Dr. Aung Ba - Nutritionist

Dr. Aung Ba - Nutritionist M.B.,B.S (MDY)
M.Sc (Nutrition and Dietetics) (Bedfordshire, UK)
Certified Sports Nutrition Specialist (NCSF,USA)

05/06/2026

🥗 ကျောက်ကပ်အစားထိုးထားသူများအတွက် အာဟာရလမ်းညွှန် 🩺

ကျောက်ကပ်အစားထိုးပြီးနောက် ဘယ်လိုစားသောက်သင့်သလဲ? 🍲🍛

ကျောက်ကပ်အစားထိုး ကုသမှု အောင်မြင်ပြီးနောက် အရင်ကလို တင်းတင်းကျပ်ကျပ် ရှောင်စရာ မလိုတော့ပေမဲ့ အစားအသောက် ပိုမြိန်လာခြင်းနဲ့ စွဲသောက်ရတဲ့ Steroid ဆေးဝါးတွေကြောင့် ကိုယ်အလေးချိန် (Body Fat) ရုတ်တရက် တက်လာတတ်ပါတယ်။ ⚖️

ဒါကြောင့် အစားထိုးထားတဲ့ ကျောက်ကပ်လေး ရေရှည် ကျန်းမာဖို့အတွက် အဓိက ဂရုစိုက်ရမယ့် အချက် (၅) ချက်ကို ရှင်းပြပေးထားပါတယ် -

✅ ၁။ အစားအသောက် သန့်ရှင်းမှု - ပိုးမွှားကင်းစင်ဖို့ အထူးဂရုစိုက်ပါ 🧼

✅ ၂။ အသားဓာတ်ကို မျှတအောင်စားပါ - ကိုယ်ခန္ဓာလိုအပ်ချက်နဲ့အညီ မျှတအောင် စားသုံးပါ 🥩

✅ ၃။ ဆား၊ သကြား၊ ဆီ ပမာဏ - အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ 🧂🍰

✅ ၄။ ရေဓာတ်ဖြည့်တင်းခြင်း - ကျောက်ကပ်အတွက် ရေလုံလောက်စွာ သောက်သုံးပါ 💧

✅ ၅။ မတည့်သော အစားအစာများ - ရှောင်ကြဉ်သင့်သည့် အစားအသောက်များကို သတိပြုပါ⛔️

အသေးစိတ် အချက်အလက်တွေကို ဗီဒီယိုထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦးဗျ 😊

ဗီဒီယို အပြည့်အစုံကို YouTube နဲ့ TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ 🎬

• Video Link များကို ပထမဆုံး Comment မှာ ချပေးထားပါတယ်! 👇📌

#ကျောက်ကပ်ရောဂါ #ကျောက်ကပ် #ကျောက်ကပ်အစားထိုး

29/05/2026

ဗိုက်အဆီ အမှန်တကယ် ကျစေမယ့် နည်းလမ်းများ

ဗိုက်အဆီပဲ သီးသန့်ချချင်တယ်" လို့ တွေးနေပါသလား? တကယ်တော့ Science အရ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုကို ကွက်ပြီး အဆီချလို့ (Spot Reduction) မရနိုင်ပါဘူး။ ဒါပေမဲ့ ဗိုက်အဆီ တကယ်ကျစေမဲ့ အရေးကြီးတဲ့ lifestyle factors တွေရှိပါတယ် အဲ့ဒီအချက်တွေကိုတော့ ဒီဗီဒီယိုမှာ ရှင်းပြပေးသွားမှာဖြစ်လို့ အဆုံးထိ ကြည့်ပေးကြပါဦး ခင်ဗျ

ဗီဒီယို အပြည့်အစုံကို YouTube Channel နဲ့ Tiktok မှာလည်း ဝင်ကြည့်လို့ရပါတယ်ခင်ဗျာ။
👇 Link ကို Comment မှာ ချပေးထားပါတယ်ဗျ

#ဗိုက်အဆီချနည်း

ဒီနေ့ မေလ (၂၈) ရက်နေ့ဟာ "ကမ္ဘာ့အာဟာရနေ့" (World Nutrition Day) ဖြစ်ပါတယ်ဗျ 🌍✨ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့တာ လှုပ...
28/05/2026

ဒီနေ့ မေလ (၂၈) ရက်နေ့ဟာ "ကမ္ဘာ့အာဟာရနေ့" (World Nutrition Day) ဖြစ်ပါတယ်ဗျ 🌍✨

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့တာ လှုပ်ရှားရုန်းကန်ဖို့ စက်ပစ္စည်းတစ်ခုဆိုရင် အာဟာရဆိုတာ အဲ့ဒီစက်ကို အကောင်းဆုံး လည်ပတ်စေတဲ့ "အရည်အသွေးမြင့် လောင်စာဆီ" ပါပဲ. ⛽⚙️

ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးက နေ့စဉ်နဲ့အမျှ မြန်မြန်ဆန်ဆန် ပြောင်းလဲနေသလို ကျွန်တော်တို့ရဲ့ စားသောက်မှုပုံစံတွေနဲ့ လူနေမှုစနစ်တွေကလည်း လိုက်ပါပြောင်းလဲနေပါတယ်. ဒီလိုပြောင်းလဲမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆီးချို၊ နှလုံး၊ သွေးတိုး စတဲ့ လူနေမှုပုံစံကြောင့်ဖြစ်တဲ့ ရောဂါတွေဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာ တွေ့ရပါတယ်. ဒါကြောင့် "မှန်ကန်တဲ့ အာဟာရစနစ်" ဆိုတာ တစ်ဦးတည်းဂရုစိုက်ရုံတင်မကဘဲ မိသားစုနဲ့ လူမှုပတ်ဝန်းကျင်တစ်ခုလုံး စုပေါင်းပြီး ကျင့်သုံးဖို့ လိုအပ်လာပါပြီ 🤝

"You are what you eat" လို့ ပြောလေ့ရှိကြတဲ့အတိုင်း ဒီနေ့ ကျွန်တော်တို့ ရွေးချယ်စားသောက်လိုက်တဲ့ အာဟာရဟာ မနက်ဖြန် ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ပုံဖော်ပေးနေတာပါ. အနာဂတ်မှာ ပိုမိုကျန်းမာသန်စွမ်းတဲ့ မိသားစုနဲ့ ပိုမိုတက်ကြွတဲ့ မျိုးဆက်သစ်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အခုအချိန်ကစပြီး အာဟာရအလေ့အထကောင်းတွေကို လူတိုင်း သတိပြုမိဖို့ လိုအပ်ပါတယ်

ဒီနေ့ ကမ္ဘာ့အာဟာရနေ့မှာ မိမိကိုယ်တိုင်နဲ့ မိသားစုကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ အာဟာရရွေးချယ်မှု တစ်ခုလောက်ကို စတင်ပြောင်းလဲကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျာ (ဥပမာ- ရေပိုသောက်တာ၊ အချိုနဲ့ ဆီလျှော့တာ၊ ဟင်းသီးဟင်းရွက် ပိုစားတာမျိုးပေါ့)

ဒါဟာ ယခုနှစ် ၂၀၂၆ ခုနှစ်ရဲ့ ကမ္ဘာ့အာဟာရနေ့ ဆောင်ပုဒ် (Theme) လေးဖြစ်တဲ့—
“Shaping the future of joint nutrition action in a changing world” (ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်ဖို့ အာဟာရဆိုင်ရာ ပူးပေါင်းလှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်ကြစို့) ဆိုတဲ့အတိုင်း... ကျွန်တော်တို့အားလုံးရဲ့ ပူးပေါင်းလုပ်ဆောင်မှုနဲ့အတူ ပိုမိုကျန်းမာတဲ့ အနာဂတ်ဆီသို့ အတူတူ လှမ်းလှမ်းလိုက်ကြရအောင်ဗျာ 🤝🥦🥑

Happy World Nutrition Day! 🎉

ချစ်ခင်ခြင်းများစွာဖြင့်၊
Dr. Aung Ba
M.B.,B.S (MDY)
M.Sc (Nutrition and Dietetics) (Bedfordshire, UK)
Certified Sports Nutrition Specialist (NCSF, USA)


22/05/2026

အသားတွေ အများကြီးစားတိုင်း ကြွက်သား ပိုကြီးလာမယ်လို့ ထင်နေတုန်းလား? 🥩❌

ဒါက Gym community ထဲမှာ
အများဆုံး လွဲမှားနေတဲ့ အယူအဆတွေထဲက တစ်ခုပါ။

ဒီ video မှာတော့
Research evidence တွေအခြေခံပြီး
Protein ဘယ်လောက်စားရင် လုံလောက်ပြီလဲ ဆိုတာ ရှင်းပြထားပါတယ် 🔥

ကြွက်သားတည်ဆောက်ဖို့ ကြိုးစားနေတဲ့သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက်အလက်တွေမို့ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ! 😊🩺

* ဗီဒီယို အပြည့်အစုံကို YouTube နဲ့ TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
* Video Link များကို ပထမဆုံး Comment မှာ ချပေးထားပါတယ်! 👇

15/05/2026

သက်လုံ ကောင်းဖို့ ဘာစားရမလဲ ???

"သက်လုံကောင်းစေတဲ့ မှော်ဝင်အစားအစာ" ဆိုတာ တကယ်တော့ မရှိပါဘူး။ သက်လုံ (Stamina) ဆိုတာ လေ့ကျင့်ခန်း (Training) ကနေပဲ ရလာတာပါ

ဒါဆို အစားအသောက်က ဘာလုပ်ပေးလဲ? 🤔
အစားအသောက်ဆိုတာ ကားတစ်စီးအတွက် "လောင်စာ" လိုပါပဲ။ ကားအင်ဂျင် (နှလုံးနဲ့ အဆုတ်) က ဘယ်လောက်ပဲ ကောင်းကောင်း၊ လောင်စာ (အာဟာရ) မရှိရင်တော့ အဝေးကြီး မောင်းနိုင်မှာ မဟုတ်ပါဘူး။
💡 အာဟာရသိပ္ပံပညာရှင် Dr. David Costill ပြောခဲ့သလိုပေါ့ -

“မှန်ကန်တဲ့ စားသောက်မှုက သင့်ကို Champion ဖြစ်လာအောင် မလုပ်ပေးနိုင်ပေမဲ့၊ မှားယွင်းတဲ့ စားသောက်မှုကတော့ Champion တစ်ယောက်ကို သာမန်လူ ဖြစ်သွားအောင် လုပ်ပစ်နိုင်ပါတယ်”

ဒါကြောင့် သက်လုံကောင်းချင်ရင် နည်းစနစ်မှန်တဲ့ Training ကို စိုက်လိုက်မတ်တတ် လုပ်ပါ။ ပြီးရင် အဲ့ဒီသက်လုံကို အပြည့်အဝ သုံးနိုင်ဖို့ Carbs နဲ့ Hydration ကို စနစ်တကျ ဖြည့်တင်းပါ။ အနှစ်ချုပ်ကတော့ "Training နဲ့ Nutrition" ဟန်ချက်ညီမှသာ Peak Performance ကို ရမှာပါခင်ဗျာ

* ဗီဒီယို အပြည့်အစုံကို YouTube နဲ့ TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
* Video Link များကို ပထမဆုံး Comment မှာ ချပေးထားပါတယ်! 👇

#အပြေး #လက်ဝှေ့ #ရေကူး #ဘောလုံး #ကြက်တောင်

08/05/2026

Fight Week မှာ Boxer တွေ ဘယ်လို ဝိတ်ချကြလဲ? 🥊📉 (Or) Boxer တွေရဲ့ ရေဓာတ်လှည့်စားမှု နည်းဗျူဟာ 🥊💧

Professional လက်ဝှေ့သမားတစ်ယောက်အတွက် Weight Cut လုပ်တယ်ဆိုတာ "သိပ္ပံနည်းကျတဲ့ အနုပညာတစ်ခု" လိုပါပဲ ကိုယ်အလေးချိန် ဂဏန်းလေးတစ်ခု ကျသွားဖို့ထက် ကြွက်သားထုထည် မဆုံးရှုံးဖို့ နဲ့ စွမ်းဆောင်ရည် (Performance) မကျဖို့ က ပိုပြီး အရေးကြီးပါတယ်
Fight Week လို့ခေါ်တဲ့ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးအပတ်မှာ ဝိတ်ချတာဟာ ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းပစ်တာမျိုး မဟုတ်ဘဲ "ရေဓာတ်" နဲ့ "အစာဟောင်း" တွေကို စနစ်တကျ ဖယ်ရှားတဲ့ နည်းဗျူဟာကို အသုံးပြုကြတာပါ

ဒီဗီဒီယိုမှာတော့ Boxer တွေအတွက် weight cut လုပ်တဲ့အခါ
✅ စွမ်းဆောင်ရည်မထိခိုက်အောင် ဘယ်လို စားသောက်ရမလဲ
✅ ဝိတ်ချနေစဉ်မှာ ကြွက်သားတွေ မကျသွားအောင် ဘာတွေကို အလေးထားရမလဲ
✅ ရေဓာတ်လျှော့ချခြင်း နည်းဗျူဟာများ အကြောင်း ကို ရှင်းပြထားပါတယ်

ဒီဗီဒီယိုလေးက လက်ဝှေ့သမားတွေအတွက် တကယ့်ကို အသုံးဝင်မှာမို့ အဆုံးထိ ကြည့်လိုက်ပါဦးခင်ဗျာ 🎬👇

• ဗီဒီယို အပြည့်အစုံကို tiktok , YouTube မှာလည်း ကြည့်ရှုနိုင်ပါတယ်! 📌
• Video Link ကို ပထမဆုံး Comment မှာ ချပေးထားပါတယ်ဗျ

#လက်ဝှေ့ #မြန်မာ့လက်ဝှေ့ #ဂျူဒို #တိုက်ဂွမ်ဒို #အားကစား

🌸 Cherry Trail ပြေးမည့်သူများ အတွက် Nutrition Guide 🌸2.5.26 စနေနေ့မှာ ကျင်းပမယ့် Cherry Trail မှာ 16 km နဲ့ 35.38 km ပြေ...
28/04/2026

🌸 Cherry Trail ပြေးမည့်သူများ အတွက် Nutrition Guide 🌸

2.5.26 စနေနေ့မှာ ကျင်းပမယ့် Cherry Trail မှာ 16 km နဲ့ 35.38 km ပြေးကြမယ့် Runner တွေအနေနဲ့ အခုအချိန်ကစပြီး ခန္ဓာကိုယ်ကို "Fueling" စလုပ်ဖို့ လိုပါပြီ ။ ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည် (Performance) ရချင်တဲ့ Pro အပြေးသမားတွေရော၊ လန်းလန်းဆန်းဆန်းနဲ့ ပျော်ပျော်ရွှင်ရွှင် ပန်းဝင်ချင်တဲ့ အပျော်တမ်းအပြေးသမားတွေအတွက်ပါ အသုံးဝင်မယ့် အာဟာရပိုင်းဆိုင်ရာ အကြံပြုချက် (Nutrition Tips) လေးတွေကို မျှဝေပေးချင်ပါတယ်

၁။ Carbohydrate Loading (Glycogen Tank ဖြည့်ခြင်း)🍚🥖

Endurance ပွဲတွေမှာ ခန္ဓာကိုယ်အတွက် အဓိက လောင်စာက Glycogen ပါ
• 16 ကီလိုမီတာ သမားများ: ပွဲမတိုင်ခင် ၁ ရက် အလိုမှာ Carbs(ကစီဓါတ်) ကို ပုံမှန်ထက် များများ ပို တိုးစားပေးသင့်ပါတယ်

• 35 ကီလိုမီတာ သမားများ: အခု (ဗုဒ္ဓဟူး/ကြာသပတေး) ကတည်းက Carbs Loading စလုပ်သင့်ပါပြီ။ တစ်နေ့ကို ကိုယ်အလေးချိန် 1 kg မှာ Carbs 5-7 g အထိ စားသုံးပေးဖို့ လိုပါတယ် (carbs loading နာမူနာ နောက်ဆုံးမှာ လေ့လာနိုင်ပါတယ်). အပျော်တမ်း ပြေးပွဲမို့ Carbs Loading မလုပ်ချင်ဘူး / မလုပ်တတ်ဘူး ဆိုသူတွေအတွက်
👉 simple rule = Carbs (ထမင်း၊ အာလူး၊ ပါမုန့်၊ ကန်စွန်းဥ၊ oat၊ pasta ၊ အသီး etc. တွေကို ပွဲမတိုင်ခင် 2-3 ရက် အလို ကတည်းက စားနိုင် သလောက် များများစားထားပါ

• ဘာတွေစားမလဲ? ပွဲမတိုင်ခင် 1-2 ရက် အလိုမှာ High GI (အစာကြေလွယ်) တဲ့ ထမင်းဖြူ၊ ခေါက်ဆွဲ၊ ပေါင်မုန့်ဖြူ၊ အာလူး ပြုတ်/ကင် ၊ပျားည် အသီး တွေကို ဦးစားပေးပါ
• ‼️⚠️သတိပြုရန်: High Carbs(ကစီဓါတ်များ) ဖြစ်ရမယ်၊ Low Fiber (အမျှင်ဓာတ်လျှော့) နဲ့ Low Fat (အဆီလျှော့) ဖြစ်ရပါမယ် (ပွဲနေ့မှာ ဗိုက်မနာ/အောင့် စေဖို့ပါ)

၂။ Hydration & Electrolytes (ရေဓာတ်နှင့် ဓာတ်ဆား) 💦

ရေချည်းပဲ သောက်နေလို့ မလုံလောက်ပါဘူး
• Pre-race: ပွဲမတိုင်ခင် ရက်တွေမှာ ရေကို တစ်စိမ့်စိမ့် သောက်ပေးပါ Carbs နဲ့အတူ ရေဓာတ်က ကြွက်သားထဲမှာ သိုလှောင်သွားမှာပါ (Carbs Loading လုပ်နေပြီး ရေသောက် နည်းနေရင်လဲ အလကားပါ)

ပွဲနေ့ ရောက်ရင်
✔️ 2-3 hr before -> 500-600ml ရေ သောက်ပါ
✔️ 15-20 min before —> 240 ml ရေ သောက်ပါ

• During-race: ပြေးနေစဉ်မှာ ဓာတ်ဆား (Electrolytes) နဲ့ ရေကို မျှသောက်ပါအထူးသဖြင့် 35 ကီလိုမီတာ သမားတွေအတွက် Magnesium, Sodium နဲ့ Potassium ပါတဲ့ ဓာတ်ဆား/ gel တွေက ကြွက်တက် တာကို ကာကွယ်ပေးပါလိမ့်မယ်
✔️ 15-20 min တိုင်း မှာ ရေ 100-150 ml သောက်ပါ ( 100- 150ml က ရေ ဘယ်လောက်ပါလဲ သိချင်ရင် 1 tablespoon ( ထမင်းစားဇွန်းတို ၁ ချောင်းမှာ ပါတဲ့ ရေ ) = 15ml ရှိပါတယ် ။ 7-10 ဇွန်းစာ ရေခွက်ထဲ ထည့်ပီး အစမ်းသောက်ကြည့်ပါ။ ပမာဏ သိထားတော့ ပွဲနေမှာ ရေသောက်များသွားတာ / နည်းသွားတာမျိုး မဖြစ်တော့ပါဘူး)

• Important Tip : ရေငတ်တော့မှ ရေ မသောက်ပါနဲ့ (Drink every 15-20min)

၃။ Energy Gels & Fueling Strategy ⚡️🔋

• Energy Gel: 16 km သမားတွေက 1 ထုပ် သို့မဟုတ် 2 ထုပ် ဆိုရင် လုံလောက်ပေမယ့် 35km သမားတွေကတော့ 45 မိနစ် သို့မဟုတ် 1 နာရီခြား တစ်ခါ 1ထုပ်စီ ပုံမှန် စားပေးဖို့ လိုပါတယ်
• Important Tip: ပွဲနေ့မှ Gel အသစ် စမ်းမသုံးပါနဲ့ ။ Energy gel စားပြီးတိုင်း ရေကို ခပ်မှန်မှန် သောက်ပေးမှ အစာအိမ်က စုပ်ယူမှု မြန်ပါလိမ့်မယ်

၄။ Tapering & Recovery 😴💤

• Tapering: အခုအချိန်မှာ အပြင်းအထန် လေ့ကျင့်တာမျိုး လျော့သင့်ပါတယ် ခြေထောက်ကို အနားပေးပါ
• Sleep: တစ်ညကို အနည်းဆုံး 7-8 နာရီ အိပ်စက်ခြင်းက အကောင်းဆုံးသော Recovery ပါ

နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးက "Mental Strength" ပါ
Trail ပြေးတာဟာ ကိုယ့်ကိုယ်ကိုယ် အနိုင်ယူရတဲ့ ခရီးတစ်ခုပါ။ ပန်းဝင်ဖို့တစ်ခုတည်း မဟုတ်ပဲ တောင်ပေါ်က သဘာဝအလှအပတွေကို ခံစားရင်း ပျော်ပျော်ရွှင်ရွှင် ပြေးနိုင်ဖို့က ပိုအရေးကြီးပါတယ်ဗျ။
အားလုံးပဲ Cherry Trail မှာ ဘေးကင်းကင်းနဲ့ အောင်မြင်စွာ ပန်းဝင်နိုင်ကြပါစေဗျာ ⛰️ 🍒🌸
————————————-

🍽️ Sample Carb Loading (Simple)

(70 kg runner example)

Carbs requirement ~ 7–8 g/kg ≈ 500–550 g carbs/day

Meal plan

* ထမင်း (cooked) ~ 600–700 g(တနေကုန် တရုတ်ပန်းကန်လုံး ၄-၆ လုံးစာ ထမင်း ပမာဏ)
* ပေါင်မုန့် 3–4 slice
* ငှက်ပျောသီး 2–3 လုံး
* ပျားရည် 1–2 tbsp
* juice / sports drink -250ml

✔ fat နည်း
✔ fiber နည်း
✔️ protein အသင့်အတင့် ကို ပွဲမတိုင်ခင် 3 ရက် စားပါ

ချစ်ခင်ခြင်းများစွာဖြင့်
Dr Aung Ba
M.B.,B.S (MDY)
M.Sc (Nutrition and Dietetics) (Bedfordshire, UK)
Certified Sports Nitrition Specialist (NCSF,USA)

#အပြေး

24/04/2026

10k နဲ့ 21k ပြေးမယ့်သူများအတွက် 'ရေဓာတ်ဖြည့်တင်းနည်း' ဗျူဟာ 🏃‍♂️💧🔥

ဒီလို အပူရှိန်ပြင်းတဲ့ ဧပြီလ/မေလ ထဲမှာ 10k နဲ့ 21km (Half Marathon) ပြေးတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ပိုပြီး ဆုံးရှုံးလွယ်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုကြောင့် စွမ်းဆောင်ရည် (Performance) ကျမသွားဘဲ ပွဲအပြီးထိ အရှိန်မပျက် ပြေးနိုင်ဖို့အတွက် မှန်ကန်တဲ့ Hydration Strategy က အရမ်းအရေးကြီးပါတယ်။✔️

ဒီ video မှာတော့ 10K နဲ့ 21K ပြေးနေတဲ့ runner တွေအတွက်
Hydration Strategy ကို လက်တွေ့အသုံးတည့်အောင်ရှင်းပြထားပါတယ်။ 💡

📌 Before Running (Pre-hydration)
- 2–3 hr before → 500–600 ml water
- 15–20 min before → ~240 ml water

📌 During Running
▶ 10K (≈1 hr)
- 15–20 min တိုင်း → 100–150 ml water

▶ 21K (≈2 hr)
- 15–20 min တိုင်း → ~100-150 ml
- Electrolyte / sports drink / gel ထည့်သုံးသင့်

📌 Important Tip
- ရေငတ်မှ မသောက်ပါနဲ့
- Thirst = already dehydrated (~1%)

📌 After Running
- 30 min အတွင်း → electrolyte drinks
- Weight loss 1 kg = ~1.5 L rehydration

မောပန်းလွယ်တာ၊ ခြေကုန်လက်ပန်းကျတာတွေကို ရေဓာတ်နဲ့ အနိုင်ယူလိုက်ပါ။ စနစ်တကျ ရေဓာတ်ဖြည့်တင်းထားတဲ့ အပြေးသမားတစ်ယောက်အတွက် ပန်းတိုင်ဆိုတာ လက်တစ်ကမ်းမှာပါပဲ။ အပူရှိန်ကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့ Best Performance ကိုပဲ အာရုံစိုက်လိုက်ပါ။" 🏁⚡✨

ဗီဒီယို အပြည့်အစုံကို Tiktok နဲ့ YouTube မှာလည်း ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ 🎬
• Video Link ကို ပထမဆုံး Comment မှာ ချပေးထားပါတယ်!
#အပြေး #ရေဓါတ် 10k 10km

18/04/2026

ပြိုင်ပွဲမတိုင်ခင် ဘာစားမလဲ? (အားကစားသမားတိုင်း သိထားရမယ့် Pre-Match Meal) ⚽️🏃‍♂️⚡️

လေ့ကျင့်ခန်းတွေ ဘယ်လောက်ပဲ လုပ်ထားပါစေ၊ ပြိုင်ပွဲနေ့မှာ စွမ်းဆောင်ရည် (Performance) အဆုံးအဖြတ်ပေးတာကတော့ သင် ပွဲမစခင် စားလိုက်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။

စားလိုက်တဲ့ အာဟာရက လောင်စာ (Fuel) မှန်မှသာ ပြိုင်ပွဲမှာ အမောခံနိုင်ရည်ရှိပြီး Performance ကောင်းမှာပါ။ ဒီနေ့မှာတော့ အားကစားသမားတိုင်းအတွက် -
✅ ပွဲမတိုင်ခင် ဘယ်အချိန်မှာ စားရမလဲ?
✅ အင်အားအပြည့်ရဖို့ ဘာတွေ စားရမလဲ?
✅ Performance ကို ထိခိုက်စေမယ့် ဘယ်အရာတွေကို မစားသင့်ဘူးလဲ?
ဆိုတာတွေကို အသေးစိတ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်! 😊🩺

လေ့ကျင့်ထားသမျှ အရာထင်ပြီး ပြိုင်ပွဲမှာ အကောင်းဆုံး ပုံစံနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အခုဗီဒီယိုလေးကို အဆုံးထိ ကြည့်လိုက်ပါဦးခင်ဗျာ! ✨🙌
• ဗီဒီယို အပြည့်အစုံကို YouTube နဲ့ TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ 🎬
• Video Link များကို ပထမဆုံး Comment မှာ ချပေးထားပါတယ်! 👇📌
💬 မိတ်ဆွေတို့ရော ပွဲမစခင် ဘာတွေ စားလေ့ရှိလဲ? အောက်မှာ မျှဝေပေးခဲ့ပါဦးဗျ
#အားကစား #ဘောလုံး #ကြက်တောင် #လက်ဝှေ့ #အပြေး #ရေကူး

10/04/2026

Creatine က Gym ဆော့တဲ့သူတွေပဲ သောက်ရတာလား? ❌🤔 (အားကစားရှုထောင့်မှ Creatine အကြောင်း)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Creatine ဆိုရင် ကြွက်သားကြီးဖို့အတွက်ပဲ သုံးကြတာ များပါတယ်။ တကယ်တော့ Creatine ဟာ ဘောလုံး၊ လက်ဝေ့၊ ကြက်တောင်၊ Basketball နဲ့ အပြေးသမားတွေအထိ Professional အားကစားသမားတိုင်းအတွက် "စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ လောင်စာဆီ" တစ်ခုပါပဲ။ ⚽️🥊🏀⚡️
ဒီနေ့မှာတော့ အားကစား နဲ့ပတ်သတ်ပြီး creatine ရဲ့ အရေးပါပုံ၊ ဘာကြောင့် အားကစားသမားတွေရော creatine ကို သောက်သုံးသင့်တာလဲ ဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်! ✨🩺

• ဗီဒီယို အပြည့်အစုံကို YouTube နဲ့ TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ 🎬
• Video Link များကို ပထမဆုံး Comment မှာ ချပေးထားပါတယ်! 👇📌
💬 မိတ်ဆွေတို့ကော အခုလက်ရှိ ဘာအားကစားတွေ လုပ်နေလဲ? Creatine သောက်နေလား? Comment မှာ မျှဝေပေးသွားပါဦး
#အားကစား #ဘောလုံး #ကြက်တောင် #လက်ဝှေ့ #ရေကူး

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Dr. Aung Ba - Nutritionist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category