေးလို့ အသားအရေက ပိုပြီး ကြည်လင်လာပါတယ်။
၄။ ယုံကြည်မှု တိုးစေခြင်း: လက်ပြတ်လေးတွေ၊ ရေကူးဝတ်စုံလေးတွေ ဝတ်တဲ့အခါ ဘာမှ စိတ်ပူစရာမလိုဘဲ ယုံကြည်မှုအပြည့်နဲ့ လှပနေစေမှာပါ။
IO Spa မှာ ရရှိနိုင်တဲ့ Waxing ဝန်ဆောင်မှုများ:
• ⚡️ ဂျိုင်း Waxing
• 🦵🏻 ခြေသလုံး Waxing
• 🙌🏻 လက်ဖျံ/လက်မောင်း Waxing
• 👙 Brazillian Waxing (Bikini)
IO Spa က စိတ်ချရတဲ့ ကျွမ်းကျင်တဲ့သူတွေဆီမှာ Waxing လုပ်ပြီး ယုံကြည်မှုရှိရှိ လှပလိုက်ပါတော့နော်။ 🥰
🏠 IO Spa (IDYLLIC OPALS Beauty Spa)
📞 ၀၉- ၇၅၈ ၁၁၁ ၁၈၉, ၀၉- ၄၂၀ ၀၂၆ ၂၀၀
📍 ၆၅လမ်း၊ ၁၁၀အေလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
#အလှအပဗဟုသုတ ်လမ်းများ

🧖🏻‍♀️ Spa လည်းလုပ်... Sauna လည်း (၃၀ မိနစ်) အလကားဝင်! ဒီထက်တန်တာ ရှိဦးမလား? ✨ခန္ဓာကိုယ်က အညောင်းအညာတွေကို ဖြေဖျောက်ပြီး ...
02/06/2026

🧖🏻‍♀️ Spa လည်းလုပ်... Sauna လည်း (၃၀ မိနစ်) အလကားဝင်! ဒီထက်တန်တာ ရှိဦးမလား? ✨
ခန္ဓာကိုယ်က အညောင်းအညာတွေကို ဖြေဖျောက်ပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူတွေအတွက် IO Spa က အထူး Promotion ပြင်ဆင်ပေးထားပါတယ်။

🎁 Special Offer
Body Scrub & Spa ဝန်ဆောင်မှု ယူသူတိုင်းအတွက် Sauna (၃၀ မိနစ်) ကို တစ်ပြားမှ ပေးစရာမလိုဘဲ အခမဲ့ (Free) ဝင်ခွင့်ပေးသွားမှာပါနော်!

ဒီနှစ်ခုတွဲလုပ်ရင် ဘာတွေပိုကောင်းလဲ?�ချွေးပေါက်တွေ ပွင့်သွားစေတယ်�အရင်ဆုံး Sauna ဝင်လိုက်တာကြောင့် ခန္ဓာကိုယ်က အပူဓာတ်ရပြီး ချွေးပေါက်လေးတွေ ပွင့်သွားပါမယ်။ အဆိပ်အတောက်တွေလည်း ချွေးနဲ့အတူ ပါသွားတာပေါ့။

2. Scrub ပိုထိရောက်စေတယ်: ချွေးပေါက်ပွင့်ပြီး အသားပျော့နေတဲ့အချိန်မှာ Body Scrub ဆက်လုပ်တဲ့အခါ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေက ပိုပြီး လွယ်လွယ်ကူကူ ထွက်သွားလို့ အသားအရေက သိသိသာသာ ပိုကြည်လင်သွားစေပါတယ်။

3. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်: Sauna နဲ့ Scrub တွဲလုပ်ပြီးသွားရင် တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး ညဘက်မှာလည်း ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်စေမှာပါ။

ပင်ပန်းသမျှတွေ Sauna ထဲမှာ ထားခဲ့ပြီး ဝင်းပတဲ့ အသားအရေလေးနဲ့ အိမ်ပြန်နိုင်ဖို့ IO Spa ကို အခုပဲ လှမ်းခဲ့လိုက်တော့နော်။ 🥰

📞 Booking ရယူရန်: 09420026200 / 09758111189
📍 နေရာ: 65လမ်း X 110A လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#အသားအရေလှပ #အပန်းဖြေ

💆🏻‍♀️ အနှိပ်လည်းခံ... Free Add-on service ယူ! IO Spa ရဲ့ "Relaxation Bonus" Promotion လာပါပြီ ✨နေ့စဉ်အလုပ်တွေကြောင့် ပင်...
02/06/2026

💆🏻‍♀️ အနှိပ်လည်းခံ... Free Add-on service ယူ! IO Spa ရဲ့ "Relaxation Bonus" Promotion လာပါပြီ ✨
နေ့စဉ်အလုပ်တွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ကိုယ်ခန္ဓာကို အနားပေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ IO Spa မှာ Body Massage ယူပြီး ပေါ့ပါးလန်းဆန်းသွားစေမယ့်အပြင် အထူးလက်ဆောင်ကိုပါ ထပ်ပေါင်းပေးဦးမှာနော်!

🎁 Relaxation Bonus အစီအစဉ်
IO Spa မှာ နှစ်သက်ရာ Body Massage (Aroma Oil သို့မဟုတ် ထိုင်းရိုးရာ) ဝန်ဆောင်မှု ယူသူတိုင်းအတွက် အောက်ပါဝန်ဆောင်မှု (၂) ခုထဲက မိမိနှစ်သက်ရာ တစ်ခုကို အခမဲ့ (Free) ထည့်သွင်းပေးသွားမှာပါရှင့်။

ရွေးချယ်နိုင်တဲ့ လက်ဆောင်များ-�🕯️ Ear Candle (နားသန့်စင်ကုထုံး): နားအတွင်းက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ခေါင်းကိုက်တာ၊ ဇာတ်ကြောတက်တာတွေကို သက်သာစေလို့ စိတ်ကို ကြည်လင်လန်းဆန်းသွားစေမှာပါ။�
2. 🔴 Cupping Therapy (ဖန်ခွက်စုပ်ကုထုံး): အပူငုပ်တာ၊ အကြောတောင့်တာနဲ့ ကြွက်သားနာကျင်တာတွေကို အမြန်ဆုံး သက်သာစေဖို့အတွက် အကောင်းဆုံး ကုထုံးတစ်ခုပါပဲ။

တစ်ချက်ခုတ် နှစ်ချက်ပြတ် ဇိမ်ကျသွားမယ့် အခွင့်အရေးမို့ အခုပဲ Relaxation Bonus ကို ရယူလိုက်ပါတော့နော်!

Appointment ကြိုတက်ယူပေးပါရန်
📞 09758111189, 09420026200
📍 ၆၅လမ်း၊ ၁၁၀အေလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#အနှိပ် #ကျန်းမာရေး #အပန်းဖြေ

Address

Coner Of 65th And 110A
Mandalay
951

Website

Alerts

Be the first to know and let us send you an email when IO Beauty Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category