Feedy X

Feedy X To create a healthy and clean world. 💜

🟣 ပဋိဇီဝဆေး (Antibiotic) ဆိုသည်မှာ• ပဋိဇီဝဆေးဆိုတာ ရောဂါဖြစ်စေတတ်​သော ဘက်တီးရီးယားပိုးမွှားများ (Bacteria) ကို တိုက်ခိုက...
11/12/2025

🟣 ပဋိဇီဝဆေး (Antibiotic) ဆိုသည်မှာ

• ပဋိဇီဝဆေးဆိုတာ ရောဂါဖြစ်စေတတ်​သော ဘက်တီးရီးယားပိုးမွှားများ (Bacteria) ကို တိုက်ခိုက်ဖျက်ဆီးရန် သို့မဟုတ် ၎င်းတို့၏ ကြီးထွားမှုကို တားဆီးရန် ဖန်တီးထားသော ဆေးဝါးများဖြစ်ပါတယ်။
• ခေတ်သစ်ဆေးပညာရဲ့ အရေးပါဆုံးသော တီထွင်မှုများထဲမှ တန်ဖိုးမဖြတ်နိုင်သော တီထွင်မှုတစ်ခုဖြစ်ပြီး လူသားတို့နှင့် တိရစ္ဆာန်များအတွက် အသက်ကယ်ဆေး ဖြစ်ပါတယ်။
• ၎င်း ပဋိဇီဝဆေး (Antibiotic) များရဲ့ အဓိက ရည်ရွယ်ချက်မှာ ရောဂါဖြစ်စေသော ဘက်တီးရီးယား(Bacteria) ပိုးများကြောင့်ဖြစ်တဲ့ ရောဂါများကို ကုသရာတွင် အသုံးပြုရန် ဖြစ်ပါတယ်။
• ပဋိဇီဝဆေးများဟာ ဗိုင်းရပ်စ် (Virus) ပိုးများကြောင့်ဖြစ်သော ရောဂါများကို​တော့ ကုသနိုင်စွမ်း မရှိပါ။ ဗိုင်းရပ်စ် (Virus) ပိုးများကို မနိုင်ပါ။

🟣 ပဋိဇီဝဆေး (Antibiotic)၏ နှစ်ဖက်သွားဓား အန္တရာယ်

• ပဋိဇီဝဆေး (Antibiotic) ဆိုတဲ့စကားလုံးကို ကျွန်ုပ်တို့အားလုံး ရင်းနှီးပြီးသားဖြစ်ကြမှာပါ၊ ဖျားနာ၊ နာမကျန်းဖြစ်ကြတဲ့အခါ ခဏခဏ ကြားဖူး သုံးစွဲဖူးကြပေမယ့်၊ ၎င်းဆေးရဲ့ "စွမ်းအားနဲ့ အန္တရာယ်" ကို သတိပြုမိသူ နည်းပါးပါတယ်။
• ပဋိဇီဝဆေးများဟာ အကျိုးကျေးဇူးများစွာရှိတဲ့ အဖိုးတန် ဆေးဝါးဖြစ်ပေမယ့်လည်း၊ ၎င်းရဲ့ အကျိုးကို ရေရှည်ခံစားနိုင်ဖို့အတွက် စည်းကမ်းမဲ့၊ အလွန်အကျွံ အသုံးပြုခြင်း ကို ရှောင်ရှားဖို့ အထူးလိုအပ်လှပါတယ်။
• လူသားတို့အနေဖြင့် ပဋိဇီဝဆေးများဟာ အကျိုးရှိသလောက် သတိထားသုံးစွဲရမည့် "နှစ်ဖက်သွားဓား" ဖြစ်ပါတယ်။
• ပဋိဇီဝဆေးကို မွေးမြူရေးလုပ်ငန်းများမှာလည်း "ကာကွယ်ဆေး" သို့မဟုတ် "အသားတိုးဆေး" အဖြစ် ထိုးဆေးများ အပြင်၊ ရေ နှင့် အစာများမှာ လူသားများ မထိခိုက်​စေရန် ပမာဏ အနည်းဆုံးဟုဆိုကြကာ ထည့်သွင်းအသုံးပြု နေကြခြင်းဟာ မှန်ကန်သော နည်းစနစ်တစ်ခု မဟုတ်ပါဘူး။
• ၎င်းကဲ့သို့ လုပ်​​ဆောင်ခြင်း​ကြောင့် ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိခြင်း - AMR ဆိုတဲ့ လအန္တရာယ်ဆိုးကြီးဟာ လူသားတို့ထံ ချဥ်းကပ်လာ​နေပါပြီ။
• ဒါ့​​ကြောင့် အမှန်တကယ်လိုအပ်မှသာ ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် "ကုသဆေး" အဖြစ်သာ ပဋိဇီဝဆေးကို စနစ်တကျ တာဝန်ယူမှုရှိစွာ အသုံးပြုခြင်း (Responsible Use) ဖြင့် လူသား နှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။




REFERENCES

1. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO): https://www.who.int/ (ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိခြင်း - AMR, အာဟာရ၊ ကလေးကျန်းမာရေး)
2. FAO (စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့): http://www.fao.org/home/en/ (စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာ ဘေးကင်းရေး)
3. အမေရိကန် ကျန်းမာရေးဝန်ဆောင်မှုဌာန (U.S. Department of Health & Human Services): https://www.hhs.gov/ (အာဟာရ လမ်းညွှန်ချက်များ)
4. အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (EPA): https://www.epa.gov/ (ကလေးများနှင့် ပတ်ဝန်းကျင် ကျန်းမာရေး)
5. အာဟာရဆိုင်ရာ သိပ္ပံဂျာနယ်များ (Journal of the Academy of Nutrition and Dietetics)

(တဆင့်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ🚫)

🟣 စားပွဲဝိုင်းက ပျော်ရွှင်မှုနဲ့ ကျန်းမာရေးရဲ့အခြေခံ• မိသားစုဝင်အားလုံး စုံညီစွာဝိုင်းဖွဲ့ပြီး အာဟာရပြည့်ဝတဲ့ အစားအစာမျာ...
08/12/2025

🟣 စားပွဲဝိုင်းက ပျော်ရွှင်မှုနဲ့ ကျန်းမာရေးရဲ့အခြေခံ

• မိသားစုဝင်အားလုံး စုံညီစွာဝိုင်းဖွဲ့ပြီး အာဟာရပြည့်ဝတဲ့ အစားအစာများကို အတူတကွ စားသုံးရတာဟာ လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ကျန်းမာရေးအတွက် အခြေခံအကျဆုံး အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။

• အထူးသဖြင့် ကလေးသူငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ ကိုယ်ခံအားကောင်းမွန်မှု၊ ခွန်အား ပြည့်ဝမှုတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း(Protein) ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥ နှင့် နို့ တို့လို တိရစ္ဆာန်ထွက်အစားအစာတွေဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်စားသောက်မှုမှာ အဓိကကျတဲ့ အာဟာရကောင်းများ ဖြစ်ပါတယ်။

🟣 ကျန်းမာသော အနာဂတ် နှင့် လူမှုဘဝ

• သို့သော်... ယနေ့ခေတ်မှာ ဒီလိုအဖိုးတန်တဲ့ အစားအစာတွေကို စိတ်ချလက်ချ ရွေးချယ်စားသုံးဖို့ရာ စိန်ခေါ်မှုတွေ ကြုံလာရပါပြီ။

• ကျွန်ုပ်တို့စားသုံးနေတဲ့ အသား၊ ငါး၊ ဥ နှင့် နို့ များကို မွေးမြူထုတ်လုပ်ရာမှာ အသားတိုးစေဖို့ နဲ့ ရောဂါကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အချို့သော မွေးမြူရေးအစာထုတ်လုပ် ရောင်းချသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များဟာ “ပဋိဇီဝဆေး (Antibiotic)” တွေ၊ အဆိပ်အ​တောက်ဖြစ်စေ​သော သတ္တု ဒြပ်စင်များ (Chemical)ကို အလွန်အကျွံ သုံးစွဲလာကြပါတယ်။

• ဒီလိုမဆင်မခြင် သုံးစွဲမှုတွေကြောင့် အစားအစာထဲမှာ ဆေးဝါးဓါတ်ကြွင်းတွေ၊ သတ္တုဓါတ်ကြွင်းတွေ ကျန်ရှိနေပြီး၊ အဲဒီဓါတ်ကြွင်းတွေဟာ ကျွန်ုပ်တို့မိသားစုတွေရဲ့ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဂေဟစနစ်ကို များစွာအနှောက်အယှက်ပေးကာ၊ အထူးသဖြင့် ကလေး သူငယ်တွေရဲ့ နုနယ်တဲ့ခန္ဓာကိုယ်အတွက် “ကြီးမားတဲ့အန္တရာယ်” တစ်ခုကို တိတ်တဆိတ် ယူဆောင်လာနေပါတယ်။

• ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ရဲ့ ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက်၊ မိမိတို့ စားသောက်မယ့် အစားအစာတွေ ဘေးကင်းလုံခြုံရေးကို မိမိကိုယ်တိုင် သိရှိနားလည်ကာ လိမ္မာပါးနပ်စွာ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။




REFERENCES

1. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO): https://www.who.int/ (ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိခြင်း - AMR, အာဟာရ၊ ကလေးကျန်းမာရေး)
2. FAO (စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့): http://www.fao.org/home/en/ (စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာ ဘေးကင်းရေး)
3. အမေရိကန် ကျန်းမာရေးဝန်ဆောင်မှုဌာန (U.S. Department of Health & Human Services): https://www.hhs.gov/ (အာဟာရ လမ်းညွှန်ချက်များ)
4. အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (EPA): https://www.epa.gov/ (ကလေးများနှင့် ပတ်ဝန်းကျင် ကျန်းမာရေး)
5. အာဟာရဆိုင်ရာ သိပ္ပံဂျာနယ်များ (Journal of the Academy of Nutrition and Dietetics)

(တဆင့်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ🚫)

ᴘʀᴇᴍɪᴜᴍ ǫᴜᴀʟɪᴛʏ, ʜɪɢʜʟʏ ɴᴜᴛʀɪᴛɪᴏᴜs, sᴀꜰᴇ ᴅɪᴇᴛ  ꜰᴏʀ ᴏᴘᴛɪᴍᴀʟ ʟɪᴠᴇsᴛᴏᴄᴋ ʜᴇᴀʟᴛʜ ᴀɴᴅ ꜰᴀʀᴍ ᴇɴᴠɪʀᴏɴᴍᴇɴᴛ..အကောင်းဆုံးသော အရည်အသွ...
08/12/2025

ᴘʀᴇᴍɪᴜᴍ ǫᴜᴀʟɪᴛʏ, ʜɪɢʜʟʏ ɴᴜᴛʀɪᴛɪᴏᴜs, sᴀꜰᴇ ᴅɪᴇᴛ ꜰᴏʀ ᴏᴘᴛɪᴍᴀʟ ʟɪᴠᴇsᴛᴏᴄᴋ ʜᴇᴀʟᴛʜ ᴀɴᴅ ꜰᴀʀᴍ ᴇɴᴠɪʀᴏɴᴍᴇɴᴛ..

အကောင်းဆုံးသော အရည်အသွေး၊ အမြင့်ဆုံးသော အဟာရဓါတ်များပါဝင်မှုဖြင့်
မွေးမြူရေးလုပ်ငန်းများ နှင့် မွေးမြူရေးခြံပတ်ဝန်းကျင်တို့အတွက် ဘေးကင်းသောအစာ..

FEEDY X 💜

Address

Taw Ma
Mandalay
05141

Alerts

Be the first to know and let us send you an email when Feedy X posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Feedy X:

Share

Category