𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫

  • Home
  • Myanmar
  • Mandalay
  • 𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫

𝐙𝐄𝐍𝐀
𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫
ZENA is a Safe & Secure Digital Space dedicated to provide finest quality Sexual Health & STIs/HIV Care Service

🧠 "S*x အကြောင်းပဲ ခေါင်းထဲမှာ အမြဲရှိနေတာ... ငါ Hypers*xual ဖြစ်နေတာလား?"S*x drive (လိင်စိတ်) ထိန်းမရအောင် တက်ကြွနေတာနဲ့...
21/08/2026

🧠 "S*x အကြောင်းပဲ ခေါင်းထဲမှာ အမြဲရှိနေတာ... ငါ Hypers*xual ဖြစ်နေတာလား?"

S*x drive (လိင်စိတ်) ထိန်းမရအောင် တက်ကြွနေတာနဲ့ Compulsive S*xual Behavior Disorder (CSBD) ကြားက ခြားနားချက်ကို သေချာသိဖို့ လိုပါတယ်။
တစ်ခါတလေ S*x drive များတာက ပုံမှန် (Normal) ဖြစ်နိုင်ပေမဲ့၊ ကိုယ့်စိတ်ကို Control မရတော့ဘဲ အလုပ်၊ ပညာရေးနဲ့ Relationship တွေထိခိုက်လာပြီဆိုရင်တော့ ဒါဟာ သတိပေးခေါင်းလောင်းသံ (alarming sign) ဖြစ်ပါတယ်။

❓ Compulsive S*xual Behavior Disorder (CSBD) ဆိုတာ
S*xual thoughts (လိင်ဆိုင်ရာ အတွေးများ)၊ Po*******hy (အပြာကား ကြည့်ခြင်း)၊ Ma********on (တစ်ကိုယ်ရေရလိင်စိတ်‌ဖြေ
ဖျောက်ခြင်း)
or S*xual activities တွေကို ထပ်ခါတလဲလဲ မလုပ်ရမနေနိုင် စိတ်စွဲလန်းပြီး မထိန်းချုပ်နိုင်တော့တဲ့ condition ကို ခေါ်တာပါ။

⚠️ ဒီလို လက္ခဏာတွေ ဖြစ်နေရင် သတိထားပါ Red Flag 🚩
✓P**n Addiction - p**n ကား (or) လိင်ဆိုင်ရာ စာပေ/ရုပ်ပုံ မကြည့်ရရင် ဘာမှလုပ်လို့ မရတော့တာ။
✓Compulsive Ma********on - စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နေ့တိုင်း မပြတ် အကြိမ်ကြိမ် လုပ်နေရတာ။
✓Uncontrolled S*xual Engagement: Hook-ups၊ Paid s*x (သို့) Online s*xual chatting တွေကို မလုပ်မိအောင် မထိန်းနိုင်တာ။
✓Failed Attempts - ဒီအကျင့်ကို ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပေမဲ့ မအောင်မြင်တာ။
✓Guilt Loop - လုပ်ပြီးတိုင်း အပြစ်ရှိသလို ခံစားရ၊ နောင်တရပေမဲ့ ထပ်မံပြုလုပ်မိနေတာ။
✓Life Impairment - စာမကျက်နိုင်၊ ကျောင်း/ရုံး မတက်နိုင်၊ အလုပ်မလုပ်နိုင်၊ ငွေကြေး (သို့) လူမှုရေး/အိမ်ထောင်ရေး ဆက်ဆံရေးတွေ ထိခိုက်လာတာ။

⚖️ High S*x Drive vs. CSBD (ဘာကွာသလဲ?)
High S*x Drive: လိင်စိတ်ဆန္ဒ ပြင်းပြတာက သဘာဝပါ။ ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ တာဝန်ယူမှုတွေကို မထိခိုက်ပါဘူး။
CSBD (Control Loss + Life Impairment): ဥပမာ - နက်ဖြန် Exam ရှိတယ်၊ ဒီနေ့ အလုပ် Deadline ရှိတယ်၊ ဒါပေမဲ့ စိတ်ကိုမထိန်းနိုင်ဘဲ P**n ကြည့်တာနဲ့ Ma********on လုပ်တာနဲ့ပဲ အချိန်ကုန်သွားတာမျိုးပါ။

📱 မြန်မာလူငယ်တွေမှာ ဘာကြောင့် ပိုတွေ့ရသလဲ?
၁။ Easy Access: Smartphone တွေနဲ့ Free p**nography 24/7 ကြည့်လို့ရနေတာ။
၂။ Constant Stimulation: Social media ပေါ်က လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ Content များတာ။
၃။ Mental Health Triggers: Loneliness (အထီးကျန်ဆန်)၊ Stress၊ Anxiety နဲ့ Depression တွေရှိလာတဲ့အခါ S*x ကို စိတ်ထွက်ပေါက် (Stress Relief Tool) အဖြစ် သုံးရင်းကနေ မပြုတ်ထွက်နိုင်တဲ့ Habit Loop ဖြစ်သွားတာ ဖြစ်ပါတယ်။

🚨 ရေရှည်မှာ ဘာတွေ ထိခိုက်လာနိုင်သလဲ?
Erectile Dysfunction (ED): သဘာဝ ဆက်ဆံရေးမှာ စိတ်မပါတော့တာ (သို့) အချိန်မတန်ခင် ပန်းသေပန်းညှိုး ဖြစ်လာတာ။
Relationship Dissatisfaction: အပြင်ဘဝ အိမ်ထောင်ဖက်/Partner ပေါ် စိတ်ကျေနပ်မှု မရှိတော့တာ။
Financial & Health Risks: online s*x chat /Paid s*x တွေကြောင့်၊ ငွေကြေးဆုံးရှုံးခြင်း၊ STI/HIV ကူးစက်နိုင်ခြေ မြင့်တက်ခြင်း။
Mental Toll: guilt, shame, anxiety စတဲ့ စိတ်ဒဏ်ရာနဲ့ အိပ်မပျော်တဲ့ ဝေဒနာ (Sleep problems) တွေ ခံစားရခြင်း။

🛠️ လက်တွေ့စတင် ပြောင်းလဲနိုင်မယ့်
Action Steps ၆ ခု
၁။ Track Your Habits: ကိုယ် ဘယ်အချိန်တွေမှာ p**n vedio ကြည့်မိလဲ၊ Ma********on လုပ်မိလဲဆိုတာကို daily ⏺️ လုပ်ပါ။
၂။ Identify Your Triggers: ပျင်းလို့လား? စိတ်ညစ်လို့လား? အထီးကျန်လို့လား? ကိုယ့်ရဲ့ Trigger ကို သိအောင်လုပ်ပါ။
၃။ Digital Detox: Screen time လျှော့ပါ၊ ညအိပ်ခါနီး ဖုန်းကို အဝေးမှာ ထားအိပ်ပါ။
၄။ Physical Movement: စိတ်ဖိစီးမှု ထွက်ပေါက်အတွက် အားကစား သို့မဟုတ် exercise တစ်ခုခု regular လုပ်ပါ။
၅။ Fix Sleep Schedule: အိပ်ချိန် ပုံမှန်ရှိအောင် ပြန်ညှိပါ။
၆။ Talk to Professionals: ယုံကြည်ရတဲ့ Mental & S*xual Health Professional နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။

💙 Remember This:
CSBD ဖြစ်နေတာဟာ "Bad boy/Bad girl" မဟုတ်ပါဘူး။
အကူအညီယူ ကုသလို့ရတဲ့ Treatable Condition တစ်ခု ဖြစ်ပါတယ်။
Counseling၊ Behavioral Therapy နဲ့ လိုအပ်ပါက ဆေးဝါးကုသမှုများနဲ့ normal ပြန်ဖြစ်လာနိုင်ပါတယ်။
"Pleasure ကို Enjoy လုပ်တာ natural ပါ။
ဒါပေမဲ့ Pleasure က ကိုယ့်ဘဝကို Control လုပ်နေပြီဆိုရင်တော့ Help/🆘 ရယူဖို့ အချိန်တန်ပါပြီ။"

ZENA HEALTH CARE
S*xual Health • STI Care • HIV Prevention
သင့်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ စိတ်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

*xuality *xualHealth **nAddiction

🎗️ အမျိုးသမီးတိုင်း သိထားသင့်တဲ့ "သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)"🧡 သားအိမ်ခေါင်းကင်ဆာဟာ စောစောသိရင် 100% နီးပါး ကာ...
29/07/2026

🎗️ အမျိုးသမီးတိုင်း သိထားသင့်တဲ့ "သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)"

🧡 သားအိမ်ခေါင်းကင်ဆာဟာ စောစောသိရင် 100% နီးပါး ကာကွယ်/ကုသနိုင်တဲ့ ကင်ဆာဖြစ်ပါတယ်။

📌 အဓိကတရားခံ HPV
(Human Papillomavirus) ကြောင့် ဖြစ်ပွားရတာပါ (အထူးသဖြင့် HPV subtypes 16 နဲ့ 18)။
👎အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
👎လိင်ဆက်ဆံမှုစောသူ (under 18)
👎လိင်ဆက်ဆံဖက်များသူ၊ (SWs)
👎ဆေးလိပ်သောက်သူ၊ (smoker s)
👎ကိုယ်ခံအားကျသူ (HIV)
👎STI ပိုးကြာရှည်ကူးစက်ခံရသူ (Chlamydia)
👎ကိုယ်ဝန် အကြိမ်ပေါင်းများစွာ ဆောင်ဖူးသော၊ (သို့) အသက် ၂၀ မပြည့်မီ ပထမဆုံး ကိုယ်ဝန်ကို ဆောင်ဖူးသော အမျိုးသမီးများ။ (multiple & early pregnancies)
👎 ကိုယ်ဝန်တား သောက်ဆေး ကြာရှည်သုံးစွဲသူများ (>5 yrs)
👎ပုံမှန်ဆေးစစ်မှု မလုပ်ဖူးသူများ၊

🚩သတိပြုရမယ့် လက္ခဏာများ (ရောဂါရင့်လာပါက)
✔️လိင်ဆက်ဆံပြီးနောက် (သို့) ရာသီမဟုတ်ဘဲ သွေးဆင်းခြင်း၊
✔️သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း
✔️မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း၊ ဆီးစပ်/ခါးနာခြင်း၊
✔️လိင်ဆက်ဆံစဉ် အမြဲလိုနာကျင်ခြင်း၊

🛡️ ကာကွယ်နိုင်မယ့် နည်းလမ်း (၃) ခု

♀️HPV Vaccine ကာကွယ်ဆေးထိုး 👉 အကောင်းဆုံးက Age 9-14 yr အတွင်း ဖြစ်ပြီး၊ S*xual exposure ရှိဖူးပြီးသူများလည်း Dr နဲ့ Consult လုပ်ပြီး
ထိုးနိုင်ပါတယ်။

♀️ပုံမှန်ဆေးစစ် 👉 Pap Smear (သို့) HPV DNA Test ကို ပုံမှန်စစ်ဆေးပါ။

♀️ Lifestyle ပြောင်း 👉 အကာအကွယ် (Condom) သုံး၊ No Smoking ပါ။

💡 ZENA Health Care ရဲ့ Advice

🔺သားအိမ်ခေါင်းကင်ဆာဟာ Early အဆင့်မှာ၊ Symptoms မပြတတ်တာကြောင့်၊
🔹လက္ခဏာမရှိလည်း ပုံမှန် Screening (ဆေးစစ်ခြင်း) လုပ်ဖို့ အရေးကြီးပါတယ်။





#သားအိမ်ခေါင်းကင်ဆာ #အမျိုးသမီးကျန်းမာရေး

🟠 အသည်းရောင်အသားဝါ (C) ပိုး - ကြိုတင်စစ်ဆေးပါ၊ 🟠 C ပိုးဆိုတာ Hepatitis C Virus (HCV) ကြောင့် ဖြစ်ပွားပြီး အသည်း Liver ကိ...
14/07/2026

🟠 အသည်းရောင်အသားဝါ (C) ပိုး
- ကြိုတင်စစ်ဆေးပါ၊

🟠 C ပိုးဆိုတာ Hepatitis C Virus (HCV) ကြောင့် ဖြစ်ပွားပြီး အသည်း Liver ကို တိတ်တိတ်လေး ပျ‌က်စီးစေတဲ့
အသည်းရောင်ရောဂါတစ်မျိုး ဖြစ်တယ်။

🦠 Virus ဘယ်လိုကူးစက်နိုင်လဲ။ ❓
💉မသန့်ရှင်းတဲ့ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း
(မူးယစ်ဆေးဝါးသုံးစွဲသူ IDU များ၊
🧫 ပိုးရှိသော သွေးသွင်းမိခြင်း၊
✔️Tattoo ထိုး နားဖောက်ခြင်း
🫂အကာအကွယ်မဲ့ လိင်တူလိင်ကွဲ လိင်ဆက်ဆံခြင်း

🔺သတိပြုရမည့် အချက်🔻
⚠️ ပိုးကူးစက်ခံရသူ အများစုဟာ အသည်းပြင်းပြင်းထန်ထန် မပျက်စီးမချင်း ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး။

🤒 လက္ခဏာပြလာရင်တော့…..
🔹အကြောင်းရင်းမရှိ အမြဲလိုလို ပင်ပန်းနွမ်းနယ်ခ
🔹အစာစားချင်စိတ် လျော့နည်းပြီး ပျို့အန်ချင်
🔹ဝမ်းဗိုက် (ညာဘက်အပေါ်ခြမ်း) မအီမသာဖြစ်
🔹ဆီးရောင်ရင့်လာခြင်းနှင့် မျက်လုံး၊ အသားများ ဝါလာ

✅ The Good News is
(Antiviral treatment) တွေနဲ့ စနစ်တကျ ကုသမယ်ဆိုရင် 95% ကျော် ပျောက်ကင်းနိုင်

🩺 စောစီးစွာ စစ်ဆေးပြီး ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲဖြစ်ပွားတတ်တဲ့
👉အသည်းခြောက်
👉အသည်းလုပ်ဆောင်မှုပျက်စီး
👉အသည်းကင်ဆာ ဖြစ်နိုင်ခြေတွေကို
ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်တယ်။

💚 မိမိမှာ C ပိုး ရှိ/မရှိ သေချာသိရှိဖို့ သွေးစစ်ဆေးကြည့်ပါ။
ပိုးတွေ့ရှိပါက အမြန်ဆုံးဆေးကုသမှုခံယူပလိုက်ပါ။




#အသည်းရောင်စီပိုး

🟡 HEPATITIS B (HBV): Know Your Status, Protect Your Liverအသည်းရောင်အသားဝါ ဘီပိုး) ဆိုတာ Hepatitis B Virus (HBV) ကြောင့် ...
04/07/2026

🟡 HEPATITIS B (HBV): Know Your Status, Protect Your Liver

အသည်းရောင်အသားဝါ ဘီပိုး) ဆိုတာ Hepatitis B Virus (HBV) ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါတစ်မျိုး ဖြစ်ပါတယ်။
Virus ရှိနေပေမယ့် လူအများစုမှာ ဘာ Symptoms မှ မပြဘဲ ရှိနေတတ်လို့ ပိုပြီး သတိထားဖို့ လိုပါတယ်နော်။ ⚠️

🔹ကူးစက်နိုင်ခြေရှိတဲ့ လမ်းကြောင်းများ
🛑 Unprotected s*x: ကာကွယ်မှုမရှိဘဲ လိင်ဆက်ဆံခြင်း။
💉 Blood-to-blood contact: Virus ရှိသူရဲ့ blood (သို့) မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကတစ်ဆင့် ကူးစက်ခြင်း။
🤰 Mother-to-child: မိခင်မှတစ်ဆင့် သန္ဓေသားဆီ ကူးစက်ခြင်း။

🔹 Common Symptoms (ရောဂါလက္ခဏာများ)
ရောဂါအခြေအနေ ပြလာပြီဆိုရင်တော့ အောက်ပါလက္ခဏာတွေ ခံစားရတတ်ပါတယ်။
🥱 Fatigue: အမြဲလိုလို နုံးခွေပြီး ပင်ပန်းနေခြင်း။
🤢 Nausea & vomiting: ပျို့အန်ခြင်း၊ အစာစားချင်စိတ် လုံးဝမရှိခြင်း (Loss of appetite)။
🟡 Jaundice: အသားဝါ၊ မျက်လုံးဝါလာခြင်း။

✅ The good news? (သတင်းကောင်းကတော့...)
Hepatitis B ကို Vaccination (ကာကွယ်ဆေး) ထိုးပြီး စိတ်ချလက်ချ ကြိုတင်ကာကွယ်ထားလို့ ရပါတယ်။

🩺 Regular screening and early diagnosis (ပုံမှန် သွေးစစ်ဆေးပြီး စောစောစီးစီး သိရှိခြင်း) က နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အသည်းခြောက်ခြင်း (Cirrhosis) နဲ့ အသည်းကင်ဆာ (Liver cancer) လိုမျိုး ပြင်းထန်တဲ့ အခြေအနေတွေကနေ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

💚 Know your status. Get tested. Get protected.
မိမိမှာ ပိုးရှိ၊ မရှိ အမြန်ဆုံး စစ်ဆေးပြီး အသည်းကျန်းမာရေးကို အတူတူ စောင့်ရှောက်ကြစို့။





*xualHealth

🔴 HSV Type 2 (Ge***al Herpes) — သင်သိထားသင့်တဲ့ အချက်များHSV ဆိုတာHerpes Simplex Virus 🦠 ကို ခေါ်တာဖြစ်ပြီး (၂) မျိုး ရှ...
06/06/2026

🔴 HSV Type 2 (Ge***al Herpes) — သင်သိထားသင့်တဲ့ အချက်များ

HSV ဆိုတာ
Herpes Simplex Virus 🦠 ကို ခေါ်တာဖြစ်ပြီး (၂) မျိုး ရှိတယ်။

🔹 HSV-1 (Oral Herpes): အဖြစ်များတဲ့ ရေယုန်ဖြစ်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ Cold sores တွေ ဖြစ်တတ်တယ်။
Oral s*x ကတစ်ဆင့် Ge***al area (မျိုးပွားအင်္ဂါတွေ) ဆီကိုလည်း ကူးစက်နိုင်တယ်။
🔹 HSV-2 (Ge***al Herpes): မျိုးပွားအင်္ဂါ ရေယုန်ကို ဖြစ်စေတဲ့ Main subtype ဖြစ်ပါတယ်။

📌 HSV-2 က တစ်ကမ္ဘာလုံးမှာ အလွန် Common ဖြစ်တဲ့ Infection တစ်ခုပါ။ လူအများစုဟာ Virus ရှိနေပေမယ့် Symptom (လက္ခဏာ) မပြလို့ မသိကြတာများတယ်။

⚠️ HSV ဟာ ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးရှိနေနိုင်တဲ့ Lifelong Virus ဖြစ်တယ်။
လက္ခဏာတွေက ခဏခဏ ပြန်ပေါ် Flare up ဖြစ်တတ်ပြီး၊ ပြီးရင် ပြန်‌ပျောက်သွား၊
အဲ့သလိုဖြစ်တတ်တယ်။
အချို့ လူထူးဆန်းတွေမှာတော့ Lifelong ဘာလက္ခဏာမှ မပြဘဲ နေနေတတ်တယ်။ (Asymptomatic)

🌈 LGBTQIA+ Community မှာလည်းပဲ Discrimination မရှိ၊ Confidential ဖြစ်တဲ့ စောင့်ရှောက်မှု ရရှိဖို့၊
ကြိုတင်ကာကွယ်ဖို့နဲ့
Early diagnosis (စောစီးစွာ စစ်ဆေးသိရှိဖို့) တအားအရေးကြီးတယ်။ 🌈

🦠 HSV-2 ကူးစက်ပုံက
အဓိကအားဖြင့် Skin-to-skin, (အရေပြားချင်း ထိတွေ့ဆက်ဆံမှု),
👩‍❤️‍👩👩‍❤️‍💋‍👨💑 S*xual contact-
✓ Vaginal - A**l - Oral s*x ကနေ ကူးစက်တယ်။

🦠အရေကြည်ဖု၊ အနာတွေ (Active sores/lesions) နဲ့ direct ထိတွေ့ရာကနေ ကူးစက်တယ်။

⚠️ သတိပြုရန်ရမှာက _ Symptoms မပြဘဲ Virus ထွက်နေတဲ့အချိန်အခါမျိုးမှာလည်း၊ Infectious ဖြစ်နိုင်တာကြောင့်၊
Condom 🛡️သုံးထားရင်တောင် ၊
💯 မကာကွယ်နိုင်ပါဘူး။

📌 ပြတတ်တဲ့ Symptoms & Signs
အချို့သူတွေမှာ လက္ခဏာ လုံးဝမပြတတ်ပါ၊
ပြလာရင်
👉မျိုးပွားအင်္ဂါတစ်ဝိုက် နာကျင်တဲ့ အရေကြည်ဖု (သို) အနာများ ဖြစ်ခြင်း (Painful blisters/ulcers)
👉စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း (Burning sensation)၊
👉ယားယံခြင်း သို့မဟုတ် တရွရွဖြစ်ခြင်း (Itching/Tingling)
👉ဆီးသွားရင် နာကျင်ခြင်း၊
👉စအိုတစ်ဝိုက် မအီမသာဖြစ်ခြင်း or အနာဖြစ်ခြင်း။

1️⃣ပထမဆုံးအကြိမ် ကူးစက်ခံရချိန် (Primary infection) မှာ၊
🥵ပိုပြင်းထန်တတ်ပြီး၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း (Swollen lymph nodes) တို့ပါ တွဲဖြစ်တတ်တယ်။
😟နောက်ပိုင်း ပြန်ဖြစ်တဲ့အခါ (Recurrent episodes) မှာတော့ လက္ခဏာ ပိုသက်သာသွားလေ့ရှိတယ်။

🧪 Testing & Diagnostic (ဘယ်လိုစစ်ဆေးမလဲ?)
🔹HSV PCR test: အနာရှိနေတဲ့အချိန် စစ်ဆေးဖို့ အကောင်းဆုံးနည်းလမ်းပါ။
🔹(အခြားကာလသားရောဂါများ တွဲစစ်ခြင်း)။

💊 Rx (ကုသမှု)
လက်ရှိမှာ HSV ကို လုံးဝအမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ Cure (ဆေး) မရှိသေးပါဘူး။ 🛑 ဒါပေမယ့် _
*Acyclovir* *Valacyclovir* *Famciclovir*
စတဲ့ Antiviral ဆေးတွေနဲ့၊
Symptoms တွေကို ကောင်းကောင်း Control လုပ်ထားနိုင်ပါတယ်။ ✅

💙 Supportive care အနေနဲ့တော့
အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ ရေဓာတ်ပြည့်ဝစွာ နေထိုင်ခြင်း၊ မျိုးပွားအင်္ဂါကို သန့်ရှင်းခြောက်သွေ့အောင် ထားခြင်းနှင့်
Stress reduction 🩷

📈 Prognosis (နောင်ဖြစ်လာနိုင်ခြေ)
✅ HSV ရှိနေပေမယ့် လူအများစုဟာ ပုံမှန်အတိုင်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ကြပါတယ်။
✅ အချိန်ကြာလာတာနဲ့အမျှ အနာပြန်ဖြစ်တဲ့အကြိမ်ရေ (Outbreak frequency) က လျော့နည်းသွားလေ့ရှိပါတယ်။
✅ Antiviral ဆေးဝါးတွေက ပြန်ဖြစ်နိုင်ခြေနဲ့ သူတစ်ပါးကို ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။

⚠️ Triggers:
🔺စိတ်ဖိစီးမှုများခြင်း၊
🔺နေမကောင်းဖြစ်ခြင်း၊
🔺အိပ်ရေးပျက်ခြင်းနဲ့
🔺ကိုယ်ခံအားကျခြင်း (Low immunity) တို့ကြောင့် လက္ခဏာ ဝေဒနာတွေ ပြန် ဖြစ် ပြန် ပေါ် လာ တတ် တယ်။

🛡️ Preventive Measures (ကာကွယ်ရန် နည်းလမ်းများ)
➡️ အတူနေတိုင်း Condom စနစ်တကျ အသုံးပြုပါ။
➡️ Symptoms ပြ၊ အနာဖြစ်နေတဲ့အချိန်တွေမှာ၊
အတူနေခြင်းကို ရှောင်ကြဉ်ပါ။
(❗Avoid s*x during active outbreaks❗)

➡️ ပုံမှန် STI screening လုပ်ပါ။
➡️ Partner နှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။
➡️ လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး antiviral therapy သောက်ပါ။

🏳️‍🌈 Final Message from ZENA

🗯️အဓိက အရေးကြီးဆုံးကတော့ —
💌 ရောဂါအကြောင်း မှန်မှန်ကန်ကန် သိရှိဖို့ (Knowledge)
💌 စောစီးစွာ ကုသမှုခံယူဖို့
💌 ခွဲခြားဆက်ဆံမှုမရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူဖို့ (Respectful healthcare access)

မည်သည့်အကဲဖြတ် ဝေဖန်မှုမှမရှိဘဲ လွတ်လပ်လုံခြုံစွာ ကုသခွင့်ရရှိဖို့ အပြည့်အဝ ထိုက်တန်ပါတယ်။ 🌈

*xualHealth

*xualHealthKnowledge

26/05/2026


💥HPV ဗိုင်းရပ်စ်ဆိုင်ရာ သိကောင်းစရာ အချက် (6) ချက်💥

1️⃣ အရေပြားချင်း ထိတွေ့မှု (အထူးသဖြင့် S*xual contact) မှတစ်ဆင့် ကူးစက်တတ်သော Virus 🦠 အုပ်စု ဖြစ်ပြီး
Most Common STI တစ်မျိုး ဖြစ်ပါတယ်။
လူတစ်ဦး မိမိ၏ Life span တွင် ဒီ Virus နှင့် အနည်းဆုံးတစ်ကြိမ်တော့ ကြုံတွေ့ရဖို့ High %
2️⃣ HPV အမျိုးအစားများ
Subtypes ပေါင်းများစွာရှိပါတယ်။
(Low-risk HPV): Type 6 နှင့် Type 11. Cancel ဖြစ်နိုင်ခြေ နည်းပါးတယ်။
🌮 လိင်အင်္ဂါနှင့် စအိုတစ်ဝိုက်တွင်၊
🐀ကြွက်နို့များ (Ge***al Warts) 🥒 ဖြစ်ပွားစေတတ်ပါတယ်။

📍High-risk HPV): Type 16 & 18 နှစ်ကာလရှည် ကြာရင်
လိင်တံ - စအို့ - သားအိမ်ခေါင်း ကင်ဆာများ ဖြစ်ပွားနိုင်ခြေ တိုးလာနိုင်ပါတယ်။ 📍

3️⃣ 🚩အဓိက သတိပြုရန်:HPV ကူးစက်ခံရသူ အများစုမှာ No Signs & Symptoms ပါ။ Warts မထွက်သော်လည်း Virus ရှိနေနိုင်ပြီး အခြားသူကို ကူးစက်နိုင်ပါတယ်။

Ge***al organs တစ်ဝိုက်တွင် မက်မွန်သီးပွင့် / ပန်းဂေါ်ဖီ 🥦ပုံစံအဖုအပိမ့်များ/
ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အတူနေစဉ်သွေးထွက်ခြင်း,၊
လည်ချောင်းအတွင်း အချိန်ကြာမြင့်စွာ မသက်မသာဖြစ်ခြင်းနှင့်၊
♀️များတွင် သားအိမ်ခေါင်းအချွဲ
“Pap Smear Test” ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်ပါတယ်။

🌈 LGBTQIA+ အသိုင်းအဝိုင်းအတွက်: အထူးသဖြင့် စအိုဖြင့် ခံယူဆက်ဆံသူများ (Receptive A**l S*x) အနေဖြင့် စအိုတွင်း HPV စစ်ဆေးမှု (A**l HPV Screening) ပြုလုပ်ရန် အထူးလိုအပ်ပါတယ်။ 🏳️‍🌈

4️⃣ ရောဂါရှာဖွေခြင်း (Testing & Screening)
🌡️ပုံမှန် သွေးစစ်ရုံရုံဖြင့် HPV ပိုး ရှိမရှိ မသိနိုင်ပါ။
✅ Pap Smear (သို့) HPV DNA Test
High-risk အုပ်စုများအတွက်၊
✅ A**l Pap Test စစ်ဆေးခြင်း။
ပုံမှန်မဟုတ်သော အနာ/အဖုများရှိပါက မှန်ဘီလူးဖြင့်ကြည့်ခြင်း 🔭(Colposcopy) နှင့် အသားစယူစစ်ဆေးခြင်း (Biopsy)။

5️⃣ ကုသမှုနှင့် စောင့်ရှောက်မှု (Management)
❌ လောလောဆယ်တွင် HPV ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ထဲမှ အမြစ်ပြတ်ပျောက်ကင်းစေမည့် ဆေးမရှိသေးပါ။
👉သို့သော် ခန္ဓာကိုယ်၏ ခုခံအားစနစ် (Immune System) က ၁ နှစ်မှ ၂ နှစ်အတွင်း ပိုးကို အလိုအလျောက် ထိန်းချုပ်/ရှင်းလင်းသွားလေ့ရှိပါတယ်။👈
®️လက်ရှိ ကုသနိုင်သော နည်းများ- 🔹ကြွက်နို့ပျောက်လိမ်းဆေးများ သုံးခြင်း၊ 🔹Cryotherapy(အအေးပေးခဲစေခြင်း
🔹Electrocautery (လျှပ်စစ်ဖြင့်တို့ခြင်း)၊ 🔹Laser (သို့) ခွဲစိတ်၍ ဖယ်ရှားခြင်း၊

6️⃣ နည်းလမ်း (၃) သွယ်နဲ့ ကာကွယ်နိုင်တယ်
✓စောစီးစွာ ရောဂါရှာဖွေခြင်း ✓ကာကွယ်ဆေးထိုးခြင်း (Vaccination) +
✓ Safer S*x)။

🛡️HPV Vaccine
♀️သာမက ♂️အမျိုးသားများ၊ MSM (အမျိုးသားအချင်းချင်း စိတ်ဝင်စားသူများ)၊ ⚧️Transgender persons နဲ့၊
S*xually Active Adult အားလုံးထိုးနှံနိုင်ပါတယ်။

💌Final Message from ZENA Healthcare💌
အလွန်အဖြစ်များတဲ့ Virus တစ်မျိုး ဖြစ်လို့ လုံလောက်တဲ့ ကျန်းမာရေးအသိပညာယူခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ လိုအပ်ပါတယ်။

🏪ZENA Health Care
(ဘေးကင်းစိတ်ချ၊ ခွဲခြားမှုကင်းစင်၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း)

💥HPV ဗိုင်းရပ်စ်ဆိုင်ရာ သိကောင်းစရာ အချက် (6) ချက်💥 1️⃣ အရေပြားချင်း ထိတွေ့မှု (အထူးသဖြင့် S*xual contact) မှတစ်ဆင့် ကူး...
25/05/2026

💥HPV ဗိုင်းရပ်စ်ဆိုင်ရာ သိကောင်းစရာ အချက် (6) ချက်💥

1️⃣ အရေပြားချင်း ထိတွေ့မှု (အထူးသဖြင့် S*xual contact) မှတစ်ဆင့် ကူးစက်တတ်သော Virus 🦠 အုပ်စု ဖြစ်ပြီး
Most Common STI တစ်မျိုး ဖြစ်ပါတယ်။
လူတစ်ဦး မိမိ၏ Life span တွင် ဒီ Virus နှင့် အနည်းဆုံးတစ်ကြိမ်တော့ ကြုံတွေ့ရဖို့ High %
2️⃣ HPV အမျိုးအစားများ
Subtypes ပေါင်းများစွာရှိပါတယ်။
(Low-risk HPV): Type 6 နှင့် Type 11. Cancel ဖြစ်နိုင်ခြေ နည်းပါးတယ်။
🌮 လိင်အင်္ဂါနှင့် စအိုတစ်ဝိုက်တွင်၊
🐀ကြွက်နို့များ (Ge***al Warts) 🥒 ဖြစ်ပွားစေတတ်ပါတယ်။

📍High-risk HPV): Type 16 & 18 နှစ်ကာလရှည် ကြာရင်
လိင်တံ - စအို့ - သားအိမ်ခေါင်း ကင်ဆာများ ဖြစ်ပွားနိုင်ခြေ တိုးလာနိုင်ပါတယ်။ 📍

3️⃣ 🚩အဓိက သတိပြုရန်:HPV ကူးစက်ခံရသူ အများစုမှာ No Signs & Symptoms ပါ။ Warts မထွက်သော်လည်း Virus ရှိနေနိုင်ပြီး အခြားသူကို ကူးစက်နိုင်ပါတယ်။

Ge***al organs တစ်ဝိုက်တွင် မက်မွန်သီးပွင့် / ပန်းဂေါ်ဖီ 🥦ပုံစံအဖုအပိမ့်များ/
ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အတူနေစဉ်သွေးထွက်ခြင်း,၊
လည်ချောင်းအတွင်း အချိန်ကြာမြင့်စွာ မသက်မသာဖြစ်ခြင်းနှင့်၊
♀️များတွင် သားအိမ်ခေါင်းအချွဲ
“Pap Smear Test” ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်ပါတယ်။

🌈 LGBTQIA+ အသိုင်းအဝိုင်းအတွက်: အထူးသဖြင့် စအိုဖြင့် ခံယူဆက်ဆံသူများ (Receptive A**l S*x) အနေဖြင့် စအိုတွင်း HPV စစ်ဆေးမှု (A**l HPV Screening) ပြုလုပ်ရန် အထူးလိုအပ်ပါတယ်။ 🏳️‍🌈

4️⃣ ရောဂါရှာဖွေခြင်း (Testing & Screening)
🌡️ပုံမှန် သွေးစစ်ရုံရုံဖြင့် HPV ပိုး ရှိမရှိ မသိနိုင်ပါ။
✅ Pap Smear (သို့) HPV DNA Test
High-risk အုပ်စုများအတွက်၊
✅ A**l Pap Test စစ်ဆေးခြင်း။
ပုံမှန်မဟုတ်သော အနာ/အဖုများရှိပါက မှန်ဘီလူးဖြင့်ကြည့်ခြင်း 🔭(Colposcopy) နှင့် အသားစယူစစ်ဆေးခြင်း (Biopsy)။

5️⃣ ကုသမှုနှင့် စောင့်ရှောက်မှု (Management)
❌ လောလောဆယ်တွင် HPV ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ထဲမှ အမြစ်ပြတ်ပျောက်ကင်းစေမည့် ဆေးမရှိသေးပါ။
👉သို့သော် ခန္ဓာကိုယ်၏ ခုခံအားစနစ် (Immune System) က ၁ နှစ်မှ ၂ နှစ်အတွင်း ပိုးကို အလိုအလျောက် ထိန်းချုပ်/ရှင်းလင်းသွားလေ့ရှိပါတယ်။👈
®️လက်ရှိ ကုသနိုင်သော နည်းများ- 🔹ကြွက်နို့ပျောက်လိမ်းဆေးများ သုံးခြင်း၊ 🔹Cryotherapy(အအေးပေးခဲစေခြင်း
🔹Electrocautery (လျှပ်စစ်ဖြင့်တို့ခြင်း)၊ 🔹Laser (သို့) ခွဲစိတ်၍ ဖယ်ရှားခြင်း၊

6️⃣ နည်းလမ်း (၃) သွယ်နဲ့ ကာကွယ်နိုင်တယ်
✓စောစီးစွာ ရောဂါရှာဖွေခြင်း ✓ကာကွယ်ဆေးထိုးခြင်း (Vaccination) +
✓ Safer S*x)။

🛡️HPV Vaccine
♀️သာမက ♂️အမျိုးသားများ၊ MSM (အမျိုးသားအချင်းချင်း စိတ်ဝင်စားသူများ)၊ ⚧️Transgender persons နဲ့၊
S*xually Active Adult အားလုံးထိုးနှံနိုင်ပါတယ်။

💌Final Message from ZENA Healthcare💌
အလွန်အဖြစ်များတဲ့ Virus တစ်မျိုး ဖြစ်လို့ လုံလောက်တဲ့ ကျန်းမာရေးအသိပညာယူခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ လိုအပ်ပါတယ်။

🏪ZENA Health Care
(ဘေးကင်းစိတ်ချ၊ ခွဲခြားမှုကင်းစင်၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း)

09/05/2026

🧾
🔴 SYPHILIS (ဆစ်ဖီလစ်)
သိရမယ့် အရေးကြီး (၁၀) ချက်။
Know it. Test it. Treat it.
သိထားပါ။ စစ်ဆေးပါ။ ကုသပါ။

⚠️ What you should know သိသင့်တာက_ ✓(အရေးကြီးအချက်များ)
1. Silent infection
No pain, no symptoms — but spreads
လက္ခဏာမပြဘဲ ကူးစက်နိုင် 📍

2. Caused by bacteria 🦠
Curable with proper treatment
ဘက်တီးရီးယားကြောင့် ဖြစ်ပြီး ကုသလို့ပျောက်နိုင် 💉

3. First sign =👉 painless sore👈
Disappears, but infection stays
မနာတဲ့ အနာ → ပျောက်သွားပေမယ့် ပိုးကျန်🥴

4. Rash stage 👀
Palms & soles, not itchy but infectious
လက်ဖဝါး၊ ခြေဖဝါးမှာ အနီစက်ကွက်→ မယားဘူး၊ ကူးစက်နိုင်🫂

5. Gets worse if untreated 🔥
Can damage brain, nerves, heart
မကုသဘူးဆိုရင် ဦးနှောက်၊ နှလုံး ထိခိုက်နိုင်❗

6. 🧠 Serious complications (နောက်ဆက်တွဲ အန္တရာယ်များ)
Vision loss အမြင်အာရုံဆုံးရှုံး 😎
Stroke-like symptoms လေဖြတ် ✔️
အာရုံကြော ထိခိုက် ပျက်စီး 🫨

7. 💉 Testing & Treatment (စမ်းသပ် & ကုသမှု)
✔ Simple blood test *RPR* 🌡️
✔ Penicillin ®️ အသားဆေးထိုး
✔ Early treatment = FULL CURE
စောစီးစွာကုသလျှင် လုံးဝပျောက်နိုင် 💯

8. 🔁 Important reminders (သတိပြုရန်)
Can get infected again
ပြန်ကူးနိုင်တယ် 🔄
Increases HIV risk
HIV အန္တရာယ် တိုးစေတယ်🔺

9. 🛡️ Protect yourself (ကာကွယ်ပါ)
✔ Use condoms ကွန်ဒုံးစဉ်ဆက်မပြတ်သုံး
✔ Regular STI testing
✔ Open consultation
ကွန်ဒုံးသုံးပါ | ပုံမှန်စစ်ပါ | ပွင့်လင်းစွာတိုင်ပင်

📍 ZENA Health Care
💬 Friendly • Confidential • No Judgment
နားလည်မှုရှိ • လျှို့ဝှက် • ‌blame မလုပ်
👉 Walk in or DM us today 👈
ယနေ့လာရောက်စစ်ဆေးနိုင်ပါသည် 💥




*x



*xualHealth

🧾 🔴 SYPHILIS (ဆစ်ဖီလစ်)သိရမယ့် အရေးကြီး (၁၀) ချက်။Know it. Test it. Treat it.သိထားပါ။ စစ်ဆေးပါ။ ကုသပါ။⚠️ What you should...
09/05/2026

🧾
🔴 SYPHILIS (ဆစ်ဖီလစ်)
သိရမယ့် အရေးကြီး (၁၀) ချက်။
Know it. Test it. Treat it.
သိထားပါ။ စစ်ဆေးပါ။ ကုသပါ။

⚠️ What you should know သိသင့်တာက_ ✓(အရေးကြီးအချက်များ)
1. Silent infection
No pain, no symptoms — but spreads
လက္ခဏာမပြဘဲ ကူးစက်နိုင် 📍

2. Caused by bacteria 🦠
Curable with proper treatment
ဘက်တီးရီးယားကြောင့် ဖြစ်ပြီး ကုသလို့ပျောက်နိုင် 💉

3. First sign =👉 painless sore👈
Disappears, but infection stays
မနာတဲ့ အနာ → ပျောက်သွားပေမယ့် ပိုးကျန်🥴

4. Rash stage 👀
Palms & soles, not itchy but infectious
လက်ဖဝါး၊ ခြေဖဝါးမှာ အနီစက်ကွက်→ မယားဘူး၊ ကူးစက်နိုင်🫂

5. Gets worse if untreated 🔥
Can damage brain, nerves, heart
မကုသဘူးဆိုရင် ဦးနှောက်၊ နှလုံး ထိခိုက်နိုင်❗

6. 🧠 Serious complications (နောက်ဆက်တွဲ အန္တရာယ်များ)
Vision loss အမြင်အာရုံဆုံးရှုံး 😎
Stroke-like symptoms လေဖြတ် ✔️
အာရုံကြော ထိခိုက် ပျက်စီး 🫨

7. 💉 Testing & Treatment (စမ်းသပ် & ကုသမှု)
✔ Simple blood test *RPR* 🌡️
✔ Penicillin ®️ အသားဆေးထိုး
✔ Early treatment = FULL CURE
စောစီးစွာကုသလျှင် လုံးဝပျောက်နိုင် 💯

8. 🔁 Important reminders (သတိပြုရန်)
Can get infected again
ပြန်ကူးနိုင်တယ် 🔄
Increases HIV risk
HIV အန္တရာယ် တိုးစေတယ်🔺

9. 🛡️ Protect yourself (ကာကွယ်ပါ)
✔ Use condoms ကွန်ဒုံးစဉ်ဆက်မပြတ်သုံး
✔ Regular STI testing
✔ Open consultation
ကွန်ဒုံးသုံးပါ | ပုံမှန်စစ်ပါ | ပွင့်လင်းစွာတိုင်ပင်

📍 ZENA Health Care
💬 Friendly • Confidential • No Judgment
နားလည်မှုရှိ • လျှို့ဝှက် • ‌blame မလုပ်
👉 Walk in or DM us today 👈
ယနေ့လာရောက်စစ်ဆေးနိုင်ပါသည် 💥




*x



*xualHealth

29/04/2026

PrEP အကြောင်း သိထားသင့်သည့် အရေးကြီးအချက် (၁၀) ချက်

၁။ 🩷 ညွှန်ကြားချက်အတိုင်း မှန်မှန်သောက်သုံးပါက HIV ကူးစက်မှုအန္တရာယ်ကို ၉၀% ကျော်အထိ လျှော့ချပေးနိုင်ပါသည်။

၂။ 🩵 နေ့စဉ်သောက်သုံးရသော ဆေး (Daily Pill) နှင့် *on-demand, event driven - Homo only* (TDF/FTC) ပါဝင်ပါသည်။

၃။ 💛 ပုံမှန်သောက်သုံးခြင်းနှင့် လိုအပ်မှသောက်ခြင်း (Consistency & On-demand)
Daily PrEP: အကောင်းဆုံးကာကွယ်မှုကို ပေးပါသည်။
On-demand (Event-driven) PrEP: လိင်ဆက်ဆံမှု မပြုမီနှင့် ပြုပြီးနောက် သတ်မှတ်ထားသော အချိန်ဇယားအတိုင်း (2-1-1 regimen) သောက်သုံးသည့် နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသည်။

၄။ 💚 ကာကွယ်မှုရရှိရန်
နေ့စဉ်သောက်သုံးပြီး ၇ ရက်ခန့်အကြာတွင်မှ ခန္ဓာကိုယ်အတွင်း အပြည့်အဝ ကာကွယ်မှု ရရှိနိုင်ပါသည်။

၅။ ♥️ PrEP သည် PEP အစားထိုး မဟုတ်ပါ
PEP သည် HIV နှင့် ထိတွေ့မှုရှိပြီး ၇၂ နာရီအတွင်း အရေးပေါ်သောက်ရသော ဆေးဖြစ်သည်။ PrEP မှာ ကြိုတင်ကာကွယ်ရန် ဖြစ်သည်။📍

၆။ 💜 ဆေးမစတင်မီ HIVစစ်ဆေးခြင်းလုပ်ဆောင်ရမည်၊
HIV ပိုးမရှိကြောင်း အတည်ပြုပြီးမှသာ PrEP ကို စတင်သောက်သုံးနိုင်ပါသည်။

၇။ ❤️ ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးရန် လိုအပ်သည်
ဆေးမစတင်မီနှင့် သောက်သုံးနေစဉ် ကာလတစ်လျှောက်တွင် ကျောက်ကပ်လုပ်ဆောင်ချက် (Creatinine)ကို ပုံမှန်စစ်ဆေးရပါမည်။

၈။ 💙 PrEP သည် HIV ကိုသာ ကာကွယ်ပေးသဖြင့်အခြားလိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STIs)ကို မကာကွယ်နိုင်ပါ
STI ရောဂါများကာကွယ်ရန်အတွက် Condom ကို တွဲဖက်အသုံးပြုသင့်ပါသည်။

၉။ 🤎 တတ်ကျွမ်းနားလည်သည့် Doctor နှင့် ပုံမှန်ဆက်သွယ်ပါ Side-effects များ ရှိ/မရှိနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် ပုံမှန်ရက်ချိန်းပြသပါ။

၁၀။ ❤️ PrEP သည် သင့်ကို ယုံကြည်မှုရှိစေသည် (Empowers you)
မိမိကိုယ်ကိုယ် ကာကွယ်ခြင်းဖြင့် မိမိချစ်ခင်ရသူများကိုလည်း ကာကွယ်ရာရောက်ပါတယ်။
PrEP သောက်ပါ၊ ကာကွယ်ပါ၊
Take PrEP, Stay Protected, Live S*xually Confident.




*x

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share