Aung Kaung Mon Laboratory

Aung Kaung Mon Laboratory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Kaung Mon Laboratory, Medical and health, Mandalay.

📢 ချစ်သူစုံတွဲများ/သူငယ်ချင်းများအတွက် အထူး Promotion 📢 😍12/2/2026 မှ 17/2/2026 အတွင်းသာ(B, C, Retro, VDRL )၄ခုလုံးပါတဲ့...
12/02/2026

📢 ချစ်သူစုံတွဲများ/သူငယ်ချင်းများအတွက် အထူး Promotion 📢
😍12/2/2026 မှ 17/2/2026 အတွင်းသာ

(B, C, Retro, VDRL )၄ခုလုံးပါတဲ့ စစ်ဆေးမှု အတွက် – Buy 1 Get 1 FREE 🎉

ကျန်းမာရေးကို စောင့်ရှောက်ဖို့ စုံတွဲအနေနဲ့ စစ်ဆေးကြမယ်နော် 💑
လူတစ်ယောက် စစ်ဆေးရုံနဲ့ နောက်တစ်ယောက် FREE!
အဓိက က ၂ယောက် လာရုံနဲ့ promotion လေး ရပါပြီ💓

🧪 Buy 1/Get 1အနေနဲ့ စစ်ဆေးနိုင်မည့်၄ခုမှာ
✅ Hepatitis B
✅ Hepatitis C
✅ Retro (HIV)
✅ VDRL (Syphilis)

📅 Promotion ကာလအတွင်းသာ ရရှိနိုင်ပါသည်။

📍 နေရာ- အောင်ကောင်းမွန်ဓာတ်ခွဲခန်း
🏠 လိပ်စာ - ၇၄လမ်း၊၃၀-၃၁လမ်းကြား၊ မန္တလေးမြို့။

Email 📧- [email protected]

📞 အသေးစိတ်မေးမြန်းရန် – 09770492929

👉 ကျန်းမာရေးက အချစ်ရဲ့ အရေးအကြီးဆုံးအပိုင်းပါ 💖
ယနေ့ပဲ စစ်ဆေးကြပါစို့!

𝐑𝐞𝐜𝐞𝐩𝐭𝐢𝐨𝐧𝐢𝐬𝐭 (𝟐) 𝐏𝐨𝐬𝐭𝐬 #𝐔𝐫𝐠𝐞𝐧𝐭 𝐇𝐢𝐫𝐢𝐧𝐠မန္တလေးမြို့ရှိ အောင်ကောင်းမွန် ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်- ရုပ်ရည် ပြေပြစ်၍...
22/01/2026

𝐑𝐞𝐜𝐞𝐩𝐭𝐢𝐨𝐧𝐢𝐬𝐭 (𝟐) 𝐏𝐨𝐬𝐭𝐬
#𝐔𝐫𝐠𝐞𝐧𝐭 𝐇𝐢𝐫𝐢𝐧𝐠
မန္တလေးမြို့ရှိ အောင်ကောင်းမွန် ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်

- ရုပ်ရည် ပြေပြစ်၍ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ
- Basic Computer Skills ရှိသူ
- သွက်လက်ကာ သင်ယူလိုစိတ် အပြည့်အဝရှိသူ
- Customer Service ပိုင်းတွင် အတွေ့အကြုံရှိသူ
- Team နှင့်လုပ်ကိုင်နိုင်သူ
Receptionists များ ခန့်ထားလိုပါတယ်။
Salary- အခြေခံလစာ+ရက်မှန်ကြေး+အချိန်ပိုကြေးခံစားခွင့်ရှိမည်။

Blood Collector - 2 posts

Job Requirement
- သွေးဖောက် ကျွမ်းကျင်သူဖြစ်ရမည်။
- လူမှုဆက်ဆံရေး ကောင်းမွန်သူ၊ လူနာများအပေါ် စိတ်ရှည် သည်းခံတတ်သူ ဖြစ်ရမည်။
- အလုပ်မှပေးအပ်သောတာဝန်များကိုလုပ်ဆောင်နိုင်ရမည်။
- ဆိုင်ကယ် ယဉ်မောင်း လိုင်စင် ရှိသူဖြစ်ရမည်။(မရှိလည်းပဲလျှောက်ထားနိုင်ပါသည်)
- ဆေးရုံ၊ဆေးခန်း / ဓာတ်ခွဲခန်း အတွေ့အကြုံ ရှိသူ ဖြစ်ရပါမည်။

Runner - 2 posts

Job Requirement
- အနည်းဆုံး ပညာအရည်ချင်း အထက်အတန်းအဆင့်ရှိရမည်။
- ဆိုင်ကယ် ယဉ်မောင်းလိုင်စင် ရှိသူဖြစ်ရမည်။
- ဆေးရုံ/ဓာတ်ခွဲခန်း အတွေ့အကြုံရှိသူ ဦးစားပေးပါမည်။
- အတွေ့အကြုံမရှိသူများလည်း လျောက်ထားနိုင်ပါသည်။

Salary
အခြေခံလစာ+ရက်မှန်ကြေး+ဆီဖိုး+အချိန်ပိုကြေး

လျှောက်ထားမည်ဆိုပါက Cv Form ကို Viber သို့မဟုတ် Mail ထဲသို့ပို့ပြီးလျှောက်ထားနိုင်ပါသည်။

လျောက်ထားရန် လိပ်စာ 🏥 - 74 လမ်း ၊ 30-31လမ်း ကြား၊မန္တလေးမြို့။
ဖုန်းနံပါတ် ☎️- 09770 49 2929
Email 📥 - [email protected]

လေဖြန်းခြင်း (သို့မဟုတ်) လေဖြတ်ခြင်း (Stroke) ဟာ ဆောင်းရာသီလို အေးတဲ့ကာလမျိုးမှာ ပိုပြီးအဖြစ်များတတ်ပါတယ်။ ဒါဟာ တိုက်ဆို...
21/01/2026

လေဖြန်းခြင်း (သို့မဟုတ်) လေဖြတ်ခြင်း (Stroke) ဟာ ဆောင်းရာသီလို အေးတဲ့ကာလမျိုးမှာ ပိုပြီးအဖြစ်များတတ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ သိပ္ပံနည်းကျ အကြောင်းရင်းတွေ ရှိနေတာကြောင့်ပါ။ဆောင်းရာသီကုန်တော့မယ်ဆိုပေမယ့်လည်း အေးနေတုန်းပဲရှိသေးတာမို့ဂရုစိုက်သင့်ပါတယ်နော်။

၁။ ဆောင်းရာသီမှာ ဘာကြောင့် ပိုအဖြစ်များတာလဲ?
သွေးကြောများ ကျဉ်းသွားခြင်း: အေးတဲ့ရာသီမှာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့ သွေးကြောတွေက ကျုံ့သွားတတ်ပါတယ်။ အဲဒီအခါ သွေးဖိအား (Blood Pressure) မြင့်တက်လာပြီး သွေးကြောပေါက်တာ ဒါမှမဟုတ် ပိတ်တာတွေ ဖြစ်လွယ်စေပါတယ်။
သွေးခဲနိုင်ခြေ ပိုများခြင်း: အေးတဲ့အခါ သွေးထဲက fibrinogen နဲ့ အခြားပရိုတင်းဓာတ်တွေ တိုးလာတတ်လို့ သွေးက ပိုပြီး ပျစ်လာတတ်ပါတယ်။ ဒါဟာ သွေးခဲပိတ်ဖို့ အခွင့်အလမ်းကို ပိုများစေပါတယ်။
လှုပ်ရှားမှု နည်းသွားခြင်း: အေးတဲ့အတွက် အပြင်မထွက်ဖြစ်တာ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်တာတွေကြောင့် သွေးလည်ပတ်မှု နှေးကွေးသွားတတ်ပါတယ်။
အစားအသောက် ပုံစံပြောင်းလဲခြင်း: ဆောင်းတွင်းမှာ အငန်ဓာတ်များတာ၊ အဆီအစိမ့်များတဲ့ အစားအစာတွေကို ပိုစားမိတတ်ပြီး ရေသောက်နည်းသွားတတ်တာကလည်း သွေးတိုးခြင်းကို အားပေးပါတယ်။
၂။ ဘယ်လိုရှောင်ကြဉ်/ကာကွယ်ရမလဲ?
ဆောင်းရာသီမှာ လေဖြန်းခြင်းကင်းဝေးဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်-
နွေးနွေးထွေးထွေး နေပါ: အထူးသဖြင့် မနက်စောစောနဲ့ ညဖက်တွေမှာ အနွေးထည်၊ ခြေအိတ်၊ လက်အိတ်တွေ ဝတ်ဆင်ပါ။ ခေါင်းကို အအေးမပတ်အောင် ဂရုစိုက်ပါ။
သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ: သွေးတိုးရောဂါ အခံရှိသူတွေအနေနဲ့ မိမိရဲ့ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပြီး ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို မှန်မှန်သောက်ရပါမယ်။
လှုပ်လှုပ်ရှားရှား နေပါ: အိမ်ထဲမှာတင် လုပ်လို့ရတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး (ဥပမာ- လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း) ကို နေ့စဉ် မိနစ် ၂၀ ခန့် ပြုလုပ်ပေးပါ။
အစားအသောက် ဆင်ခြင်ပါ: အငန်ဓာတ် လျှော့စားပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ပိုစားပါ။ ရေကို အေးလွန်းတာမျိုးမဟုတ်ဘဲ ပုံမှန်ပမာဏ (၈ ခွက်ခန့်) သောက်ပေးပါ။
မနက်စောစော အအေးဒဏ်ကို ရှောင်ပါ: အသက်ကြီးသူတွေအနေနဲ့ မနက်စောစော နှင်းပေါက်ထဲ လမ်းလျှောက်တာမျိုးကို ရှောင်သင့်ပါတယ်။ နေထွက်ပြီး အနည်းငယ် နွေးလာချိန်မှသာ အပြင်ထွက်ပါ။
၃။ အရေးပေါ် သတိထားရမည့် လက္ခဏာများ (F.A.S.T)
လေဖြန်းတဲ့ လက္ခဏာပြလာရင် အချိန်မီ ဆေးရုံပို့နိုင်ရန် ဒီအချက်‌လေး‌တွေကို မှတ်ထားသင့်ပါတယ်
Face (မျက်နှာ): ပြုံးခိုင်းကြည့်ပါ။ ပါးစပ်ရွဲသွားသလား?
Arms (လက်): လက်နှစ်ဖက် မြှောက်ခိုင်းကြည့်ပါ။ တစ်ဖက်က ပြုတ်ကျနေသလား?
Speech (စကားပြော): စကားပြောခိုင်းကြည့်ပါ။ ဗလုံးဗထွေး ဖြစ်နေသလား?
Time (အချိန်): ဒါတွေဖြစ်လာရင် အချိန်မဆွဲဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပါ။

လေဖြန်းခြင်း (သို့မဟုတ်) လေဖြတ်ခြင်း ဖြစ်နိုင်ခြေရှိမရှိ သိနိုင်ဖို့နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အဓိကအားဖြင့် သွေးကြောကျန်းမာရေး နဲ့ နှလုံးကျန်းမာရေး ကို စစ်ဆေးရမှာ ဖြစ်ပါတယ်။
အောက်ပါ Test တွေကို စစ်ဆေးထားသင့်ပါတယ်-
၁။ အခြေခံ သွေးစစ်ဆေးမှုများ (Blood Tests)
သွေးချို/ဆီးချို စစ်ဆေးခြင်း (Blood Glucose): ဆီးချိုရောဂါဟာ သွေးကြောတွေကို ပျက်စီးစေပြီး လေဖြတ်နိုင်ခြေကို မြင့်တက်စေပါတယ်။
သွေးတွင်း အဆီဓာတ် စစ်ဆေးခြင်း (Lipid Profile): သွေးတွင်းမှာ ကိုလက်စထရော (Cholesterol) နဲ့ အဆီဓာတ် (LDL) များနေရင် သွေးကြောပိတ်နိုင်ခြေ များပါတယ်။
သွေးခဲစနစ် စစ်ဆေးခြင်း (Coagulation Profile): သွေးက ပုံမှန်ထက် ပျစ်နေသလား၊ ခဲလွယ်နေသလားဆိုတာကို သိနိုင်ပါတယ်။

လူကြီးမင်းတို့လည်း ကိုယ့်ကျန်းမာရေးအတွက် လေဖြန်းခြင်း ကိုကြိုတင်ကာကွယ်ရန်စစ်‌ဆေးသင့်တာလေးတွေကို စစ်ဆေးဖို့ Aung Kaung Mon laboratory မှ လူကီုးမင်းတဲ့နဲ့အမြဲအတူရှိနေတာမို့ Test လေးတွေလာစစ်ပြီး ကျန်းမာအသက်ရှည်စွာနေထိုင်လိုက်ပါနော် 💓

Address -74Street 30*31 Between Mandalay
Phone -09 770 49 2929

Blood Collector - 2 postsJob Requirement- သွေးဖောက် ကျွမ်းကျင်သူဖြစ်ရမည်။- လူမှုဆက်ဆံရေး ကောင်းမွန်သူ၊ လူနာများအပေါ် စိတ...
14/01/2026

Blood Collector - 2 posts

Job Requirement
- သွေးဖောက် ကျွမ်းကျင်သူဖြစ်ရမည်။
- လူမှုဆက်ဆံရေး ကောင်းမွန်သူ၊ လူနာများအပေါ် စိတ်ရှည် သည်းခံတတ်သူ ဖြစ်ရမည်။
- အလုပ်မှပေးအပ်သောတာဝန်များကိုလုပ်ဆောင်နိုင်ရမည်။
- ဆိုင်ကယ် ယဉ်မောင်း လိုင်စင် ရှိသူဖြစ်ရမည်။
- ဆေးရုံ၊ဆေးခန်း / ဓာတ်ခွဲခန်း အတွေ့အကြုံ ရှိသူ ဖြစ်ရပါမည်။

Runner - 1 post

Job Requirement
- အနည်းဆုံး ပညာအရည်ချင်း အထက်အတန်းအဆင့်ရှိရမည်။
- ဆိုင်ကယ် ယဉ်မောင်းလိုင်စင် ရှိသူဖြစ်ရမည်။
- ဆေးရုံ/ဓာတ်ခွဲခန်း အတွေ့အကြုံရှိသူ ဦးစားပေးပါမည်။
- အတွေ့အကြုံမရှိသူများလည်း လျောက်ထားနိုင်ပါသည်။

Salary
အခြေခံလစာ+ရက်မှန်ကြေး+ဆီဖိုး+အချိန်ပိုကြေး

လျှောက်ထားမည်ဆိုပါက Cv Form ကို Viber သို့မဟုတ် Mail ထဲသို့ပို့ပြီးလျှောက်ထားနိုင်ပါသည်။

လျောက်ထားရန် လိပ်စာ 🏥 - 74 လမ်း ၊ 30-31 ကြား၊မန္တလေးမြို့။
ဖုန်းနံပါတ် ☎️- 09770 49 2929
Email 📥 - [email protected]

𝐑𝐞𝐜𝐞𝐩𝐭𝐢𝐨𝐧𝐢𝐬𝐭 (𝟐) 𝐏𝐨𝐬𝐭𝐬𝐔𝐫𝐠𝐞𝐧𝐭 𝐇𝐢𝐫𝐢𝐧𝐠မန္တလေးမြို့ရှိ အောင်ကောင်းမွန် ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်- ရုပ်ရည် ပြေပြစ်၍ ပ...
13/01/2026

𝐑𝐞𝐜𝐞𝐩𝐭𝐢𝐨𝐧𝐢𝐬𝐭 (𝟐) 𝐏𝐨𝐬𝐭𝐬
𝐔𝐫𝐠𝐞𝐧𝐭 𝐇𝐢𝐫𝐢𝐧𝐠
မန္တလေးမြို့ရှိ အောင်ကောင်းမွန် ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်

- ရုပ်ရည် ပြေပြစ်၍ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ
- Basic Computer Skills ရှိသူ
- သွက်လက်ကာ သင်ယူလိုစိတ် အပြည့်အဝရှိသူ
- Customer Service ပိုင်းတွင် အတွေ့အကြုံရှိသူ
- Team နှင့်လုပ်ကိုင်နိုင်သူ
Receptionists များ ခန့်ထားလိုပါတယ်။

Salary- အခြေခံလစာ+ရက်မှန်ကြေး+အချိန်ပိုကြေးခံစားခွင့်ရှိမည်။

စိတ်ပါဝင်စားစွာ လျှောက်ထားလိုပါက
[email protected]
Viber - 09770492929 သို့ CV form များ ပေးပို့ လျှောက်ထားနိုင်ပါတယ်ရှင်။
Address -74Street 30*31between

''Happy New Year''၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်  အသစ်သစ်သော မင်္ဂလာ...
31/12/2025

''Happy New Year''
၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် အသစ်သစ်သော မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

နှစ်သစ်မှာ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ဖို့ "ကျန်းမာရေး" က အဓိကကျပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်မှာ ရောဂါဘယများ ကင်းဝေးပြီး စိတ်ခွန်အား၊ လူခွန်အားများ ပြည့်ဝကာ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း Aung Kaung Mon Laboratory မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

Aung Kaung Mon Laboratory ရဲ့ မိတ်ဟောင်း၊ မိတ်သစ်များအားလုံးလည်း ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျွန်တော်တို့အပေါ် ယုံကြည်စိတ်ချစွာဖြင့် ကျန်းမာရေးစစ်ဆေးမှုများ လာရောက်ပြုလုပ်ခဲ့ကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ နှစ်သစ်မှာလည်း မိမိတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရင်း ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ ဆက်လက် စောင့်ရှောက်ပေးသွားပါဦးမယ်ခင်ဗျာ။

Address -74Street 30*31bet MDY
Phone -09770 49 2929, 09687904333



၂၀၂၆ ခုနှစ် နှစ်သစ်အကြို 1.1.2026 အတွက် AKM မှလူကြီးမင်းတို့အတွက် Big Promotion လေးတွေပေးနေပါပြီနော်။Inflection Screenin...
30/12/2025

၂၀၂၆ ခုနှစ် နှစ်သစ်အကြို 1.1.2026 အတွက် AKM မှလူကြီးမင်းတို့အတွက် Big Promotion လေးတွေပေးနေပါပြီနော်။

Inflection Screening Test တွေဖြစ်တဲ့ ( Bပိုး၊ Cပိုး၊ HIVပိုး ) သုံးမျိုးတွဲစစ်ရင်တော့ 15000ကျပ်သာကျသင့်မှာဖြစ်ပြီး ကာလသားရောဂါ VDRL အပါ စုစုပေါင်းလေးမျိုးတွဲစစ်မယ်ဆိုရင်တော့
20000ကျပ်သာကျသင့်မှာပဲဖြစ်ပါတယ်။

အလုပ်မအားလို့ပဲဖြစ်ဖြစ်၊အကြောင်းအမျိုးမျိုးကြောင့် 1 ရက်နေ့မှာမလာနိုင်သူများအတွက် Register သွင်းထားရုံနဲ့ ပရိုမိုးရှင်းခံစားခွင့်ရမှာမို့ Register ကြိုသွင်းထားပြီးအားတဲ့အချိန်လေးမှာလာစစ်လိုက်လို့ရတာမို့ ပရိုမိုးရှင်းလွတ်သွားမှာလည်းစိတ်ပူစရာမလိုတော့ပါဘူး။

ပုံမှန်ထက်ပို‌ပြီးဈေးသက်သာတဲ့ Big Promotion လေးရှိတာမို့ နှစ်သစ်မှာ ရောဂါဘယကင်းပြီး စိတ်အေးချမ်းသာစွာ ဖြစ်သန်းနိုင်ဖို့ ကူးစက်ရောဂါစစ်ဆေးမှုများကို ပရိုမိုးရှင်းအမှီလာ‌စစ်လိုက်ကြပါနော်။

Address -74Street ,30*31bet MDY
Phone -09 770 49 2929, 09687904333



Aung Kaung Mon Laboratory မှ လူကြီးမင်းတို့အတွက် ခရစ်စမတ်ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်။ဒီနှစ် ခရစ်စမတ်အခါသမယမှာ စိ...
25/12/2025

Aung Kaung Mon Laboratory မှ လူကြီးမင်းတို့အတွက် ခရစ်စမတ်ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်။ဒီနှစ် ခရစ်စမတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး မိသားစုနဲ့အတူ အေးချမ်းသာယာတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"

ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုသကဲ့သို့ လူကြီးမင်းတို့၏ကျန်းမာရေးနဲ့ပတ်သက်ပြီးဆေးစစ်ချက်များအတွက် AKM Laboratory ကအမြဲတမ်းလူကြီးမင်းတို့နဲ့အတူရှိနေမှာပါ ❤️

အားလုံးပဲ ကျန်းမာ၊ချမ်းသာ၊ရွှင်လန်းချမ်းမြေ့ ကြပါစေ❤️။



(ကျောက်ကပ်ပျက်စီးခြင်းနဲ့ ကျောက်ကပ်ကျောက်တည်ခြင်း) ဖြစ်ပွားသူ အရေအတွက် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာရတဲ့ အကြောင်းရင်း၁။ အ...
20/12/2025

(ကျောက်ကပ်ပျက်စီးခြင်းနဲ့ ကျောက်ကပ်
ကျောက်တည်ခြင်း) ဖြစ်ပွားသူ အရေအတွက် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာရတဲ့ အကြောင်းရင်း

၁။ အစားအသောက် (Dietary Habits)
ဆားနှင့် ငံပြာရည် အလွန်အကျွံစားခြင်း: မြန်မာ့ရိုးရာ အစားအသောက်တွေဖြစ်တဲ့ ငပိ၊ ငံပြာရည်၊ အချဉ်ထုပ်နဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ဆိုဒီယမ် (Sodium) ဓာတ် အလွန်များပါတယ်။ ၎င်းက သွေးတိုးစေပြီး ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။
အချိုရည်နှင့် အချိုဓာတ်: သကြားပါဝင်မှုများတဲ့ အချိုရည်တွေနဲ့ အချိုစာတွေ စားသုံးမှု များလာတာကြောင့် ဆီးချိုရောဂါဖြစ်ပွားနှုန်း မြင့်တက်လာပြီး ၎င်းက ကျောက်ကပ်ပျက်စီးရခြင်းရဲ့ နံပါတ် (၁) အကြောင်းရင်း ဖြစ်လာပါတယ်။
အသားဓာတ် (Protein) အလွန်အကျွံစားခြင်း: ယူရစ်အက်ဆစ် (Uric Acid) တက်စေပြီး ကျောက်ကပ်ကျောက်တည်ခြင်းကို အားပေးပါတယ်။
၂။ ဆေးဝါးများ စနစ်တကျ အသုံးမပြုခြင်း (Medication Misuse)
အကိုက်အခဲပျောက်ဆေးများ (NSAIDs): ခါးနာ၊ ဒူးနာ၊ ညောင်းညာတာတွေအတွက် အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်စွဲသောက်ခြင်းက ကျောက်ကပ်ကို အလွန်လျင်မြန်စွာ ပျက်စီးစေပါတယ်။
တိုင်းရင်းဆေးနှင့် အားဆေးအချို့: စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးအချို့ သို့မဟုတ် အာမခံချက်မရှိတဲ့ ဖြည့်စွက်စာတွေမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက ကျောက်ကပ်ကို ဒုက္ခပေးတတ်ပါတယ်။
၃။ ရေဓာတ် လိုအပ်ချက်နှင့် ရာသီဥတု (Dehydration)
မြန်မာနိုင်ငံဟာ အပူပိုင်းဒေသဖြစ်တဲ့အတွက် ချွေးထွက်များပါတယ်။ ရေလုံလုံလောက်လောက် မသောက်တဲ့အခါ ဆီးထဲမှာ အနယ်ထိုင်လွယ်ပြီး ကျောက်ကပ်ကျောက်တည်ခြင်း ပိုဖြစ်စေပါတယ်။
စိုက်ပျိုးရေး လုပ်ကိုင်သူများ သို့မဟုတ် နေပူထဲ အလုပ်လုပ်ရသူများတွင် ရေဓာတ်ခမ်းခြောက်မှုကြောင့် ကျောက်ကပ်ထိခိုက်နှုန်း ပိုများပါတယ်။
၄။ ရောဂါအခံများကို သတိမထားမိခြင်း
သွေးတိုးနှင့် ဆီးချို: မြန်မာနိုင်ငံမှာ ဒီရောဂါနှစ်ခုကို စနစ်တကျ ထိန်းချုပ်နိုင်သူ နည်းပါးပါတယ်။ သွေးတိုးကို ပုံမှန်ဆေးမသောက်ဘဲ ထားတဲ့အခါ ကျောက်ကပ်က သွေးကြောလေးတွေကို ပျက်စီးစေပါတယ်။
၅။ ဓာတုပစ္စည်းများနှင့် စိုက်ပျိုးရေးဆေးဝါးများ
အစားအစာတွေမှာ သုံးတဲ့ ဆိုးဆေးတွေ၊ တာရှည်ခံဆေးတွေနဲ့ စိုက်ပျိုးရေးမှာ သုံးတဲ့ ပိုးသတ်ဆေး အကြွင်းအကျန်တွေက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ကျောက်ကပ်ကနေ စစ်ထုတ်ပေးရတာကြောင့် ကျောက်ကပ် ဝန်ပိစေပါတယ်။
ဒီအချက်ထဲကအချက်ထဲကတော်တော်များများကိုတော့အားလုံးလဲသိရှိပြီးသားလို့ထင်ပါတယ်။

(ကျောက်ကပ်ရောဂါရဲ့ အဓိက လက္ခဏာများ
ကျောက်ကပ်ရောဂါကို ညွှန်ပြနိုင်တဲ့ အဖြစ်အများဆုံး လက္ခဏာရပ်များ)

💧 ဆီးသွားခြင်း အပြောင်းအလဲများ ညဘက်မှာ အကြိမ်ရေများစွာ ဆီးသွားခြင်း၊ ဆီးပမာဏ နည်းလာခြင်း သို့မဟုတ် များလာခြင်း၊ ဆီးသွားရခက်ခဲခြင်း။
🎈 ဖောရောင်ခြင်း (Edema) အဆိပ်အတောက်နှင့် အရည်များ စစ်ထုတ်မှု မလုပ်နိုင်တော့တာကြောင့် မျက်ခွံ၊ ခြေထောက်၊ ခြေချင်းဝတ်နှင့် ခြေဖဝါးများ ဖောရောင်ခြင်း။
😴 အားအင်ကုန်ခမ်းခြင်း/မောပန်းနွမ်းနယ်ခြင်း ကျောက်ကပ်က သွေးနီဥ ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ ဟော်မုန်း (Erythropoietin) နည်းပါးလာပြီး သွေးအားနည်းခြင်းကြောင့် အမြဲတမ်း မောပန်းနေခြင်း။
🍎 အစားအသောက် ပျက်ခြင်း အစာစားချင်စိတ် နည်းပါးခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် မအီမသာ ဖြစ်ခြင်း (အထူးသဖြင့် မနက်ခင်းမှာ)။
😩 အသားအရေ ယားယံခြင်း သွေးထဲမှာ အဆိပ်အတောက်တွေ စုပြုံလာပြီး အရေပြားကို ယားယံစေခြင်း။
🧠 အာရုံစူးစိုက်မှု လျော့နည်းခြင်း ဦးနှောက်ထဲ အဆိပ်အတောက် ရောက်ရှိမှုကြောင့် စိတ်ရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း။
🫁 အသက်ရှူရ ခက်ခဲခြင်း အဆုတ်ထဲမှာ အရည်များ စုပုံလာခြင်းကြောင့် သို့မဟုတ် သွေးအားနည်းခြင်းကြောင့် အသက်ရှူမဝခြင်း။
💔 ခါးနာခြင်း (နံရိုးအောက်နား) တစ်ခါတစ်ရံ ကျောက်ကပ်ရှိရာ နံရိုးအောက်ပိုင်း နောက်ကျောနေရာမှာ နာကျင်မှု ခံစားရခြင်း။
အောက်ပါ အခြေအနေများ၊ ရောဂါရှိသူများ သို့မဟုတ် ကျန်းမာရေး အကြောင်းအရာများ ရှိပါက ကျောက်ကပ် စစ်ဆေးမှုများ (ဥပမာ- သွေး၊ ဆီး စစ်ဆေးခြင်း) ကို ပုံမှန် ပြုလုပ်သင့်ပါတယ်။
ဘယ်လိုလူတွေပိုပြီးစစ်ဆေးသင့်သလဲ?
၁။ 💡 ဆီးချိုရောဂါရှိသူများ (Diabetes)
ဆီးချိုရောဂါဟာ ကျောက်ကပ် ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် မထိန်းနိုင်ရင် ကျောက်ကပ်ကို ပျက်စီးစေနိုင်တာကြောင့် နှစ်စဉ် စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
၂။ 💔 သွေးတိုးရောဂါရှိသူများ (Hypertension)
သွေးတိုးခြင်းဟာ ကျောက်ကပ်ကို တိုက်ရိုက် ဖိအားပေးပြီး ပျက်စီးစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းချုပ်ထားရင်တောင် ပုံမှန် စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။
၃။ 🧬 မိသားစု ရာဇဝင်ရှိသူများ
မိဘ၊ အစ်ကို/အစ်မ သို့မဟုတ် သွေးရင်းသားချင်းများထဲမှာ ကျောက်ကပ်ရောဂါ သို့မဟုတ် ကျောက်ကပ် အစားထိုးကုသမှု ခံယူထားသူရှိပါက ရောဂါဖြစ်ပွားနိုင်ခြေ ပိုများတာကြောင့် စစ်ဆေးသင့်ပါတယ်။
၄။ 🧑‍🦳 အသက်ကြီးသူများ (အသက် ၆၀ ကျော်)
အသက်ကြီးလာတာနဲ့အမျှ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ သဘာဝအတိုင်း လျော့ကျလာတတ်ပါတယ်။
🩺 အထက်ဖော်ပြပါ ကျောက်ကပ်ရောဂါ လက္ခဏာများ ခံစားရပါက
အထူးသဖြင့် ဆီးသွားခြင်း အပြောင်းအလဲ၊ ဖောရောင်ခြင်း သို့မဟုတ် အကြောင်းရင်းမရှိဘဲ အားအင်ကုန်ခမ်းနေခြင်း စသည့် လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်သင့်ပါတယ်။
ကျောက်ကပ် ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုတွေကတော့ ဆီးစစ်ဆေးခြင်း (Urinalysis) နဲ့ သွေးတွင်း Creatinine နှင့် GFR စစ်ဆေးခြင်း တို့ပဲ ဖြစ်ပါတယ်။



အခုလိုဆောင်းရာသီမှာ ကျန်းမာရေးအတွက်ဘာတွေစစ်သင့်လဲ ? ဆောင်းရာသီအတွက် အဓိက စစ်ဆေးသင့်သော Test တွေကတော့၁။ ဗီတာမင် ဒီ (Vitam...
09/12/2025

အခုလိုဆောင်းရာသီမှာ ကျန်းမာရေးအတွက်ဘာတွေစစ်သင့်လဲ ?
ဆောင်းရာသီအတွက် အဓိက စစ်ဆေးသင့်သော Test တွေကတော့
၁။ ဗီတာမင် ဒီ (Vitamin D) စစ်ဆေးမှု

ဆောင်းရာသီမှာ နေရောင်ခြည် နည်းပါးတာကြောင့် ခန္ဓာကိုယ်ရဲ့ ဗီတာမင် ဒီ ထုတ်လုပ်မှု သိသိသာသာ လျော့ကျပါတယ်။ ဗီတာမင် ဒီဟာ ကိုယ်ခံအားစနစ် (Immune System) နဲ့ အရိုးကျန်းမာရေး အတွက် အလွန်အရေးကြီးပါတယ်။ဗီတာမင် ဒီ ချို့တဲ့မှုဟာ မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း (Seasonal Affective Disorder - SAD) နဲ့ အအေးမိခြင်း/တုပ်ကွေး ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

၂။ သိုင်းရွိုက် ဟော်မုန်း (Thyroid Hormone) စစ်ဆေးမှု (TSH, FT4, FT3)

ဆောင်းရာသီလို အေးတဲ့ရာသီဥတုမှာ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) က ပြောင်းလဲနိုင်ပါတယ်။အထူးသဖြင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း (Hypothyroidism) ရဲ့ လက္ခဏာများ (ဥပမာ- အအေးဒဏ် မခံနိုင်ခြင်း၊ အလေးချိန် တက်ခြင်း၊ မောပန်းခြင်း) ဟာ ဆောင်းရာသီမှာ ပိုပြီး ထင်ရှားလာနိုင်တာကြောင့် စစ်ဆေးသင့်ပါတယ်။

၃။ သွေးတွင်း သကြားဓာတ် (Blood Glucose) စစ်ဆေးမှု

ဆောင်းရာသီမှာ လူတွေဟာ လှုပ်ရှားမှု နည်းပါးလာပြီး အစားအသောက် ပိုစားလေ့ရှိတာကြောင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကို အာရုံစိုက်ဖို့ လိုပါတယ်။ဆီးချိုရောဂါ ရှိသူတွေ ဒါမှမဟုတ် ဖြစ်နိုင်ခြေရှိသူတွေအတွက် ဒီရာသီမှာ သွေးတွင်းသကြားဓာတ်ကို ပုံမှန် စစ်ဆေးပေးခြင်းဟာ ကျန်းမာရေး အခြေအနေကို ထိန်းချုပ်ရာမှာ အထောက်အကူပြုပါတယ်။

၄။ ကိုယ်ခံအား စစ်ဆေးမှုများ (Immunity-Related Tests)

ဆောင်းရာသီဟာ အအေးမိ၊ တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပျံ့နှံ့ရာ ရာသီဖြစ်ပါတယ်။ဒါကြောင့် CBC (Complete Blood Count): သွေးဖြူဥ၊ သွေးနီဥ၊ သွေးနီဥ အဆင့်အတန်းများကြည့်ရှု၍ ကိုယ်ခံအားနှင့် ရောဂါပိုးဝင်မှု ရှိမရှိကို အကြမ်းဖျင်း စစ်ဆေးနိုင်ပါတယ်။
Influenza (တုပ်ကွေး) / COVID-19 Tests: ရောဂါလက္ခဏာများ ပြသလာပါက လိုအပ်သလို စစ်ဆေးသင့်ပါတယ်။
ကျန်းမာရေးအတွက်စစ်ဆေးသင့်တဲ့Test‌လေးတွေကတော့အများအပြားရှိ‌ပေမယ့် ဒါလေးတွေကတော့ ဆောင်းရာသီမှာ အဓိကစစ်ဆေးသင့်တာလေးတွေပဲဖြစ်ပါတယ်။

Address

Mandalay
05042

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Aung Kaung Mon Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share