12/08/2026
🚨 ကာလဝမ်းရောဂါ သတိပေးချက် 🚨
(မိမိနှင့် မိသားစုအတွက် မဖြစ်မနေ သိထားရမည့် အချက်များ)
ကာလဝမ်းရောဂါ (ဆန်ဆေးရေကဲ့သို့ ဝမ်းသွားခြင်း၊ အန်ခြင်း) သည် ရေဓာတ်ကို ခဏအတွင်း လျော့နည်းစေပြီး နာရီပိုင်းအတွင်း အသက်အန္တရာယ် စိုးရိမ်ရသည့်ရောဂါ ဖြစ်ပါတယ်။
💧 ကုသရာတွင် မပြုလုပ်ရမည့်အချက်များ (⚠️ Don'ts)
❌ ဝမ်းပိတ်ဆေး လုံးဝ မသောက်ပါနှင့် (ပိုးမွှားနှင့် အဆိပ်အတောက်များ ခန္ဓာကိုယ်ထဲ ပိတ်မိစေပါတယ်)
❌ ရေချည်းပဲ သက်သက် မသောက်ပါနှင့် (ဆုံးရှုံးသွားတဲ့ ဆားဓာတ်ကို ရေရိုးရိုးနဲ့ မဖြည့်နိုင်ပါ)
❌ ဆရာဝန်မညွှန်ဘဲ ပဋိဇီဝဆေး မသောက်ပါနှင့်
✅ ချက်ချင်း ပြုလုပ်ရမည့်အချက်များ (Dos)
🔹 ဓာတ်ဆားရည် (ORS) တန်းတိုက်ပါ (သန့်ရှင်းသောရေ/ကျိုချက်ထားသောရေဖြင့် ဖျော်ပါ)
🔹 ပြင်းထန်ပါက ဆေးရုံ/ဆေးခန်း အမြန်သွားပါ (အန်ခြင်း၊ မူးဝေ မှိန်းသွားခြင်းများရှိပါက)
🔹 အစာနှင့် မိခင်နို့ ဆက်တိုက်ပါ
🛡️ ရောဂါမဖြစ်အောင် တားဆီးရန်
🧼 စားခါနီးနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးပါ
🥛 ကျိုချက်ထားသောရေ သို့မဟုတ် သောက်ရေသန့် ကိုသာ သောက်ပါ
🚫 ယင်နားစာ၊ လမ်းဘေးစာနှင့် မသန့်ရှင်းသော ရေခဲတုံးများ ရှောင်ပါ
နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများကိုလည်း Share လုပ်ပြီး သတိပေးလိုက်ပါဦး။ ❤️
#ကာလဝမ်းရောဂါ
#ဝမ်းပျက်ဝမ်းလျှော
#မိုးရာသီကျန်းမာရေး