Ziwa Thukha Clinic

Ziwa Thukha Clinic ဦးနှောက်နှင့်အာရုံကြော ဆိုင်ရာ အထူးကု ဆေးခန်း နှင့်ကျန်းမာရေး ၀န်ဆောင်မှု

23. February . 2026 🫶Hello , Namaste , မင်္ဂလာပါ🧑🏻‍🦽ဒီကနေ့တော့ ခါးနာတာနဲ့ပတ်သပ်ပြီး ပြောကြမယ် ခင်ဗျ။ဆွေးနွေးကြမယ် ။👨🏼‍🦽ခ...
23/02/2026

23. February . 2026
🫶Hello , Namaste , မင်္ဂလာပါ

🧑🏻‍🦽ဒီကနေ့တော့ ခါးနာတာနဲ့ပတ်သပ်ပြီး ပြောကြမယ် ခင်ဗျ။
ဆွေးနွေးကြမယ် ။

👨🏼‍🦽ခါးနာတိုင်း လူအများစုက အာရုံကြောညှပ်တာ လို့ ယူဆနေကြပါတယ် ။
အယူအဆက မှားသလားဆို မမှားပါဘူး ။ မှန်သလားဆိုလည်း အလုံးစုံ မမှန်ဘူးပေါ့။

👩🏼‍🦽‍➡️ခါးနာတာဟာ ခါးမှာ ရှိတဲ့ ကြွက်သား အရိုး အဆစ် ခါးဆစ် အာရုံကြော အားလုံးကနေဖြစ်တက်ပါတယ် ။

👨🏽‍🦼‍➡️အရိုး အဆစ် ကြွက်သား တွေ က ခါးနာရုံသာ ဖြစ်ပြီး အာရုံကြောမပါတာကြာင့် သက်သာပျောက်ကင်း ဖို့ ပိုမို လွယ်ကူတယ်ပေါ့ ။

🚶🏽အကိုက်အခဲပျောက်ဆေးသောက် နားနားနေပြီး ပုံမှန် လေ့ကျင့်ခန်း (မပြင်းထန်) တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင် >၉၅% က သက်သာပျောက်ကင်းကြပါတယ်။

🧑🏻‍🦽‍➡️ဒါပေမယ့် Prolapse Lumbar intervertebral disc (PID) ကြောင့် ဖြစ်တဲ့ Pain ခါးနာတာဟာ လေ့ကျင့်ခန်း လုပ်ရုံ ဆေးသောက်ရုံ နားနေရုံနဲ့ အားလုံး မသက်သာ တက်ဘူး။

🧑🏻‍🦼ဒီနေ့ prolapse Lumbar intervertebral disc Lumbar PID နဲ့ ပတ်သပ်ပြီး ဆွေးနွေးတင်ပြကြရအောင် ။

🧑🏼‍🦼‍➡️Prolapse Lumbar intervertebral disc
(ခါးဆစ်ကျောရိုးကွင်းပြားကျွံခြင်း)

👩🏼‍🦼‍➡️ကျောရိုးတခုနဲ့တခု ကြားထဲမှာ Disc လို့ခေါ်တဲ့ အရိုးကွင်းပြားလေးတွေ ရှိတယ် ။ အဲ့ဒီ Disc တွေက အပြင်နဲ့ အတွင်းမှာ အလွှာနှစ်လွှာ ပါတယ် ။ အပြင်က Annulus fibrosus and အတွင်းက Nucleus pulposus ဆိုပြီးရှိတယ် ။

👨🏽‍🦼‍➡️အသက်အရွယ်ကြီး လာတဲ့ အခါမှာ Disc material တွေက ရေဓာတ် ခမ်းခြောက်တဲ့ အခါ ကျွတ်ဆက်ပြီး ကွဲ လာတက်တယ် ။ ကွဲ ရင် အတွင်း က Nucleus pulposus က အာရုံကျော တွေ ကို ဖိတဲ့ အခါမှာ Back pain Radicular pain (ခါးနာ အာရုံကျောဖိ ခံရတာကြောင့် နာ ) ရပါတယ် ။ ပိုးဆိူး လျှင် အာရုံကျော ထွက်တဲ့ နား ညှပ်ခံ ရတာကြောင့် ခြေထောက်ထုံတာ ကျင်တာ လမ်းမလျှောက်နိုင်တာ ပျော့ခွေ တာတွေ ဖြစ်လာပါတယ် ။

👩🏼‍🦼‍➡️Lumbar PID ကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာ များ

👩🏼‍🦼‍➡️၁) Back pain လို့ခေါ်တဲ့ ခါး မှ စပြီး တင်ပါး ခြေသလုံး ခြေဖဝါး အထိ နာကျင်တာ (Sciatica pain)

👩🏼‍🦼‍➡️၂)Paresthesia ထုံကျင်နေခြင်း (အာရုံကျောဖိခံနေရသောနေရာအလိုက်)

🧑🏼‍🦼‍➡️၃) ခြေထောက်လမ်းမလျှောက်နိုင် မ မနိုင် ခြင်း (ကြွက်သားအားနည်း)

🧑🏼‍🦼‍➡️၄) အဆိုးဆုံး ဆီးဝမ်းမထိမ်းသိမ်း နိုင်ခြင်း ။( Red flags)
( Cauda Equina Syndrome) အရေးပေါ် ခွဲစိတ်မှု လိုအပ်။

👩🏼‍🦽‍➡️ရောဂါဘယ်လိုရှာမလဲ

👨🏽‍🦼‍➡️Lumbar spine X-ray - အရိုးကျိုးတာ ၊ အရိုးပါးတာ ၊ အတက်အလက်တွေ ထွက်နေတာ မြင်နိုင်။ သို့သော် Disc ကို မမြင်ရပါ။

👨🏽‍🦼‍➡️CT Scan လဲ X-ray လို့ပါဘဲ

👨🏽‍🦼‍➡️MRI - Disc ကို လည်းမြင်နိုင် ။ အာရုံကြော ညှပ်တာလည်း မြင်နိုင်။ ခွဲစိတ်မှု လိုအပ်ရင် များစွာ အထောက်အကူ ဖြစ်ပါတယ်။

🧑🏼‍🦼‍➡️ကုသမှု (Treatment plan)

🧑🏼‍🦼‍➡️Conservative Mx (ခွဲစိတ်ရန် မလိုသော ကုသမှု)
၈၀-၉၀% လူနာတွေ သက်သာပျောက်ကင်းကြပါတယ်။
၁) ဆေးဝါးဖြင့် ကုသခြင်း - အကိုက်အခဲ ပျောက်ဆေး NSAIDS ၊ အကျောတင်းတာလျော့စေတဲ့ဆေးဝါး Muscles relaxants ၊ ထုံကျင်သက်သာဆေး Neuropathic Medication (Pregabalin , Gabapentin)

၂)ခွဲစိတ်ပြီးကုသမှု (Surgical Management)

Indications / ခွဲစိတ်ရန်လိုအပ်ချက်များ

**၆ ပတ် မှ ၁၂ ပတ် ဆေးဝါးဖြင့် ကုသသော်လည်း မသက်သာခြင်း သို့မဟုတ် အာရုံကြော အားနည်းမှု ပိုးဆိုးလာ

****Cauda equina syndrome

👨🏼‍🦽Methods (ခွဲစိတ်မှု နည်းလမ်း )

Microdiscectomy - အဏုကြည့်မှန်ဘီးလူးဖြင့် ကျွံနေသော Disc အစများကို ဖယ်ထုတ်ခြင်း။

Endoscopic discectomy -အပေါက်ငယ်လေးဖြင့် ပြွန်ထည့်ကာ disc အစများဖယ်ထုတ်ခြင်း ။

Posterior decompression laminectomy မြန်မာပြည်မှာ အသုံးများတဲ့ ခွဲစိတ်နည်းပါ ။ ကျောရိုးနောကျောက အရိုးများ ဖွင့်ပြီး ညှပ်နေသော အာရုံကြောကို နေရာ ပေးခြင်းပါ။

🧑🏻‍🦼Rehabilitation and follow up (ပြန်လည်သန်စွမ်းရေးနဲ့ နောက်ဆက်တွဲ စောင့်ကြည့်ခြင်း)

🏃🏾‍♀️Physiotherapy
Ergonomics- မိမိ ထိုင်ပုံ ထိုင်နည်း များကို ပြင်ဆင်ခြင်း (မတ်မတ်ထိုင် ၊ ကြာကြာမထိုင် ကြာကြာမရပ် ) ၊ အလေးအပင် မ မရန် လိုအပ်။

🚶🏻‍♂️‍➡️မလှုပ်မရှား နေခြင်းထက် ပုံမှန် သွားလာ လှုပ်ရှားဖို့ လည်း လိုအပ်ပါတယ် ။

🚶🏻‍♂️‍➡️Follow up - မိမိရဲ့ ရောဂါနဲ့ ပတ်သပ်ပြီး ပုံမှန် စစ်ဆေးပြသမှုလုပ်ရန် လိုအပ်ပါတယ် (ခွဲစိတ် မှာလုပ်သော် လည်းကာင်း / မလုပ်သော် လည်းကာင်း )

မိမိရောဂါနှင့်ပတ်သပ်၍ တိုင်ပင်ဆွေးနွေးကုသလိုလျှင်
ဇီဝသုခဆေးခန်း . လမ်း ၃၀ လမ်း၉၀ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် သို့ လာရောက်ပြသနိုင်ပါ
သည်။








🦀  ခုတလော Hot topic ဖြစ်နေတဲ့ Nipha Virus အကြောင်း သိကောင်းစရာ🦇  တိရစ္ဆာန် ကနေ့ လူကို ကူးစက်တက်တဲ့  Zoonotic disease အမျ...
26/01/2026

🦀 ခုတလော Hot topic ဖြစ်နေတဲ့ Nipha Virus အကြောင်း သိကောင်းစရာ
🦇 တိရစ္ဆာန် ကနေ့ လူကို ကူးစက်တက်တဲ့ Zoonotic disease အမျိုးအစားဖြစ်ပြီး သေနှုန်း လည်း မြင့်ပါတယ်။ ၄၀% - ၇၅% ထိ။

၁)Nipha လို့ဘာကြောင့်ခေါ်သလဲ?
၂) ဘာနဲ့ ဘယ်လို ကူးစက်နိုင်တာလဲ?
၃) ရောဂါလက္ခဏာ ဘယ်လိုပြသလဲ?
၄) ဘယ်လို ကုသနိုင်သလဲ?

ဒီလိုမေးခွန်းလေးတွေ ရှိလိမ့်မယ်. ။

🦇 မေးခွန်း ၁
ဘာကြောင့် Nipha Virus လို့ခေါ်သလဲ
1998 ခုနှစ်မှာ Sungai Nipha လို့ခေါ်တဲ့ မလေးရှားက ရွာမှာ ဖြစ်ခဲ့ တွေ့ခဲ့တာ ကို အဆွဲပြုပြီး Nipha virus လို့ ခေါ်တာပါ။

🦇 မေးခွန်း ၂
ဘယ်လိုကူးစက်နိုင်သလဲ
Zoonotic disease ဆိုတဲ့ တိရိစ္ဆာန် ကနေ လူတွေကို ကူးစက်တဲ့ ရောဂါ အမျိုးအစားဖြစ်တယ်။
ဒီဗိုင်းရပ်စ်ရဲ့ ပင်မရင်းမြစ်က လင်းနို့ (အသီးစားလင်းနို့) ဖြစ်ပါတယ်။ လင်းနို့ကနေတစ်ဆင့် အခြားတိရစ္ဆာန် (ဥပမာ- ဝက်) နဲ့ လူတွေဆီကို ကူးစက်တာပါ။

🦇 ကူးစက်နိုင်ခြေရှိတဲ့နည်းလမ်းများ
အစာမှတစ်ဆင့်: လင်းနို့ ကိုက်ထားတဲ့ အသီးအနှံတွေကို စားမိခြင်း သို့မဟုတ် လင်းနို့အညစ်အကြေး ပါဝင်နေတဲ့ သစ်သီးရည် (ဥပမာ- ထန်းရည်၊ ဓနိရည်) တွေကို အပူမပေးဘဲ သောက်မိခြင်း။

🐷 တိရစ္ဆာန်မှတစ်ဆင့်: ပိုးရှိတဲ့ ဝက် သို့မဟုတ် လင်းနို့တွေရဲ့ သွေး၊ တံတွေး၊ ဆီးတို့နဲ့ တိုက်ရိုက်ထိတွေ့ခြင်း။

👱🏽‍♀️ လူမှလူသို့: ပိုးရှိသူရဲ့ နှာချေ၊ ချောင်းဆိုး သို့မဟုတ် ခန္ဓာကိုယ်ထွက်ရည်တွေကနေတစ်ဆင့် အနီးကပ်ပြုစုသူတွေဆီ ကူးစက်ခြင်း

🦇 မေးခွန်း ၃)
ရောဂါလက္ခဏာ ဘယ်လိုပြလဲ
ပိုးကူးစက်ခံရပြီး ၄ ရက်မှ ၁၄ ရက်အတွင်း လက္ခဏာပြလေ့ရှိပါတယ်။

🤒 အစောပိုင်းလက္ခဏာ: ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ ကြွက်သားနာကျင်ခြင်း (တုပ်ကွေးနဲ့ ဆင်တူပါတယ်)။

🤕 ပြင်းထန်လာပါက: မူးဝေခြင်း၊ သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း။

🤯 နောက်ဆက်တွဲ: ဦးနှောက်ရောင်ခြင်း (Encephalitis) အထိ ဖြစ်နိုင်ပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း သတိလစ် (Coma) တာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။

🦇 မေးခွန်း ၄)
ဘယ်လိုကုသ ကာကွယ်နိုင်မလဲ

🌡 လက်ရှိအချိန်ထိ Nipah အတွက် သီးသန့်ကာကွယ်ဆေး (Vaccine) မရှိသေးပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းက အကောင်းဆုံးပါ။

🍎 သစ်သီးများကို သေချာဆေးပါ: လင်းနို့ကိုက်ရာ ပါတဲ့အသီးတွေကို လုံးဝမစားပါနဲ့။

🧽 သန့်ရှင်းမှု: အစားအသောက် မကိုင်တွယ်မီနဲ့ အပြင်ကပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးပါ။

🥃 ထန်းရည်/ဓနိရည်: လတ်လတ်ဆတ်ဆတ် သောက်သုံးမယ်ဆိုရင် လင်းနို့အညစ်အကြေး မပါအောင် သေချာဂရုစိုက်ပါ။

🦇🐷 တိရစ္ဆာန်များနှင့် ထိတွေ့မှု: နေမကောင်းဖြစ်နေတဲ့ ဝက် ဒါမှမဟုတ် လင်းနို့တွေနဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

🚗 Take home message

Nipah ဟာ သေဆုံးမှုနှုန်း အလွန်မြင့်မား (၄၀% မှ ၇၅% အထိ) တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အထူးသတိထားရမယ့် ရောဂါစာရင်းထဲမှာ ထည့်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် တို့မှာ မကြာခဏဆိုသလို ကူးစက်မှုတွေ ရှိတတ်ပါတယ်။
စတင်ဖြစ်ပွားတဲ့ မလေးရှားနိုင်ငံ နှင့် စင်္ကာပူ နိုင်ငံတွေမှာလဲ ရှိတာကြောင့် သတိအသိရှိသင့်ပါတယ် ။




🧠Intraventricular Hemorrhage (IVH) ဆိုသည်မှာ ဦးနှောက်ရဲ့ ပုံမှန်ရှိနေကျ အရည်ကြည်များ (Cerebrospinal Fluid - CSF) စီးဆင်း...
30/12/2025

🧠Intraventricular Hemorrhage (IVH) ဆိုသည်မှာ ဦးနှောက်ရဲ့ ပုံမှန်ရှိနေကျ အရည်ကြည်များ (Cerebrospinal Fluid - CSF) စီးဆင်းရာ လမ်းကြောင်းဖြစ်တဲ့ Ventricles (ဦးနှောက်တွင်းရေကန်များ) ထဲမှာ သွေးယိုစီးခြင်းကို ဆိုလိုပါတယ်။
👀​ဒါဟာ များသောအားဖြင့် လမစေ့ဘဲ မွေးဖွားတဲ့ ကလေးငယ်တွေမှာ အဖြစ်များသလို၊ လူကြီးတွေမှာလည်း သွေးတိုးရောဂါ ဒါမှမဟုတ် ဦးနှောက်သွေးကြောနံရံဖောင်းခြင်း (Aneurysm) , သွေးကြောထုံးများ(AVM) ပေါက်ထွက်ရာကနေ ဖြစ်တတ်ပါတယ်။

🫁​၁။ Clinical Presentation (ရောဂါလက္ခဏာများ)
​IVH ရဲ့ လက္ခဏာတွေက သွေးယိုစိမ့်မှု ပမာဏအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
​ကလေးငယ်များတွင်:
😷​Silent Presentation: အချို့ကလေးငယ်တွေမှာ ဘာလက္ခဏာမှ မပြဘဲ ရှိနေတတ်ပါတယ်။
🤯​Catastrophic (ရုတ်တရက် ပြင်းထန်ခြင်း): သတိလစ်ခြင်း၊ အသက်ရှူရပ်ခြင်း (Apnea)၊ ကိုယ်လက်တောင့်တင်းခြင်း (Seizures)၊ နဲ့ ငယ်ထိပ်ဖောင်းခြင်း (Bulging fontanelle)။
🤕​Saltatory (တဖြည်းဖြည်းခြင်း): လှုပ်ရှားမှု နည်းသွားခြင်း၊ မျက်လုံး လှုပ်ရှားမှု မမှန်ခြင်း၊ သွေးအားနည်းခြင်း။
🧔​လူကြီးများတွင်:
​ရုတ်တရက် ခေါင်းအလွန်အမင်း ကိုက်ခြင်း (Sudden severe headache)။
​ပျို့အန်ခြင်း။
​သတိလစ်ခြင်း သို့မဟုတ် ဂယောင်ဂတမ်းဖြစ်ခြင်း (Altered mental status)။
​လည်ပင်းတောင့်ခြင်း (Meningismus)
ဆိုသောရောဂါလက္ခဏာတွေနဲ့ လာတက်ပါသည်။

🧔လူကြီးတွေမှာဖြစ်တဲ့ Intraventricular Hemorrhage (IVH) ဟာ များသောအားဖြင့် ဦးနှောက်သွေးကြောပေါက်ခြင်း (Intracerebral Hemorrhage - ICH) ဒါမှမဟုတ် သွေးကြောစူခြင်း (Aneurysm) ပေါက်ခြင်းတို့ကနေ သွေးတွေ Ventricles ထဲ စီးဝင်သွားရာကနေ ဖြစ်တာများပါတယ်။
💣​လူကြီး IVH အတွက် အသေးစိတ်နဲ့ Prognosis ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
💣​၁။ လူကြီးများတွင် ဖြစ်ရသော အဓိကအကြောင်းရင်းများ
💣​Hypertension (သွေးတိုးရောဂါ): အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပြီး သွေးကြောငယ်လေးများ ပေါက်ထွက်ခြင်းကြောင့် ဖြစ်သည်။
💣​Vascular Malformations: ဦးနှောက်သွေးကြောပုံစံမမှန်ခြင်း (AVM) သို့မဟုတ် သွေးကြောစူခြင်း (Aneurysm)။
💣​Cerebral Amyloid Angiopathy (CAA): အသက်ကြီးပိုင်းတွေမှာ တွေ့ရတတ်တဲ့ သွေးကြောနံရံ အားနည်းတဲ့ရောဂါ။
💣​Anticoagulant use: သွေးကျဲဆေး သုံးစွဲနေသူများတွင် သွေးယိုစီးမှု ပိုမိုပြင်းထန်တတ်သည်။

🧑‍🎓Management

အရေးပေါ်စောင့်ရှောက်မှု (Acute Management)
​Airway & Breathing: အသက်ရှူလမ်းကြောင်းကို ထိန်းသိမ်းပေးခြင်း။
​Blood Pressure Control: သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိခြင်း (သွေးထပ်မယိုစေရန်)။
​Seizure Prophylaxis: အတက်ရောဂါ မဖြစ်အောင် ကာကွယ်ဆေးပေးခြင်း။

​👨‍🔬ခွဲစိတ်ကုသမှု (Surgical Intervention)
​External Ventricular Drain (EVD): ဦးနှောက်ခေါင်းထဲကို ပိုက်ထည့်ပြီး ပိုနေတဲ့ သွေးနဲ့ အရည်တွေကို အပြင်ထုတ်ပေးခြင်း။
​VP Shunt: အကယ်၍ ဦးနှောက်ထဲမှာ အရည်တွေ ဆက်တိုက်အိုင်နေရင် (Hydrocephalus) အဲဒီအရည်တွေကို ဗိုက်ထဲကို စီးဆင်းသွားအောင် ပိုက်ဖြင့် လမ်းကြောင်းလွှဲ ကုသပေးခြင်း ။

👾​ Prognosis (ရောဂါအလားအလာ)
​လူကြီးတွေမှာ IVH ရဲ့ Prognosis က အောက်ပါအချက်တွေအပေါ် အများကြီး မူတည်ပါတယ်။
​Graeb Score: လူကြီး IVH ပြင်းထန်မှုကို တိုင်းတာတဲ့ စနစ်ဖြစ်ပါတယ်။ သွေးပမာဏ (Amount of blood) နဲ့ Ventricle တွေထဲ သွေးဘယ်လောက် ပြည့်နေသလဲအပေါ် မူတည်ပြီး ရမှတ်ပေးပါတယ်။ ရမှတ်များလေ Prognosis မကောင်းလေ ဖြစ်ပါတယ်။
​Hydrocephalus (ဦးနှောက်ထဲအရည်အိုင်ခြင်း): သွေးခဲတွေက CSF စီးဆင်းရာလမ်းကြောင်းကို ပိတ်ဆို့လိုက်တဲ့အတွက် ဦးနှောက်အတွင်း ဖိအား (ICP) ရုတ်တရက်တက်လာပြီး အသက်အန္တရာယ် စိုးရိမ်ရတတ်ပါတယ်။
​Level of Consciousness (GCS Score): ဆေးရုံရောက်ချိန်မှာ လူနာရဲ့ သတိထားနိုင်မှု အခြေအနေက အရေးကြီးဆုံး Prognostic factor တစ်ခုဖြစ်ပါတယ်။
​Associated ICH: သွေးယိုစိမ့်မှုက ဦးနှောက်တစ်ရှူး (Brain Parenchyma) ထဲမှာပါ အများကြီး ရှိနေရင် ပြန်လည်ကောင်းမွန်နှုန်း (Functional recovery) ပိုနည်းတတ်ပါတယ်။
​မှတ်ချက်: Grade III နဲ့ IV ရှိတဲ့ လူနာတွေ၊ ဒါမှမဟုတ် သွေးပေါင်ချိန် အရမ်းတက်နေတဲ့ လူနာတွေမှာ Mortality rate (သေဆုံးနှုန်း) ပိုမြင့်တတ်ပါတယ်။

😈​နောက်ဆက်တွဲ ပြဿနာများ (Complications)
​Obstructive Hydrocephalus: သွေးခဲကြောင့် အရည်လမ်းကြောင်းပိတ်ပြီး ခေါင်းထဲဖိအားတက်ခြင်း။
​Delayed Hydrocephalus: သွေးခဲပျော်သွားသော်လည်း အမာရွတ်ကြောင့် အရည်စုပ်ယူမှု အားနည်းသွားပြီး နောက်ပိုင်းမှ ခေါင်းထဲအရည်ပြန်အိုင်ခြင်း။
​Vaso-spasm: သွေးကြောများ ရှုံ့သွားပြီး ဦးနှောက်သွေးမဝတော့ဘဲ လေဖြတ်သကဲ့သို့ ဖြစ်ခြင်း (အထူးသဖြင့် Aneurysm ကြောင့် ဖြစ်သော IVH တွင် တွေ့ရတတ်သည်)။

🧑‍🦽👩‍🦽​ဆက်လက်စောင့်ရှောက်မှု (Long-term Management)
​Rehabilitation: စကားပြောရခက်ခြင်း၊ ခြေလက်မသန်ခြင်းတို့အတွက် Physical therapy နဲ့ Occupational therapy လိုအပ်ပါတယ်။
​Strict BP Control: သွေးတိုးကို စနစ်တကျ ထိန်းချုပ်ခြင်းက နောက်တစ်ကြိမ် သွေးထပ်မယိုအောင် ကာကွယ်ရာမှာ အရေးကြီးဆုံးပါ။
​Imaging Follow-up: ဦးနှောက်ထဲက သွေးခဲတွေ ပျော်/မပျော်နဲ့ Hydrocephalus ဖြစ်/မဖြစ် သိနိုင်ဖို့ CT scan ပြန်ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။
​ကုသမှုမှာ ရည်ရွယ်တာက ဦးနှောက်အတွင်း ဖိအား (Intracranial Pressure - ICP) ကို လျှော့ချဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

🦸‍♂️ကာကွယ်ခြင်း (Prevention - ကလေးငယ်များအတွက်)

​လမစေ့ဘဲ မွေးမယ့်မိခင်တွေကို Antenatal Corticosteroids ပေးခြင်းဖြင့် ကလေးငယ်မှာ IVH ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

🧔လူကြီးတွေမှာ Intraventricular Hemorrhage (IVH) မဖြစ်အောင် ကာကွယ်ခြင်း (Prevention) ဟာ အဓိကအားဖြင့် ဦးနှောက်သွေးကြော ပေါက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ထိန်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို Primary Prevention (မဖြစ်ခင် ကာကွယ်ခြင်း) နဲ့ Secondary Prevention (တစ်ကြိမ်ဖြစ်ပြီးနောက် ထပ်မဖြစ်အောင် ကာကွယ်ခြင်း) ဆိုပြီး နှစ်ပိုင်း ခွဲခြားကြည့်နိုင်ပါတယ်။

​၁။ သွေးတိုးရောဂါကို စနစ်တကျ ထိန်းချုပ်ခြင်း (The Most Important Step)
​လူကြီးတွေမှာ IVH ဖြစ်ရတဲ့ အဓိက တရားခံဟာ သွေးတိုး (Hypertension) ဖြစ်ပါတယ်။
​Target BP: ပုံမှန်အားဖြင့် သွေးပေါင်ချိန်ကို 130/80 mmHg အောက်မှာ ရှိနေအောင် ထိန်းရပါမယ်။
​Consistency: ဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း မှန်မှန်သောက်ရပါမယ်။ နေကောင်းနေတယ်ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်တာမျိုး လုံးဝ မလုပ်ရပါ။
​Home Monitoring: အိမ်မှာ သွေးပေါင်ချိန်စက်လေးထားပြီး ပုံမှန် တိုင်းတာ မှတ်တမ်းတင်ထားသင့်ပါတယ်။

​၂။ သွေးခဲစနစ်နှင့် ပတ်သက်၍ သတိပြုခြင်း (Manage Coagulopathy)
​သွေးကျဲဆေး သုံးစွဲမှု: Aspirin, Warfarin ဒါမှမဟုတ် အခြား သွေးကျဲဆေးတွေ သောက်နေရသူဖြစ်ပါက ဆရာဝန်နဲ့ ပုံမှန်ပြသပြီး သွေးခဲစနစ် (INR level) ကို စစ်ဆေးရပါမယ်။
​Over-the-counter meds: ကိုယ့်သဘောနဲ့ကိုယ် သွေးကျဲစေနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သောက်ခြင်းကို ရှောင်ကြဉ်ပါ။

​၃။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Modifications)
​အရက်နှင့် ဆေးလိပ်: အရက် အလွန်အကျွံ သောက်ခြင်းက သွေးပေါင်ချိန်ကို ရုတ်တရက် တက်စေပြီး သွေးကြောပေါက်နိုင်ခြေ များစေပါတယ်။ ဆေးလိပ်သောက်ခြင်းက သွေးကြောနံရံတွေကို အားနည်းစေပါတယ်။
​အစားအသောက်: ဆား (Salt) လျှော့စားခြင်းက သွေးတိုးကျဖို့ တိုက်ရိုက် အထောက်အကူပြုပါတယ်။ (DASH diet သို့မဟုတ် Mediterranean diet ကဲ့သို့ အသီးအနှံနှင့် ငါးကို အဓိကစားသော ပုံစံမျိုးက ကောင်းမွန်ပါတယ်)။
​ကိုယ်အလေးချိန်: အဝလွန်ခြင်းက သွေးတိုးနဲ့ ဆီးချိုကို ဖြစ်စေနိုင်တဲ့အတွက် ကိုယ်အလေးချိန် ထိန်းရပါမယ်။

​၄။ ဦးခေါင်း ထိခိုက်ဒဏ်ရာ ကာကွယ်ခြင်း
​ချော်လဲခြင်း သို့မဟုတ် တိုက်မိခြင်းကြောင့် ဦးနှောက်သွေးယိုစိမ့်မှု မဖြစ်အောင် အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ ချော်မလဲအောင် ဂရုစိုက်ပေးခြင်း၊ ကားမောင်းလျှင် ခါးပတ်ပတ်ခြင်း၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းခြင်းတို့ ပြုလုပ်ရပါမယ်။

​၅။ ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်း (Screening)
​အကယ်၍ မိသားစုထဲမှာ ဦးနှောက်သွေးကြောစူခြင်း (Aneurysm) ရောဂါမျိုး ရှိခဲ့ဖူးပါက မိမိမှာလည်း ရှိ/မရှိ Brain MRA/CTA ရိုက်ပြီး စစ်ဆေးထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။









Myelomeningocele Myelomeningocele (မိုင်လိုမန်နင်ဂိုဆီးလ်) ဆိုတာ မွေးရာပါ ခါးဆစ်ရိုးမလုံတဲ့ရောဂါ (Spina Bifida) အမျိုးအစ...
28/12/2025

Myelomeningocele

Myelomeningocele (မိုင်လိုမန်နင်ဂိုဆီးလ်) ဆိုတာ မွေးရာပါ ခါးဆစ်ရိုးမလုံတဲ့ရောဂါ (Spina Bifida) အမျိုးအစားတွေထဲမှာ အပြင်းထန်ဆုံးနဲ့ အဖြစ်အများဆုံး အမျိုးအစားတစ်ခုဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းပြောရရင် ကလေးငယ် မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ် ကျောရိုးဆစ်တွေဟာ ကောင်းကောင်းမပိတ်ဘဲ ဟနေတဲ့အတွက် အာရုံကြောမကြီး (Spinal cord) နဲ့ အာရုံကြောမြှေးပါးတွေဟာ အဲဒီဟနေတဲ့နေရာကနေ အပြင်ကို အိတ်ကလေးလိုမျိုး ထွက်နေတာကို ဆိုလိုပါတယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေကို အောက်မှာ အကျဉ်းချုပ် ဖော်ပြပေးထားပါတယ် -
၁။ ဖြစ်ရတဲ့ အကြောင်းရင်း
အတိအကျကို မသိရသေးပေမဲ့ ပညာရှင်တွေက အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ် -

* ဖောလစ်အက်ဆစ် (Folic Acid) ချို့တဲ့ခြင်း: ကိုယ်ဝန်ဆောင်စဉ်အတွင်း ( folate deficiency ) ဖောလစ်အက်ဆစ် လုံလောက်စွာမရရှိခြင်းဟာ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

* မျိုးရိုးဗီဇ:(Hereditary) မိသားစုထဲမှာ ဒီရောဂါရှိဖူးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

* ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ:( Environmental factors) မိခင်မှာ ဆီးချိုရောဂါရှိခြင်း သို့မဟုတ် အချို့သော အတက်ကျဆေးများ သောက်သုံးနေရခြင်း။

၂။ လက္ခဏာများနှင့် နောက်ဆက်တွဲ ပြဿနာများ
ကျောရိုးအာရုံကြော ထိခိုက်မှုရှိတဲ့အတွက် ကလေးမှာ အောက်ပါဝေဒနာတွေ ခံစားရနိုင်ပါတယ် -

* ခြေလက်လှုပ်ရှားမှု အားနည်းခြင်း: ခြေထောက်များ လေဖြတ်ခြင်း သို့မဟုတ် ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း။

* ဆီးနှင့် ဝမ်း ထိန်းမရခြင်း: ဆီးအိမ်နဲ့ အူလမ်းကြောင်းကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ပျက်စီးနေတတ်ပါတယ်။

* ဦးခေါင်းထဲတွင် ရေဝင်ခြင်း (Hydrocephalus): ဦးနှောက်ထဲမှာ အရည်တွေစုပြီး ခေါင်းကြီးလာတတ်ပါတယ်။

* အရိုးအဆစ် ပြဿနာများ: ခြေထောက်ပုံစံ မမှန်ခြင်း (Clubfoot) နဲ့ ခါးရိုးစောင်းခြင်း။

၃။ ကုသမှုနည်းလမ်းများ
ဒီရောဂါဟာ ကုသလို့ အရှင်းပျောက်တဲ့ရောဂါမျိုး မဟုတ်ပေမဲ့ ဝေဒနာသက်သာအောင်နဲ့ အခြေအနေမဆိုးအောင် ပြုလုပ်ပေးနိုင်ပါတယ် -

* ခွဲစိတ်ကုသခြင်း: ကလေးမွေးပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း ဟနေတဲ့ ကျောရိုးကို ပိတ်ဖို့ ခွဲစိတ်မှု ပြုလုပ်ရလေ့ရှိပါတယ်။ အချို့နိုင်ငံတွေမှာတော့ မိခင်ဝမ်းဗိုက်ထဲမှာကတည်းက ခွဲစိတ်တဲ့နည်းပညာ (Fetal surgery) ကို သုံးကြပါတယ်။

* ရေစုပ်ပြွန်ထည့်ခြင်း (Shunt): ဦးနှောက်ထဲ ရေဝင်ရင် အရည်တွေကို စုပ်ထုတ်ဖို့ ပြွန်တပ်ရတတ်ပါတယ်။

* ကာယကုထုံး (Physiotherapy): ခြေထောက်လှုပ်ရှားမှု ကောင်းမွန်စေဖို့နဲ့ လမ်းလျှောက်နိုင်စေဖို့ လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးရပါတယ်။
ကာကွယ်ရန် နည်းလမ်း
အကောင်းဆုံး ကာကွယ်နည်းကတော့ ကိုယ်ဝန်မဆောင်ခင် အနည်းဆုံး တစ်လ ကတည်းကနဲ့ ကိုယ်ဝန်ဆောင် ပထမ ၃ လ အတွင်းမှာ ဖောလစ်အက်ဆစ် (Folic Acid) အားဆေးကို ပုံမှန်သောက်သုံးပေးဖို့ ဖြစ်ပါတယ်။

> မှတ်ချက်: အကယ်၍ သင့်ကလေးမှာ ဒီလိုအခြေအနေမျိုး ရှိနေတယ်ဆိုရင် အာရုံကြောခွဲစိတ်ဆရာဝန် (Neurosurgeon)၊ အရိုးအထူးကုဆရာဝန်နဲ့ ကလေးအထူးကုဆရာဝန်တို့ ပါဝင်တဲ့ အဖွဲ့အစည်းနဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေး ကုသဖို့ အရေးကြီးပါတယ်။
info




/Meningomyelocele

31/10/2025

Dr. Nay Lynn Latt
MBBS
M.MED.Sc (Neurosurgery)

Dr.Aung Ko Oo
MBBS
M.MED.Sc (Neurosurgery)

ဇီ၀သုခ
အထွေထွေရောဂါ နှင့် ဦးနှောက်အာရုံကြောခွဲစိတ်ကု ဆေးခန်း
လိပ်စာ - လမ်း၉၀ × လမ်း၃၀ ၊ ပြည်ကျော်စျေးအနောက်ဘက်၊ ပြည်ကြီးပျော်ဘွယ်အနောက် ရပ်ကွက် ၊ ချမ်းအေးသာစံ၊ မန္တလေးမြို့။
Phone 09796152180
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဦးနှောက်နှင့်အာရုံကြော ဆိုင်ရာ အထူးကု ဆေးခန်း နှင့်ကျန်းမာရေး ၀န်ဆောင်မှု

26/04/2025

ဦးနှောက်အာရုံကြော ရောဂါနှင့်ပတ်သပ် ပြီး ဆေးခန်း ပြသလိုလျှင်
097961552180 အား phone ဆက်၍ ဖြစ်စေ ၊ Viber message မှ ဖြစ်စေ၊ page messenger မှဖြစ်စေ ဆက်သွယ် မေးမြန်းနိုင် ပါသည်။
အိမ်တွင်လည်း အချိန်မရွှေး လာရောက်ပြသတိုင်ပင်နိုင်ပါသည်။ (phone ကြိုတင်ဆက်ပေးပါရန်)
ကျေးဇူးတင်ပါတယ် ။

ဦးနှောက်နှင့်အာရုံကြော ဆိုင်ရာ အထူးကု ဆေးခန်း နှင့်ကျန်းမာရေး ၀န်ဆောင်မှု

🧠Let talk about Intracerebral Hemorrhage - ICH (ဦးနှောက်သား အတွင်း သွေးယိုစီးခြင်း)🧠ICH ဆိုတာ ဦးနှောက်သားအတွင်းသွေးယိုစီ...
07/03/2025

🧠Let talk about Intracerebral Hemorrhage - ICH (ဦးနှောက်သား အတွင်း သွေးယိုစီးခြင်း)

🧠ICH ဆိုတာ ဦးနှောက်သားအတွင်းသွေးယိုစီးခြင်းကိုခေါ်ပါတယ် ။

🧭ဖြစ်ပွားမှု - Incidence

🧠လေဖြတ်ခြင်း နှစ်မျိုးထဲက တမျိုးဖြစ်ပြီ ရာခိုင်နှုန်းအားဖြင့် ၁၅% မှ ၃၀% နှုန်း အဖြစ်များပါတယ်။
🧠ဦးနှောက်အတွင်းမှာရှိတဲ့ သွေးကြော ပေါက်ကာ ဖြစ်ပေါ်လာတဲ့ လေဖြတ်ခြင်း ‌တမျိုးဖြစ်ပါတယ်။
🦼သေးဆုံးနှုန်း နှင့် Disability ဆိုတဲ့ ဒုက္ခိတ ဖြစ်နှုန်းလည်း မြင့်တဲ့ ရောဂါတမျိုးပါ။
✨လွန်စွာမှ ဆိုးရွားတဲ့ ရောဂါလည်းဖြစ်တယ် ။

🚨Risk factors - အန္တရာယ် အချက်များက

1️⃣ အသက် - 55 နှစ်အထက်ဆို ရင် ဖြစ်နိုင် ။ ၁၀ နှစ်ကျော်တိုင်း နှစ်ဆ ပိုဖြစ်နိုင်ပါတယ် ။ အသက် ၇၀ မှာ ဆို ၇ ဆ အဖြစ်များတာတွေ့ရပါတယ်။

2️⃣ Gender - ကျားမ မရွေးဖြစ်နိုင်။ ကျား တွေ မှာ ပို ဖြစ် ။

3️⃣ Race - လူမျိုး - Asian တွေ Black American တွေ မှာ အဖြစ်များ ( သွေးတိုးအဖြစ်များတဲ့ လူမျိူး)

4️⃣ အရင်က လေဖျန်း‌လေဖြတ်ဘူး လျှင် အဖြစ်များတက် ။

5️⃣ Alcohol - အရက်သောက် တက်သူတွေ မှာ ဖြစ်ပါတယ်။

6️⃣ဆေးလိပ်သောက် တက်သူများတွင် သွေးကြောပိတ် လေဖြတ်တက် ။ Hemorrhagic transformation

7️⃣မှူးယစ်ဆေး သုံးဆွဲသူ - co**in , amphetamine, phencyclidine တို့လိုဆေးတွေ သုံးစွဲ သူတွေ မှာ ဖြစ်ပါတယ် ။

🛑 ဖြစ်စေတဲ့ ကြောင်းအရာ များကတော့

1️⃣သွေးတိုးရောဂါ ရှိတဲ့ အတွက် ဦးနှောက်အတွင်းကသွေးကြောတွေ အားနည်း လာကာ ပေါက်သည့်အတွက်ကြောင့် ။

2️⃣ဦးနှောက်သွေးကြော ပြသနာ (သွေးလွှတ်ကြော နှင့် သွေးပြန်ကြော ထုံးခြင်း - AVM , သွေးကြောမ တွင် ‌Berry သီး လို့ ဖောင်းလာခြင်း - Aneurysm ) စသဖြင့် ရောဂါတွေ ရှိခြင်း။

3️⃣Trauma - ဦးခေါင်း အားပြင်းထန်စွာ ထိခိုက်မိခြင်း

4️⃣Anticoagulant လို့ခေါ်တဲ့ သွေးမခဲ စေ‌သော သွေးကျဲဆေးများအား မှီဝဲနေရ‌ခြင်း ( eg. wafarin , clopilets, aspilets )

5️⃣အခြား - ဦးနှောက်အကြိတ် ရှိခြင်း ၊ Arteritis လို့ ခေါ်တဲ့ သွေးကြောယောင် ရောဂါ ရှိခြင်း၊ မူးယစ်ဆေး သုံးစွဲ ခြင်းကြောင့် လည်း ဖြစ်ပါတယ်။

📍အဖြစ်များဆုံးနေရာများ

💉အဖြစ်များဆုံး က Striate body လို့ခေါ်တဲ့ (basal ganglia ) တွေမှာ ဖြစ်တယ် ။
💉And then thalamus , pons ,cerebellum , Brain stems ဆိုပြီး ဖြစ်ပါတယ် ။

🚦ဖြစ်တဲ့ တည် နေရာ အလိုက် ရောဂါ လက္ခဏာ ပြောင်းလဲ ပါတယ် ။

💡တွေ့ရှိရမယ့် လက္ခဏာများ

ခေါင်းကိုက် ၊ ပျို့အန်၊ တက် ၊ ကိုယ်တခြမ်း မလုပ်လျှားနိုင်၊တခြမ်း ထုံ ကျဉ် ၊ သတိလစ် ၊ သေဆုံးတဲ့ အထိ တွေ့ရနိုင်ပါတယ် ။

⭐⭐⭐ဖြစ်တဲ့ တည် နေရာ အလိုက် ရောဂါ လက္ခဏာ ပြောင်းလဲ ပါတယ် ။

👉🏿Management ( ICH ကုသမှု)

⭐⭐အရေးကြီး အရေးပေါ်အခြေအနေ ဖြစ်တာကြောင့် ချက်ချင်းကုသမှု ခံယူ ရပါမယ့် ။

☢️CT scan ရိုက်ပြီး သွေးပမာဏ နဲ့ လူနာ ၏ သတိအခြေနေပေါ်မူတည်ပြီး ဆေးနဲ့ကုသ မှု ၊ ခွဲစိတ် ကုသမှု လည်း လိုအပ်နိုင်ပါတယ် ။

💊💊ဆေးဝါးကုသမှု ကတော့ သွေးတိုးအား ထိန်းချူပ်ခြင်းနဲ့ ဦးနှောက်အတွင်းက ဖိအားလျော့နည်းစေရန် ပြုလုပ်ပေး ၊ တက်နေလျှင် အတက်ကျအောင်ဆေးပေးကာ ကုသပေးခြင်းဖြစ်တယ် ။

🛰️🛰️ခွဲစိတ် ကုသမှု ကတော့ ဦးနှောက်အတွင်းမှ သွေးခဲ များကို ဦးခေါင်းအရိုးခွံဖွင့်ပြီး သွေးခဲ ဖယ်ထုတ် ကုသပေးခြင်းဖြစ်ပါတယ် ။(သွေးခဲကြီးမားပြီး ဦးနှောက်ကို ဖိအားပေးနေပါက ခွဲစိတ်ကုသမှု။)

🦼🦼Rehabilitation - ပြန်လည် သန်စွမ်းရေး နှင့် ထူထောင်ရေး ပြုလုပ်ပေးရပါမယ် ။
Speech therapy (စကားပြန်ပြောနိုင်အောင် လေ့ကျင့် ပေးဖို့ လည်း လိုအပ်ပါတယ် )။

⏮️ICH မဖြစ်အောင် ကာကွယ်နည်း

🩸🩸သွေးတိုးကို ထိန်းချုပ်ပါ
⛹🏿‍♂️⛹🏿‍♂️Healthy lifestyle ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှု ပုံစံ ‌ပြောင်းပါ ။
🚬🚭အရက် ဆေးလိပ် recreational drugs ‌တွေ မသောက်ပါနဲ့ မမှီဝဲပါနှင့် ။

⭐⭐⭐⭐ICH ဟာ အသက် အန္တရာယ် ပေးနိုင်သည့် ရောဂါ ဖြစ်သောကြောင့် အရေးပေါ် ကုသမှု ပြုလုပ်ရန် လိုအပ်ပါပေတယ် ။

,🚀ကျွန်တော်တို့ ဒီကနေ့ မွေးကင်းစ ကလေးတွေ နဲ့ ကလေးတွေ မှာ တွေ့မြင်ရတဲ့ ဦးခေါင်းခွံနဲ့ ဦးခေါင်းခွံ အရေပြား ကြားတဲ့ သွေးစုပ...
20/02/2025

,🚀ကျွန်တော်တို့ ဒီကနေ့ မွေးကင်းစ ကလေးတွေ နဲ့ ကလေးတွေ မှာ တွေ့မြင်ရတဲ့ ဦးခေါင်းခွံနဲ့ ဦးခေါင်းခွံ အရေပြား ကြားတဲ့ သွေးစုပုံခြင်း ဆိုတဲ့ Subgaleal Hematoma or Hemorrhage အကြောင်း လေ့လာကြရအောင် ။

# SUBGALEAL HEMATOMA OR HEMORRHAGE
ဦးခေါင်းခွံနဲ့ ဦးခေါင်းခွံ အရေပြား ကြားတဲ့ သွေးစုပုံခြင်း

👶🏿မွေးကင်းစတွေ မှာ အဖြစ်များ
🚦အထူးသဖြင့်
✔️လေစုပ်မွေးတဲ့ကလေး
✔️ညှပ်ဆွဲမွေးတဲ့ကလေး
✔️ရက်မစေ့ လမစေ့ မွှေးတဲ့ ကလေး
✔️ အလေးချိန်ပေါင် ကြီးတဲ့ ကလေး
✔️သွေး ရောဂါ (Leukemia, thrombocytopenia, pancytopenia) ရှိတဲ့ သူတွေ မှာလည်း တွေ့နိုင်ပါတယ်။

⚡ဦးခေါင်း ထိခိုက်မိတာကြောင့် လဲ ဖြစ်လေ့ရှိ ။
HEAD INJURY / TRAUMA

❓ဘာကြောင့်ဖြစ်သလဲ ဆိုတော့ သွေးကြောတွေ က fragile (ထိရှ‌လွယ်) တော့ လွယ်လွယ်ပေါက်ထွက် ကွဲထွက် ၊ သွေးခဲစေတဲ့ အရာ ပုံမှန်မဟုတ်တော့ သွေးမတိပ် တာကြောင့်ပါ။

✨Signs and Symptoms ဘယ်လိုတွေ့ရမလဲ

💧ဦးခေါင်းခွံ အရေပြား ယောင်နေမယ်
💧ဖိလိုက်မယ်ဆို ပျော့ပျော့ နဲ့ နေရာရွေ့နေမယ်
💧သွေးထွက်တာ များရင် သွေးအားနည်းမယ် ၊
နှလုံးခုံနှုန်းမြန်မယ် ၊ မောမယ်
💧သတိလစ် တဲ့ အထိ ဖြစ်နိုင်ပါတယ် ။

❓ဘယ်လိုသိနိုင်မလဲ

✔️စမ်းသပ်ကြည့် Soft mobile mass
✔️USG - to dectet the size and extent of hemorrhage ( အရွယ်အစားနဲ့ ‌သွေးပျံနှံမှု ကို သိရန်)
✔️Skull x-ray or CT Head Scan for severe Case
ဆိုးရွားတဲ့ ထိခိုက်မှု မှာ ဦးခေါင်းဓါတ်မှန် သို့ CT ဓါတ်မှန် ရိုက် ဖို့ လိုပါတယ်။

💊ကုသမှု မှာ ဘာတွေ လုပ်ရသလဲ

✔️Observation (စောင့်ကြည့် ပါ)
အများစု က ဘာမှ လုပ် စရာ မလိုဘဲ ပျောက်သွားပါတယ် ။

✔️Intervention
💉Needle Drainage - အပ်နဲ့ဖောက်စုပ်ပေးတာ ( သွေးယိုပြီး တပတ် ၁ဝ ရက် ကြာမှ လုပ်ရပါတယ်)

🩹Open Drainage - လုပ်လေ့ လုပ်ထ နည်းပါတယ် ။

🌡️Blood transfusion - သွေးသွင်းဖို့ လိုအပ်ရင် သွင်းရပါတယ် ။

🚃နောက်ဆက်တွဲ ဆိုးကျိုးရှိနိုင်လား
🍄recurrence- ပြန်ဖြစ်နိုင် ( သွေးရောဂါ ရှိသောသူတွေ )
🌹 anemia - သွေးအားနည်းခြင်း
🍁Infection - ပိုး၀င်နိုင်ခြင်း
🌪️အဆိုးဆုံးကတော့ CNS infection / complication (ဦးနှောက်နှင့် အာရုံကြော ပြသနာ ဖြစ်နိုင်ခြင်း)

🚨ဘာတွေ သတိထားသင့် သလဲ

💊ကုသလို့ရတဲ့ ပြသနာဖြစ်သည့်အတွက် မပေါ့စသင့်ဘဲ သေချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

Pyan Hlwar Clinic

Address

90 Street And 30 Street , Chanayethazen
Mandalay
05021

Telephone

+959796152180

Website

Alerts

Be the first to know and let us send you an email when Ziwa Thukha Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ziwa Thukha Clinic:

Share